ခေါင်းစဉ် မလိုအပ်ပါ။ (၁)

nigimi77September 20, 20111min1156

ကျွန်တော် မျက်ရည် အကြိမ်ကြိမ် ကျခဲ့ဖူးပါသည်။  ရှေ  ့လျှောက်လဲ ကျနေဦးမည် ထင်ပါသည်။

မည်သူ တစ်ဦး တစ်ယောက် အတွက်မှ မဟုတ်ပါ။ ကျွန်တော့် အတွက် ဖြစ်ပါသည်။  မြန်မာနိုင်ငံသား

တစ်ယောက်ဖြစ်သော ကျွန်တော်သည် တစ်ဦးတစ်ယောက်ထဲ နိုင်ငံသား ဘဝနှင့် မရပ်တည်

နိုင်ပါ။

တစ်ဦးတစ်ယောက်၏ အရည်အချင်းနှင့် လည်း Civil Soceity ကို မတည်ဆောက်နိုင်ပါ။

မည်သည့်နိုင်ငံဆိုသည့် အမည် အပိုင်းအခြား နောက်ကွယ်တွင် ကျွန်တော်တို ့ အားလုံးသည်

“လူတွေ အားလုံးဟာ အတူတူပါပဲ။ လူသားချင်း ချစ်ခင်တတ်ဖို ့ စာနာတတ်ဖို ့ သနားတတ်ဖို ့

ကူညီရိုင်းပင်းဖို ့လိုအပ်ပါတယ်” ဆိုတဲ့ အယူအဆများအား လက်ခံချင်ပါသော်လည်း မိမိ၏

နေထိုင်ရပ်တည်မှု၊ မိမိ၏ နောက်ပိုင်းမျိုးဆက်များ ရှင်သန်ရပ်တည်မှုအား အလေးပေးသင့်သည်

ဆိုလျင် လွန်ကျူးသော အတ္တဟု မဆိုနိုင်ပါ။  ကမ္ဘာပေါ်ရှိ လူသားဖြစ်စဉ် အရ မိမိကိုယ်ကို အရင်

ဦးစားပေးပြီး နောက်တွင် မိမိနှင့် ပတ်သတ်လာသည့် မိသားစု၊ ထို ့နောက် မိမိ၏ ပတ်ဝန်းကျင်၊

ရပ်ကွက်မြို ့နယ်……နောက်ဆုံး နယ်နမိတ် အဖြစ် မိမိ နေထိုင်သည့် နိုင်ငံ၏ ပိုင်နက် အတွင်းရှိ

နိုင်ငံသားများ အတွက် သင့်တော်သော အတ္တ အား ဝေမျှပေးခြင်းဖြင့် ရှင်သန်ခြင်းသည်

လူဖြစ်ရကျိုးနပ်ခြင်း (သို ့) နိုင်ငံသားဖြစ်ရကျိုးနပ်စေလိမ့်မည်။  ကျွန်တော်ကျသော မျက်ရည်

သည် လူအဖြစ်နှင့် မွေးဖွားလာပြီး လူမဖြစ်စေသော Soceity အတွင်းတွင် ပျော်မွေ ့နှစ်သိမ့်စေ

သော ယုတိ္တမဲ့ အကြောက်တရား ဘောင် အကွပ်များအား ရုတ်ချည်း ဆွေးမြေ  ့ပျက်စီးစေမည်

မဟုတ်သော်လည်း မြန်မာနိုင်ငံရှိ  အချို ့အချို ့သော မျက်လုံးပေါင်းများစွာမှ မျက်ရည်များ ဆက်

လက် စီးဆင်းနေဦးမည် ဖြစ်သည်။

 

အကြောက်တရား

ကြောက်စိတ်သည်  အလွန်ပင် အားအင်ကြီးမားသည်။  ကြောက်ခြင်းသည် အတ္တကို အခြေခံပါ

သည်။  ကျွန်တော် ငတ်မှာကြောက်ပါသည်။ ငတ်မှာကြောက်သောကြောင့် မဖြစ်မနေ အလုပ် လုပ်

ရပါမည်။  အလုပ် လုပ်သော အခါ အစဉ်မပြေမှုတွေ ကြုံရပါသည်။  အစဉ် မပြေမှုသည် အောက်

ပါ အကြောင်းတရားများနှင့် ယှဉ်တွဲပြီး ဝိဝါဒ ကွဲပြားစေခဲ့သည်။

ပြသာနာ ။  လုပ်ဖော်ကိုင်ဖက်ခြင်း ပြိုင်ဆိုင်မှုနှင့် အတိုက်အခံ ပူးတွဲ ကြုံရသည်။

အဖြေ  ၁။  လုပ်ငန်းသဘာဝအရ  ကျွန်တော် ယခုထက်ပိုပြီးကြိုးစားဖို ့လိုနေကြောင်း ပတ်ဝန်း

