ရှက်တော့ရှက်ပါသည် သို ့သော် အိမ်တိုင်ရာရောက် အလိမ်ခံလိုက်ရသည်

moonpoemSeptember 19, 20111min23227

ပြီးခဲ့သော သောကြာနေ ့ကဖြစ်သည်။ ကျွန်မတို ့အိမ်အောက်ထပ်တွင် ဦးလေးက စပီကာ ပစ္စည်း ပြင်ဆိုင်ဖွင့်ထားသည်။
ထို နေ ့က တရုတ်လူမျိုးတစ်ယောက် အိမ်ထဲကို ဝင်လာသည်။ သူ က တက္ကစီပေါ်က ဆင်းလာခြင်းဖြစ်သည်။
တရုတ်ဆိုတော့ အသားဖြူသည် ကြည့်ရသည့်ပုံစံကလည်း တကယ့်ကို သားသားနားနားပင်ဖြစ်သည်။ ထို ့နောက်
သူ က တရုတ်လိုတွေ ပြောပါသည်။ ဘယ်သူကမှနားမလည်တော့ အိမ်နားတွင် နေထိုင်သော တရုတ်စကား
တတ်သည့် အသိကို သွားခေါ်ပြီး ဘာသာပြန်ခိုင်းရသည်။
ဘာသာပြန်ခိုင်းသောအခါ ထိုတရုတ်သည် မြန်မာနိုင်ငံသို ့ရောက်လာသည်မှာ ၂ရက်ပဲ ရှိသေးပြီး ယခု တရုတ်တန်းမှ အပြန်တွင်
ခါးပိုက်နှိုက်ခံလိုက်ရသည်။ သုံးစရာ ပိုက်ဆံမရှိတော့သဖြင့် ပိုက်ဆံလည်း အလကားမတောင်းချင်ပါ။ ထို ့ကြောင့် ပါလာသည့်
သူ၏ လက်တော့ပ်ကို ရောင်းပါရစေ ကျေးဇူးပြုပြီး ဝယ်ပေးပါ။ ယခုမြန်မာ ငွေကြေးနဲ ့ဆိုလျှင် ၄သိန်းလောက်တန်သော်လည်း
သူ ့ကို ၂သိန်းပေးရင် ရပါပြီ ဟုပြောသည်။ အိမ်က ဦးလေးက သူ ့သားက လက်တော့ပ်ပူဆာနေသည်မှာ ကြာပြီဖြစ်သောကြောင့်
ဝယ်မည် ဟု ကြံနေချိန်တွင် ထိုတရုတ်ရောက်လာသည့်အတွက် သူ ့အတွက်တော့ အတော်ပဲ ဖြစ်သည်။ နောက်ဆုံး
သူတို ့အချင်းချင်း တစ်သိန်းရသောင်း နဲ ့ဈေးတည့်သွားကြသည်။ ကျွန်မကတော့ ဦးလေးကို ကြည့်ကောင်းအောင်
တားပါသေးသည်။ သို ့သော် သူကလိုချင်နေသည့်အတွက် ဘာပြောပြောနားမဝင်တော့။ ကျွန်မကတော့ ဒီလူကို မသင်္ကာပါ။
ဒါပေမယ့်လည်း မတတ်နိုင်ပါ လက်လျှော့လိုက်ရသည်။ တနင်္ဂနွေ သူငယ်ချင်းတစ်ယောက်က DOCOMOမှာ ကွန်ပျူတာ
သွားကြည့်မယ်ဆိုပြီး သွားတော့ ကျွန်မ အဖော်လိုက်သွားသည်။

ဟိုနေ ့က ဝယ်လာသည့် အတိုင်း ချွတ်စွပ်တူသော လက်တော့ပ်ကို တွေ ့ရသည် ။ ဈေးမေးကြည့်သောအခါ ၈၀၀၀၀(ရှစ်သောင်း)
ပါတဲ့။ ဦးလေးကို ပြန်မပြောပြတော့ပါ။ သူ ့သား လိုချင်တာ ပေးလိုက်ရသည့်အတွက် ဖခင်တစ်ယောက်ရဲ ့အပျော်တွေ
မပျက်စေချင်လို ့ဖြစ်ပါသည်။ ဒါပေမယ့် ကျွန်မကတော့ တရုတ်လူလိမ်၏ လိမ်ညာခြင်း တွေ တခြားလူတွေ ထပ်ပြီး မခံရစေရန်
သတင်းပေးကြေညာအပ်ပါသည်။

