ဘာကြောင့် စကားနည်းနည်းဘဲပြောသင့်ပါသလဲ

ဆရာလူထုစိန်ဝင်းက ခေတ်လူငယ်တွေဆိုတာ များများပြောချင်ပါတယ်။နားထောင်ရမယ် ဆိုတာ ကိုမကြိုက်ကြဘူးတဲ့။အမှန်တော့ များများနားထောင်၊နည်းနည်းဘဲ ပြန်ပြော
ဖို ့တိုက်တွန်းထားပါတယ်။ခုတော့ ကျွန်မက ပညာရှိတွေဘာကြောင့် စကားနည်းရသလဲ ကိုယ်ထင်တာပြောကြည့်ပါမယ်။မိမိအတွေးနဲ ့ထင်မြင်ချက်ကိုယ်စီကို ပြောပေးကြပါဦးနော် လို ့တိုက်တွန်းပါရစေ။

စကားပြောဆိုခြင်းတွင် မိမိအလိုအလျောက်ပြောဆိုခြင်း၊သူတစ်ပါးကမေးမြန်းတိုက်တွန်း၍ပြောဆိုခြင်း ဟူ၍နှစ်မျိုးရှိရာတွင် မိမိအလိုအလျောက်ပြောဆိုရသော စကားထက် သူတစ်ပါး
တို ့ကမေးမြန်းတိုက်တွန်း၍ ပြောဆိုအပ်သော ပြောဆိုခြင်းက ပို၍လေးနက်လေသည်။သူတစ်ပါးလဲ နားထောင်လိုစိတ်ရှိလေသည်။

ထို ့ကြောင့် ကျမ်းပြုအကျော်အမော်ဆရာတို ့သည် တောင်းဆိုသောပုဂ္ဂိုလ်ရှိမှသာကျမ်းဂန်ရေးသားလေ့ရှိကြသည်။ထို ့ကြောင့် မည်သည့်စကားကိုမျှမဆို သူတစ်ပါးက ပြောပါဆိုပါဟူ၍မတိုက်တွန်းမမေးမြန်းဘဲ မိမိသဘောအလျောက် စိတ်နောက်နှုတ်ပါ မပြောဆိုမိလေအောင်သတိထားကြလေသည်။သို ့သော် အကျိုးရှိမည့် အရာတို ့၌မူ
မည်သူမျှမေးမြန်းခြင်း တိုက်တွန်းခြင်း မရှိသော်လည်း အခါအခွင့်အားလျော်စွာ ပြောဆိုတတ်၏။တရားစကားကိုမူ မည်သူမျှမတိုက်တွန်း မမေးမြန်းသော်လည်း အခါအခွင့်အားလျော်စွာ ဟောပြောနေလေသည်။

သို ့သော် ဆိုးယုတ်လူမိုက်တို ့သည် မည်သည့်အရာကပြောသင့်သည် အချိန်အခါအခွင့်သင့် သည် မသင့်သည်ကို ရွေးချယ်စီစစ်ခြင်းမရှိ ပရမ်းပတာပြောဆိုခြင်းအားဖြင့် မိမိတို ့၌ အကျိုးစီးပွားဆုတ်ယုတ်ကြလေသည်ကိုမသိလေကြချေ။““အချိန်မကျမီ မြည်တွန်သော ဥဩငှက်သည် ကျီးတို ့၏ဘေးရန်ဖြင့်သေကျေရသကဲ့
သို ့””ဖြစ်လေ၏ မဟုတ်ပါလား။

ထို ့အတွက်ကြောင့် ကျွန်မတို ့သည် မိမိစိတ်ဖြင့်ကြံစည် ၍ထားအပ်သော အရာ 
တို ့ကို သူတစ်ပါးကိုပြောကြားမိလေလျှင် မိမိအကြံအစည် ကို မိမိရန်သူတို ့ကသိပြီး အကြံအစီကို ဖျက်ဆီးတတ်သည် မဟုတ်ပါလား။

