အရည်အသွေးညံ့ဖျင်းတဲ့ ယဉ်မောင်းလိုင်စင် နှင့် ကားအိုကားဟောင်းကြီးများတန်ဖိုး

phone_kyawSeptember 20, 20111min12610

” ယာဉ်အိုယာဉ်ဟောင်းများ အစားထိုးလဲလှယ်ရေး အစီအစဉ်အရ မော်တော်ကားသွင်းကုန်ပါမစ် ထုတ်ပေးမှု အစီအစဉ်အား အထူးကိစ္စတစ်ရပ်အနေဖြင့် နေ့ချင်းပြီးဆောင်ရွက်ပေးရန် စီစဉ်ထားဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းမြင့်က စက်တင်ဘာလ ၁၈ ရက်နေ့တွင် နေပြည်တော်၌ ပြုလုပ်သည့် ပြည်ထောင်စုဝန်ကြီးများနှင့် ဆန်စပါးအထူးပြုကုမ္ပဏီများ၊ မြန်မာနိုင်ငံ ဆန်စပါးအသင်းမှ တာဝန်ရှိသူများနှင့်တွေ့ဆုံပွဲတွင် ပြောကြားခဲ့သည် ”

ွှWeekly Eleven မှာ ရေးထားတဲ့သတင်းလေးဖြစ်ပါတယ်။ နှစ်ပေါင်းလေးဆယ်လောက်ရှိပြီဖြစ်တဲ့ ကားအိုကြီးတွေကို ကားအသစ်တွေနဲ ့အစားထိုးမယ်လို ့ကြားရတာ စိတ်မကောင်းစရာပါ။ ဘာဖြစ်လို ့လဲဆိုတော့ ကားဈေးကွက်ပျက်သွားနိုင်တယ်။ အာဏာမဲ့တဲ့လူတွေ ပိုပြီးငွေကုန်ကြအုံးမယ်။ ဒ့ါကြောင့် စိတ်မကောင်းတာပါ။

ကားအိုကြီးတွေကို မမောင်းရတော့ဘူး။ ဒီကားတွေဟာ မြို  ့အင်္ဂါရပ်နဲ ့မညီမညွတ်ဘူး။ အန္တရာယ်ရှိတယ်။ အိတ်ဇောပိုက်က ထွက်တဲ့ကာဗွန်ဒိုင်အောက်ဆိုက်တွေကလည်း လေထုညစ်ညမ်းမှု ့ကိုအကြီးအကျယ်ဖြစ်စေတယ်။ ဒါ့ကြောင့် ကားကောင်းကောင်းတွေနဲ ့အစားထိုးမယ်။ မြို  ့ကို ဒိထက်ပိုပြီး လှပခန် ့ငြားအောင်လုပ်မယ်ဆိုတဲ့ အိုင်ဒီယာက တကယ်ကောင်းပါတယ်။ ဒါပေမဲ့ ဒီပေါ်လစီရဲ  ့နောက်ကွယ်မှာ ခန် ့မှန်းလို ့ရတဲ့အကျိုးစီးပွားတွေဟာ အာဏာပိုင်တွေနဲ ့သူတို ့ရဲ  ့လက်ဝေခံတွေ မိသားစုဝင်တွေကို ဒိထက်ပိုပြီး ချမ်းသာအောင်လုပ်ပေး နိုင်တယ်လို ့တွေးမိတယ်။ ဒါ့ကြောင့် ဒီပေါ်လစီက အရမ်းမှားတယ်လို ့ထောက်ပြချင်တယ်။

ဒါဆိုရင် ဒီနေရာမှာ ဘယ်လိုမျိုး ဒိထက်ကောင်းတဲ့အိုင်ဒီယာကို မင်းအနေနဲ ့ပေးမလဲလို ့မေးရင် ကျနော်က ဒီလိုပြောချင်ပါတယ်။