27 comments

  • pan pan

    September 19, 2011 at 5:06 pm

    အော်…….
    ဆီလုပ် ဆီလုပ်
    ဝလို့ ဆီလုပ်တွေ လိမ်တယ်လို့ မင်းပြောချင်တာလား
    မင်း မီကြောက်ဖူးလား
    မင်းကိုလော် ဝလက်တို့လိုက်မယ်လော် 😀
    ——-
    စိတ်မကောင်းပါဘူး လမင်းကဗျာရယ်
    တချို့ကလည်း ခက်သားကလား
    မြန်မာချင်းဆိုသိပ်မယုံဘူး
    လူမျိုးခြားဆို သိပ်ယုံတာ (သူတို့က မလိမ်လောက်ဘူးလို့ ထင်ကြတာကိုး)

  • koyinmaung

    September 19, 2011 at 7:02 pm

    လိမ်ညာနည်းသစ်တမျိုးပါဘဲလား
    ခုလိုဆိုက်ပေါ်တင်ပေးတာ ကျေးဇူးတင်ပါတယ်
    ကြုံလာလို့ကတော့ တရုတ်သေားဘာသေားနားမလည်ဘူး
    နားရင်းဖြတ်အုပ်လိုက်မယ်….

  • ဆူး

    September 19, 2011 at 7:56 pm

    နည်းဗျူဟာ အသစ်တွေပါလား… ဖြစ်မှ ဖြစ်ရလေပါလား..
    နားလည်တဲ့ လူတွေကို မေးကြည့်ပါအုန်းလား.. အထဲက ပါဝင်ပစ္စည်းတွေက ပိုများ ကောင်းနေလေမလားလို့.. ကောင်းနေရင် တန်ကြေး အဲလောက် မကွာလောက်ဘူး။
    ရသေ့ စိတ်ဖြေ.. တွေးလို့ ရတာပေါ့..

  • windtalker

    September 19, 2011 at 8:25 pm

    “ အို..
    အခုတော့ ဘာပြောမလဲ ။ ”
    လက်ထဲ ရောက်နေပြီ ဆိုမှတော့
    ပေးလိုက်ရတဲ့ ပိုက်ဆံ နဲ ့တန်အောင် သုံးပါလို ့ပဲ
    ပြောရတော့မှာပေါ့ နော် …

  • ပေါက်ဖော်

    September 19, 2011 at 8:38 pm

    ဒိုကိုမို မှာ ၈ သောင်းတန် လပ်တော့ ရှိသလား..ဗျ..
    သွားဝယ်ဦးမှာပဲ..

    ၈ ရက်လောက်တော့ ခံမယ်ထင်ပါတယ်..

    ညှင်း..ညှင်း..ညှင်း….

  • naywoonni

    September 19, 2011 at 8:44 pm

    ရှက်မနေပါနဲ့ ကွယ် ……အဲဒိလိုပွင့်ပွင့်လင်းလင်ဒ ဝန်ခံလိုက်တော့ ရင်ထဲ ပေါ့သွားတယ်မဟုတ်လား ဟုတ်တယ်ဟုတ်

  • တညင်သား

    September 19, 2011 at 8:53 pm

    နောက်ဒီထက်ဆိုးမယ် .. တရုတ်မှ မဟုတ်ပါဘူး အဖြူကောင်လဲ လိမ်မှာပဲ အမဲကောင်လဲ လိမ်မှာပဲ ကြီးကြီးလိမ်တာနဲ့ သေးသေးလိမ်တာပဲကွာမယ် .ကျွန်တော်တို့ နိင်ငံသားတွေ မျက်စိပွင့် နားစွင့် ရှိကြပါ ..ဘာမှ မရရင် လူကိုလိမ်ယူမယ်… ဒီဒဏ်တွေကို မလေးနဲ့ ထိုင်းက ကောင်းကောင်း သိနေပြီ…နိုင်ငံခြားသားကို အထင်ကြီးတဲ့ စိတ်တွေ နဲနဲရှော့စေချင်မိတယ်……….