               ကျင် က သတိပေးနေသည်။

အဖြေ  ၂။  လူတွေကိုက ကောင်းကို မကောင်းပါ။ ကျွန်တော်ကတော့ သူတို ့ဘာပြောပြော

               ဘာလုပ်လုပ် မေတ္တာပို ့ပါသည်။   

=====================================================

ပြသာနာ။    အထက်လူကြီးထံမှ နေ ့စဉ် ကြိမ်းမောင်းခြင်းကို ခံနေရသည်။

အဖြေ  ၁။   ဒီလူကြီးသည်လဲ ကောင်းတဲ့လူတော့ မဟုတ်ပါ။ သို ့သော် သူ အသားလွတ်ကြိမ်း

                မောင်းနိုင်ခြင်းသည် ကျွန်တော့်တွင်လည်း အမှား တစ်ခုခုတော့ ရှိနေနိုင်သဖြင့်

                ကျွန်တော် ဘာတွေ လိုအပ်ချက် ရှိနေသလဲဆိုတာကို အဖြေ ရှာရမည်။

အဖြေ  ၂။   ဒီလူကြီးသည် သူ ့ ဆွေမျိုး ဝန်ထမ်းတွေကိုတော့ မျက်နှာသာပေးပြီး ကျွန်တော့်ကို

                သာ အပြစ်မရှိ အပြစ်ရှာ လိုက်မဲပြီး  ဆူပူကြိမ်းမောင်းနေသည်။  တကွေ ့ကွေ ့တော့

                ကျွန်တော့် အကြောင်းသိရပေမည်။

======================================================

ပြသာနာ။    အလုပ်မှ ရပ်စဲခြင်း ခံလိုက်ရသည်။

အဖြေ  ၁။   ဒါဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ပါ။  ဘယ် အလုပ်မဆို မင်းမရှိရင် မဖြစ်ဘူး

               ဆိုတဲ့ နေရာ မရှိသော်လည်း ရွေးချယ်မှု ရှိရမည့် အနေအထားမျိုးတွင် ရွေးချယ်

               မှုသည် ကျွန်တော်သာ ဖြစ်သင့်သည်။  နောက်ထပ် ဘယ်နေရာရောက်ရောက်

               ဒီလို မဖြစ်ရအောင် ချို  ့ယွင်းချက်တို ့အား ပြုပြင်ရမည်။

အဖြေ  ၂။  ကျွန်တော် အလုပ်ကို အကောင်းဆုံး လုပ်ခဲ့ပါရဲ  ့သားနဲ ့ဒီလူကြီးက လုပ်ပိုင်ခွင့်ကို

               အသုံးချခဲ့ပါသည်။   ကျွန်တော် ဂရုမစိုက်ပါ။ ဘယ်နေရာသွားသွား ကျွန်တော့်

              အတွက် အလုပ် မရှားပါ။   လောလောဆယ် ကံနိမ့် နေပါသည်။

ကံနိမ့်……………………………………….

 

ကျွန်တော်တို ့ကံနိမ့်နေပါသလား ?????????

 

 

6 comments

  • windtalker

    September 20, 2011 at 1:34 pm

    ကျွန်တော် ကြားဖူးတာလေး
    တစ်ချက်လောက် မန် ့ပါရစေ
    ကျွန်တော် လည်း
    စိတ်တိုင်းမကျ
    လိုအင်ဆန္ဒမပြည့်ခြင်း တွေ နဲ ့
    နေ ့စဉ် နှစ်ပါးသွားနေရတာပေါ့
    ကိုယ်ဖြစ်စေချင်သလို မဖြစ်ခဲ့ရင်
    ကိုယ့်စိတ်တိုင်းကျ ဖြစ်မလာခဲ့ရင်
    “ သူ က ကိုယ့်လို မဟုတ်ဘူး ” ဆိုတာနဲ ့ဖြေသိမ့်ရပါတယ် ဗျို ့
    အဲဒီလို တွေးပြီး ဖြေသိမ့်လိုက်ရင်
    အနည်းငယ် သက်သာရ ရပါတယ် ခင်ဗျ

  • “ဘီလူးကြီး”ogre

    September 20, 2011 at 1:35 pm

    ခေါင်းစဉ်မလိုအပ်ပေမယ့် ခေါင်းစဉ်တောတပ်ထားမှဖြစ်မယ်ဗျ
    အခုရောဘယ်နှယ်လဲဗျ ခေါင်းစဉ်ရလို့ အခြေကျနေပြီလား..။။။။

  • မီးမီး သော်

    September 20, 2011 at 2:44 pm

    သီးခံ ခွင့်လွှတ်ခြင်းသည်အောင်နိုင်ရာ၏ တဲ့။ကြိုးစားပါ၊အားမလျှော့ပါနဲ ့နော်။

  • Shwe Ei

    September 20, 2011 at 3:57 pm

    ကျွန်မကတော့ ဒီတခုမှာကြိုးစားရက်နဲ့ အဆင်မပြေတာဟာ ဒီ့ထက်ပိုကောင်းတာတခု ရဖို့ဘဲလို့တွေးပြီးဖြေသိမ့်ပါတယ်။ ကိုယ့်ကိုကိုယ် အဖြစ်ဆိုးလှချည်ရဲ့လို့ ဘယ်တော့မှတွေးပီး ဝမ်းမနည်းပါဘူး။

  • MOEPWINTPHYU

    September 20, 2011 at 5:01 pm

    ဘာတွေပဲကြုံကြုံကိုယ်တွေးတဲအပေါ်မူတည်ပါတယ် မိုးပွင်တောအကောင်းဖက်ကပဲတွေတာ
    ဒီနေ့ဖေဘုတ်သုံးလိုမရလိုစာတွေများများဝင်ဖတ်ဖြစ်တာကောင်းတယ်မိုလား………

  • Foreign Resident

    September 23, 2011 at 7:20 am

    Good job, nigimi77
    It will create a thought for villagers.

Leave a Reply