ယခုအခါ၌လည်း တိုင်းကျိုးပြည်ကျိုး၊မိမိ မြို ့ဇာတိချက်မြုပ်လေး အကျိုးကို ရွက်ဆောငိသော ပုဂ္ဂိုလ်တို ့သည် မိမိတို ့ပြောဆိုဖို ့ရာပြုလုပ်အပ်သော အမှုကိစ္စ
တို ့ကို ပြောဆိုဖို ့ရာ အချိန်မကျသေးမီ မြွက်ဟ၍ မပြောဆိုမိလေအောင် အထူးသတိရှိကြလေဖို ့ရာတိုက်တွန်းလိုက်ရပါသည်။

(တရားဆိုတာနာကြဖို ့ပါ၊နာတဲ့အတိုင်းလဲသိကြပါ၊သိတဲ့အတိုင်းလဲကျင့်ကြံနိုင်ကြပါစေ။)ဆရာတော် ဦးသုမင်္ဂလာရဲ ့ဩဝါဒလေးပါ။

အားလုံးကျေးဇူးတင်လျှက်ပါရှင်။

10 comments

  • မီးမီး သော်

    September 19, 2011 at 12:06 pm

    ကျွန်မတို ့မြို ့လေးက ခုတလောတွေ ့နေရတာရွာထဲမှာတော်တော်လေးလူစုံနေတယ်။လူမျိုးစုံ၊ခံစားချက်မျိုးစုံ ရေးကြ၊ပြောကြတာအားလုံးကောင်း
    ကြပါတယ်။ဘယ်အရာမှာ ဘဲဖြစ်ဖြစ်အကြောက်တရားကိုဘေးဖယ်ပြီး အမှန်အတိုင်းဖြစ်အောင် ပြောကြ၊တိုင်ပင်ကြရင် သာယာလှပတဲ့ လူမှူဝန်းကျင်တစ်ခုကို ဖန်တီးနိုင်မည်မဟုတ်ပါလားရှင်။

  • windtalker

    September 19, 2011 at 2:21 pm

    ဒါကတော့ ဒီလို ရှိပါတယ်
    မဖြစ်မနေ စကားပြောရမယ့် အချိန် ဆိုရင် ပြောကို ပြောရပါမယ်
    ဥပမာ..။ ။ မိသားစု တွေ အမွေ ခွဲ ချိန် မျိုးပေါ့ ၊ မပြောပဲ ငြိမ်နေလို ့ကတော့ ၊ ခံရပြီသာ မှတ် ။
    မောပန်းနေချိန် ၊ တိတ်ဆိတ်စွာ နေချင်ချိန်တွေ မှာတော့
    ဘယ်သူ မှ စကားများများ မပြောချင်ကြပါဘူး ။
    ှုဥပမာ..။ ။ သမီးရည်းစား ၊ လင်မယား ..ဟီဟိ … အိပ်ပျော်နေချိန် ပြောတာပါ

  • etone

    September 19, 2011 at 3:11 pm

    (((မိမိအလိုအလျောက်ပြောဆိုရသော စကားထက် သူတစ်ပါး
    တို ့ကမေးမြန်းတိုက်တွန်း၍ ပြောဆိုအပ်သော ပြောဆိုခြင်းက ပို၍လေးနက်လေသည်။သူတစ်ပါးလဲ နားထောင်လိုစိတ်ရှိလေသည်။ ))) ဆိုတာကိုတော့ ကန့်ကွက်ပါတယ်… ။

    မိမိပြောတဲ့ စကားကို (မိမိဆန္ဒအရ) လေးနက်လား မလေးနက်ဘူးလားဆိုတဲ့ ကိစ္စဟာ စကားပြောသူတစ်ယောက်ရဲ့ အရည်ချင်းနဲ့ ဆိုင်ပါတယ် … ။ နာခံသူမရှိဘူး … တိုက်တွန်းမေးမြန်းတဲ့ လူမရှိဘူးဆိုသည့်တစ်အောင် … စကားပြောကောင်းတဲ့ လူတစ်ယောက်ကိုယ်ပြောချင်တာပြောနေတာတောင် …နားထောင်လိုစိတ်မရှိပဲ နားထောင်သူတွေ များလာတဲ့ အဖြစ်တွေလည်း ရှိခဲ့တာပေလေ .. … ။ လှေနံဒါးထစ် ဒသနတွေထုတ်ပြီး ပြောလို့တော့ မရပါဘူး 🙄

