ဒေါ်လာက ဘာမို ့လို ့ အစုတ်ဆိုရင် သုံးလို ့မရတာလဲ

moonpoemSeptember 20, 20111min39112

ကျွန်မတို ့မြန်မာငွေကြေးတွင် အခုလတ်တလောမှသာ ၂၀ဝတန် ၊ ၁၀ဝ တန် အသစ်တွေ မြင်တွေ ့လာရခြင်းဖြစ်ပြီး
အရင်ကတော့ စစ်ပြန် ပိုက်ဆံလိုလို၊နာဂစ်ဒဏ်ခံလာရသော ပိုက်ဆံလိုလိုနှင့် အစုတ်အပြတ်တွေသာများလေသည်။
လိုင်းကားသမား အမ်းသည်ဖြစ်စေ၊ ဈေးသည်က အမ်းသည်ဖြစ်စေပိုက်ဆံက အစုတ်မို ့လို ့မယူချင်လို ့မရပါ။
အကြွေ ရှားပါးနေသော အချိန်တွင် အကြွေ သည် ရွှေဖြစ်သည်။ စုတ်စုတ်၊ ပြတ်ပြတ်၊ တိတ်ကပ်သည်ဖြစ်စေ
သိမ်းထားရသည်။ ယူထားရလေသည်။ ဒါကြောင့်မို့လို့လဲ ဗိုလ်ချုပ်ဈေးထဲတွင် ၂၀ဝ တန်အရွက်တစ်ရာကို
22000ဖြင့် လဲဈေးရခြင်းဖြစ်သည်။ သို ့သော် အက်ဖ်အီးစီသော်လည်းကောင်း ဒေါ်လာသော်လည်းကောင်း
အစက်အပြောက်လေး သေးသေးလေးဆိုရင်တောင် ဘယ်ကမှ လက်မခံပါ။ ကျွန်မတို ့ရုံးဖုန်းအတွက်
ဆက်သွယ်ရေးတွင် အက်ဖ်အီးစီး သွားရောက်ဆောင်သောအခါတွင်လည်း အမဲစက် နည်းနည်းစွန်းသည့်အတွက်
အသုံးပြုလို ့မရခဲ့ပါ။ ထို ့နောက် ဒေါ်လာသည်လည်း ထိုနည်းလည်းကောင်းဖြစ်သည်။ လေယာဉ်လက်မှတ်
ဝယ်ဖို ့အတွက် ဒေါ်လာအသုံးပြုသောအခါတွင်လည်း ယခင်က CB ဖြင့် အစပြုသော နံပါတ်များသည်
အတုပေါ်ဖူးသဖြင့် လက်မခံတာတွေ ခေါင်းကြီး(၁၀ဝတန်)သာဈေးကောင်းရပြီး ကျန်တာတွေ ဈေးနည်းတာတွေ
စသဖြင့်နားလည်လာခဲ့သည်။ ဒေါ်လာဖြင့် ငွေရှင်းသောအခါ ဒေါ်လာကို ကျောက်သံပတ္တမြားဝယ်သည့်အလား
အလင်းရောင်ထဲထောင်ကြည့်ရတာနဲ ့ဓာတ်မီးနဲ ့စစ်ဆေးကြည့်ရတာနဲ တော်တော်ကို မျက်စိနောက်လေသည်။
သူငယ်ချင်းတွေတော့ မသိပါ ကျွန်မကတော့ မြန်မာငွေလေးတွေကို တကယ်သနားမိပါသည်။

12 comments

  • မီးမီး သော်

    September 20, 2011 at 3:09 pm

    အော် ဟုတ်လိုက်တာနော်။ကျွန်မတို ့မြန်မာငွေမျက်နှာ တော်တော်ငယ်ရပါလား။

  • နွယ်ပင်

    September 20, 2011 at 3:27 pm

    ဒေါလာက မြန်မာငွေမဟုတ်လို့ အစုတ်ဆို သုံးမရတာပါ လမင်းကဗျာရေ … 😛
    မြန်မာငေါဆို ဘယ်လောက်စုတ်စုတ် တိတ်လေးကပ်ပြီး သုံးလိုက်ယုံပဲ ….. 🙂