ကားတွေ အလွန်အမင်းအိုနေတာက ပြဿနာမဟုတ်ပါဘူး။ ပြဿနာက လူတွေနဲ ့သဘာဝပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်ဖို ့အရေးကြီးပါတယ်။ ဒါကိုပဲ အဓိက စဉ်းစားရမယ်ထင်ပါတယ်။ ဖြစ်နိုင်ရင် နိုင်ငံခြားက ကားအသစ်တွေကိုလည်း ဆက်ပြီးတင်သွင်းပါ။ ဒါက လုပ်သင့်တဲ့ကိစ္စ။ မသွင်းပဲထားရင် ကားဈေးတွေက ကြီးသထက်ကြီးလာတယ်။ နိုင်ငံခြားမှာ ဒေါ်လာ တစ်ထောင်တန်ကားက မြန်မာပြည်မှာ သိန်းလေးငါးရာ ပေးရတာက သဘာဝမကြဘူး။ သိန်းလေးရာဆိုတာက ဒေါ်လာ လေးသောင်းကျော်ရှိတယ်။ ဒီငွေနဲ ့သာဆိုရင် ဩစတျေးလျမှာ ပရာဒိုနောက်ဆုံးပေါ်တောင် ဝယ်လို ့ရတယ်။ ဒီလို ပေါ်လစီတွေဟာ အဓိက ပြည်သူတွေကိုပဲ ထိခိုက်စေတယ်။ အာဏာပိုင်တွေကတော့ ထောတာပေါ့။ ဒါက အရမ်းကို လူလည်ကြတဲ့ ကိစ္စ။

ကားဟောင်းတွေက ပြဿနာမဟုတ်ဘူး။ ပြဿနာက လူတွေနဲ ့ပတ်ဝန်းကျင်ကို အန္တရာယ်မဖြစ်ဖို ့ဆိုပြီး အထက်မှာပြောခဲ့တယ်။ ဒါကို အင်္ဂလိပ်လိုခေါ်ရင် Safety လို  ့ ့ခေါ်တယ်။ ဒါတွေကောင်းနေသမျှကာလပတ်လုံး ကားဟောင်းလည်း အသုံးဝင်တယ်။ လူတွေကို အန္တရာယ်မပေးဘူး။ Safey က ဘာလဲဆိုတာကို သိသလောက်ရှင်းပြမယ်။ ကားမှာ ရှေ  ့မီးနောက်မီး၊ ဘရိတ်မီး၊ အချက်ပြမီး၊ ခါးပတ်၊ ကားတာယာ၊ ဆီယိုမှု၊ ဘရိတ်၊ ကားဘော်ဒီ၊ စတဲ့ အရာတွေဟာ သတ်မှတ်ထားတဲ့ စံနှုံးအတိုင်းရှိနေရင် ဒီကားဟာ အန္တရာယ်ကင်းတယ်။ ဒါကို တနှစ်တခါ ကားကျွမ်းကျင်သူအာဏာပိုင် ( Inspector) က ပုံမှန်စစ်ဆေးရမယ်။ သတ်မှတ်ထားတဲ့ Standard မှီရင် ကားလမ်းပေါ်မှာ မောင်းနိုင်မယ်။ မမှီရင် မှီတဲ့အထိပြင်ပါ။ ဩစတျေးလျနိုင်ငံမှာ ကျနော့်ရဲ  ့ကားကို ပုံမှန် တနှစ်တခါ စစ်ဆေးရတယ်။ စစ်ဆေးခကို ပေးရတယ်။ ဒီဌာနက ဒီငွေတွေနဲ ့လည်ပတ်တယ်။ အစိုးရတောင်အခွန်ရတယ်။ ကားပိုင်ရှင်ကော ကားမရှိတဲ့လူတွေကောဟာ အကျိုးရှိတယ်။ တချို  ့ကားတွေဆိုရင် နှစ်ပေါင်း ၇ဝ-လောက်ရှိပြီ။ ဒီကားတွေကိုလည်း ဩစတျေးလျအစိုးရက အိုနေပြီ…ဒါ့ကြောင့် သံရည်ကျိုစက်ပို ့ပါ။ မမောင်းပါနဲ ့လို ့မပြောဘူး။ ဥပဒေလည်း မထုတ်ဘူး။ ဒါပေမဲ့ ကားတိုင်းက Safety Standard ကိုလိုက်နာရတယ်။ မလိုက်နာရင် မှတ်ပုံတင် ( Registration )   မထုတ်ပေးဘူး။ မထုတ်ပေးတော့ ကားပိုင်ရှင်က သူ ့ကားကို စေ့ဖ်တီးစည်းကမ်းနဲ ့ ကိုက်ညီအောင်ပြင်တယ်။ ပြင်ပြီးရင် အင်စပတ်ရှင်ဝင်တယ်။ အင်စပတ်တာက အောင်တယ်ဆိုမှ ဒီကားဟာ လမ်းပေါ်တက်ရတော့တယ်။ ဒါက ကျနော်နားလည်တဲ့ အကြမ်းဖျင်း။

