““သတင်းခေါင်းစဉ်””

တွေရကြုံရ ..တစ်ကယ့်ဟာသ။။။
““သတင်းခေါင်းစဉ်””
အဲဒီ ရွာကြီးမှာပဲပေါ့ဗျာ အဲဒီရွာကြီးဆိုလို့မေ့သွားအုံးမယ် သာရဝေါရွာကြီးပေါ့
ဒီရွာက ဧရာဝတီမြစ်ကမ်နံဘေး  ရှိတဲ့ရွာလေဗျာ  မြစ်ကမ်းဘေးရှိဆိုမှတော့ တံငါ သမားတွေလဲရှိပေါ့ဗျာ..
တံငါဆိုလို့ တံငါသမား ထဲမှာ““ ကိုအောင်ရွေ””” ကိုတော့ဘယ်သူမှမမှီ ဒါက ကျွန်တော့ ကိုယ်တွေ့ လေဗျာ
သူက ဧရာဝတီမြစ်ကမ်းစပ်တင် တဲထိုးနေတာကလား  အချိန်တန်ပိုက်ချ ရတဲ့ငါးလေး ရွာပေါ်တက်ရောင်း ဒီလိုလုပ်ကိုင်စား
သောက်နေတာကလား တံငါဆိုလို့ အထင်မသေးနဲ့ မောင်ရေ ကမ္ဘာကြီးနဲတော့ မျက်ချေမပြတ်ဘူးဗျ ဘယ်သွားသွား ဘယ်လာလာ
သူ့သား ရန်ကုန်မှာအလုပ်လုပ်တယ်ဆိုလား သူပြောတာပါပဲ သူ့သားဝယ်ပေးထားတဲ့ ရေဒီယိုလေးက အမြဲသူနဲ့မကွာပါလေရဲ့
ကိုယ့်နဘေးနား ရေဒီယိုသံသဲ့သဲ့ကြားလို့ကတော့ လှည့်မကြည့်နဲ့ ကိုအောင်ရွှေကြီး ရောက်နေတယ် အတတ်သိရတာကလား ဗျ
စားရင်လဲ ရေဒီယို သွားရင်လဲရေဒီယို အိပ်ချိန်တောင် ရေဒီယိုကြီး တစ်ရှဲရှဲ  ဖွင့်ဖွင့်နေလို့ သူ့မိန်းမကြီး “ဒေါ်ကြီးခင်” နဲ့စကား
ထထများနေတာ  ကျုပ်တို့ ညဘက်အရက်ဆိုင်ကပြန်လာတိုင်းကြားနေကျ…..
ရေမထ ငါးမရတဲ့ရက်များ လက်ဖက်ရည်ဆိုင် သွားမထိုင်လေနဲ့  ဆိုင်က ဖွင့်ထားတဲ့ အဆိုတော် ဟင်္သာတထွန်ရင်လဲ သူနား
မထောင်ပါဘူး ဒီလောက်အော်ကြီးဟစ်ကျယ်ဖွင့်ထားတဲ့ ဆိုင်ထဲတောင် သူ့ ရေဒီယိုကို မိုင်ကုန် အသံချဲပြီးနားရွက်နားကပ် နား
ထောင်နေတတ်တာ တွေ့ရပါလိပ်မယ်  သူပြောတဲ့စကားထဲမှာ “ဂျော်နီ ရေငင်”က အခု“အမေကြီကား”မှာ သမ္မတ မဟုတ်တော့
တာရော “ဒိုင်နာ”  က“ ချားလပတ်မင်းသား”ဆိုတဲ့သူ့ယောင်္ကျားနဲ့  ကွဲသွားပြီဆိုတာရော  အကုန်ပြောပြတတ်တာကလား….။။။။   ဘီဘီစီက ကလူက သူ့အမျိုး  နီးနီးလောက်တော်ပုံ ဗွီအိုအေက လူက သူ့သားနဲ့သူငယ်ချင်းလိုလို  ဒီလိုပြောတတ်တာကလားဗျ
ဒီလို ရေဒီယိုလိုင်းတွေက တော်ရုံရေဒီယို နားထောင်လို့ ရတာမဟုတ်ဘူးဗျ သူရေဒီယိုတော်တော် ကောင်းလို့သာ ဖမ်းလို့မိပြီး နားထောင်လို့ရဆိုပဲ…..ကျုပ်ကြည့်တာတော့ သူရေဒီယိုက တရုတ် မိတ်ကြီးပါဗျာ ဘယ်ကလာတရုတ်မိတ်က ဒီလောက် ကောင်း
နိုင်မှာလဲ ဒါပေသိ့ သူပြောတာတော့ ရွာက ဥက္ကဌ ဝယ်ထားတဲ့ ရေဒီယိုတောင် သူရေဒီယိုလောက်  မကောင်းဆိုပဲ သူပြောတဲ
စကားဆိုအရတော့ ကျုပ်လို ရန်ကုန်သားတောင် မျက်စိလယ်ချင်ချင်ဗျ  သူ့ရေဒီယိုကြည့်တော့ လက်တဝါးသာသာ  ဆေးရောင်
