တစ်ခါတစ်ရံ

မောင် ပေSeptember 19, 20111min744

ယောက်ျားတစ်ဦး မော်တော်ဆိုင်ကယ် စီးလာသည် ။

ဆိုင်ကယ် မှာ ဂျပန်နိုင်ငံ လုပ် ၊ ယနေ ့ပေါက်ဈေး သိန်း၅ဝ ကျော် တန် ဖြစ်သည် ။

ဆိုင်ကယ် အပ်နှံရာ ၊ ရပ်နားရာ နေရာသို ့ရောက်သောအခါ စက်ရပ်ပြီး သူ ့ဆိုင်ကယ် ကို ထိုးလိုက်သည် ။

ဆိုင်ကယ် ပေါ်မှ ဆင်းပြီး ၊ ဆိုင်ကယ်စီး ဦးထုပ် ကို ချွတ်သည် ။

ဆိုင်ကယ် စတန်းစောင့် ဝန်ထမ်းကို သေချာ မှာနေသည် ။

သူ ့ဆိုင်ကယ်ဦးထုပ် မှာ တန်ဘိုးကြီးသည့် အတွက် သေချာစွာ ထိန်းသိမ်း စောင့်ရှောက်ပေးရန် အထပ်ထပ် မှာကြားသည် ။

သူ ့ဆိုင်ကယ်အတွက်တော့ တစ်ခွန်းမှ မမှာ ။

———–  xxxxx ———–

အမျိုးသမီး တစ်ဦး သည် ကားအကောင်းစားကြီး ကို ကိုယ်တိုင်မောင်းပြီး ဈေးသို ့ရောက်လာသည် ။

သူ ၏ ကားကြီးမှာ သိန်းထောင်ကျော်တန် တန်ဘိုး ရှိမည် ဟု ထင်ရသည် ။

ဈေးထဲ သို ့၊ ခြင်းတောင်း ကို ကိုင်ကာ ဝင်သွားသည် ။

ငါးပုဇွန် တန်းဘက် သို ့အရင်ဝင်ကာ ပုဇွန်ထုပ်ကြီးများ ဝယ်လာသည် ။

ထို ့နောက် သီးနှံ တန်းဘက်သို ့ဆက်သွားကာ ဟင်းချက်ရန် ဝယ်သည် ။

ပြီး..ပြန်ထွက်လာရင်း…သတိရသွားကာ ၊ ဈေးထိပ်နားရှိ ၊ ခရမ်းချဉ် ၊ ကြက်ဟင်းခါး ၊ ကင်းမွန် အစရှိသည်များကို ပုံရောင်းနေသော ဈေးသည်ဆီ လှည့်ဝင်လိုက်သည် ။

နံနံပင် ဝယ်သည် ။ ဈေးသည် ထံ မှ မရမက ဈေးဆစ်နေသည် ။ ဈေးသည် က လဲ မလျှော့ပေး ။

သို ့နှင့် အခြေအတင် ပြောဆိုကြရင်း ၊ နာရီဝက်ခန်  ့ကြာမှ ၊ သူ ဆစ်သောဈေးနှင့် ရသဖြင့် ၊ ဝယ်ပြီး..ကော့ကော့ ကော့ကော့ ဖြင့် ပြန်ထွက်လာသည် ။

ဈေးအပြင်ဘက်တန်း ရှိ သူမ ၏ ကားအကောင်းစားကြီးဖြင့် ပြန်ထွက်သွားသည် ။

———–  xxxxx ———–

ဦးမင်းမင်း ၏ ဆီစက် မှ မိန်းကြိုး( စက်ပတ်ကြိုး ၊ မော်တာ နှင့် ရှပ်နှင့် ဂျွိုင်းသည့် လိုင်းကြိုး ) ၄ ပင် လုံး ပျက်သွားသဖြင့်  ၊ စက်ကို ရပ်နားထားရသည် ။

ကြိတ်စရာ ပဲတွေ က တစ်ပုံကြီး ။ အပို ၊ စပယ်ရာ မဆောင်ထားမိသည် ကို ဦးမင်းမင်း ဒေါသဖြစ်မိသည် ။

အခုမှတော့ မတတ်နိုင်တော့ ။

ကြိုးဝယ်ရန် အတွက် စက်မှု မှ မြို  ့ထဲ စက်ပစ္စည်းတန်းသို ့ထွက်လာခဲ့သည် ။

ဦးမင်းမင်း ဝယ်ရမည့် ကြိုး ကို တွေ  ့သဖြင့် ဈေးမေးရာ ၊ တစ်ပင် ကို တစ်သောင်းကျပ် ခန် ့ကျသင့်သည် ။