ဒီဥပမာတွေကိုကြည့်ရင် ကားဟောင်းတွေ ကားအိုကြီးတွေကို ဘာ့ကြောင့်များ လွှင့်ပြစ်ရမှာလဲ။ ကားအိုကြီးတွေချစ်တဲ့ လူတစ်ချို  ့ဆိုရင် ၁၉၄ဝ-လောက်ကတည်းက ကားတွေကို သေသေချာချာလှလှပပပြင်ပြီး အမြတ်တနိုးစီးကြတယ်။ အလှပြကြတယ်။ ဒီကားတွေကလည်း နောက်ဆုံးပေါ်ကားတွေထက်ဈေးအရမ်းကြီးတယ်။ တချို  ့ကားတွေဆိုရင် ဒေါ်လာသန်းချီပြီးပေးရတဲ့အထိ ဖြစ်နေတယ်။ တကယ်တမ်း မြန်မာပြည်မှာ လွှင့်ပြစ်သင့်တာက လက်ရှိကျင့်သုံးနေတဲ့ သင်မောင်းစည်ကမ်း၊ လိုင်စင်ထုတ်ပေးမှု မညီမျှမှုစတဲ့ အသုံးမဝင်တော့တဲ့ စည်းကမ်းတွေကို လွှင့်ပြစ်သင့်တယ်။ သံရည်ကျိုစက်ထဲကို ပို ့သင့်တယ်။ ကားဟောင်းတာနဲ ့မဆိုင်ဘူး။ ကားအသစ်တွေသွင်းပြီး လက်ရှိစည်းကမ်းတွေကိုမှ မပြင်ရင် ဒုံရင်းက ဒုံရင်းပဲ။

နေက်တစ်ခုရှိသေးတယ်။ ကားအိုတွေရဲ  ့အင်ဂျင်တွေက အရမ်းဟောင်းနေပြီ။ အိုနေပြီဆိုတော့ ကာဗွန်ဒိုင်အောက်ဆိုက်ထုတ်လွှင့်မှုက ကားအသစ်နဲ ့ယှဉ်ရင် အရမ်းများတယ်။ ဒီလိုကားတွေများတော့ လေထုညစ်ညမ်းမှု ့ကို ဖြစ်စေတယ်။ လူတွေရဲ  ့ကျန်းမာရေးကို ထိခိုက်စေတယ်။ ဒီလိုမဖြစ်အောင် ကားဗွန်ထုတ်မှု မများအောင် နည်းပညာကို အစိုးရက ပံ့ပိုးပေးသင့်တယ်။ ဒိအတွက် စည်းကမ်းအသစ်ကိုထုတ်ပေးရမယ်။ ဥပမာ..ကာဗွန်များတဲ့ကားတွေမှန်သမျှ ကာဗွန်လျှော့နိုင်အောင် ပြင်ပါ။ သတ်မှတ်ထားတဲ့ စံနှုံးနဲ ့မညီရင် လိုင်စင်မပေးဘူးဆိုပြီး လုပ်သင့်တာပေါ့။