တွေကပျက်လို့ တရှဲရှဲမည်တဲ့ အသံကနားမခံနိုင်  တစ်ခါတစ်ခါ မြန်မာအသံက သီချင်းသံမကြားရလို့ ကျုပ်ကစူးစမ်းမေးမြန်းလေ
တိုင်းတော့သူပြောပုံအရ မြန်မာအသံက ဒီလိုဖြစ်တတ်တယ်ဆိုပဲ မြန်မာက ခပ်ညံညံတဲ့ဗျ သူနားထောင်နေကျ ဘီဘီစီ ဗွီအိုအေ
ကမှ  တစ်ကမ္ဘာလုံး ကြားအောင်လွှင့်နိုင်တာဆိုပဲ မြန်မာ့အသံက ညံလို့သာမမိတာ   သူလေဒီယိုလေးတော့ အမျိုးအစား
တော်တော် ကောင်းတာဆိုပဲ သူသားရန်ကုန်ကကောင်က သေချာရှာဝယ်ပေးလိုက်တာဆိုပဲဗျ  ဒီလောက်ကောင်းတဲရေဒီယို
တစ်ရွာလုံး သူ့တစ်လုံးရှိဆိုပဲဗျ..အဲဒီလောက် လေကြွားတာတော့ နားကြားမျင်းကပ်လှသဗျာ..အင်းပေါ့လေး သူ့ပစ္စည်း ဆိုတော့
သူပြောသမျှ ယုံရမှာပဲလေ….။။။။။။။။။။တစ်ရက်တော့ဗျာ…..
ကျုပ်တိုသူငယ်ချင်းတွေလဲ နေ့လည်ပိုင်း  ပူပူရှိတာနဲ့  တာဆုံက လက်ဖက်ရည်ဆိုင်မှာ စုထိုင်ပြီး ဇယ်ခုံတောက်တဲ့သူ တောက်
ကျားထိုးတဲသူထိုးနဲ့ အားလုံး ဆူညံနေတဲ့အချိန်  ကိုအောင်ရွှေ တစ်ယောက် တာလမ်းအတိုင်းခေါင်း ငိုက်စိုက်ချလျှက်လက်ဖက်
ရည်ဆိုင် ဘက်လျှောက် လာတာကို တွေ့လိုက်ရတာပါပဲ တစ်ခုပဲထူးခြားတာ သူလက်ထဲမှာ ရေဒီယိုတော့ မပါလာဘူးလေ…..
ကိုအောင်ရွှေ နဲရေဒီယိုတွဲမြင်ကျဆိုတော့ တစ်ခုခု လိုနေသလိုဖြစ်တာနဲ့ အနားကသူငယ်ချင်တွေလက်တို့ပြီးပြောမိပါတယ်..
““ဟေ့ကောင်တွေ ကိုအောင်ရွှေ ရေဒီယိုမပါဘူးကွ””
သူတို့တစ်တွေရဲ မျက်လုံးတွေလဲ ကိုအောင်ရွှေ ဆီရောက်သွားပြီး စူးစမ်းကြပါတော့တယ် ဒီအချိန်မှာပဲ ကိုအောင်ရွှေ ဟာ
လက်ဖက်ရည်ဆိုင်ထဲကိုတန်းတန်းမတ်မတ် ဝင်လာတော့တာပါပဲ…။။
ကျုပ်ကပဲစပြီး…..
““ကိုအောင်ရွှေ ရေဒီယိုကောဗျ မပါဝူးလား””။။။။
““မပါတာမဟုတ်ဘူးကွ မရှိတော့တာ””
““ဘာလဲပျက်သွားတာလားဗျ””။။။
““ဒီလောက်အကောင်းစားကြီးက ပျက်မလားကွ မင်းကလဲ””
“““ဟာ…ဒါဆို ဘယ်ရောက်သွားပြီလဲဗျ””။။။။
““မြစ်ထဲ လွှင့်ပစ်လိုက်ပြီကွ”””
“““ဟာ…နှမြောစရာ ကြီး ဗျာဒီလောက်ကောင်းတဲ့ ရေဒီယိုကိုဗျာ””။။။။
ကျုပ်လဲ နည်းနည်းပင့်ပေးလိုက်တာပေါ့  ဆိုင်ထဲကလူအများကတော့ သူ့စကားတွေကိုအာရုံစိုက်နေလေရဲ့ ဒီလိုပင့်ပေးမှ သူရေ
ဒီယို ချီးမွမ်းခန်းတွေလာမှာပေါ့ ဗျ…။။
““ဘာလို့ မြစ်ထဲပစ်ပလိုက်ရတာလဲဗျ””။။။။
“““အိမ်က မကြီးခင်ပေါ့ ကွ ””
““ဘာဖြစ်လဲဗျ ဒေါ်ဂျီး..ကြီးခင်က ””။။။။
“““ငါ့ဟာငါ အေးအေးဆေးဆေး ညနေပိုင်းလေး အကြမ်းတစ်အိုး ကုလားထိုင်တစ်လုံးနဲ့ရေဒီယိုနားထောင်နေတာကို မိပေါက်မ နေမကောင်းလို့ပိတ်လိုက်စမ်းပါဆိုတာချည်ပဲ  မကြီးခင် တစ်ယောက်နောက်ဖေးချောင်ကနေ  ဗလစ်ဆန်နေတော့တာလေ””