၄ ပင် ဆိုတော့ ၄ သောင်းကျပ် ပေးရမည် ။ ဦးမင်းမင်း တစ်ယောက် များသည် ထင်ကာ ၊ ဇွတ်ဈေးဆစ်တော့သည် ။

ဆိုင်ရှင် က တန်ဘိုးမှန် ဈေးမှန်ဖြစ်ကြောင်း ၊ အကျိုးအကြောင်း နှင့် ရှင်းပြနေသည် ကို နားမဝင် ။

သို ့နှင့် ဆိုင်ရှင် နှင့် စကားအချေအတင် ဖြစ်ကြသည် ။

မဝယ်ဘဲ ၊ တစ်ခြား ဆိုင်များဘက်သို ့ထွက်လာခဲ့သည် ။ ထိုအခါမှ ပိုဆိုးသည် ။

တစ်ခြား ဆိုင်များ က ဈေးပိုအော်နေသည် ။ တစ်ပင် ကို တစ်သောင်းခွဲကျပ် တဲ့ ။

သူ ့စက် က လည်း ဒီနေ ့မလည်ဖြစ်လျှင် ၊ အလုပ်သမား စရိတ်ရှုံးမည် ။ ထွက်မလာသည့် ဆီအတွက် ဝင်ငွေ လျော ့ကုန်တော့မည် ။

သို ့နှင့် ပထမ ဆိုင် သို ့ပဲ ၊ ပြန်လှည့်ကာ သွားဝယ်သည် ။

ဆိုင်ရှင် က သူ ့ကို သေချာ ကြည့်ကာ ၊ ပစ္စည်း မရှိတော့ တဲ့ ။ ဦးမင်းမင်း တစ်ယောက် သိလိုက်ပြီ ။

သူ ့တန်ဘိုး အတိုင်း သူ ပေးချေရမည့် ပစ္စည်း ကို မတန်တရာ ဈေးဆစ်မိသည့် သူ ့ကိုယ်သူ နောင်တ ရမိသည် ။

သို ့သော်..လွန်ခဲ့ပြီ ။

တစ်ခြားဆိုင်မှ သာ တစ်ပင် ကို တစ်သောင်းခွဲ ကျပ် နှင့် ၄ ပင် ဝယ်လာခဲ့ရသည် ။

———–  xxxxx ———–

မီးငယ် တစ်ယောက် ကျောင်းလစ်ပြီး ၊ အင်တာနက် ဆိုင်ထဲ တွင် ချက်တင်းထိုင်နေသည် ။

သူမ ဂျီတော့ အကောင့်ထဲ တွင် ၊ ကောင်လေး တွေ တစ်ပုံကြီး ရှိသည် ။

အကုန်လုံးကို သူမ အီစီကလီ လိုက်ရိုက်သည် ။

တစ်ကယ်တော့ သူမ အသက်မှာ ၁ရ နှစ် သာသာ ရှိသေးသည် ။

သူမ ဂျီတော့ အကောင့်ထဲ မှာ ကိုကို ဆိုသူ မှာ သူမ အတွက် တော်တော်ထူးခြားသည် ။

တင်ထားသည့် ပုံကလည်း မျက်နှာကို ရိုက်ပြထားသည် ။ ချောလည်း ချောသည် ။ ကိုကို ့၏ ဖေ့ဘုတ် အကောင့် လည်း သူမ ထဲတွင် ရှိသည် ။

ကိုကို သည် သူမ နှင့် တစ်မြို  ့ထဲ ဆိုတာ သူမ သိရသည် ။ ကိုကို ဘာအလုပ် လုပ်သလဲ ဆိုတာ တော့ သူမ မသိ ။

ကိုကို နှင့် သူမ ချက်ရင်း..ချက်ရင်း ရင်ခုန်သံ တွေ နီးစပ်လာသည် ။

ကိုကို ့ကို သူမ သဘောကျမိသည့် အချက်မှာ ၊ အပြင်မှာ တွေ ့ဖို ့ဘယ်တော့မှ မချိန်း ။

ဒီနေ ့တော့ ၊ မီးငယ် တစ်ယောက် ကိုကို ့ကို သွားစမိသည် ။ အပြင်မှာ တွေ ့ဖို ့ ။

ကိုကို က မအားဟု ဆိုသည် ။ သူမ ကိုယ် သူမ အားမလို အားမရ ဖြစ်သွားကာ ဇွတ်ချိန်းတော့သည် ။