    • MAUNG

      September 20, 2011 at 9:25 am

      မှန်လိုက် လေဗျာ ။နိုင်ငံခြား သား မြင်တိုင်း မစ္စတာ မစ္စတာ ပါးစပ်ကကို မချချင် တဲ့သူ မျိုးတွေ အလကား နေအထင်ကြီးနေတာတွေ လျှော့သင့်ပါ ပြီ။

  • ုhtoosan

    September 19, 2011 at 9:39 pm

    သတင်းစာထဲမှာလည်း တူရကီနှစ်ကောင် ရွှေဘိုမှာ ဆိုင်ထဲဝင် ဝယ်ပြီး ဆိုင်ရှင်ထံက သိန်း၂ဝ မ သွားတာ ပြန်မိလိုက်တယ်။

  • unclegyi1974

    September 19, 2011 at 10:04 pm

    အဲဒီတရုပ်ကမြန်မာနေအေးရဲ့တပည့်ရဲ့တပည့်အဆင့်တောင်မရှိပါဖူး
    လိမ်ရောင်းတဲ့ပစ္စည်းသာကွာသွားတာလိမ်နည်းကထူးမခြားနားပါ
    တူတွေတူမတွေကငယ်သေးလို့အတွေ့အကြုံနည်းသေးလို့ပါ
    ဘတို့ကကြုံဖူးပေါင်းများပြီ
    ပါသွားတာလည်းမနည်းလွတ်မြောက်လာတာလည်းမနည်း
    ဟဲဟဲဟဲ…

  • မီးမီး သော်

    September 19, 2011 at 10:13 pm

    အော် တရုတ်ပြည်မကြီးမှာသုံးတဲ့ ပစ္စည်းမို ့ဈေးပေးလိုက်ရတယ် မှတ်ရတော့မယ့်ပုံပါလား။

  • nature

    September 20, 2011 at 10:10 am

    Winner Computor ဆိုင် (မြို့ထဲကသွားရင် ရွှေတိဂုံဘုရားအကျော် ဦးဝိစာရလမ်းဓာက်ဆီဆိုင်လမ်းကြားမှာ )လက်တော့အသစ်မှ ၅သိန်းလောက်ပဲရှိတယ်။ (သွားဝယ်ချိန်ဒေါ်လာဈေးကျလို့ ၇၅ဝခန့်)

  • နွယ်ပင်

    September 20, 2011 at 10:17 am

    လိမ်နည်းအမျိုးမျိုးနဲ့ကို လိမ်နေကြတာပါလား
    ဒါပေမယ့် လမင်းကဗျာရယ် ဒိုကိုမိုကပစ္စည်းထက်
    အခုတရုတ်လာရောင်းတဲ့ ပစ္စည်းက ပိုသန့်တယ်လို့
    တွေးပြီး သုံးလိုက်ရင်တော့ အဆင်ပြေလောက်မှာပါလေ 🙂

  • manawphyulay

    September 20, 2011 at 10:57 am

    အင်း ဒီတရုတ်က လိမ်တာ ခုမှမဟုတ်တော့ပါဘူး အသားဖြူဖြူ ပိန်ပိန်ရှည်ရှည်နဲ့ တရုတ်က ခုခေတ်ပေါ် လူတွေစိတ်ဝင်စားတဲ့ဟာကို လာလိမ်တာဖြစ်မှာပါ။ အရင်တုန်းက အိမ်ကိုလည်း ရောက်လာခဲ့ဖူးတယ်။ အဲချိန်တုန်းကတော့ သူက အထည်ချုပ်အကျီတွေနဲ့ လာပြီး ယုံအောင်ပြောပြီး ရောင်းတယ်လေ.. အိမ်က မဝယ်ပါဘူး။ ဒါက အကြံအဖန်ဖြစ်မယ်ဆိုပြီး အကြောင်းပြပြီး ငြင်းလိုက်တယ်။ ဒီအိမ်က မရတော့ နောက်တစ်အိမ်သွားမှာပေါ့။

  • kolulay

    September 20, 2011 at 11:01 am

    လမင်းကဗျာရေဒါကလည်း ကူညီတယ်လို့ပဲသဘောထားလိုက်ပါ။ နောက်ပြီး လမင်း တွေး သလိုဖခင်တစ်ယောက်ရဲ့ စေတနာ လည်းပါတာပေါ့ဗျာ။ ကျုပ်တို့ မြန်မာတွေကလည်းခက်တယ်ဗျ။ အချောင်ရမယ်ဆို ယက္ခမတောင် ထပ်ယူရင်ယူမယ့်လူစားမျိုး (အဖတ်တင်တာပေါ့လေ)။