ဒါ့အပြင် မြန်မာပြည်မှာ ယဉ်မောင်းလိုင်စင်ထုတ်ပေးတဲ့စည်းကမ်းကိုလည်း ပြင်ရမယ်။ အခုပုံစံက ယဉ်မောင်းလိုင်စင်ကို ငွေရှိရင် အလွယ်တကူ ရတဲ့စနစ်က ကားတိုက်မှုကိုဖြစ်စေတယ်။ မသေသင့်ပဲ သေကုန်တယ်။ ငွေတွေမကုန်သင့်ပဲ ကုန်ကြတယ်။

ဩစတျေးလျနိုင်ငံရဲ  ့ကားလိုင်စင်က မြန်မာပြည်မှာဆိုရင် မှတ်ပုံတင်ပဲ။ အရမ်းအရေးကြီးတယ်။ ဒီနိုင်ငံကရတဲ့ ယဉ်မောင်းလိုင်စင်နဲ ့ ကြိုက်တဲ့နိုင်ငံကိုသွား….နိုင်ငံတိုင်းက အသိအမှတ်ပြုတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဩစတျေးလျနိုင်ငံရဲ  ့ယဉ်မောင်းလိုင်စဉ်က အလွယ်တကူနဲ ့မရဘူးဆိုတာကို နိုင်ငံတကာက သိတယ်။ ဒီလိုစနစ်ခြင်းတူတဲ့ နိုင်ငံတွေမှာ အပြန်အလှန်အသိအမှတ်ပြုမှုရှိတယ်။ ဥပမာ ဩစတျေးလျက လိုင်စင်ကို စင်္ကာပူနိုင်ငံက အသိအမှတ်ပြုတယ်။ စင်္ကာပူက လိုင်စင်ကိုလည်း ဩစတျေးလျနိုင်ငံက အသိအမှတ်ပြုတယ်။ စင်္ကာပူနိုင်ငံသားတွေ ဩစတျေးလျမှာ လာပြီးနေထိုင်ကြတဲ့အခါမှာ သူတို ့နိုင်ငံက လိုင်စင်ကိုယူလာတယ်။ ဩစတျေးလျရောက်တာနဲ ့သူတို ့လိုင်စင်ကို ဩစတျေးလျက လိုင်စင်ထုတ်ပေးတဲ့ရုံးမှာ ပြပြီး၊ ဖောင်ဖြည့်လိုက်တာနဲ ့ သူတို ့ဩစီမှာ ကားမောင်းခွင့်ရှိတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံကလိုင်စင်၊ ထိုင်းနိုင်ငံကလိုင်စင်၊ မလေးရှားကလိုင်စင်ကတော့ လုံးဝမရပါ။ ဒါ့ကြောင့် မြန်မာတွေ၊ ထိုင်းတွေ၊ မလေးရှားတွေ ဩစီရောက်ရင် ကားဘယ်လောက်မောင်းတက် မောင်းတက် ဩစတျေးလျမှာ ကားမောင်းလိုင်စင်ရဖို ့ လက်တွေ ့ဝင်ဖြေရတယ်။ သူ ့စည်းကမ်းကို နားမလည်ရင် တော်ရုံနဲ ့မအောင်ကြဘူး။ ဒါကဘာ့ကြောင့်လဲဆိုတော့ စည်းကမ်းမကောင်းလို ့ပါ။

သူများနိုင်ငံတွေက စည်းကမ်း နဲ ့စနစ်ကောင်းတော့ သက်ဆိုင်ရာ နိုင်ငံကလူတွေက အကျိုးခံစားခွင့်ရှိစေတယ်။ မျက်နှာမငယ်ရဘူး။ အခုတော့ မြန်မာပြည်ရဲ  ့ယဉ်မောင်းလိုင်စင်ထုတ်ပေးမှု စနစ်ကြောင့် အကုန်လုံးနစ်နာကြရတယ်။ ဒါကို ပြင်လိုက်ရင် ဘယ်လောက်ကောင်းမလဲဗျာ။ လိုင်စင်ထုတ်ပေးတဲ့ရုံးက ညွှန်ကြားရေးမှုးများ၊ မန်နေဂျာများအနေနဲ ့ပြည်ပထွက်ပြီး သူများနိုင်ငံကကောင်းတဲ့အတုကို ခိုးကြပါအုံးလို ့ပဲ ပြောချင်ပါတယ်။