အပြင်မှာ တွေ ့ရန် နှင့် ၊ သူမ ကို မုန် ့ကျွေးရန် ပူဆာလိုက်သည် ။

ကိုကို တစ်ယောက် ဂျီတော့ မှ ဆိုင်းအောက် (sign out) လုပ်သွားသည် ။

မီးငယ် တစ်ယောက် စိတ်ရှုပ် သွားပြီး ၊ တစ်ခြား လူများ ကို ဆက် ဦးစား ( အုန်းစား ) နေစဉ် ၊ သူမ ပုခုံးပေါ်သို ့လက်တစ်ဘက် လာကိုင်သည် ။

မီးငယ် လဲ လန် ့သွားပြီး…သူမ ပုခုံးပေါ်မှ လက်ကို ဖယ်ချကာ ၊ လှည့်ကြည့်လိုက်တော့ ၊ အသားအလွန်မဲသော ကုလားလေး တစ်ယောက် သူ ့ကို ပြုံးပြနေသည် ။

သူမ လည်း အလန် ့တကြား နှင့် “ ဘာလုပ်တာလဲ ” လို ့မေးလိုက်တော့ ။

ကုလားလေး က သူမ စက် မှ ဂျီတော့ တစ်ခု ခေါ်ကာ ဆိုင်းအင် ( sing in ) လုပ်လိုက်သည် ။

မီးငယ် လုံးဝ စိတ်ပျက်သွားပြီ ၊ စိတ်လေသွားသည် ။

ထို ပြောင်ချော်ချော် ကုလားလေး က ကိုကို တဲ့ ။ ဘယ်က ပုံတွေ ကို ခပ်တည်တည် နှင့် တင်ပြီး ၊ ဘယ်နှစ်ယောက် လောက် ကို လှည့်စားပြီး ပြီလဲ မသိ ။

သူမ ကို “ ကဲ..လာ ၊ မုန် ့စားမှာဆို ၊ မုန် ့လိုက်ကျွေးရမယ် ဆို ၊ သွားကြစို ့လေ ”  လို ့ဆိုလာသဖြင့် ။

မနည်း ငြင်းကာ ၊ အင်တာနက် ဆိုင် မှ ပြန်လာခဲ့ရသည် ။

မီးငယ် တော်တော် လေး ကြောက်လန် ့သွားသည် ။

နောက်နေ ့ကျောင်းသွားရင်တော့ ၊ သူငယ်ချင်းတွေ ကို ပြောစရာ ပုံပြင်တစ်ပုဒ် ရသွားပြီ ။

———–  xxxxx ———–

“ အကိုရေ…ဝမ်းသာစရာ ပဲ ၊ အကို ့ကျောက် ကို ၄ သိန်းခွဲ ဈေးပေးလာတယ် ”

“ ဝမ်းမသာပါဘူး ကွာ ၊ ၅ သိန်း ရမှ ထုတ်မယ် လို ့မင်းကို ပြောပြီးသားလေ ”

“ ဟာ..အကို ကလည်း ၄ သိန်းခွဲ ဆိုတာ မြင့်နေပြီ ပဲ ၊ ထုတ်လိုက်ပါ ဗျာ ”

“ ဟ…၄သိန်းခွဲ တောင် ပေးနေပြီ ဆိုမှတော့ ၊ ၅ သိန်းအထက်ပေးမယ့် လူလည်း ရှိနိုင်ပြီပေါ့ကွ ၊ လိုက် စပ်ကြည့်ပါဦးကွာ ”

ကျောက်ပွဲစား ဂျပိုး နှင့် ကျောက်ပိုင်ရှင် ဝင်းထွန်း တို ့ပြောနေကြခြင်းဖြစ်သည် ။

ဝင်းထွန်း က သူ ့ကျောက်ကို ၅ သိန်းနှင့် ရောင်းပေးရန် ၊ ဂျပိုးအား အပ်ထားခြင်း ဖြစ်သည် ။

ဖြစ်ချင်တော့ ဂျပိုးက လူလည်ကြချင်နေသည် ။ ကွက်ကျော်ရိုက်ချင်နေသည် ။

ကျောက်က ၅ သိန်းမက တန်သည် ။ ရ သိန်း ၈ သိန်းခန် ့ရနိုင်သည့်ကျောက် ။

ဂျပိုးက ကြားက ပွဲညွန် ့ဖြတ်ခူးသည် ။ ဝင်းထွန်းက ပိုက်ဆံ လိုနေသည် ဟု ပြောသံ ကြားရသောကြောင့် အပိုင်တွက်ပြီး ၊ ဇွတ် ဈေးနင်းသည် ။