  • etone

    September 20, 2011 at 11:09 am

    လိမ်တဲ့လူကပဲ တော်တာလား ခံရတဲ့ လူကပဲ ညံ့တာလား မသိဘူးနော် … ။
    ဘယ်လိုပဲဖြစ်ဖြစ်ပါ … ကွန်ပျူတာ ဆိုင်က မဟုတ်ပဲ ဝယ်မိတာကိုက အယုံလွယ်တာလေ … ။ အင်ထုရောင်းချင်တဲ့ လူကလည်း ဘယ်သူ့ကိုများ လိမ်လို ့ရမလဲ တွေးပြီးလိမ်နေတာ …. ။ အဲ့ဒီတရုတ်တကယ်တမ်း ခါးပိုက်နှိုက်ခံရတယ်ဆိုလျှင်တောင် သူတို့ သံရုံးရှိနေတာပဲ … အဲ့ဒီမှာ အကူညီသွားတောင်းတောင် ရတယ် 😀

  • winkyawaung

    September 20, 2011 at 1:10 pm

    လူလိမ်ဆိုတာ လူလယ်တွေကများပါတယ်။ လောဘကြီးသူတွေကို ရှာပြီးလိမ်တတ်ပါတယ်နော်..။

  • moonpoem

    September 20, 2011 at 1:37 pm

    ပြောရရင်တော့ကျွန်မဦးလေး ညံ ့ လို ့ အယုံလွယ်လို ့လူလိမ်ရဲ ့လွယ်လွယ်ကူကူ လိမ်ခြင်း ခံလိုက်ရတာပါပဲ။ ဒါပေမယ့် ပထမအကြိမ်ဆိုတော့ လိမ်သူရဲ ့အမှားပဲလို ့ စိတ်ဖြေလိုက်ပါတယ်။

  • chitsu

    September 20, 2011 at 1:57 pm

    ဒီစီရုတ်တော်တော်ဆိုးတာပဲ
    လိမ်စရာရှားလို့…..တရုတ်တန်းမှာတရုတ်ကခါးပိုက်နှိုက်ခံရတယ်လို.
    ဘယ်အချိန်ကိုတရုတ်တန်းသွားလို.ခါးပိုက်နှိုက်ခံရတာလည်းကွယ်

  • kokothandar

    September 20, 2011 at 2:45 pm

    ီနိူင်ငံခြားအထင်ကြီးတတ်တဲ ့စိတ်…… အချောင်ရမယ်ဆိုရင်..ရှေ့မကြည် ့ နောက်မကြည် ့ ဘာမှမစဉ်းစားတော ့တဲ့ ့လောဘစိတ်ကြောင် ့ဖြစ်ရတာပါ ဲမြန်မာပြည်ထဲမှာေ ရမျောကမ်းတင်နိူင်ငံခြားသားတွေ အများကြီးရှိနေပါတယ်

  • kai

    September 20, 2011 at 2:50 pm

    ကိုယ့်အိမ်(ကိုယ့်နယ်မြေ)မှာလည်းဖြစ်တယ်.။
    ဈေးအရောင်းအဝယ်လည်း..( ကျေနပ်လို့)ဖြစ်တယ်..။
    ဘေးလူဘာသာပြန်ကိုလည်းခေါ်လို့ရနေတဲ့အခြေအနေရှိတယ်.။

    အင်း.. ဒါမျိုးကို ကျုပ်ကတော့…
    အလိမ်ခံရတယ် မခေါ်ချင်ပါဘူး..။ 🙂

  • taungpawthar

    September 20, 2011 at 5:43 pm

    ရှစ်သောင်းတန်လပ်တော့ ရှိတာတောင် မသိဘူးဗျာ အဲဒီဆိုင်က ပစ္စည်းမျိုးစုံရောင်းပြီး ဈေးလည်းသက်သာတာကတော့ ကြားဖူးပါတယ်

  • kolulay

    September 21, 2011 at 12:12 pm

    ဟုတ်တယ်ဗျို့ လမင်းကဗျာ ရေ ကျုပ် ရဲ့ ဆရာကို လည်း မနေ့ က တရုပ်တစ်ယောက်က ဖေါ်ရိန်နာ ယောင်ဆောင်ပြီး ဟန်းဆက်ရောင်းတယ်။ ဆရာက လိမ်မှန်းသိလို့တော်သေးတယ်။ သူ့ အိုင်ဖုန်းကို လာရောင်းတာလေ။ တစ်သိန်းနှစ်သောင်းပဲပေးတဲ့။ မှတ်တောင်ထားရဦးမယ် အိုင်ဖုန်းကို အဲ့ဈေးနဲ့ရမလား။