  • zawmyothu

    September 19, 2011 at 3:46 pm

    စကားစကား ပြောဖန်များတော. စကားထဲက ဇာတိပြ
    မှန်တာတွေ ပြော တာ များရင်လဲ ရွာပြင်ထုတ်ခံ ရတယ် တဲ.။
    မှန်လည်းမှန်တယ်၊ တစ်စုံတစ်ယောက်အတွက်လည်းအကျိုးရှိတယ်၊ သူတစ်ဖက်သားလဲ ကြိုက်တယ်ဆိုတဲ့ စကားဆိုရင် များများ ပြောလည်း ကောင်းတယ်လို.
    မြင်ပါကြောင်းးးးးးးးးးးးးးးး

  • moonpoem

    September 19, 2011 at 4:44 pm

    ဒါပေမယ့် ဟောင်လွန်းတဲ့ ခွေး လူမလေးဆိုသလို ဘာအကြောင်းမှ မရှိ အားတိုင်းယားတိုင်း စကားပြောနေတဲ့သူရဲ ့စကားဆိုရင်တော့ လေးစားကြမယ်လို ့မထင်ဘူး။ (ကိုယ့်အထင် ကို ပြောတာပါ)

  • ုhtoosan

    September 19, 2011 at 4:45 pm

    ဒါကြောင့်စကားမပြောတော့ဘဲ Type ဘဲရိုက်နေတာ

  • မီးမီး သော်

    September 19, 2011 at 4:48 pm

    အားပေးဖော်ရှိတော့ အားတက်ရတာပေါ့။ကျွန်မ လဲ စကားနည်းရန်စဲ ဆိုတဲ့အတိုင်းပါဘဲ ခုရက်ပိုင်း ကိုယ့်မြို ့ကိုယ့်ဇာတိက ပို ့စ်တွေမှာ ထင်မြင်ချက်မပေးရဲတော့ဘူး။မသိချင်ယောင်ဆောင် နေတာပိုကောင်းမယ်ထင်လို ့ပါ။လူပေါင်းစုံ ဖြစ်နေပီ။စည်းကမ်းတကျဖြစ်ဖို ့ကိုတော့
    မျှော်လင့်မိပါတယ်။

  • pyinlepyaw

    September 19, 2011 at 8:04 pm

    ကြားနေဝါဒ လဲ ကောင်းတယ်၊ ပြိုင်လာရင် အရှုံးပေး နှလုံးအေးသောဆေး တဲ့၊
    အားမတန်လို့ မာန်လျှော့ရတာမျိုးလဲ အမြဲရှိနေမှာပါ၊
    တရားမျှတမှု အတွက်ကတော့ တစ်ဖြည်းဖြည်း လုပ်ယူရမယ်ထင်တယ်၊
    ကျုပ် တော့ အတိုင်းအတာ တစ်ခုအထိ မှန်တယ် ထင်တဲ့အရာ အတွက်
    ခုခံ သွားမှာပါ။

  • မီးမီး သော်

    September 19, 2011 at 11:45 pm

    ကိုပင်လယ်ပျော်ရေ ဘယ်သူ ့မှပြိုင်စရာမလိုသလို၊အမြဲနှလုံးအေးသူပါ။ကောင်းပါတယ် မှန်တယ်ထင်ရင် ဆက်သာလုပ်ပါ။

  • မောင်တုတ် ကြီး

    September 20, 2011 at 11:04 am

    ကျနော် ကနှာပိတ်နေတော့ ပြောစရာမလိုဘူးလေ။လက်နဲ ့ဘဲရေးနေတာလေ။

Leave a Reply