တို ့ရွာ သာသာယာ

မောင် ပေSeptember 20, 20111min1046

ဝမ်းဒေးဝမ်း တုန်းကပေါ့..

အောက်အကြေအရပ်ဆီက လာအခြေစိုက်တဲ့ ရွာသူလေး တစ်ယောက်နဲ ့

အထက်အရပ်ဆီက လာအခြေစိုက်တဲ့ ရွာသား လူငယ် တစ်ယောက် တို ့

ရွာထိပ်က ဇရပ်ကြီး မှာ ဆုံဖြစ်ကြတယ်..

အဲ..ဘယ်ရွာလဲ လို ့၊ မသိဘူး ဆိုရင်တော့

အရင်တစ်ခါ ကျွန်တော် တင်ထားတဲ့ ဒီလိပ်စာလေး မှာ ၊ တစ်ချက်လောက် အရင်သွားကြည့်စေချင်ပါတယ် နော် ။

https://myanmargazette.net/66534/creative-writing

ရွာသူလေးက ဖော်ရွှေစွာနဲ ့နှုတ်ဆက်လာတယ် ။

“ ဟယ်လို..မစ်စတာရွာသား ၊ နီးဟောင်မား ”

လူငယ် က လဲ ဘယ်ရမလဲ ၊ တတ်သလောက် မှတ်သလောက် နဲ ့ပြန်ပြောရတာပ

“ ဝေ..ဟောင်ဟောင် ၊ ဘိုင်ဒီဝေး ၊ ဟောင်းအရူး ”

ထိုစဉ် ရွာထဲ မှာ ဝါစဉ်ကြီး ဦးပုဆိန် လဲ ရောက်လာပြီး ၊ နားစွန်နားဖျား ကြားသွားဟန်တူသည် ။

“ ဟေး..ဘာတွေ လဲဟ ၊ ဘယ်မှာလဲ အရူး က ”

လူငယ် = “ ကဲကဲ..ဒီက အမ လေး ၊ ကျုပ် တို ့ဗမာလို ပဲ ၊ ကောင်းကောင်းပြောကြတာပေါ့ ၊ မင်္ဂလာပါ ဗျာ..ဒီက အဘ နဲ ့ အမ တို ့”

ဘ = “ အေး..မင်္ဂလာပါကွာ ”

မ =“ ဟုတ်ကဲ့ရှင်…မင်္ဂလာပါပဲ တွေ ့ရတာ ဝမ်းသာပါတယ် နော် ”

လူငယ် = “ ဘယ်လိုတုန်းဗျ…အခုတစ်လော နေရထိုင်ရတာ အေးချမ်းကြရဲ  ့လား ၊ စိတ်ချမ်းသာ ကြရဲ  ့လား ”

မ = “ အင်း..နေရတာတော့ သိပ်မဆိုးဘူးလို ့ဆိုရမှာပေါ့ ၊ ဒါပေမယ့် ”

ဘ = “ ဘာ..ဒါပေမယ့် လဲ ကွဲ  ့၊ လင်းစမ်းပါဦး..ကလေးမ ရယ် ”

မ = “ ဟိုတစ်လော က ၊ ဒီက ကိုရင် ပြောတဲ့..သူခိုးပူတာ တော့ မပြောတော့ပါဘူး ၊ အခုဟာ က ချာတိတ်တွေ အကြောင်းပြောချင်လို ့ပါ ”

လူငယ် = “ ဘယ်က ချာတိတ်တွေ လဲ ဗျ ”

ဘ = “ ဟုတ်ပ..လုပ်ပါဦး ၊ အဘ လည်း ဘုန်းကြီးကျောင်း မှာ ပဲ နေတာများတော့ ၊ လုံမလေး ပြောတဲ့ ဟာ ကို မသိရဘူး ဖြစ်နေတယ် ”

မ = “ ဒီလို တော်ရေ…ကျွန်မ တို ့ရွာထိပ် က ချောင်းလေး ကို သိတယ်မလား ၊ တစ်ရွာလုံး ဝိုင်းအားထားနေကြတဲ့ ချောင်းလေ ”

ဘ၊လူငယ် = “ အင်း..အဲဒါ ဘာဖြစ်လို ့လဲ ”

