ဧရာဝတီ မိခင်

– ပြုံးလည်း မပြုံးလှည့်ဘူး..
ရယ်လည်း မရယ်တတ်ဘူး..
မျက်ရည်တွေ နဲ့သာ ပြည့်နေသော အမေ..။

-သားတို့လည်း ချစ်တယ်…
အမေကလည်းချစ်တယ်..
တစ်ခါတစ်ရံလည်း ဒေါသထွက်တတ်တဲ့ အမေ..။

-တစ်ခါတစ်လေ..
အမေ့မျက်ရည်တွေကျမှ
သားတို့ ဝမ်းပြည့်ရတယ် အမေ…

-အမေ….
သားတို့ ချွေးတွေ..
သားတို့ သွေးတွေ ကိုလည်း
အမေ သန့်စင်ပေးခဲ့တယ်အမေ..။

-အမေ….
အမေ့ကို ရင်ခွဲ
သားတို့ကို နှင်ဆဲ လို့
ရက်စက်ကြတော့မယ် အမေ..။

-အမေ….
ရာဇဝင်ထဲ မရောက်သေးခင်
ဖြစ်နိုင်ရင် သားတို့ရင်ထဲ ခွဲထည့်ပြီး..
ရှင်သန်နေစေချင်တယ်အမေ…။

2 comments

  • မီးမီး သော်

    September 20, 2011 at 12:14 am

    မောင်ရေချမ်း ကရင်ထဲမှာရှင်သန်ခွင့်ပေးချင်တယ်ပေါ့။ဧရာဝတီသားတွေရော အားလုံးကပါ ဧရာဝတီကိုချစ်ကြပါတယ်နော်

  • kolulay

    September 20, 2011 at 11:04 am

    လူလေးကတော့ တိကျတဲ့အဖြေတစ်ခုကို သိချင်နေတယ်ဗျာ။ စိတ်ထဲ မှာတော့မကောင်းဘူးဗျ။ မိခင် ဧရာဝတီ ကို ကယ်မယ့်အရေး အရမ်းသွေးအေးနေကြသလိုပါပဲဗျာ။

Leave a Reply