အချစ်ဆိုတာ………………..ဘာလဲ

kyeyounglinSeptember 20, 20111min14717

<img src="http://winkkk.com/photo/9609.gif" alt="07 – Avril Lavigne – I Love You
အချစ်ဆိုတာဘာလဲဗျာ….မသိလို ့မေးပါရစေ….လူတိုင်းမှာအချစ်ဆိုတာရှိတယ်
လူတိုင်းအချစ်ကိုခံစားတက်တယ်….သတ္တဝါတိုင်းချစ်တက်ကြတယ်………….
ဘာကြောင့်လဲလို ့စဉ်းစားလာခဲ ့ကြတာ….ဟိုးးးခေတ်အဆက်ဆက်ကတည်းက
သမိုင်းကြောင်းကိုပြန်ကြည့်ရင်………..အာဒဏ်နဲ ့အင်းဝရဲ ့ပန်းသီးတစ်လုံးကိုသွားတွေ ့တယ်ဗျ
်ပန်းသီးကြောင့်အချစ်ဖြစ်ခဲ ့တာလား…………ကျွန်တော်တော့်မထင်ဘူး
ဒါဆိုရင်ဘာ့ကြောင့်လဲ…….ဒါတော့အကြောင်းပြချက်မလိုဘူးလို့ထင်ပါတယ်
အချစ်ဆိုတာဘာလဲလို ့…….လူတိုင်းမေးတက်ကြတယ်
စွန် ့လွှတ်ခြင်းလား……….ရယူခြင်းလား…………
ပေးဆပ်ခြင်းလား…………ပိုင်ဆိုင်ခြင်းလား……….
အချစ်ဆိုတာချစ်နေဖို ့ပဲလား……………………..
ကျွန်တော်ခံယူထားတဲ ့အချစ်ဆိုတာကတော ့
ဖန်တီးဖျောက်ဖျက်လို ့မရတဲ ့အရာ…………….
ကျွန်တော်သူ ့ကိုချစ်ခဲ ့တာ ဖန်တီးခဲ ့တာမဟုတ်သလို ဖျောက်ဖျက်ပစ်လို ့လဲရမှာမဟုတ်ပါဘူး
ကျွန်တော့်နဲ ့သူ ့ကြား……စည်းဘယ်လောက်ခြားခြား……..မိုင်တွေဘယ်လောက်ဝေးဝေး
ကျွန်တော့်နှလုံးသားထဲသူရှိနေသရျွ် ကျွန်တော်တို ့ဘယ်တော့မှဝေးမှာမဟုတ်ပါဘူး…..
အာဒဏ်နဲ ့ဧဝတွေ ့ခဲ ့ကြတာ..ဧဒင်ဥယာဉ်ကြီးထဲမှာပါ…တစ်ကမာ္ဘလုံးမှာသူတို ့နှစ်ယောက်ပဲရှိခဲ ့တာ
ကျွန်တော်တို ့နှစ်ယောက်တွေ ့ခဲ ့တာကတော ့……….Online ပေါ်မှာ
ကမာ္ဘပေါ်ကလူပေါင်းများစွာသုံးစွဲနေကြတဲ ့ G talk ထဲမှာ…………….
ကျွန်တော်တို ့အချစ်ကအာဒဏ်နဲ ့အင်းဝ ထက်သာတဲ ့အချစ်လို့ကျွန်တော်ထင်တယ်
အာဒဏ်နဲ ့အင်းဝကပန်းသီးစားမိလို့အချစ်စိ်တ်ဖြစ်တာ…….ကျွန်တော်တို ့လိုအွန်လိုင်းကချစ်သူဖြစ်ခဲ့တဲ ့သူတွေကတော့မတူဘူးဗျ
ဘယ်သူမှန်းမသိ…..ဘယ်ကမှန်းမသိ…..ချောတယ်မချောဘူးလဲပြောလို ့မရ…….ဖြူလားမဲလားမသိနဲ ့
အချစ်တစ်ခုထဲကိုပဲကြည့်ခဲ ့ကြတာ………..အချစ်ဆိုတာလေလှိုင်းထဲကလဲဖြစ်ပေါ်နို်င်ပါတယ်
ပန်းသီးကမှမဟုတ်ဘူး……….ပန်းတစ်ပွင့်၊ စကားတစ်ခွန်း၊အသံ၊ အပြုံး၊ အပြုအမူတစ်ခုခု၊ ပုံရိပ်၊ ဆံစ၊စတဲ ့အရာအားလုံးကအချစ်ကိုဖြစ်ပေါ်စေနိုင်ပါတယ်
သူငယ်ချင်းတို ့ကော………အချစ်ကိုဘယ်လိုထင်မြင်ပါသလဲ……….မသိလို့မေးပါရစေ
အချစ်ဆိုတာ………..ဘာလဲ
တစေသရဲတစ်ကောင်လား……ဘာလို ့လဲဆိုတော့သူ့အကြောင်းကိုလူတိုင်းပြောပြီးသူ့ကိုဘယ်သူ ့မှမမြင်ဖူးကြဘူးလို ့လေ
အချစ်ဆိုတာဖြူသလား မဲသလား………
သေချာတာကတော့………………………အချစ်ဆိုတာ………………
ဘာလဲ…………………လို ့ပဲတွေးစရာရှိတော့တယ်……………..