နောက်ပြီး ယဉ်းမောင်းသူတိုင်းအနေနဲ ့အထူးသတိထားရတာက ကိုယ့်အတွက်လည်း အန္တရာယ်ရှိတယ်။ သူများတွေအတွက်လည်း အန္တရာယ်ရှိတယ်။ ဒါ့ကြောင့် နိုင်ငံခြားမှာ ကားမောင်းသင်တိုင်း Defenssive Driving လို ့ခေါ်တဲ့ နည်းကိုသုံးတယ်။ ဗမာလိုတော့ ဘယ်လိုခေါ်လဲမသိဘူး။

ဒါ့ကြောင့် ကျနော့်အနေနဲ ့ အခု မြန်မာပြည်မှာတွေ ့နေမြင်နေကြားနေရတဲ့ ကားအိုကြီးတွေကို သံရည်ကျိုစက်ပို ့မဲ့ကိစ္စ၊ ကားလိုင်စင်ထုတ်ပေးတဲ့ကိစ္စတွေကို ဒိထက်ပိုကောင်းလာအောင် ပိုစနစ်ကျလာအောင် ကျနော့်မှာ ရှိတဲ့ ဗဟုသုတကိုရှည်ပေးလိုက်ခြင်းဖြစ်ပါတယ်။ ကျနော်မောင်ဘုန်းကျော်သည် ဩစတျေးလျနိုင်ငံက လိုင်စင်ရ Driving Insrcutor တစ်ဦးလည်းဖြစ်ပါကြောင်း။

10 comments

  • nozomi

    September 20, 2011 at 10:36 am

    Defenssive Driving လို ့ခေါ်တဲ့ နည်း ဆိုတာလေး စိတ်ဝင်စားလို့ အကျယ်ရှင်းပြပေးပါလား

    ယာဉ်မောင်းလိုင်စင်က နိုင်ငံတကာကလက်ခံနိုင်တဲ့ လိုင်စင်မျိုး တစ်ခါတည်းထုတ်ပေးနိုင်ရင်တော့ အကောင်းဆုံးပေါ့ စည်းကမ်း၊ဥပဒေထုတ်ပြန်မှု၊လေးစားလိုက်နာ အကောင်အထည်
    ဖော်နိုင်မှုအများကြီးတော့ လိုမယ်

    ကားဟောင်းအပ်ရမယ်ဆိုတာ မဖြစ်မနေမဟုတ်ပါဘူး ကညန ကနှစ်စဉ်စစ်ဆေးလို့အောင်တဲ့ကား ကာယကံရှင်ကလဲ ဆက်စီးချင်တယ်ဆို စီးလို့ရပါတယ်

  • phone_kyaw

    September 20, 2011 at 11:18 am

    Deffensive Driving ဆိုတာက ကိုယ့်ကိုယ်တိုင်က အန္တရာယ်မဖြစ်အောင် ခုခံကာကွယ်ပြီးမောင်းတဲ့နည်းပါ။ တခါတလေ သူများတွေက ဝင်တိုက်တယ်။ ဒါကိုကိုယ်ကလည်း အသင့်ရှိပြီးရှောင်ရှားနိုင်ရမယ်။ ဝင်ထွက်အပေါက်ကို ကြိုတင်ရှာရမယ်။ လမ်းစည်းကမ်းကိုလုံးဝလိုက်နာပါ။ ဥပမာ ရပ်ဆိုတဲ့ဆိုင်းဘုတ်မြင်ရင်ရပ်ပါ။ သူများကားနားကို ကပ်မလိုက်နဲ ့။ အနဲဆုံး နှစ်စက္ကန် ့လောက် အကွာအဝေးမှာနေပါ။ နောက်ကြည့်မှန် နှင့် Blindspot ကိုသေသေချာချာကြည့်ပြီးမှ ထွက်ပါ…စသဖြင့်။ အဓိကတော့ သူများကြောင့် ဖြစ်နိုင်တဲ့ အန္တရာယ်ကို ကြိုတင်ပြင်ဆင်ထားပြီးမောင်းတဲ့ နည်းဖြစ်ပါတယ်။ အပြည့်အစုံသိချင်ရင် ဂွတ်ဂယ်မှာရှာကြည့်ပါ။