  • winkhant

    September 21, 2011 at 9:12 pm

    တစ်ခုတော့ရှိပါတယ် laptop တစ်လုံး (အသစ်) ဆိုတာကို ဘယ်လိုနည်းနဲ့မှ ရှစ်သောင်းနဲ့ ဝယ်လို့မရနိုင်ပါဘူး။ ရေးတာပဲ မှားများနေလားမသိဘူး။ laptop အဟောင်းတွေရောင်းတဲ့ DoDo KoKo, Yogi House တွေမှာတောင် ရှစ်သောင်းနဲ့ရတဲ့ laptop ဆိုတာ မမြင်ဖူးပါဘူး။ ရှိခဲ့ရင်လဲ အဲ့ဒီ laptop ရဲ့ brand name နဲ့ processor speed, Ram တွေကို ပြောပေးပါလား

  • a

    September 26, 2011 at 11:48 pm

    ခက်တာက ကျွန်တော်တို့မြန်မာလူမျိုးတွေက များသောအားဖြင့်
    အချောင်ရလိုစိတ် ပေါချောင်ကောင်းနိုက်လိုစိတ်တွေများနေကြတယ်ဗျာ
    ခံလိုက်ရမှ ဟိုလူ့အပြစ်တင်ဒီလူ့အပြစ်တင်နဲ့
    သနားတက်တဲ့စိတ်ကလည်း လွန်ပါလေရော
    အားကလည်းနာတက်နဲ့
    ဒီစိတ်တွေကိုအရင်ပြုပြင်နိုင်ရင်ပိုကောင်းမယ်ထင်တယ်ဗျာ
    လိမ်တာကတော့ လူမျိုးပေါင်းစုံ မြန်မာနိုင်ငံထဲမှာလာပြီးလိမ်နေကြပါတယ်
    အဲ…
    မြန်မာပြည်သူပြည်သားတွေ ရဲ့စိတ်ဓါတ်တွေ မပြောင်းမချင်းပေါ့ဗျာ
    ဆက်လက်ပြီး အလိမ်ခံကြရဦးမှာပါ
    ကျွန်တော်လည်း ရန်ကုန်မှာ စက်ကန်းဟန်းရောင်းတဲ့ဖုန်းဆိုင်မှာ အိုင်ဖုန်းတစ်လုံးကို
    နစ်သိန်းနဲ့ရလို့ဝယ်ပြီးသုံးလိုက်ပါတယ်
    နစ်လလောက်ပဲကြာတယ် ဘတ်ထရီ လုံးဝသွင်းလို့မရတော့ဘူး ဆိုင်သွားပြင်တော့လည်း
    မရတော့ဘူးလို့ပဲပြောတယ်
    အချောင်နိုက်ချင်တဲ့ကိုယ့်စိတ်ကိုယ်ပဲပြန်ပြီးတော့ ရှက်မိပါတယ် သင်ခန်းစာပေါ့ဗျာ
    တစ်ခါတည်းပြောရဦးမယ် စက်ကန်းဟန်း ပစ္စည်းတွေ လုံးဝမသုံးပါနဲ့ အာမခံချက်လုံးဝမရှိဘူး
    သုံးမယ်ဆိုရင်လည်း တစ်ခါတည်း စိတ်ပိုင်းဖြတ်နိုက်မှ ဝယ်သုံးပါ
    စွယ်စုံသုံးလို့ရတဲ့တရုပ်ပစ္စည်း ဘယ်တော့မှမသုံးလေနဲ့ သုံးရင်သုံးတဲ့လူအပြစ်ပါ
    ကျေးဇူးတင်ပါတယ်

  • moonpoem

    September 28, 2011 at 1:01 pm

    Docomoမှာ လက်တော့ပ် ရော တခြားပစ္စည်းတွေရော ရောင်းပါတယ် အသစ်လည်း ရှိသလို စက်ကန်းဟန်းလည်းရှိပါတယ်။
    ကျွန်မကြည့်ခဲ့တာ စက်ကန်းဟန်းပါ။ ၈သောင်းတခါတည်းနဲ ့မတတ်နိုင်ရင် မှတ်ပုံတင်နံပါတ်ပေးပြီး မိတ္တူပေးရင်အရစ်ကျ ငွေသွင်းပြီး တောင်ဝယ်လို ့ရပါတယ်။

Leave a Reply