မိပေါက်မ  ဆိုတာက ကိုအောင်ရေ ွှမကြီးခင်တို့ ရဲသမီးအကြီးမပဲဗျ  ဒီကောင်မ ဘာနေမကောင်းဖြစ်တယ်မသိဘူး…။။။
““အဲဒီတော့””။။။။
““တော်ကြာနေပိတ်ပါ တော်ကြာနေပိတ်ပါနဲ့ ..ငါလဲ စိတ်တိုတိုရှိလှတာနဲ့ မြစ်ထဲကိုင်ပေါက်ပစ်လိုက်တော့တာပဲကွ”””
““ကောင်းရောဗျာ ရေဒီယိုအကောင်းကြီးကို တစ်ရွာလုံးရှိလှ ကိုအောင်ရွှေ ရေဒီယိုလောက် အသံကြည်တာ လိုင်းမိတာ ရှားသား
လားဗျ ပြောစရာဆိုလို့  ဧရီယာတိုင် လေးကျိုးနေတာတစ်ခုပဲရှိတာများဗျာ နှမြောလိုက်တာဗျာ””။။။။
““အေးကွာ ငါရေဒီယိုလောက်ကောင်းတာ ဒီရွာသိပ်ရှိတာမှမဟုတ် နှမြောသားကွ စိတ်ပေါက်လို့ သာ မနေ့ညနေက မြစ်ထဲပစ်မိ
တာလေ””
““ပစ်တဲ့နေရာမမှတ်မိဘူးလား ဗျ ပြန်ရှာဘို့ ကောင်းတယ်ဗျာ””။။။။
““ငါ့တဲစပ်တင် ရေထဲပစ်လိုက်တာပါပဲ …အင်း  ပြန်တော့ ရှာချေမှပါပဲ”””
ပြောပြောဆိုဆိုရုတ်တရက်ထသွားပြီး သူအိမ်ရှိရာ တာစပ် မြစ်ကမ်းဘက်ကိုခပ်သုတ်သုတ် ထွက်သွားပါလေတော့တယ်…
ကျုပ်တို့ လူငယ်တစ်သိုက်လဲ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြုံး မိပါရဲ …..။။
ဘယ်အချိန်ထဲက ရေငုတ်ရှာတယ်မသိ ညနေ စောင်းလောက်ကျမှ ကိုအောင်ရွှေတစ်ယောက် ရေတွေစိုရွှဲ နေတဲ့ ပုဆိုးခါးတောင်း
ကြိုက် ကြီးနဲ့ လက်ထဲလဲ ရေတွေစိုနေတဲ့ ရေဒီယိုလေး ကိုင် ကာဆိုင်ဘက်ပြေးလာပါတော့တယ် ကျုပ်တို့တွေလဲ မောကြီးပန်း
ကြီးပြေးလာတဲ့ ကိုအောင်ရွှေကို ဝိုင်းကြည့်ရင်း ကျုပ်ကပဲ  စလို့…
““ကိုအောင်ရွှေ တွေခဲ့လားဗျ””။။။
““တွေ့ခဲ့ပါ ့ငါကောင်ရာ””
““ဘယ်နှဲ့ ခင်ဗျားရေဒီယို ကောင်းပါအုံးမလားဗျ””။။။
“““ကောင်းမကောင်းတော့ အတပ်မပြောနိုင်ဘူး ငါ့ကောင်ရ ဒါပေမယ်ဒီ ရေဒီယိုကတော့ တော်တော် အမျိုးစားကောင်းတယ် ပြော
ရမှာပဲကွ ငါလဲ မနေ့ထဲက မြစ်ထဲပစ်ခဲ့တာပါပဲ မင်းပြောမှ နှမြောလာတာနဲ့ နေ့လည်ထဲ့က ရေငုတ်ရှာလိုက်တာ ဒီညနေစောင်း
ကာမှ ရေထဲမှာစမ်းရင်း ခြေမကြားဧရိယာတိုင်းလေး ညှပ်စမ်းမိလို့ရေပေါ် ခြေမနဲ့ အသာညှပ် ဖော်လိုက်တာကွ အချိန်ကိုက်လေး
ငါ့လူရာ …ညနေပိုင်း သတင်းလာချိန်နဲ့ကိုက်သွားလို့လားမသိ ““ရေပေါ်လဲရောက်ရော သတင်းခေါင်းစဉ်”ဆိုပြီး ထတဲ့ ကြေငြာနေ
လို့ ကဗျာကယာပိတ်ပြီး အခုပြင်ဆိုင်သွားပြမလိုပဲ င့ါကောင်ရေ””” ……။။။။။။။။
ပြောလဲပြော ပြေးလဲ  ပြေးထွက်သွားလိုက်တာများဗျာ…….
ကျုပ်တို့ လူငယ်တစ်သိုက်သာ သူပြောတဲ့ စကားကြားပြီး ပါးစပ်အဟောင်းသားဖြစ်ကျန်ရစ် ခဲ့ရကြောင်းပါပဲ …ဗျာတို့။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

