ကဗျာမဟုတ်တဲ့ …….

“ကဗျာမဟုတ်တဲ့ကဗျာ´´
မိုးကုတ်စက်ဝိုင်းကွေးကွေး
ဟိုး …. အဝေးတစ်နေရာ
တိမ်တွေကိုဖမ်းဆုပ်
ကဗျာတစ်ပုဒ်ဖွင့်ထုတ်ဆဲ
နာရီတွေပြောင်းပြန်လည်ပတ်
ကာလယန္တရားကြီးရပ်တန့်ခဲ့ ….. ။
တွဲလက်တစ်စုံ
လမ်းကလေး
အချိန်ဒီရေတိုက်စား
မေတ္တာတံတားကျိုးပျက်
သံယောဇဉ်ဒေါက်တိုင်တွေကို
အမုန်းရေစီးချိုးဖျက်
သံယောဇဉ်ဒေါက်တိုင်တွေကို
အမုန်းရေစီးချိုးဖျက်ခံခဲ့ရ
မှောင်မိုက်တဲ့လမ်းထဲ
တုန်ရီစွာနဲ့
တိုးဝင်
ပျောက်ကွယ်
ဝေးလွင့် ….. ။ ။

3 comments

  • မီးမီး သော်

    September 19, 2011 at 11:16 pm

    သံယောဇဉ်ထောက်တိုင်တွေက နှစ်ခါပါ နေပါလား ကိုရဲတေဇာရေ…
    ခံစားချက်လေးတွေရှိနေလို ့နေမှာပါ။ကောင်းပါတယ်နော်။ဝင်အားပေးဖတ်ရှုသွားပါတယ်။

  • chitsu

    September 20, 2011 at 11:36 am

    သံယောဇဉ်ဒေါက်တိုင်တွေခဏခဏကြိုးနေမှတော.သွားပြီပေါ့

  • windtalker

    September 20, 2011 at 1:22 pm

    ကွန်နက်ရှင် နှေးနှေး
    ဝက်ပေ့ တစ်နေရာ
    ကီးဘုတ် ပေါ် လက်တင်
    ဟို..ဒီ.. စဉ်းစား
    ခေါင်းရှုပ်လာရင်း
    စာတွေ ကို ဖတ်
    ကဗျာ တွေ ကို ဖတ်
    ပြီးတော့ မှတ်ချက်
    ကွန်မင့် မဟုတ်တဲ့ ကွန်မင့်

Leave a Reply