  • mgmglusoe

    September 20, 2011 at 11:33 am

    အားလုံးကို သံရည်ကျိုစက် ပို့ပစ်မဲ့ သဘောမျိုး မဟုတ်ဘူးလို့ ပြောသံကြားမိပါတယ်။
    မော်ဒယ်ဟောင်းကြိုက်သူကတော့ ဆက်လက်ကိုင်ထားနိုင်ပေမဲ့ nozomi ပြောသလို
    ကားမျိုး က ဆက်လက်မောင်းနှင်ခွင့်ရှိတယ်လို့လဲ သိရပါတယ်၊
    ကားသစ်တွေ များများဝင်လေ phone_kyaw ပြောတဲ့ ၁၉၄ဝ ထုတ်ကားတွေက ပိုပီး
    ဈေးကောင်းလာမယ်လို့ ထင်နေမိပါတယ်။
    ကျွန်တော် တို့ အလယ်လတ်တန်းစားတွေ အဖို့တော့ ဒီအခြအနေကြီးဟာ တစ်ကယ့်
    မင်္ဂလာသတင်းဖြစ်ပါကြောင်း ထောက်ခံကြိုဆိုပါရစေဗျား။

  • မောင်တုတ် ကြီး

    September 20, 2011 at 11:38 am

    နိုင်ငံခြားတိုင်းပြည်တွေ မှာသတ်မှတ်မိုင်နှုန်းပြည့်သွားတဲ့ကားတွေကို လိုင်စင်သက်တမ်းတိုးခွန်က ကားသစ်တစီးထက်မကတော့ ဘယ်သူမှကားအဟောင်း
    ကိုမစီးကြတော့ကြောင်းပါ။

  • xman

    September 20, 2011 at 12:10 pm

    အဓိကပြဿနာတခုက ဒီနိုင်ငံရဲ့ မော်တော်ယာဉ်စစ်ဆေးမှု့ပါ။
    ဒီကိစ္စမှာ သူများပြောတာတွေ ထက် ကိုယ်တိုင်ကြုံရတာကို အမှန်အတိုင်းပြောပါမယ်။
    ကျွန်တော်ဟာ ၂၀၀၈ ခုနှစ်လောက်တုန်းက တော်တော်လျော့တဲ့ ကားတစီး ဝယ်ထားမိပါတယ်။ အလွန်ပစ်စလက်ခတ် မောင်းတတ် ထားတတ်သူတဦးကို ခြောက်လလောက် အခမဲ့ ငှားပေးထားမိပါတယ်။
    အဲဒီလိုနဲ့ လိုင်စင်ဝင်ရမယ့်အချိန် ရောက်လာတော့ အဲဒီကားကို လာပို့ခိုင်းပြီး လိုင်စင်သွားဝင်ပါတယ်။ ဘာမှပြင်ဆင်ချိန်မရလိုက်ပါဘူး။

