နွမ်းပါးကလေးငယ်များအတွက် ပညာရေး ရန်ပုံငွေပွဲ

manawphyulaySeptember 19, 20111min1186

၂၀၁၁ ပြည့်နှစ်၊ စက်တင်ဘာလ (၂၅) ရက်နေ့တွင် ရန်ကုန်မြို့၊ ရွှေဂုံတိုင်မြို့နယ်တွင်းရှိ Excel Treasure Hotel တွင် နေ့လည် ၃ နာရီမှစတင်၍ Mysuboo Fan Club အနေဖြင့် Child Singing Concert, Myanmar Orchestra Concert နှင့့် စုဗုူးအငြိမ့်အဖွဲ့ တို့က ကပြဖျော်ဖြေပြီး ပညာရေး ရန်ပုံငွေပွဲ ပြုလုပ်မည်ဖြစ်ပါသည်။

ထိုပွဲမှ ရရှိလာမည့် ရန်ပုံငွေများအား ရန်ကုန်တိုင်း နှင့် ပဲခူးတိုင်းတွင်း ရှိ နွမ်းပါးကလေးငယ်များအတွက် ပညာရေးထူးချွန်သူများကို ထောက်ပံပေးခြင်း၊ စာရေးစာသင်ခုံများနှင့် ကျောင်းဆောင်မရှိလျှင် ကျောင်းဆောင်ရှိလာအောင် ကြိုးစားပြီး ကလေးတွေ ပညာရေးမြှင့်တင်ရန်၊ ပညာရေးသင်ထောက်ကူ စာအုပ်နှင့် ပစ္စည်းများ ထောက်ပံပေးနိုင်ရန် ရည်ရွယ်ချက်တို့ဖြင့် ယခုပွဲလေးအား စီစဉ်ထားခြင်းဖြစ်ပါသည်။ Child Singing Concert အစီအစဉ်တွင် “ဂီတ တံခါးလေးဖွင့်ပါဦး အစီအစဉ်နှင့် “Star Let’s Sky” သီချင်းဆိုပြိုင်ပွဲ အစီအစဉ်မှာ ဆုတွေ ရယူပြီးတော့ နာမည်ကျော်ကြားလာခဲ့သည့် အံ့ဩစရာ ကလေးတွေရဲ့ သီဆိုဖျော်ဖြေမှု အစီအစဉ် ပါဝင်လို့ပါ။ ဆုရကလေးများကတော့ အယ်နီရှိုင်း၊ အယ်စတာဒွေး၊ ယွန်းအောခစ်၊ ပြုံးထက်သာ၊ ဖြိုးသီဟ နှင့် ရဲသီဟ စသည့် ကလေးများပဲဖြစ်ပါတယ်။ သူတို့ရဲ့ ချစ်စဖွင့် ဟန်ပန် သီဆိုပုံတွေ၊ အရွယ်နှင့်မလိုက်အောင် ကောင်းတဲ့သီဆိုမှုတွေကို မြင်တွေ့အားပေးကြရမှာဖြစ်ပါတယ်။ နောက်ပြီး ပုဂံ/ညောင်ဦး ဒေသအတွင်းရှိ မြေနဲကြီး ကျေးရွာကနေ ဖိတ်ခေါ်ထားတဲ့ ရွှေတံဆိပ်ဆုရှင် ဆုပြည့်ဟိန်း ကလေးဆိုင်းအဖွဲ့ရဲ့ လက်စွမ်းပြတီးခတ်မှု၊ သူတို့ ကိုယ်တိုင် ဖန်တီးထားတဲ့ အမိုက်စား သီချင်းများ နှင့် ဖျောဖြေတင်ဆက်မှာဖြစ်ပါတယ်။ အဲဒီလို ကလေးတွေရဲ့ အနုပညာ စွမ်းအားတွေကို ဦးစားပေး ကျင်းပတဲ့ပွဲ ဖြစ်တာကြောင့် “Fundraising Child Singing Concert & Myanma Orchestra Concert” လို့ခေါင်းစဉ်တပ်ထားခြင်းဖြစ်ပါတယ်။ အဲ့ဒီနောက်မှာ SBtv Online Channel ၏ စုဗူးအငြိမ့်အဖွဲ့ရဲ့ အငြိမ့်ဖျော်ဖြေန်းကိုလည်း ကြည့်ရပါမည်။ ပွဲကိုလည်း မိသားစု၊ ချစ်သူ၊ ခင်သူများနှင့်အတူ အခမဲ့ လရောက်ကြည့်ရှုနိုင်ကြပါတယ်ခင်ဗျ။