မ = “ အဲဒီ ချောင်း ထိပ် မှာ ၊ ရွှေကျင်တဲ့ အဖွဲ  ့တွေ ရောက်လာတယ်လေ ၊ ကုမ်ပနီ အဖွဲ ့အစည်းတွေ ဆိုလား ၊ အဲဒါ ချောင်း ရဲ  ့ရှေ  ့ရေး အတွက် ၊ သူကြီး က သွားတားပါသေးတယ် ၊ ဒါပေမယ့်…ဟိုက သက်ဆိုင်ရာ ခွင့်ပြုချက်၊ အထောက်အထားတွေ နဲ ့ဆိုကလား ၊ သူကြီး လောက်တော့ ဘယ်မူ မလဲ ၊ ပြန်တောင် ဘုတော လွှတ်လိုက်တယ် ၊ သူကြီး လဲ ဘာမှ မတတ်နိုင်တဲ့ အဆုံး ၊ လက်မှိုင်ချ ပြန်လာရတာပေါ့ ”

ဘ ၊ လူငယ် = “ ဟောဗျာ…အဲဒီလိုကြီးလား ၊ အေးပေါ့လေ ၊ သူတို ့က လည်း ၊ ဒီဂွင်ကို ရဖို ့ဘယ်လောက် ရင်းနှီးပြီး သေသေချာချာ ၊ မလှုပ်နိုင်အောင် အပိုင်လုပ်လာတာလဲ မှ မသိတာနော ၊ သက်ဆိုင်ရာ ဆိုတာကြီး ပါလာတော့ ၊ တို ့လဲ ဘာတတ်နိုင်မလဲ ကွာ ၊ ”

မ = “ အဲဒါမပြီးသွားဘူး တော်..၊ အခု ချာတိတ်တွေ က ၊ သူကြီး အသုံးမကျ လို ့၊ဘာဖြစ်တယ်… ဘာညာနဲ  ့၊ အော်ကုန်ကြပြီ  ၊ရှုပ်ရှက် ကို ခတ်နေတာပဲ  ”

ဘ၊လူငယ် = “ ဒါကတော့..၊ သူကြီး နဲ ့ဘယ်ဆိုင်မှာလဲ ၊ သူလဲ ဘယ်တတ်နိုင်မလဲ ၊ ကံကြမ္မာ က ပါလာခဲ့ပြီပဲ ၊ နော ၊ ငါတို ့လုပ်ရမှာက ၊ နောက်ကို ၊ ဒီလိုမျိုးတွေ ထပ်မဖြစ်လာအောင် ၊ တစ်ကယ် ထိထိရောက်ရောက် တားဆီးကာကွယ် နိုင်မယ့် လူမျိုး တွေ ဖြစ်လာအောင် တို ့ကြိုးစားကြရမှာပေါ့ ကွာ ”

မ = “ နောက်ထပ် ရှိသေးတယ်..တော်ရေ ၊ မောင်နီ က သူကြီးဆီ လာတိုင်တယ် ၊ မောင်နက် က သူ ့အိမ်ရှေ  ့ တံတွေး ထွေးသွားလို ့တဲ့ ”

ဘ = “ ဟမ်…ဒါကတော့ ကွယ် ၊ မောင်နက် မှ မဟုတ်ပါဘူး ၊ လမ်းသွားလမ်းလာ မှန်သမျှ ၊ သူတို ့တံတွေး ထွေးချင်လာရင် ၊ ဖြစ်သလို ၊ လမ်းပေါ် ၊ လမ်းဘေး ထွေးလိုက်မှာပဲပေါ့ ၊ အဲဒါကို အပြစ်မြင် ၊ အပြစ်ရှာ ပြီး လျှောက်အော်နေလို ့က ၊ လူကြားမကောင်းဘူးပေါ့ ”

မ = “ ရှိသေးတယ် ၊ မောင်ပြာ က တစ်စခန်းထတယ် ၊ သူ ့ဘေးအိမ် နား က မောင်ခရမ်း နဲ ့မဝါ တို ့လင်မယား က ၊ လူမြင်မကောင်းလောက်အောင် ကို အရမ်းသောင်းကြမ်း လို ့ဆိုပဲ ၊ မောင်ခရမ်း က မဝါ ကို အပေါ်စီး ကနေ အမြဲ နှိပ်စက်နေလို ့တဲ့ ။ သူကြီး က ဘယ်လို သောင်းကြမ်းလို  ့လဲ…လိုက်ပြ ဆိုတော့ ၊ မောင်ပြာ က သူကြီး ကို ခေါ်ပြီး ၊ မောင်ခရမ်း တို ့အိမ်ဘေး မန်ကျည်းပင် ပေါ်ကို တက်ကြည့်ခိုင်းသတဲ့ ”