    အဲဒီကားကို လိုင်စင်သွားဝင်တဲ့အချိန်မှာ ကားက
    ၁-အင်ဂျင်တအားမှုတ်နေလို့ လေပြန်ပိုက်ကို လေစစ်ဗူးမှဖြုတ်ပြီး ပိုက်တိုနဲ့ဆက်ပြီး အင်ဂျင်ခန်းမှာ တွဲလောင်းချထားရပါတယ်။
    ၂-ရေတိုင်ကီကပိတ်ပြီး heat တက်နေတတ်လို့ ပန်ကာအပိုတလုံး ထပ်တွဲထားပါတယ်။
    ၃-ဘရိတ်လျှောနေပြီး တဖက်လိုက်နေပါတယ်။ အသံလဲအလွန်မည်နေပါတယ်။
    ၄-ဟွန်းကတော့ နဲနဲကြောင်နေတယ် ၊ကံကောင်းမှ မည်တယ်။
    ၅-ကားတာယာတလုံးကလိမ်နေလို့ လမ်းချောမှာမောင်းရင်ကို ခုန်ဆွခုန်ဆွ ဖြစ်နေတယ်။ တစ်လုံးကတော့ ပြောင်ချောပြီး ကြိုးပေါ်နေပါတယ်။
    ၆-ရှေ့မီးကြီးက တလုံးလင်းတလုံးမှိန်နဲ့ အလှည့်ကျဖြစ်နေပါတယ်။
    နံပါတ်မီးနဲ့ ဆိုင်းလင့်ကတော့ လင်းလိုက်မလင်းလိုက်ပဲ။
    ၇-ဘောနက်ဖုံးက တခြမ်းဟစိဟစိဖြစ်နေပြီး ရေတံလျှောက်က မိုးယိုနေပါတယ်။
    ဂ-ကားစက်နှိုးရ အလွန်ခက်ပြီး မကြာခဏ အိုးကြီးငှားပြီးထောက်နှိုးရပါတယ်။
    တကယ်တော့နောက်ထပ်ပြစ်ချက်တွေ အများကြီးရှိပါသေးတယ်။

    ဒါကြောင့် သုံးပုလင်းပေးပြီး ကားကိုမစစ်ပဲ ခဲခြစ်ဘို့ ညှိလိုက်ပါတယ်။
    အဲဒါမြန်မာပြည်ရဲ့ မော်တော်ယာဉ်စစ်ဆေးပုံပါပဲ။

  • search123

    September 20, 2011 at 1:24 pm

    ဒေါ်လာဈေးတက်အောင် လုပ်တဲ့ အစီအစဉ်လို့ပဲမြင်ပါတယ်။
    ဒေါ်လာဝယ်လိုအားတက်အောင် ဖန်တီးတာပါ။

  • windtalker

    September 20, 2011 at 2:37 pm

    အပေါ်က ဆာ့ရှ်123 မန် ့ထားသလို ပဲ
    ဒေါ်လာဈေးကို ဆွဲတင်ပေးတာလို ့ပဲ မြင်ပါတယ် ဗျာ
    နို ့..
    ပြည်ပထွက် ငွေရှာနေသူတွေ ကလဲ များနေပြီ
    ဒေါ်လာဈေးကလဲ ပိုးစိုးပက်စက် ပြုတ်ကျနေတာ့…
    နောက်ပြီး
    ကားအသစ်တွေ ကို
    တန်ဘိုးနည်းနည်းနဲ ့စီးလာနိုင်တော့မှာပေါ့
    တစ်ခုတော့ရှိတာပေါ့လေ…
    မတတ်နိုင်သေးရင်တော့
    ကားဝယ်ဖို ့၊ ယခင်ထက် ပိုကြိုးစား ငွေရှာကြရတာပေါ့