သို့ဖြစ်ပါ၍ Child Singing Concert, Myanmar Orchestra Concert နှင့့် အငြိမ့် ပွဲကြီးတွင် မိတ်ဆွေသူငယ်ချင်းများလည်း ဝင်ရောက်ပါဝင်ကူညီပံ့ပိုး ပေးဖို့တိုက်တွန်း နှိုးဆော်အပ်ပါသည်။ ဒါ့အပြင် မိတ်ဆွေသူငယ်ချင်းများ နှင့် လူကြီးမင်းတို့၏ လုပ်ငန်းများကို အကျိုးတူပူပေါင်း ပါဝင်၍ ကူညီပေးပါရန်လည်း ဖိတ်ခေါ်အပ်ပါသည်။

PS >>>
– ထို့နေ့တွင် မန်ဘာအသစ်များလက်ခံခြင်း နှင့် အွန်လိုင်းတွင် မန်ဘာဝင်ထားသော သူငယ်ချင်းများအားလုံး Fundraising Child Singing Concert တွင် ဝင်ရောက်ပါဝင်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်ခင်ဗျ။
– မန်ဘာများ နှင့် သူငယ်ချင်းများ အနေဖြင့် မိမိချစ်သူ ခင်သူ နှင့် မိဘများအား အားလုံး ထိုပွဲလေးသို့ ခေါ်ဆောင် ပါဝင်နိုင်ပါသည်ခင်ဗျ။
– ထိုနေ့တွင် မန်ဘာဝင်သော သူငယ်ချင်းများနှင့် အွန်လိုင်းတွင် မန်ဘာဝင်ပြီး active မဖြစ်သေးသော မန်ဘာများနှင့် မန်ဘာအဟောင်းများ ရင်းနှီးမှု ရစေရန် 1-Oct-2011 တွင် Excel Treasure Hotel မှာပင် Fresher Welcome
အစီအစဉ်ရှိပါသေးကြောင်း ထပ်မံအကြောင်းကြားအပ်ပါသည်။

Fundraising Child Singing Concert & Myanma Orchestra Concert

Place – Excel Treasure Hotel, 10th Floor
Time – 2:30 Pm to 7:00 Pm
Date – 25-September-2011 (Sunday) (Free At The Entrance)
Program – Child Singing Concert
– Myanma Orchestra Concert (Child)
– Hadaya Concert
– Suboo Anyeint Concert

ကလေးငယ်များအတွက် ပညာရေး ရန်ပုံငွေပွဲ ဖိတ်ကြားပါတယ်

အားလုံးကို ဖိတ်ကြားလိုက်ပါတယ်ရှင်။ နွေးထွေးသော လက်များဖြင့် ကမ်းလှမ်းကြိုဆိုကြရအောင်နော်။

6 comments

  • chartatelay

    September 19, 2011 at 1:47 pm

    အလှူ ဆိုတာ မင်္ဂလာတစ်ပါးပါ

  • AKKO

    September 19, 2011 at 1:57 pm

    ရန်ပုံငွေပွဲလို့သာ ပြောတယ် … လက်မှတ်ဖိုးလည်း ရေးမထားဘူး 🙄

    • manawphyulay

      September 19, 2011 at 2:43 pm

      အခမဲ့ လာရောက်ကြည့်ရှုလို့ရပါတယ်ရှင်။ လှူချင်သူများသာ လှူဒါန်းခွင့်ပေးထားပါတယ်။ ဘာမှ မတောင်းခံထားပါဘူး။

      • etone

        September 19, 2011 at 3:18 pm

        aww… ဂလိုကိုး … ပြောမဲ့သာပြောတာ အစ်မရေ အဲ့ဒီနေရာက ကားရှားတယ် .. ပြီးတော့ အပေါ်ထပ်ကိုတက်ဖို့ … ဓါတ်လှေခါးလည်း စောင့်ရတယ် … ဖရီးကြောလုပ်ပေးထားတော့ အဲ့ဒီခန်းမနဲ့ဆို နည်းနည်းများ သေးနေသလားလို့ တွေးမိတယ် … ။ 😛

        • manawphyulay

          September 20, 2011 at 10:35 am

          ရွှေဂုံတိုင်မှာ ဆင်းလျှောက်လာလည်းရပါတယ်ညီမလေးရယ်။ အဆင်ပြေရင် လာခဲ့ဖို့ ဖိတ်ခေါ်ပါတယ်နော်။

  • kolulay

    September 20, 2011 at 11:19 am

    ရန်ပုံငွေပွဲတော့လာဖြစ်မယ်ထင်တယ်။ fresher welcome တော့မလာနိုင်လောက်ဘူးဗျ။ လာနိုင်ရင်တော့လာချင်ပါတယ်။ ရန်ပုံငွေပွဲနီးရင်လည်း (တတ်နို်င်ရင် လူလေးဆီကို Gmail ပို့ပြီး သတိလေးပေးပေးပါလားဗျာ လူလေးက အရမ်းမေ့တတ်လို့ပါ။ လူလေး Gmail က hninsimoetain@gmail.com ) ဒါမှမဟုတ်ရင် ဂေဇတ်မှာ ထပ်ပြီး တင်ထားပေးကြပါလားဗျာ။

Leave a Reply