လေးဘီးမှနှစ်ဘီးကဗျာ

SonnySeptember 19, 20111min863
ဒီနေ့ ကျွန်တော်ကဗျာစပ်ကြည့်ပါရစေ။ အာရုံရတာနဲ့။ကျွန်တော်ကဗျာဆရာမဟုတ်ပါ။
၁၉-၉-၂၀၁၁

“အောက်ကားစုတ်ပိုင်ရှင်တစ်ဦး၏ခေတ်ပေါ်ရင်ခုန်သံ”

 

မရောင်းလည်ခက်

ရောင်းလည်းခက်။

မပေါင်းလည်းခက်

ပေါင်းလည်းခက်။

ကို်င်ထားလည်းမပိုင်

ပြန်ဝယ်လည်းမနိုင်။

ကလေးက  လေးယောက်

ဝင်ပေါက်တော့မရှိတော့။

ဆရာကီး

ခီဗျားကားရောင်းမိလား

အပေါက်နားရောက်လာသူ

ခပ်ဝ၀

သူပဲ ပွ မှာပါလေ။

ဒီကနေ့

ဆယ့်ကိုးရက် ကိုးလ

အပ်ကြရတော့မယ်။

ဟေ့ကောင်

မောင်ကောင်း

မရောင်းသေးဘူးလား

ရောင်းတော့လေ

ဘေးတီးစကား

ကြောက်လိုက်တာများ ဖိန့်ဖန့်တုန်လို့။

ကဲ  ဆုံးဖြတ်ရမဲ့ကိ်န်း

၃၅သိန်းတဲ့

မမက်ဘူး မမြင်ဘူး ပေ

လေးဘီးကနေ

နှစ်ဘီးပြောင်း

ရှင်မရေ

ကြောင့်ကြောင့်ကျကျ

ကောင်းကောင်းတော့

အကြောင်းမလှ။

 

 

3 comments

  • Yan Shin

    September 19, 2011 at 11:17 am

    sonny ရေ
    လုံးဝကို ခံစားနားလည်ပေးလို့ရပါတယ်။
    ဘာတဲ့

    ကိုင်ထားလဲမပိုင် ပြန်လည်းမဝယ်နိုင်

    တော်သေးတယ်
    တစ်ချို့ သတင်းမရ အုပ်မိသွားပြီး
    ရပ်ထားတဲ့ ဗောက်ဝက်ဂွန်ကားလေး

    ရောင်းမိမှ မှားပေါ့(တပါတ်လောက်ပဲကြာသေးတယ်)။

    • Sonny

      September 19, 2011 at 11:21 am

      ကိုရန်ရှင်းရေ
      ဘာတွေဖြစ်မယ်မှန်း
      မှန်းလို့မရတဲ့
      မူကြီးပါ။

  • မီးမီး သော်

    September 19, 2011 at 12:49 pm

    လေးဘီးလေး ကနေနှစ်ဘီး ဖြစ်တာတော်ပါသေးတယ်ရှင်။မဟုတ်ရင် သံဈေးနဲ ့ရောင်းရတော့မယ် အမှိုက်ဖြစ်နေတာလေ။

Leave a Reply