နည်းနည်းပြော၊များများနားထောင်

You have only one mouth
But two ears
So you talk once
And listen twice
You observe alots but talk very little
You have got only one mouth
But two hands
Therefore two for working and one for eating(မှတ်ချက်။ ။ဆရာလူထုစိန်ဝင်းဧ။်ဆောင်းပါးမှကောက်နှတ်သည်။)

အာဖရိကတိုက်. တန်ဇန်နီးယားနိုင်ငံ ချက်ပို တိုင်းရင်းသားတွေရဲ ့ကဗျာလေးပါ—————
လူကြီးနဲ ့လူငယ်တွေကြားမှာ ယနေ ့တိုင်နားလည်မှုလွဲနေကြသေးတယ်နော်။လူကြီးတွေကလူငယ်တွေကို နည်းနည်းပြောများများနားထောင်စေချင်တယ်မဟုတ်လား။
ဒီကဗျာလေးမှာတော့ အလုပ်လုပ်ဖို ့လက်နှစ်ဘက်ရယ်၊စား
ဖို ့ရာပါးစပ်တစ်ပေါက် ရယ်ရှိကြတယ်။နားနှစ်ဘက်ရှိတယ်၊ပါးစပ်ပေါက်တစ်ပေါက်ရှိလေတော့ နည်းနည်းပြော၊များများနားထောင်ပေါ့။

ကိုပေ့ ပြောသလို အမွေခွဲတော့မယ်ဆိုရင်တော့ များများပြောကြပေါ့ရှင်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

12 comments

  • Moe Z

    September 20, 2011 at 4:03 pm

    မိုးစက်ကတော့ နည်းနည်းရေးပြီး များများဖတ်တယ် 🙂

  • MOEPWINTPHYU

    September 20, 2011 at 4:21 pm

    များများပြောပြီးနည်နည်နားတောင်တတ်သူ လုံးဝနားမတောင်တတ်သူတွေနဲတွေနေရတယ်စိတ်ကုန်တယ်…

  • windtalker

    September 20, 2011 at 6:32 pm

    ဒီမယ် အမိ
    “ ကိုပေ့ ” တော့ မလုပ်ပါနဲ ့
    မောင်ပေ ရယ်ပါ
    နည်းနည်းပြော များများနားထောင်ဆိုတာကို
    ဒီလိုမြင်ပါတယ်
    စီးပွားလုပ်ငန်းခွင်..၊
    မိတ်ဆွေသစ်များနဲ ့ပေါင်းသင်းဆက်ဆံရာတွင်…၊
    နဲနဲပြောပီး များများ နားထောင်ဖို ့လိုတယ်လို ့ထင်ပါတယ်
    ကိုယ့်မိသားစု ဝင်တွေ နဲ ့၊ ကိုယ့်အမျိုးတွေ နဲ ့
    ကိုယ့်အိမ်ထောင်ဘက် နဲ ့ ၊ ကိုယ့်ချစ်သူ နဲ ့…မျိုးဆိုရင်တော့
    များများသာ ပိတ်ပြောပေတော့
    နို ့…နားပူအောင် အပြောခံရပြီသာမှတ်
    🙂

  • yetazar

    September 20, 2011 at 7:52 pm

    စကားစကား ပြောပါများ ၊ စကားထဲကဇာတိပြ ။

  • winer

    September 20, 2011 at 9:28 pm

    မပြောချင်၍တိတ်တိတ်လေး နေခဲ့ပါသည်
    ယခုသော် ပြောချင်လာ၍ အပြေးလေးလာမိသည်
    များများဖတ်ပါမည်
    များများ ပြောမည်
    စီနီယာများပြောစကား နားထောင်ပါမည်……….။

  • Koyin Sithu

    September 20, 2011 at 9:38 pm

    နည်းနည်းရေး… များများ ဖတ်မည်… တို့ရွာသူတွေသည်…
    များများလည်းရေး…. များများပွားမည်… တို့ရွာသားတို့သည်…
    အဲ့ဒါမှ တို့ ဂေဇက်ရွာတိုးတက်ပေတော့မည်…. 🙂

  • windtalker

    September 21, 2011 at 12:11 am

    ဘယ်လို ပဲ
    နည်းနည်းပြောပြော
    များများ ပြောပြော
    ဂေဇက် မှာ ရေးမယ် ဆိုရင်တော့
    အုန်းကျွန်း ( own creation ) ပဲ လုပ်ကြပါ
    ဖော်ဝပ်မေးလ် တွေ ကို ကော်ပီလုပ်ပြီး လာမပေ့စ် ကြပါနဲ ့
    မန်းတလေး ဂေဇက် ဆိုတာ
    တစ်ရက် တစ်ရက်
    ဝင်ရောက် စာဖတ်သူ
    ဝင်ရောက်ရေးသားသူ မန်ဘာများ နှင့်
    လည်ပတ်နေသော ဆိုက်ကြီး တစ်ဆိုက် ဖြစ်နေပါပြီ
    အလွယ်ကူဆုံး..ဥပမာ ပေးရရင်
    ကော်ပီ ဆိုတာ ၊ ခိုးတယ် ဆိုတာ
    ကိုယ့်မိန်းမ နဲ ့ကိုယ် ၊ ရှင်းရှင်းလင်းလင်း ၊ အားစိုက်ထုတ်ကြလို ့ရလာတဲ့ ကလေး ကို
    တစ်ယောက်ယောက် က သူ ့ကလေး ဆိုပြီး ပြောရင် မခံချင်ကြသလို ပါပဲ ။
    မီးမီးသော်ရေ..
    ကွန်မင့် ပြန်ဖတ်ရင်း စိတ်ပေါက်လာလို ့
    ဆိုင်လား မဆိုင်လား
    မစဉ်းစားမိတော့ဘဲ
    ရှင်းရှင်းဂွင်းဂွင်း ထပ်မန် ့လိုက်မိပါတယ် နော်…

  • အာရက္ခ မြေသား

    September 21, 2011 at 11:21 am

    ကျွန်တော်ကလဲ ရှင်းရှင်းပြောမယ် ဒါသူခိုးဘဲ။

  • blackchaw

    September 21, 2011 at 11:29 am

    ဟေ့ဟေ့ အသာလုပ်ကြပါဟ။ မန်းဂဇက်မှာ ငြိမ်ငြိမ်းချမ်းချမ်း ရေးကြ ဖတ်ကြတာပေါ့။ မဖတ်ချင်တဲ့နာမည်ကို ကျော်ဖတ်လိုက်ရင်လည်း ပြီးပါတယ်။

  • chartatelay

    September 21, 2011 at 12:09 pm

    နည်းနည်းပြောပြီးများများနားထောင်တာကောင်းတာပေါ့
    ဘာဖြစ်လဲဆိုတော့လေကုန်သက်သာတယ်လေ

  • myatthwin62

    October 14, 2011 at 12:35 pm

    Dear ‘kai’, may I remind you of # 6

    Do & Don’t (Rules)
    6. လူမျိုးရေး၊ဘာသာရေး၊ အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။

    I notice a few posts insulting Chinese. Folks like ‘Michael Johnny Aung Pu’, minthakin, tony, zaymdy, jyaung gyi, etc. needed to be reminded of Rule #6.

Leave a Reply