7 comments

  • nozomi

    September 20, 2011 at 3:01 pm

    သာရေဝေါသားတွေ လဲ လှတောသားထက်မနိမ့်ဘူးလို့ ပြောရမှာပဲ

  • ပေါက်ဖော်

    September 20, 2011 at 3:29 pm

    တယ်ကောင်းတဲ့ လေဒီယိုပါဘဲလား ဗျာ.
    ရေထဲကျ တာတောင် သတင်းခေါင်းစဉ် နိုင်သေးတယ်..
    တတ်နိုင်ပါပေ့..ဘကြီးအောင်ရွှေရဲ့..

  • pan pan

    September 20, 2011 at 3:44 pm

    ဒီရေဒီယိုလေးမျိုး ရရင်လိုချင်တယ်ဗျို့
    ဘကြီးအောင်ရွှေကိုမေးပေးပါလား
    သူ့သားဝယ်ပေးတဲ့ ရေဒီယိုက ဘာတံဆိပ်လဲလို့
    တော်တော်တတ်တဲ့ လူကြီး

  • MOEPWINTPHYU

    September 20, 2011 at 4:38 pm

    ဒီလောက်ကြော်ငြာကောင်းတဲ ဘကြီးကိုရေဒီယို တံဆိပ်က ကြော်ငြာခပေးသင်တယ်
    ဝန်တမ်းခန်သင့်တယ် အရမ်းရောင်းကောင်းမှာပဲ…..

  • yetazar

    September 20, 2011 at 8:23 pm

    ဟားဟား သတင်းကောင်းစဉ်တဲ့ ။ ကြိုက်တယ်ဗျာ ။ ရေထဲကနေ ပလုံပလုံနဲ့ထမမြည်တာ ကံကောင်းဗျ ။

  • windtalker

    September 20, 2011 at 10:04 pm

    ကိုဘဲလူး ရေ
    ကျွန်တော် က တော့
    နည်းနည်းထုံတယ် ထင်ပ
    ဆိုလိုရင်းကို နားမလည်ဘူး ဖြစ်နေတယ်ဗျာ
    “ ခြေမကြားဧရိယာတိုင်းလေး ညှပ်စမ်းမိလို့ရေပေါ် ခြေမနဲ့ အသာညှပ် ဖော်လိုက်တာကွ အချိန်ကိုက်လေး
    ငါ့လူရာ …ညနေပိုင်း သတင်းလာချိန်နဲ့ကိုက်သွားလို့လားမသိ ““ရေပေါ်လဲရောက်ရော သတင်းခေါင်းစဉ်”ဆိုပြီး ထတဲ့ ကြေငြာနေ ”
    ရှင်းပေးပါဦးဗျာ
    အများသူငှာလို
    ပြုံးရွှင်ရအောင် လို ့ပါ

  • “ဘီလူးကြီး”ogre

    September 22, 2011 at 7:40 am

    မောင်ပေ
    ကိုအောင်ရွှေကြီး ရေဒီယို ဘယ်လောက်ကောင်းသလဲဆို
    ရေထဲမြုပ်နေရာက ပြန်ဖော်လိုက်တာတောင် “ရေဒီယိုက အသံထွက်နေတုန်း မို့ “““သတင်းခေါင်စဉ်””လို့”
    ထကြေငြာ နေတဲ့အကြောင်း မဖြစ်နိုင်ပဲ သက်သက်ကြွားသွားခြင်းသာဖြစ်ပါတယ်..ခင်ဗျား။။

Leave a Reply