  • etone

    September 20, 2011 at 3:34 pm

    အဲ့ဒါပြောတာလေ … လူတွေလည်းအလုပ်မဟုတ်ဘူး …။ ရုံးမှာ တလောက ပိုက်ဆံလဲတာ .. မနည်းဖြူးပြဲကြည့်မှ မြင်ရတဲ့ သားရေကြိုး ပွမ်းလို့ 0.5mm လောက်လေး ပြဲနေတာကို လဲလို့ မရဘူးတဲ့ … ။
    နောက်ရှိသေးတယ် … ဒေါ်လာကိုခေါက်ထားလျှင်လည်း အလဲမခံဘူး … ။ နားကိုမလည်တော့ပါဘူး … 🙁

  • pan pan

    September 20, 2011 at 3:38 pm

    မြန်မာငွေတိုင်းတော့ မျက်နှာမငယ်ပါဘူး
    ၅၀၀ဝတန်ကတော့ မျက်နှာကြီးမျိုးပါလို့
    ၂ခါရှိပြီ ခံရတာ
    ဒါတောင် ၅၀၀ဝတန်ကို ခပ်လက်လက်လေးတွေပဲ ကိုင်တာ
    နည်းနည်းကြေရင် စွန်းရင် မရတော့ဘူး
    (နှစ်ခါလုံး ဗစ်တိုးရီးယားကုန်တိုက်မှာပဲ)

  • AKKO

    September 20, 2011 at 3:40 pm

    ဒီမှာသာ ရေးကြီးခွင်ကျယ်လုပ်နေတာ သူတို့နိုင်ငံမှာဆို လက်ထဲ စုတ်ထားတဲ့ အကြေမွတောင် ယူပါတယ် … ။ နေရာကွာလို့ တန်ဖိုးထားတာ ကွာတာပဲလား မပြောတတ်တော့ဘူး … ။ 🙂

  • moonpoem

    September 20, 2011 at 3:48 pm

    မe-tone ပြောတာလည်း ဟုတ်ပါတယ်။ ဒေါ်လာ ခေါက်မိလို ့ကြေတော့လည်း သုံးမရပါဘူး
    ကိုယ့်မှာ ဒေါ်လာအစုတ်ရှိရင် အောက်ဈေးနဲ ့ရောင်းရင်ရောင်း မဟုတ်ရင်။နိုင်ငံခြားသွားမယ့်သူတွေကို
    အစုတ်ထည့်ပေးရတဲ့ စနစ်ဖြစ်နေပါပြီ။နိုင်ငံခြားမှာက ဒေါ်လာဆိုရင် မြန်မာငွေ ၂၀ဝတန်လို စုတ်နေလည်းသုံးလို ့ရတယ်တဲ့။
    သူများပြောတာကြားဘူးပါတယ်။

  • cobra

    September 20, 2011 at 4:25 pm

    သူတို့ကနိုင်ငံကြီးလေဒီတော့ပိုက်ဆံလည်းကြီးတာပေါ့။

  • မှော်ဆရာ

    September 20, 2011 at 6:01 pm

    ဒေါ်လာက မြန်မာငွေလောက် တန်ဖိုးမရှိလို့ စုတ်ရင် သုံးမရတော့တာပါ..
    ““ ဟောင်းနေပေမယ့် …ကောင်းနေဆဲပါပဲ…““
    ““မသစ်ပေမယ့်လဲ ကိုယ်အချစ်မလျှော့ပါတယ်….”” မြန်မာငွေလေးရယ်…

  • a latt kaung

    September 20, 2011 at 7:01 pm

    သိရသလောက်ကတော့
    မြန်မာနိုင်ငံထဲက နိုင်ငံခြားငွေလက်ခံတဲ့ဘဏ် (MFCB) မှာ ဆိုလားပဲ။
    အစုတ်ဆိုရင် ဘဏ်ငွေသွင်းလို့မရဘူးတဲ့။
    အဲဒါနဲ့ နိုင်ငံခြား ငွေလက်ခံတဲ့နေရာတွေ လေယာဉ်လက်မှတ်ရုံးတို့ ဘာတို့ကအစ အသစ်မှတို့
    အကြွေမပေးပါနဲ့ တို့ဖြစ်လာတယ်။
    စင်္ကပူသံရုံးလိုနေရာမျိုးက ဘာမှမဆိုင်ဘဲ အမေရိကန် ဒေါ်လာအသစ်စက်စက် (ထောင်မလဲသဲကော်)မှ
    လက်ခံတာတော့ အံ့ဩလောက်ပါပေတယ်။
    မြန်မာပြည်မှာ သံရုံးဖွင့် လုပ်စားတဲ့ တခြားသံရုံးတွေလည်း ဒီလိုပါပဲ။

