ယနေ့ မြန်မာ နှင့် ထိုင် U – 19 ဘောလုံးပြိုင်ပွဲ မှာ ကျွန်တော်တို့မြန်မာ  နှစ်ဂိုး တစ်ဂိုး ဖြင့် ရှုံးသွားပြန်ပါပြီ .. မြန်မာဘောလုံးပွဲဆိုရင် မကြည့်တော့ဘူးလို့ ပြောနေကြတဲ့ မြန်မာဘောလုံးချစ်ပရိသတ်တွေကတော့ မျိုးချစ်စိတ်ဓာက် ဘောလုံးဝါသနာပိုးတွေက ဘောလုံးပွဲရှိရင် မနေနိုင် အိမ်မှာတောင် တီဗီကထိုင်မကြည့်ချင် ဘောလုံးကွင်းထဲသွားပြီး အော်ဟစ်အားပေးလိုကရမှာ အားရှိတာ တဲ့ …. ဘောလုံးကွင်းကိုမသွားခင်မိုးလေးကရွှာထားတော့ ရေအိုင်ရင် ပွဲပျက်မလားလို့တောင်ထင်နေတာ .. ကားပေါ်ရောက်တော့ မိုးကတော့ မြန်မာဘက်ကပါနေပြီတဲ့ မိုးရွှာရင်မြန်မာနိုင်ပြီတဲ့ … မရွှာလည်းနိုင်စေချင်ပါတယ် .. မိုးရွှာမှာစိုးလို့ အထူးတန်းလက်မှတ်သွားဝယ်တာ သုံးထောင်တဲ့ .. များတော့များတယ် များလည်းမတက်နိုင်ဘူး ဒီလိုတွေစီစဉ်ပေးတာကိုက တန်နေပြီ … တစ်ချိုကလည်းပိုက်ဆံမပါလို့ နှစ်ထောင်ထားပါတဲ့ .. ဈေးဆစ်နေသေးတယ် .. ဂိတ်ပေါက်ရောက်တော့ လုံခြုံရေးတွေက ၀ိုင်းပြီးတော့စစ်တယ် .. ဖုန်းပါဝါဖွင့်ပြခိုင်းတယ် .. အစောကြီးလာပြီး ဂျာနယ်လေးအေးဆေးထိုင်ဖတ်မလို့ ၀ယ်လာတာ သိမ်းသွားတယ် .. ရေစွက်ပြီး ထုမှာစိုးလို့ တဲ့ … ထီးကတစ်ဖက် ရေကလည်း အိက်နဲ့ တစ်ဖက် လက်ခုပ်တောင်ဘယ်လိုတီးရမလဲလို့စဉ်းစားနေတာ .. ကွင်းကြီးထဲမှာ အလုပ်သမား ဆယ့်ငါးယောက်လောက်ရှိမယ် ရေတွေခပ်ထုပ်နေကြတာ … ကန်လို့မဖြစ်ဖြစ်အောင်ကို ကြိုးစားနေကြတာ …

ထိုင်းကကောင်ကြီးတွေက အရပ်တွေကအရှည်ကြီးတွေနဲ့ တောင့်ကောင်းကောင်းကြီးတွေ မြန်မာတွေကတော့ သေးသေးပုပုလေးတွေပေါ့ .. ထိုင်းကအရင်သွင်းသွားတယ် အရပ်ရှည်တာအခွင့်ကောင်းယူပြီ ခေါင်းတိုက်သွင်းသွားတယ် … မြန်မာတွေကလည်း လူတွေကသေးပေမယ့် ကောင်းပါတယ် နည်းပြလည်းလူစားလည်းမှန်ပါတယ် နံပါတ်ကို ၀င်လာလာချင်း ချေပဂိုးပြန်သွင်းသွားတယ် … ပွဲကပိုပြီးကြည့်ကောင်းသွားတယ် … ပရိသတ်တွေအားပေးတာ အရင်ကထက်စာရင် ပိုပြီးတော့ ယဉ်ကျေးလာတယ် … ပထမပိုင်းမှာ တစ်ဂိုးစီသရေကျနေတယ် … အပေါ့သွားတဲ့လူတွေကလည်း အများကြီးပဲ အိမ်သာကိုမသွားကြပဲ တွေ့တဲ့နေရာမှာ အပေါ့သွားနေကြတယ် မုန့်တွေရောင်းတဲ့ဘေးမှာ ဖြစ်သလိုသွားနေကြတယ် အနီးနားမှာ ကောင်မလေးတွေလည်းရှိကြတယ် …တစ်ချိုကကပြောသွားသေးတယ် ငါတို့မြန်မာဘောလုံးကွင်းက အပေါ့သွားတဲ့နေရာက အကျယ်ကြီးပဲတဲ့ … အိမ်သာကလည်း ညစ်ပတ်ပါတယ် .. အခန်းလည်း မခွဲထားဘူး ….အတူတူအပေါ့သွားကြတယ် …လုံခြုံရေးတွေတောင် ဖြစ်သလိုပဲအပေါ့သွားကြတယ် .. ဓာက်ပုံရိုတ်တင်ရင်မကောင်းလို့မတင်တော့ဘူး …… ထိုင်းအသင်းကဒုတိယဂိုးကို ပယ်နယ်တီကနေသွင်းပြီး ဦးဆောင်သွားတယ် .. ဒီဂိုးက ဒိုင်ညစ်တာလည်းပါတယ် မြန်မာတွေဖျင်းတာလည်းပါတယ် .. မပေးလည်းရတာကိုပေးလိုက်တယ် … မြန်မာတွေကလည်းပြာပြီးကန်တယ် ဘောလုံးကောလူကောကန်တယ် ..ဒိုင်က ၆၀မှားတယ် မြန်မာက ၄၀ မှားတယ် …. ပွဲကကြည့်ကောင်းနေတုန်းပဲ သရေလောက်တော့ ကျပါစေလို့ဆုတောင်းနေတာ ပွဲပြီးခါနီး ပင်နယ်တီ မြန်မာကရတယ် ဒီတစ်ခါဒိုင်မှန်တယ် မြန်မာတော်တယ် မကန်ပဲဆွဲပြေးတာ ဖျတ်ထုက်တာ ဘောလုံးမထိဘူး … ကံမကောင်းစွာနဲ့ပဲ ပင်နယ်တီကတိုင်ထိပြီး အပြင်ပြန်ထွက်လာတယ် … သေလိုက်ပါတော့ဗျာ … တော်တော်ခံရခတ်တယ်ဗျာ … နောက်ထပ်ကြိုးစားပေမယ့် ရှုံးသွားပြန်ပြီဗျာ … ပရိသတ်တွေတော်တော်များများကတော့ အေးအေးဆေးဆေးပါပဲ လက်ခုပ်တီးပြီး မြန်မာဆိုတာကိုပြကြတယ် … တစ်ချို့ကလည်း အားမလိုအားမရတွေဖြစ်ကြတာပေါ့ .. မြန်မာဘောလုံးအသင်းနိုင်မယ့်နေ့တွေကိုဆက်လက်မျှော်လင့်နေရင်းးးးးးးးးးးးးးးးးးးးးးးးးးးးးး

About thihayarzar

thiha yarzar has written 76 post in this Website..