အစိမ်းရောင် အမွေ အနှစ်များ…. ဂျူး

we R oneSeptember 20, 20111min1448

ရွာထဲမှာ သတင်းပေးချင်လို့ ဆရာမ ဂျူး စာအုပ် အသစ်ထွက်ပါတယ်… နာမည် က အစိမ်းရောင်အမွေအနှစ်များ တဲ့.. သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ ဆောင်းပါးတွေ စုထားတာပါ။ မဂ္ဂဇင်း အခန်းဆက်ဆောင်းပါးတွေပါ။ ကျွန်မ ကတော့ မနေ့ က သတင်းစာထဲမှာ မြင်ကတည်း က လိုချင်နေတာ ။ ဒီနေ့ မြို့ထဲ ကိုရောက်တုန်း အင်းဝ မှာ ဝင်ပြီးဝယ်လိုက်ပါတယ်။ ဈေးနှူန်းက တော့ ၁ဝဝဝ ကျပ်ပါ။ ဂျူး ပရိတ်သတ်များ နှင့် သဘာဝ ပတ်ဝန်း စိတ်ဝင်စားတဲ့ သူများ ဝယ်ဖတ်လို့ ရအောင် ရွာထဲမှာ သတင်းပေးတာပါ။ အုပ်ရေ က တော့ ၅ဝဝ ပဲ ထုတ်ပါတယ်။

မျက်နှာဖုံး

 

နောက်ကျောဖုံး

 

ကျေးဇူးတင်ပါတယ်

weRone

8 comments

  • မြန်မာပြည်မှာ အဲဒီ စောင်ရေ ၅၀ဝ ဆိုတာကလည်း ပြင်ကိုပြင်သင့်ပါပြီ။ ဘယ်သူမှ စောင်ရေ ၅၀ဝ မရိုက်ပါ။ ရိုက်ချင်သလောက်ရိုက်ပြီး စောင်ရေ ၅၀ဝ ကိုအသေတပ်ထားတာ ဘာသဘောလည်း မသိ။ အမြတ်ခွန်ရှောင်တာများလား။ စောင်ရေ ၅၀ဝ ရိုက်ရင် ဖလင်ဖိုးနဲ့ ဘယ်ကာမိတော့မလဲ။ အော့ဖ်စက်တင်ရင် ပလိတ်ပြားဘိုးနဲ့ ဘယ်ကာမိတော့မလဲ။ ဂျူး ဆိုရင် စောင်ရေ တစ်သောင်းလောက်ရိုက်ပါတယ်။ ပုံမှန်စာအုပ်တွေဆိုရင် စောင်ရေ ၃၀၀၀-၄၀၀ဝကြား ရိုက်ပါတယ်။ မင်းမြတ်သူရတို့လိုကျတော့ စောင်ရေ ၅၀၀ဝ လောက်ရိုက်ပါတယ်။ ပေါက်တဲ့မဂ္ဂဇင်းတွေဆိုရင် စောင်ရေ ၄၀၀ဝ လောက်ရိုက်ပါတယ်။ ဒါပေမယ့် အားလုံးက စောင်ရေ ၅၀ဝ လို့ အသေတပ်ကြတယ်။ စာရေးဆရာကို စောင်ရေ ၁၀၀ဝ ဘိုးပဲရှင်းပေးကြတယ်။ စာအုပ်ထဲမှ ၅၀ဝ လို့တပ်ထားတာပါ။ တကယ်က ၁၀၀ဝ ရိုက်ပါတယ်ပေါ့။ တကယ်တန်းကျတော့ ၃၀၀ဝ လောက်ရိုက်တယ်။ ဒုတိယအကြိမ်ပြန်ရိုက်ရင်တောင် စာရေးဆရာကိုလည်း အသိပေးမနေတော့ဘူး။ စာအုပ်ထဲမှာလည်း ဒုတိယအကြိမ်လို့ မရေးတော့ဘူး။ စာရေးဆရာခမျာမှာလည်း သူ့စာအုပ်ကို ဒုတိယအကြိမ်ပြန်ရိုက်ရတယ်ဆိုရင် စီးပွားရေးအရ မဟုတ်ပါဘူး။ အနုပညာသဘောအရ အောင်မြင်တယ်လို့ ယူဆပြီး ပျော်ရတာပါ။ စာရေးဆရာကိုလည်း ဒီလိုပျော်ဖို့ အခွင့်အရေးမပေးပါဘူး။ စာအုပ်ထုတ်ဝေရတာကလည်း ငွေလုံးငွေရင်းကြီးတော့- ပြန်ရတော့လည်း အလီအလီဆိုတော့- ပေးရကမ်းရတာတွေလည်းများတော့ – သူတို့လည်း စာရေးဆရာကို မညှာနိုင်တော့ဘူးထင်ပါ့။
    ပြောပြချင်တာက အုပ်ရေ ၅၀ဝ ဆိုတာ လုံးဝမဟုတ်ပါဘူးလို့။

