ဗားရှင်းပြောင်းလိုက်တာနော်

                      Mya-Kann Thar

Mya-Kann Tha-beside a mountain’s waterfall

eff and flow

So cool and so lean

Embankment so hard and strong

Waterlilies profusely grow and bloom

All kinds of birds haunt and hop

fly and frolic,happy and gay

Like Nanda lake in Tawatintha

Where the celestial king rules.

ဒီကဗျာလေးက အခြေခံပညာ အထက်တန်းနဝမတန်းပင်ရင်းမြန်မာစာကဗျာစာအုပ်က “မြကန်သာ”ကဗျာပါ။ကျွန်မတို ့ကျောင်းရဲ ့ငါးနှစ်ပတ်လည်မဂ္ဂဇင်းမှာ ကျွန်မသူငယ်ချင်း ကိုစိုးဝင်းနိုင် ရေးသားခဲ့တာပါ။မူရင်းကဗျာလေးက ပုဂံခေတ်က အမည်မတွေ ့ရတဲ့စာဆိုရေးဖွဲ ့
ခဲ့တာပါ။

ပုဂံကို ရောက်ဖူးသူတိုင်း တူရွင်းတောင်ကို ရောက်ဖူးကြမှာပါ။တူရွင်းတောင်ခြေမှာ ပြောသလိုသာ

ဒါဟာအရင်က ကန်နေရာပါလို ့ပြောလို ့သာယုံတုံတုံရယ်ပါ။ကန်က. ကောတဲ့ အဆင့်ရောက်နေပီ။ထိုစဉ် ကျွန်မတို ့ရောက်တုန်းက ပြောတာပါ။ခုတော့ မသိရပါ။ပြုပြင်ထားသလား။ပိုဆိုးသွားပီလား။မရောက်ဖြစ်တာ (၅)နှစ်ကျော်လာပီလေ။

တဆက်တည်းပါဘဲ မူရင်းကဗျာလေးပါ ပြန်ဖော်ပြပေးလိုက်ပါတယ်။

                         မြကန်သာ

မြကန်သာ

တောင်ကျချောင်းတေး၊ရေဝင်ပြေးလှည့်

ရေအေးကြည်စွာ၊ကန်ပိုင်မာလျှက်

ကြာပေါင်းထုံထုံ၊ငှက်မျိုးစုံသည်

ဘုံဝတိ ံသာ၊နန္ဒာပေလော

တူစွဟုတ္တာ။

အားလုံးသောရွာသူ၊ရွာသားများ ချမ်းသာခြင်းသုခနဲ ့ပြည့်စုံကြပါစေ။

4 comments

  • windtalker

    September 20, 2011 at 1:27 pm

    “ ဗားရှင်းပြောင်းလိုက်တာနော် ” ဆိုလို ့
    မီးမီးသော် က နေ မော်မော်သီး များ ဖြစ်သွားတာလား လို ့
    ကြည့်လိုက်တော့
    ပုဂံ ခေတ် က ကဗျာ တစ်ပုဒ် တွေ ့တယ်
    ဖတ်ပြီး စိတ်ရလို ့
    လက်စမ်းလိုက်ဦးမယ်
    “ မန်းဇက်ရွာ
    လိုင်းစုံတယ်လေး
    တစ်ခါတစ်ရံ အမ်းချေး
    တစ်ခါတစ်ရံ ဆံညူ
    တို ့ပျော်တယ်လေး ”

  • weiwei

    September 20, 2011 at 1:37 pm

    ကျွန်မဆီမှာတော့ တရုတ်ဗားရှင်းနဲ့ ရှိပါတယ် ….
    မြကန်သာကို တရုတ်လိုပြန်ထားတဲ့ တရုတ်ကဗျာပေါ့ …. အဲဒါလေးရွတ်ပြီး ပြိုင်ပွဲဝင်ခဲ့တာ ဆုရခဲ့ဖူးသေးတယ် … မြကန်သာကတော့ အမှတ်တရတွေ တော်တော်များခဲ့သား … 🙂

  • မီးမီး သော်

    September 20, 2011 at 2:38 pm

    ကိုပေ့ရေ အမ်းချေးတော့ အေးချမ်းတယ်ပေါ့။ဆံညူတော့ ဆူညံတယ်ပေါ့။ဘယ်လိုဘဲဖြစ်ပါစေ ပျော်စရာကြီးပေါ့။
    မမဝေ ကရောတရုတ်ဗားရှင်းကို တင်ပေးမှာလားဟင်။ကိုပေါက်ဖော်လက်ချက်နေမှာ။ဟိ

  • ပေါက်ဖော်

    September 20, 2011 at 4:06 pm

    ဘာညားလဲလို ့…
    မြကန်သာ အကြောင်းဂိုး..
    အင်း..
    မြကန်သာ ဆိုတာကြားမိတာနဲ ့.ငယ်ငယ်က.ကျောင်းသား ဘဝရဲ့ အရိပ်အငွေ ့လေး ပြန်ခံစားမိသား
    အသက်နဲနဲ ပြန်ငယ်သွားသလိုတော့ခံစားမိတယ်..
    ရှဲရှဲ..

Leave a Reply