နောက်ဆုံး တွင် ဝင်းထွန်း လည်း စိတ်ပျက် ဒေါသဖြစ်ကာ ၊ ဂျပိုး ထံ မှ ၊ သူ ့ကျောက်ကို ပြန်ယူထားလိုက်သည် ။

နောက်တစ်ရက်…ကျောက်ဝိုင်းထဲက လဘက်ရည်ဆိုင်သို ့ ဂျပိုး ရောက်သောအခါ ၊ ဝင်းထွန်း နှင့် ပွဲစား ငတူး တို ့ထိုင်နေသည် ကို တွေ ့လိုက်ရသည် ။

“ လာ..ဂျပိုး ထိုင်လေကွာ ”

“ စောစောစီးစီးပါလား…ဘောစိ တို ့ဂွင်တည့်နေပြီ ထင်တယ် ”

“ အေးကွ…မင်း ၄သိန်းခွဲ ပေးတဲ့ ငါ့ကျောက် ကို ဒီကောင် ငတူး ထုတ်ပေးတာ ၊ ၆ သိန်း ရလိုက်တယ် ၊ အဲဒါ ပွဲခ အပြင် ၊ သူ ့ဖို ့သီးသန် ့မုန် ့ဖိုး ၃ သောင်းပေးနေတာ ၊ မင်းလဲ မုန် ့စားလေ ၊ မှာကွာ..လဘက်ရည်ကော ၊ ငါ့ မင်္ဂလာလေး ကို စားကွာ ”

ဂျပိုး တစ်ယောက် ဇက်ကြီးလိမ်သွားသည် ။ ဘာမှ လည်း မပြောနိုင်တော့ ။

သူ သာ ၅ သိန်းပေးခဲ့လျှင် ၊ တစ်သိန်းမက အိတ်ထဲ ဝင်နိုင်သော အခွင့်အရေး က ၊ သူ ့ရှေ  ့ရောက်ပြီး မှ ၊ သူ ၏ လောဘ ကြောင့် ပလုံသွားသည် ။

သည်တစ်နေ ့လုံးတော့ ဂျပိုးတစ်ယောက် ကာလာမလန်းတော့ မှာ အသေအချာပင် ။

———–  xxxxx ———–

ဖြစ်တတ်လေ့ရှိသော သဘော သဘာဝ လေးများ ကို ကြိုးစားပမ်းစား ရေးတင်ထားခြင်းဖြစ်ပါသည် ။

——————————– အားလုံးကို ကျေးဇူးတင်ပါသည် ——————————–

 

4 comments

  • pan pan

    September 19, 2011 at 3:08 pm

    အလိုကြီး အရနည်းတတ်တယ်
    တနင်္ဂနွေညတိုင်း မြဝတီကလွှင့်တဲ့ ပဟေဠိနန်းတော်မှာကြည့်ရင်လည်း သိနိုင်ပါတယ်
    လောဘကြီးတဲ့လူ ဆင်းရဲလွယ်ပါတယ်
    ဒါနဲ့…ကိုပေလည်း ကျောက်သမားပီပီ ကျောက်နဲ့ပတ်သက်တာလေး ပါလိုက်ရမှပဲ 🙂

  • ပေါက်ဖော်

    September 19, 2011 at 4:00 pm

    တစ်ခါတစ်ရံ ဒီလိုပဲ ကြောင်တောင်တောင် လုပ်တတ်ကြတယ်ဗျ
    ချိန်းတွေ ့မှ ကီယားလေး မှန်းသိ တဲ့အဖြစ်တွေလဲ..တော်တော်များသဗျ..တစ်ခါတစ်ရံမှ မဟုတ်ဘူး..
    မကြာမကြာဘဲ .. 😀

  • manawphyulay

    September 19, 2011 at 4:36 pm

    မောင်ပေကတော့ လိုင်းစုံနေပြီနော်… ကျောက်ဘက်ကနေ ဒီဘက်လည်းရတယ်ဆိုတော့… လိုင်းစုံ မောင်ပေ
    မောင်ပေ လိုင်းစုံ ပေါ့လေ… 😛

  • mr.lone

    September 20, 2011 at 12:42 pm

    ကိုကို ကုလားတွေ့တာတော့ တော်တော်သဘောကျဖို့ကောင်းတယ်…မီးငယ်တစ်ယောက် အီစီကလီ အလုပ်လွန်သွားတာ…အဲဒါကြောင့် gtalk ကို မသုံးချင်ဘူး…fake fake တွေကြီးပဲ…

Leave a Reply