  • ဗမာပြည်သား

    September 20, 2011 at 10:19 pm

    ပို့ (စ်) အရမ်းကောင်းပါတယ်
    အပြုသဘောနဲ့ဝင်ပြီးဆွေးနွေးပါတယ်။
    ွှ(Weekly Eleven မှာ ရေးထားတဲ့သတင်းလေးဖြစ်ပါတယ်။ နှစ်ပေါင်းလေးဆယ်လောက်ရှိပြီဖြစ်တဲ့ ကားအိုကြီးတွေကို ကားအသစ်တွေနဲ ့အစားထိုးမယ်လို ့ကြားရတာ စိတ်မကောင်းစရာပါ။ ဘာဖြစ်လို ့လဲဆိုတော့ ကားဈေးကွက်ပျက်သွားနိုင်တယ်။ အာဏာမဲ့တဲ့လူတွေ ပိုပြီးငွေကုန်ကြအုံးမယ်။ ဒ့ါကြောင့် စိတ်မကောင်းတာပါ။)
    ကားဈေးကွက်မပျက်နိုင်ပါ။
    ကားဟောင်းဈေးအရမ်းတက်သွားပါပြီ။
    စိတ်မကောင်းစရာမလိုပါ၊
    ကားဟောင်းအပ်ရင်ကားသစ်တင်သွင်းခွင့်ပါမစ်၁စောင်ရပါတယ်။
    ကားဟောင်းတန်ဘိုးကသွားနေတဲ့ကားဆိုရင်အနည်းဆုံးသိန်း၄ဝလောက်တန်ပါတယ်။
    အဲဒါလောက်တန်တဲ့ကားကိုသံရေကျိုစက်ပို့တော့ပိုက်ဆံတွေဖြုန်းတီးပစ်တာမဟုတ်ဘူးလား။
    ကားဟောင်းအပ်တဲ့သူကလည်းကားသစ်စီးချင်လို့ပါ။
    တကယ်တော့ကားတန်ဘိုးထက် ယာဉ်လိုင်စင်တန်ဘိုးကများနေတာပါ။
    ဆိုင်ကယ်တွေလိုင်စင်ချပေးတုန်းကတရုပ်ဆိုင်ကယ်တန်ဘိုးက၃သိန်းလိုင်စင်ကြေးက၁ဆယ်ရာနှုန်းနဲ့၃သောင်း
    ပဲဆောင်ရတယ်။အခုကားကိုလည်းလိုင်စင်ကြေး၁ဆယ်ရာနှုန်းနဲ့တင်သွင်းခွင့်ပေးရင်အစိုးရမှာဘာများနစ်နာစရာ
    ရှိလဲ ..ကဲ …
    ကားဟောင်းလည်းမသိန်းနဲ့ ကားသစ်တင်သွင်းခွင့်ကိုလည်းလွပ်လွပ်လပ်လပ်ခွင့်ပေးလိုက်
    ကားလိုင်စင်ကြေးကိုလည်း၁ဆယ်ရာနှုန်းလောက်နဲ့လုပ်ပေး
    အဲဒါဆိုရင် ကားသုံးစွဲသူပြည်သူတွေကောအစိုးရကောအဆင်မပြေပေဘူးလား ကဲပြော ..

  • ုhtoosan

    September 20, 2011 at 10:39 pm

    ကိုယ့် သဘောပါ။ လိုင်စင်ရုံးက Pass ဖြစ်လို့ ဆက်သုံးချင် ရင် သုံးနိုင်ကြောင်းခွင့်ပြုထားပါတယ်။ Must မဟုတ်ပါ..မအပ်မနေရ မဟုတ်ပါ။
    ရိုက်စားလုပ်တာလည်း တစ်ပိုင်း ထပ်မချဲ့ နိုင်တဲ့လမ်းတွေမှာ ကားအစီးရေထပ်မတိုးစေချင်တာရယ် ဒေါ်လာဈေးတွေတက်အောင်ရယ် ထုံးစံအတိုင်း တစ်နပ်စား လုပ်သည်ဟု ထင်ကြောင်းပါ။ ဒေါ်လာ ၈၅၀~၈၇ဝ ဖြစ်သွားသည်ဟု ကြားကြောင်းပါ။

  • nature

    September 20, 2011 at 11:25 pm

    ကောင်းသောပို့စ် လေးတခုလို့မြင်ပါတယ်။ မြန်မာနိုင်ငံမှာတော့ အင်ဂျင်မကောင်းရင်အင်ဂျင် ပန့်မကောင်းရင်ပန့် ဘောဒီမကောင်းရင် ဘော်ဒီ တော်တော်များများ ပြန်ပြင်နိုင်ပါတယ်။ အင်ဂျင်မကောင်းရင် လဲဖို့ အဆင်ပြေမဲ့ အင်ဂျင်အသစ်တွေ ကားပစ္စည်း အသစ်တွေ import သွင်းရင် အဆင်ပြေနိုင်မယ်ထင်တာပဲ။

Leave a Reply