ငါ့အတွက်နင်

chitsuSeptember 20, 20111min8211

ကောင်လေး

နင့်ကိုငါချစ်ခဲ့လို့နာကျင်ရမယ်ဆိုလည်း

ငါရင်နာခံလိုက်ပါမယ်

အများပြောတဲ့ဥပေက္ခာဆိုတာကို

နင်ပေးခဲ့မှငါသိလိုက်တာပါ

ငါ့ကိုအလေးမထားတဲ့နင့်ကို

ငါကအလေးထားခဲ့တယ်

ငါ့ကိုဟန်ဆောင်ချစ်ခဲ့တဲ့နင့်ကို

ငါတကယ်ချစ်ခဲ့တာပါ…..

နင်ငါ့ကိုထားခဲ့လည်း…….

ငါကနင့်ကိုမမေ့နိုင်ဘူး…

နင်ရဲ့အပြုံးတွေ………

နင့်ရဲ့အပြုအမူတွေ…..

ပျော်ခဲ့ဖူးတဲ့အချိန်တွေ…..

လျှောက်သွားဖူးတဲ့နေရာတွေ…..

နင်နဲ့ပျော်ဖူးတာတွေ…………..

ငါဘယ်လိုမေ့ရမှာလဲ…..

 

 

11 comments

  • MOEPWINTPHYU

    September 20, 2011 at 4:35 pm

    မေ့မရရင် အမေ့နဲပေါ
    စတာနော်ကောင်းတယ် ကဗျာတွေကိုအရင်ကဖတ်ဘူးသိလဲမသိဘူး
    အခုစဖတ်နေတာ အားပေးသွားပါကြောင်း……

  • nayminn

    September 20, 2011 at 6:03 pm

    ကဗျာလား…RAP စာသားလား။

    • chitsu

      September 21, 2011 at 12:19 pm

      ကဗျာပါရှင်……ချစ်စုရဲ့ခံစားချက်လေးပါ

  • rain pricess

    September 20, 2011 at 6:09 pm

    အချစ်ဆိုတာချစ်မိတဲ.သူကနာကျင်ရတာပါပဲ
    အဲ.ဒီကာလကအမြန်ဆုံးလွတ်ပါစေလို.
    ဆုတောင်းပေးလိုက်ပါတယ်

  • windtalker

    September 20, 2011 at 7:05 pm


    ကောင်လေး..
    ကောင်လေး..
    ဘာလို ့
    ချစ်စုလေး ကို မှ
    ရက်ရက်စက်စက်
    နာနာကြင်ကြင်
    ရင်နာအောင် လုပ်ရတာလဲ
    ဟန်ဆောင်ချစ်ရတာလဲ
    ပျော်ခဲ့ဖူးတာတွေ ကို
    မေ့ပစ်ရတာလဲ
    ကောင်လေး

  • yetazar

    September 20, 2011 at 7:37 pm

    ကောင်လေးဘက်မှခံစားချက် . . . .
    ကောင်မလေးရေ
    နင့်ဘဝကောင်းစားဖို့အတွက်နဲ့
    ငါ့နှလုံးသားကိုစတေးခဲ့တယ်ဆိုတာ
    နင်သိမှသိပါလေစ ကောင်မလေးရယ် …
    ငါ့ဘဝထဲကိုနင့်ကိုဆွဲမသွင်းရက်ပါဘူး
    ငါ့ဘဝရဲ့အထီးကျန်ခါးသီးမှုတွေကို
    ငါတစ်ယောက်ပဲခံစားပါရစေ
    နင်ခံစားနေရတာကိုသိပေမယ့်
    နင့်နားကိုငါမလာနိုင်တာခွင့်လွှတ်ပါ
    အသည်းနှလုံးမရှိတဲ့လူလို့ပြောချင်ပြောလိုက်ပါ
    တစ်ကယ်လည်း
    ငါ့မှာ
    အသည်းနှလုံးမရှိတော့ပါဘူး
    နင့်နဲ့ခွဲရတဲ့နေ့ကစပြီး
    ငါ့အသည်းနှလုံးပျောက်ရှသွားခဲ့တာပါကွယ် ……. ။ ။

    (မှတ်ချက် ။ ပိုစ့်ပိုင်ရှင် ချစ်စုနှင့်မည်သို့မျှမသက်ဆိုင်ပါ ။ ကဗျာလေးကိုဖတ်ပြီး ခံစားချက်ပေါ်လာတာလေးကို ချရေးကြည့်တာပါ ။ )

    • chitsu

      September 21, 2011 at 12:17 pm

      ကောင်လေးဘက်ကနေရေးခဲ့တာဆိုတော့………….
      ကိုရဲတေဇာလည်းခံစားဖူးတယ်ထင်တယ်
      ကျေးဇူးပါကဗျာလေးကိုဖတ်ပေးလို့

  • ကြောင်ကြီး

    September 21, 2011 at 10:24 am

    ကောင်လေး
    ကောင်လေးနဲ့
    ကြောင်မမွေးပါနဲ့
    ပြောထားတာ
    အခုတော့
    ဒီအကောင်
    ပြေးပြီမှတ်လား..။

  • we R one

    September 21, 2011 at 11:56 am

    သင် ပိုချစ်လေလေ ပိုခံစားရလေလေ တဲ့.. အဆိုအမိန့် တစ်ခု ကြားဖူးတယ်… ။ ပိုချစ်ရင်တော့ ပိုခံစားရ မှာပဲလေ.. အတတ်နိုင်ဆုံး ကိုယ်က အရမ်း မချစ်မိအောင်နေကြပေါ့…

  • chartatelay

    September 21, 2011 at 12:12 pm

    အဟုတ် ခံစားဘူးတာ လား

  • chitsu

    September 21, 2011 at 12:22 pm

    ခံစားခဲ့ဖူးပါတယ်….တစ်ချိန်ကပါ

Leave a Reply