<img src="http://winkkk.com/photo/3963.jpg" alt="

17 comments

  • mr.lone

    September 20, 2011 at 2:42 pm

    အာဒဏ်နဲ့အင်းဝမဟုတ်ပါဘူး…. အာဒံနဲ့ဧဝပါ။ kyeyonglin ရဲ့ online ပေါ်က အချစ်က ဘယ်လိုမှမတည်
    မြဲနိုင်ပါဘူး…အဲဒါက အချစ်မဟုတ်ပါဘူး…လေသံလေးတွေကြားထဲစကားလုံးလေးတွေကြားထဲက ရင်ခုန်မှုသက်သက်ပဲ…ဖြစ်ပါလိမ့်မယ်။ အချစ်ဆိုတာ ပေးဆပ်ခြင်းလည်း မဟုတ်ဘူး…ရယူခြင်းလည်း မဟုတ်
    ဘူး…ချစ်နေဖို့သက်သက်လည်း မဟုတ်ဘူး…သစ္တေသရဲလည်းမဟုတ်ဘူး… စိတ်ကနေဖန်ဆင်းပေးလိုက်တဲ့
    စကားလုံးတစ်ခုပဲ… အဲဒီစိတ်ကို နိုင်အောင်ထိန်းနိုင်ရင်…အဲဒီ့အချစ်ဆိုတာကြီးလည်း ပျောက်သွားလိမ့်မယ်
    lone ကတော့ အဲဒီစိတ်ကို မထိန်းနိုင်သေးပါဘူး..

  • kyeyounglin

    September 20, 2011 at 2:52 pm

    ဟုတ်ကဲ့ဝေဖန်ပေးတာကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ
    ဒါကရေးချင်တာချရေးထားတဲ ့ခံစားမှုသက်သက်ပါ
    သူငယ်ချင်းကအွန်လိုင်းအချစ်ဆိုတာကိုမယုံတဲ ့ပုံပဲနော်
    ကျွန်တော်ကတော ့ဘယ်လိုနေရာမှာပဲဖြစ်ဖြစ်အချစ်ရှိတယ်လို ့လက်ခံပါတယ်
    သတ္တဝါတိုင်းမှာအချစ်ရှိတယ်…….အဲ…….တစ်ခုပါပဲ
    ဘာပဲဖြစ်ဖြစ်အစွန်းမရောက်ဖို ့

  • မီးမီး သော်

    September 20, 2011 at 3:04 pm

    လေလှိုင်းကြားက သာယာမှု ဒါမှမဟုတ်ရင် ခဏတာပျော်ရွှင်မှုပေါ့။ရေရှည်တည်တံ့ပေါ့မလား။

  • chitsu

    September 20, 2011 at 3:09 pm

    အချစ်အချစ်လို.သာလူတွေပြောနေတာပါ
    တကယ်တော.ဘာမှန်းဆိုတာကိုဘယ်သူမှသေချာမသိသေးပါဘူး

  • mr.lone

    September 20, 2011 at 3:23 pm

    online ကအချစ်ဆိုတာကို မယုံတာမဟုတ်ပါဘူး…အယုံအကြည်ကို အစကတည်းကမရှိတာ…
    ဒါကတော့ ကိုယ့်အယူအဆနဲ့ကိုယ်ပေ့ါနော်….အချစ်ကနေရာတိုင်းမှာရှိတာကတော့မှန်ပါတယ်…စိတ်ရှိနေသရွေ့အချစ်ရှိနေမှာပဲလေ…

  • whitestar

    September 20, 2011 at 3:25 pm

    အဲဒီ အွန်လိ်ုင်းပေါ်က အချစ်က မတည်မြဲဘူးဆိုတာ
    လုံးဝ ဖြူ့ အတွက်တော့မဖြစ်နိုင်ဘူးလို့ ယုံကြည်တယ်
    သေချာပါတယ် sure!

