စိတ္တဇ လူသတ်သမား

thantzinhtutMay 16, 20101min547

၁၅.၅.၂၀၁ဝ ၊ ရန်ကုန်မြို့၊ လှိုင်မြို့နယ် ၊ ၆ မိုင်ခွဲနဲ့ ကန်လမ်းအနီး ၊ အင်းယားကန်ဘောင် တစ်လျှောက် အမည်မသိ စိတ္တဇလူသတ်ကောင် တစ်ဦး မှ စနိုက်ပါတစ်လက် ဖြင့် ရမ်းကားစွာ ပြစ်ခတ်သွားတယ်လို့ သတင်းကြားသိရပါတယ်။ အဆိုပါ ပစ်ခတ်မှုမှာ ညနေ ၆းဝဝ ကျော် မှောင်ရီဝါးအချိန် မှာ မှုခင်း စတင်ဖြစ်ပွားခဲ့သည်ဟု အနီးပတ်ဝန်းကျင် ဈေးသည်တစ်ဦးဖြစ်သူ ကိုမျိုးလှိုင်ဝင်းမှ ပြောကြားခဲ့ပါသည်။ ”ကျွန်တော် က ရေသန့်ဘူး၊ အအေးရောင်းတဲ့ ဈေးသည်တစ်ယောက်ပါ။ ဒီနေ့ ကျွန်တော် ဈေးရောင်းနေတဲ့အချိန် ပစ်ခတ်သံကြားရလို့ ပစ္စည်းတွေ ပစ်ချပြီး ထွက်ပြေးခဲ့ပါတယ်” ကျွန်တော်လိုပဲ ကောင်မလေးတွေလည်း ဖိုးသိုးဖပ်သပ် စတိုင်တွေနဲ့ ထွက်ပြေးသွားခဲ့ကြတာ တွေ့ပါတယ်။ ပစ်ခတ်သံကြားပြီး နောက်ငါးမိနစ်လောက်အကြာမှာ ကျွန်တော်ပြန်စဉ်းစားမိတာက မနက်ဖြန် ဝါးတီးအတွက် ဘယ်လိုရှင်းမှာလည်း အတွေးက ရင်ကို ပူလောင်စေပါတယ်။ အဲဒီအတွက် ငါ့ပစ္စည်းလေးတွေ ပြန်ရကောင်းစိတ်နဲ့ အားတင်းပြီး ရွှေအင်းယားကို တစ်ခေါက်ပြန်သွားခဲ့တယ်။ အဲဒီမှာ အလောင်းကောင် (ယောက်ျားအလောင်း ၁ဝ ယောက်ခန့်) ပိုးစိုးပက်စက်လဲကျသေဆုံးနေတာတွေ့ရပါကြောင်း CCTV သတင်းဌာနမှ သတင်းထောက်ကို ပြောကြားသွားပါတယ်။ အပြစ်မဲ့ စုံတွဲများထဲမှ ထူးထူးခြားခြား ယောကျာ်းလေးများကို ရွေးချယ်ပြီး ပစ်ခတ်သွားပါသဖြင့် ရွေယောကျာ်းများသတိထားစေချင်ကြောင်း ၊ အနာဂါတ်မှာ ဦးဆောင်မယ် ပါရမီရှင် ရွှေယောကျာ်းများ သတိထားစေချင်ကြောင်း တင်ပြအပ်ပါသည်။

ဆော်ဆော်ဆော် (ဆော်၃) လုံး တပ်ဖွဲ့မှ စစ်ဆေးချက် အသေးစိတ်များကို ဆက်လက်တင်ပြပါအုံးမယ်။

သန့်ဇင်

😛

7 comments

  • intro

    May 16, 2010 at 5:57 am

    အမ်…. ဘာလို့ ယောက်ျားတွေကိုပဲ သတ်သွားရတာလဲ

  • MandalayThar

    May 16, 2010 at 11:09 am

    မဖြစ်နိုင်ဘူး။

  • thantzinhtut

    May 16, 2010 at 11:19 am

    ခုလောလောဆယ်တော့ စုံစမ်းဆဲပါ။ သေသွားတာတော့ အမှန်ပါခင်ဗျာ ။ အတွဲတွေ ဖိမိလို့ ပုရွက်ဆိတ် ၁ဝ ကောင် လား။ ချဉ် ၁ဝ ကောင်လား ပြန်လည် ဖြေကြားပေးပါမယ်။ ကျေးဇူးတင်ပါသည်။ ဝင်ဖတ်ပေးလို့ ။ 😀

  • chitkay

    May 17, 2010 at 2:35 am

    ေ-ာက်ခွက်လာပြောင်နေတာလား…..

  • banban

    May 17, 2010 at 4:06 am

    မြန်မာပြည်လိုနေရာမျိုးမှာ…စိတ္တဇလူသတ်သမား(အရူး)တစ်ယောက်က သေနတ်တစ်လက်နဲ့ လျှောက်ရမ်းနေတယ်ဆိုတာ ဖြစ်ကိုမဖြစ်နိုင်ဘူး… ပွိုင့်တက်အောင်လို့လား 😛

  • sauthtalawe

    May 20, 2010 at 5:04 am

    Who can use the gun in myanmar? ka tawd bae ye’. Ho “Ma Aye Lo” twae bae use kya dar bae.

  • etone

    June 25, 2010 at 2:04 am

    အူကြောင်ကြောင်နဲ့ လုပ်ကြံဇာတ်လမ်းလာရေးထားတယ် ။ ပွိုင့်လိုချင်လို့လား အခွက်လာပြောင်တာလား ။

Leave a Reply