ဘ = “ ဟ..အဲဒါမှ တော့ ၊ တွေ ့ရတော့ မှာပေါ့ ဟ ၊ သူတို ့ဘာသာ သူတို ့လင်မယား ဘာသာဘာဝ နေချင်သလို နေတဲ့ဟာ ၊ သွားချောင်းပြီး မှ ကွာ ၊ ဘယ်လို ကောင်တွေ လဲ ဟ ၊ တို ့ဆီ မလဲ ၊  ဘာတွေ ဖြစ်ကုန်ပြီလဲ ကွာ ”

လူငယ် = “ ဟီဟိ…ကျွန်တော့် လို လုပ်လေ ဗျာ ၊ ကိုယ်နဲ ့အဆင်မပြေဘူး ထင်ရင် ၊ မျက်စိပိတ် ၊ နားပိတ် ထားလိုက်ပေါ့ ၊ ဘယ်လောက်ကောင်းသလဲ ”

ဘ = “ မင်းပြောသလို နေခဲ့ဖူးတာပေါ့ကွာ ၊ သို ့ပေမယ့် လဲ…ဒီလူတွေ ပဲ ရှိတာ ဆိုတော့က..ဘယ်လောက်မသိချင်ဟန်ဆောင်ဆောင် ၊ သိလာရတာ ကလား..မောင်ရဲ  ့ ”

မ = “ ထားပါတော့ လေ ၊ တို ့လည်း စကားကောင်းနေတာနဲ ့၊ အချိန်တောင် နှောင်းနေပေါ့ ၊ ကဲကဲ…ကျွန်မ ပြန်လိုက်ဦးမယ် တော် ၊ ဘိုင့်ဘိုင် ”

လူငယ် = “ အိုကေ..တာ့တာ ဗျာ ”

ဘ = “ ဆာရိုနာယား…ချဲရီးယို ၊ နောက်လဲ လာခဲ့ကြဦးနော် ၊ အဘ က သတိရနေမှာနော် ၊ မင်းတို ့လေးတွေ အားလုံး အဆင်ပြေပါစေ ကွာ ”

သို ့နှင့် ထိုသုံးယောက် လဲ ရွာထိပ် ဇရပ် ကြီး ဆီမှ အသီးသီး လမ်းခွဲထွက်ခွာ ၊ ပြန်သွားကြကုန် လေသတည်း ။

———————- အားလုံးကို ကျေးဇူးတင်ပါသည် ———————-

 

 

 

6 comments

  • etone

    September 20, 2011 at 2:21 pm

    Eeeeeeeeeeee တယ်လည်း တတ်နိုင်တဲ့ ကိုပေ … ရေးလည်း ရေးတတ်ပါ့ ။
    ဟိုဘက်လှည့်ရေးလိုက် ဒီဘက်လှည့်ရေးလိုက်နဲ့ … 😀

  • manawphyulay

    September 20, 2011 at 3:20 pm

    ဒီသုံးယောက်က ဒူတွေတုန်းဟ… နာတော့ ဟုတ်ဘူးထင်တယ်နော
    မောင်ပေရေ… ဒီလိုပါပဲ လှည့်ပတ်ရေးတော့လည်း ဒီအဖြေပဲ ထွက်တာပဲပေါ့ကွာ…

  • မီးမီး သော်

    September 20, 2011 at 3:45 pm

    ကိုပေ့ ပြောတဲ့သုံးယောက်ကဘယ်သူတွေပါလိမ့်နော်။သူ ့စကားနဲ ့သူ ့ပြန်ပြောရဦးမယ်

    တခါတလေ အမ်းချေး၊တခါတလေတော့ ဆံညူတဲ့ ရွာပေါ့နော်။ဟုတ်ရဲ ့လား။

  • ပေါက်ဖော်

    September 20, 2011 at 3:47 pm

    မောင်ပေတို ့..ဆော်ထည့်လိုက်ပြန်ပဟ..

    တော်ဘီ..
    နောက်ခါ ကိုယ့်ဘာသာ တစ်ယောက်ထဲ တက်ချောင်းတော့မယ်..
    ညှင်းညှင်း..ညှင်းညှင်း..ညှင်း..

    ပြောသာပြောရတယ်..
    တစ်ချို ့ဟာတွေ သိပ်နားမလည်ဘူး..
    အဟင့်.အဟင့်..

  • weiwei

    September 20, 2011 at 3:50 pm

    မေပေါင်ကတော့ လုပ်ပြန်ပြီ … တို့ရွာသားတွေက ခပ်ထူထူတွေပါဆို … ဘာတွေပြောချင်မှန်း မသိဘူး … 😛

  • ကြောင်ကြီး

    September 21, 2011 at 9:54 am

    အဲဒီရွာကို သိသလိုပဲ..။

Leave a Reply