  • kai

    September 21, 2011 at 1:06 am

    ဂျာနယ်တွေရော..စောင်ရေဘယ်လောက်ပြသလည်း..သိချင်သား.။

    weRoneကို ဘယ်လိုအသံထွက်ရေးရမယ်မသိ..။
    ဝရုန်းပဲထားပါ..
    ဖတ်ပြီးရင်.. အချက်ကလေးတွေထုတ်ပြီး.. တင်ပါဦးနော..။
    အားလုံးသိရဖို့ပါ..။

    • windtalker

      October 22, 2011 at 9:41 pm

      သဂျီးရေ
      ဝီအာဝမ်း လို ့အသံထွက်ရပါသတဲ့ ဗျို ့
      အခုလောလောဆယ်တော့
      ဆရာလေး ဝတ်နေပါတယ် တဲ့ ဗျာ

      • ပေါက်ဖော်

        October 22, 2011 at 9:46 pm

        ဟေ့လူ..
        သဂျီးကို….သဂျီးသွားမလုပ်နဲ ့
        သဂျီးက ဝရုန်းဆို..ဝရုန်းပေါ့
        ဘယ်နှယ်.လာဝမ်းနေသေးတယ်..
        😆

      • we R one

        October 24, 2011 at 5:13 pm

        မနှစ်က ဝတ်ခဲ့တာပါ Windtalker ရယ်.. အခု မဟုတ် ပါဘူး…. 🙂

  • ဂျာနယ်တွေ မရိုက်ဖူးလို့ မသိပါ။ ကလေးစာစောင်တွေကတော့ စောင်ရေ ၂၅၀ဝ ရိုက်ပါတယ်။ eleven ကတော့ ထိပ်ဆုံးမှာရှိပါတယ်။ သူက စောင်ရေ သောင်းကျော်မယ်။ ဂျာနယ်ရိုက်ရတာ သေပြေးရှင်ပြေးရိုက်ရတာကြောင့် အလုပ်လက်မခံတာပါ။ လူလည်းအရမ်းပင်ပန်းတယ်။

  • Shwe Ei

    September 21, 2011 at 10:48 am

    သတင်းပေးတာကျေးဇူးပါ။ စာအုပ်တွေနဲ့အလှမ်းဝေးနေလို့ အငှားဆိုင်တောင်မရောက်ဖြစ်ပါဘူး။ ဝယ်ဘဲဖတ်လိုက်ပါတော့မယ်။ ပြီးတော့ ဂေဇက်မှာ စာအုပ်အသစ်ထွက်တိုင်း ကောင်းတဲ့စာအုပ်လေးတွေအကြောင်း သတင်းမျှပေးတဲ့ ပို့စ်တင်ပေးမဲ့သူရှိရင်ကောင်းမယ်။

  • alinsett

    September 21, 2011 at 5:51 pm

    သိပ်ကျေးဇူးတင်ပါတယ် ။ သဂျီးပြောသလို….ရွာထဲ မှာ ပြန်ဝေမျှပါဦးနော် ။ ဖတ်ပြီးရင် ။
    ကိုယ် ဝယ် သိမ်းဖြစ်မယ် ့စာအုပ်လေးပါပဲ။
    အခု မင်းပြောပြမှ သိတာပါ ။ကျေးဇူးပါပဲ.။

Leave a Reply