    • thit min

      September 20, 2011 at 3:49 pm

      သိပ်မှန်တာပေါ့ဗျာ။ကျနော်လဲလုံးဝကိုသဘောတူပါတယ်ဗျာ၊မဖြူရေ။
      ပြင်ပမှာလဲလူလိမ်တွေအများကြီးပါ။အွန်လိုင်းမှမဟုတ်ပါဘူး။
      လိမ်ချင်တဲ့သူကဘယ်နေရာမှာမဆိုရှိပါတယ်။
      အဲဒီလိုပါပဲ မှန်မှန်ကန်ကန်ချစ်ခဲ့ကြပြီးညားသွားကြတဲ့
      အွန်လိုင်းချစ်သူတွေလဲအများကြီးပါနော်။

  • kyeyounglin

    September 20, 2011 at 3:54 pm

    အသေအချာပေါ့ဗျာ………….

  • nayminn

    September 20, 2011 at 4:45 pm

    ”ဘယ်သူမှန်းမသိ…..ဘယ်ကမှန်းမသိ…..ချောတယ်မချောဘူးလဲပြောလို ့မရ…….ဖြူလားမဲလားမသိနဲ ့
    အချစ်တစ်ခုထဲကိုပဲကြည့်ခဲ ့ကြတာ…”

    သေချာတယ်…တစ်ခုခုတော့ မှားနေပြီ။

  • Shwe Ei

    September 20, 2011 at 5:19 pm

    လူမမြင်ဘူးဘဲ အွန်လိုင်းမှာ ဘယ်လိုအကြောင်းအရာတွေ ဆွေးနွေးရင်း ချစ်သူဖြစ်သွားကြတာပါလိမ့်။ သိချင်မိတယ်။ (တကယ်မကြုံဘူးလို့ သိချင်တာပါ)။

    • nayminn

      September 20, 2011 at 5:54 pm

      ဟုတ်ပ…မိန်းခလေးနာမည်နဲ့….အန်ကယ်ကြီး ဆိုရင်တေပီ။

  • PEACEMAKER

    September 21, 2011 at 9:11 am

    သူငယ်ချင်းတစ်ယောက် အွန်လိုင်းမှာ ရည်းစားထားတယ်။ သူက စိတ်သိပ်ပျော့ပြီး အတွေ့အကြုံနည်း၊ ယုံလွယ်၊ ဆင်ခြင်ဉာဏ်မမြင့်ဘူး။ အင်တာနက်ဆိုတာ ဘာမှန်းတောင် ကောင်းကောင်းမသိသေးပဲနဲ့ အလျော်ကောင်းလို့ အွန်လိုင်းရည်းစားရသွားတော့ သူငယ်ချင်းတွေက သူ့ကို စိတ်ပူခဲ့ကြတယ်။ မွှန်နေခဲ့တဲ့အချိန်ဆိုတော့ ပြောမရ၊ တားမရပေါ့။ တားတဲ့သူတွေ၊ အကျိုးအကြောင်းပြောပြတဲ့သူတွေဟာ သူ့ရန်သူနီးပါးဖြစ်ခဲ့ကြတယ်။

    သူ့လူက သူ့ဓါတ်ပုံမပြဘူး။ သူ့ရုပ်အစစ်အမှန်ဘာလဲဆိုတာ ဝက်ကမ်နဲ့ပြဖို့ ငြင်းတယ်။ မိန်းကလေးကပဲ သူ့ရုပ်ကို ဝက်ကမ်နဲ့ပြရတယ်။ သူ့နောက်ကြောင်းကဘာလဲ ကောင်မလေးရှင်းရှင်းလင်းလင်းမသိဘူး။ (မိန်းမရှိလားဘာလား။ ရောဂါအခံရှိလားဘာလားညာလား စသဖြင့်ပေါ့) သူ့မြန်မာပြည်နေရပ်လိပ်စာအတိအကျလည်း မပေးဘူး။ ဒီလောက်ဆိုလုံလောက်ပြီလေ။ အဲဒီလူကို ခေါင်းထဲထည့်သင့်မထည့်သင့်။ မရပါဘူး။ မိန်းမကမွှန်နေတာ။ အသံလေးကိုပဲ ချစ်တာပါဆိုပြီး။ အဲလောက် သောက်သုံးမကျတော့လည်း ခံပေါ့။