  • pooch

    September 20, 2011 at 7:34 pm

    ဒေါ်လာအစုတ်ဆိုလို့ ကြုံဖူးတာလေးပြောရအုန်းမယ် ဟိုတယ် တခုမှာပါ နို်င်ငံခြားသားရဲ့ ဒေါ်လာက နွမ်းနေလို့ reception က အမျိုးသမီးက မယူပါဘူး။ ကောင်းတာကို တောင်းတော့ အဲ့ဒီ နိုင်ငံခြားသားက ဘာမှမပြောပါဘူး ။ လဲပေးပါတယ် ။ ပြီးတော့ မှ သူ့ ဒေါ်လာ အနွမ်းလေးရယ် မြန်မာပိုက်ဆံ ၂၀ဝ တန် လို အနုတ် အစုတ်အပြတ်တွေကို ကောင်တာပေါ်မှာ တရွက်ချင်း ယှဉ်ပြီး ချပြပါတယ် ။ နင်တို့ က ငါ့ဒေါ်လာ အနွမ်းကို မယူပေမဲ့ နင်တို့ ပိုက်ဆံ အစုတ်တွေကိုတော့ ငါတို့ က ယူရတယ်လို့ ပြောသွားပါတယ်။ မှတ်မှတ်ရရပါပဲ ။

    reception က အမျိုးသမီးလေးက လည်း သူ့တာဝန်နဲ့ သူမို့ ညွှန်ကြားထားတဲ့ အတိုင်းလုပ်ရတာနေမှာပါ။ နိုင်ငံခြားသားကလည်း သူအဖြစ်ကို သူ ပြောသွားတာပါ။

    ကိုယ်ထင်တာကို ပြောရရင် နိုင်ငံခြားငွေက အတုအစစ် ပြသာနာ စစ်လို့ ရှင်းလို့ လွယ်အောင် အကောင်းကိုပဲ တောင်းတာထင်တယ် ။ ထင်တာပြောတာပါ။ ဘာကြောင့်လဲ ဆိုတာ ကို ကိုယ်တွေလည်း တိတိကျကျ သိချင်ပါတယ်။ ကို a latt kaung ပြောသလို ဆို လဲရတဲ့ နေရာက လက်မခံလို့ ဆိုတာ ဖြစ်နိုင်ပါတယ်။

  • ုhtoosan

    September 20, 2011 at 7:49 pm

    ရိုက်စား လေ ရိုက်စား . MFTB က ဝန်ထမ်းတွေ ရိုက်စား လုပ်ရာ ကနေ တစ်နိုင်ငံ လုံးကိုပြန့်သွားတာ။ အခုနိုင်ငံခြာသား တိုးရစ်တွေ လာခါနီးရင် သူတို့တွေ ပိုက်ဆံအသစ်သွားလဲနေရတယ်။ ဒီကနေလည်း အဲ့ဒါကို အကြီးအကျယ်သတိပေးနေရတယ်။ e-ton အသိ German လာမယ်ဆိုတာလည်း သတိပေးလိုက်ဦး ။ ခေါက်ရိုးမကျိုးရ၊မှင်အစက်အပြောက်အစွန်းမပါရ။အမှတ်အသား ခဲခြစ်တံဆိပ်မရိုက်ရ။
    ဟောင်းရင်ဟိုတယ်တွေ က မယူပါ။ လဲလျင်ဈေး လွန်စွာနှိမ်ပါသည်။ ၁ ဒေါ်လာကို ၁၅/၂ဝ ကျပ်ကွာပါသည်။

    Hotel , embassy , Airport counter , Airport Tax , မည့်သည့်နေရာမှ မယူပါ။

  • windtalker

    September 20, 2011 at 9:41 pm

    အရင်တုန်းကတော့
    ဒေါ်လာဆိုတာ လူတိုင်းကြိုက်တဲ့ တန်ဘိုးကြီး နှင်းဆီခိုင်မို လို ့
    အင်း..
    ဟိုတစ်လောက ဒေါ်လာဈေး တွေ ကျကုန်တော့
    တစ်နိုင်ငံ လုံး လှုပ်ကုန်ပါလေရော
    အခုတော့ ပြန်တက်လာပါပြီ
    ဒေါ်လာစားများ ဝမ်းသာကြမယ်လို ့
    ထင်ပါတယ်

Leave a Reply