မြစ်ဆုံဆည်စီမံကိန်း စာတမ်းဖတ်ပွဲနှင့် ပက်သက်၍..

phone_kyawSeptember 19, 20111min1001

၁။ ၂ဝ၁၁-ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ ့ နေပြည်တော်တွင် မြစ်ဆုံဆည်စီမံကိန်းနှင့် ပက်သက်၍ စာတမ်းဖတ်ပွဲ ပြုလုပ်ခဲ့သည်။ ယင်းစာတမ်းဖတ်ပွဲအား ဝန်ကြီးဌာနအသီးအသီးမှ ဝန်ကြီးများ ၊ သက်ဆိုင်ရာပညာရှင်များနှင့် သတင်းထောက်များတက်ရောက်ကြကြောင်း သိရသည်။

၂။ လျှပ်စစ်ဝန်ကြီး ဦးဇော်မင်းပြောကြားချက်အရ လက်ရှိအစိုးရလက်ထက်တွင် သဘာဝပတ်ဝန်းကျင်းဆိုင်ရာဝန်ကြီးဌာနတစ်ခု ဖွဲ ့စည်းပြီးကြောင်းသိရှိရသည်။ ထို ့အပြင် သဘာဝပတ်ဝန်းကျင်ဆိုင်ရာဥပဒေ (The Enviromental Law or The Enviromental Protection Act -2011 ) လည်းရေဆွဲနေကြောင်းနှင့် မကြာမှီ ပေါ်ပေါက်လာမည်ဖြစ်ကြောင်းသိရှိရသည်။

ဒါ့ကြောင့် သဘာဝဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောဌာန ဝန်ကြီး ဦးဝင်းထွန်းကို အထူးချီးကျူးပါတယ်။ ဒီဌာနကိုဖွဲ ့သင့်တာကြာပါပြီ။ အရင်တုန်းက အစိုးရအဆက်ဆက်တွေ မလုပ်ဘူးသေးတဲ့အလုပ်ကို လုပ်တဲ့အတွက် လက်ရှိပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ ့ဖြိုးရေးအစိုးရကို ကျေးဇူးတင်ရှိပါတယ်။ နောင်လာမဲ့အနာဂတ်မှာလည်း ယခုထက်ပိုမို နား, ပါတဲ့ အစိုးရဖြစ်ပါစေ။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စောင့်ရှောက်ရေးအဖွဲ ့တွေ ထိုင်းနိုင်ငံမှာရှိပါတယ်။ သူတို ့က အန်ဂျီအိုတွေဖြစ်ပါတယ်။ ဒီအဖွဲ ့တွေက နှစ်ပေါင်းများစွာ ပြည်ပကနေ သူတို ့စိတ်ဝင်စားတဲ့ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စတွေကို လုပ်နေပါတယ်။ သူတို ့မှာ ကျွမ်းကျင်မှုအတက်ပညာရှိတယ်။ နိုင်ငံတကာနဲ ့အဆက်အသွယ်ကောင်းကောင်းတွေလည်း ရှိတယ်။ ဒီအဖွဲ ့တွေကို ပြည်တွင်းမှာ လွတ်လွတ်လပ်လပ်လုပ်ပိုင်ခွင့်ပေးစေချင်ပါတယ်။

ဥပမာ ချင်းမိုင်အခြေစိုက် Earth Rights International (ERI)၊ Salween Watch နဲ ့ Burma Rivers Network တို ့လိုအဖွဲ ့မျိုးတွေဟာ တိုင်းပြည်ရဲ ့သဘာဝပတ်ဝန်းကျင်ကိုထိန်းသိမ်းစောင့်ရှောက်တဲ့နေရာမှာ အင်မတန်အရေးကြီးတဲ့ အဖွဲ ့မျိုးတွေဖြစ်ပါတယ်။ ဒါ့ကြောင့် ဒီလိုအဖွဲ ့မျိုးတွေကို တိုင်းပြည်ထဲမှာ တရားဝင်လုပ်နိုင်အောင် အစိုးရက ဖိတ်ကြားစေချင်ပါတယ်။

One comment

  • YeMin1982

    September 19, 2011 at 2:45 pm

    ပညာရှင်တွေကတရုတ်တွေပါပဲလား MRTV4 မှာတွေ.ရတာတော့။ ပြည်တွင်းပညာရှင်တွေကကောပွင့်ပွင့်လင်းလင်းပြောရဲပါ့မလား။
    ဧရာဝတီနဲ.မြန်မာကခွဲမရဘူးနော်။
    ကြည့်လုပ်ကြပါဗျာ။

Leave a Reply