  • kai

    September 21, 2011 at 9:23 am

    Match.com လို online Dating site တွေကနေ..ချစ်ကြ၊ ကြိုက်ကြ၊ မင်္ဂလာဆောင်.. အိမ်ထောင်ကျနေတွေ.. ကမ္ဘာတလွှား.. ၁ဝသန်းမကရှိတာတော့ …သေချာတယ်…။
    အသိတွေမှာတောင်..ရှိသေး…။

    ဒစ်ဂျစ်တယ်နဲ့.. ရှိနေတဲ့.. အင်တာနက်လောကက.. အပြင်နဲ့စာရင် ပိုတောင်တိတိကျကျ.. ဖြစ်တဲ့ ရလဒ်ထုတ်ပေးသေးတယ်..။ စက်တွေက..လိမ်မှမလိမ်တတ်တာနော…
    ဆိုတော့..
    🙂

  • zawthulay

    September 21, 2011 at 12:16 pm

    အချစ်ဆိုတာက .. ကျွန်တော်တို့ရပ်ကွက်ထဲက ကောင်မလေးကိုပြောတာဖြစ်မယ်… ဟိဟိ.. နောက်တာ
    အချစ်ဆိုတာကိုပြောရရင် ကျွန်တော့အမြင်က ရယူပိုင်ဆိုင်ခြင်းလို့မြင်တယ်..

  • etone

    September 21, 2011 at 4:26 pm

    Online မှာတင် မထိခလုပ် ထိခလုပ်တွေပြောပြီး ချစ်ကြိုက်သွားတဲ့ လူတွေ တွေ့ဖူးသလို့ … လက်ထပ်ပေါင်းသင်းသွားတဲ့ အဖြစ်တွေလည်း မြင်ဖူးပါတယ် … တချို့ကျတော့လည်း မှန်းချက်နဲ့ နှမ်းထွက်မကိုက်ပဲ … ခဏတာ စိတ်ဖြေရာအဖြစ် ခိုနားပြီး … ပြန်ထွက်သွားကြတာမျိုးရှိတယ်… ။
    ကျွန်မကတော့ အွန်လိုင်း အချစ်ကို မယုံပါဘူး .. တစ်ယောက်နဲ့ တစ်ယောက် အပြင်မှာတွေ့ပြီး သိနေတာတောင် သူ့အကြောင်း ကိုယ့်အကြောင်း လုံးစေ့ပတ်စေ့နားလည် နိုင်ဖို့ ခက်သားကိုး …အွန်လိုင်းမှာ စကားလှလှတွေ ပြော ၊ ချွဲချွဲနွဲ့ နွဲ့ တွေ ပြောနေတာက တကယ့်လက်တွေ့ဘဝလို့ .. တချို့လူတွေ ခံယူထားတယ် … ။ မျက်စိရှေ့တင်တော့ .. အွန်လိုင်းအ ချစ်ဆိုတာ … ခိုင်မြဲ ဖို့ ခက်ပါတယ် … ။ 😛

  • kyeyounglin

    September 21, 2011 at 10:22 pm

    ဟုတ်ကဲ ့ခင်ဗျ……………အားလုံးရဲ ့အမြင်ကတော ့တစ်ယောက်တစ်မျိုးမှန်ကြပါတယ်
    ကျွန်တော်တို ့ရဲ ့အဖြစ်အပျက်ကို အစအဆုံးတင်ဖို ့အစီအစဉ်ရှိပါတယ်…………..
    ဝေဖန်ပေးကြဖို ့လဲမျှော်လင့်ပါတယ်ခင်ဗျာ………………………
    ငါးခုံးမတစ်ကောင်ကြောင်းတစ်လှေလုံးတော့မပုတ်ပါစေနဲ ့ဗျာ………….
    သေသေချာချာစဉ်းစားဆင်ခြင်နိုင်မယ်ဆိုရင်
    အွန်လိုင်းက မဟုတ်တရုတ်သတင်းတွေဟာကိုယ့်ကိုလာမရိုက်ခက်နိုင်ပါဘူး
    အဓိက က ကိုယ်ပဲလို ့ထင်ပါတယ်…….
    ကျေးဇူးတင်ပါတယ်ခင်ဗျ

  • naywoonni

    September 21, 2011 at 11:07 pm

    အင်းဝရဲ ့ပန်းသီးတစ်လုံးကိုသွားတွေ ့တယ်ဗျ)) ဆိုတော့ အင်းဝ အအေးဆိုင်မှာ ပန်းသီးဖျော်ရည်ရနေပြီလား ကိုပေါက်ကလည်းဘာမှပြောသေးပါဘူး..။ ဈေးချိုနားက အင်းဝအအေးဆိုင်ကိုပြောတာနော်………..။

Leave a Reply