စ, လယ်, ဆုံး

thit minSeptember 20, 20111min11112

(ကဗျာအစ)

စားပွဲပေါ်ကအတွေးတွေ

အောက်မကျသေးခင်

ကဗျာတပုဒ်ဆင်ခဲ့တယ်။

 

(ကဗျာအလယ်)

ဒိုက်လိုရှုပ်တဲ့စိတ်ကနေ

အမှိုက်လိုမဟုတ်တဲ့ ကဗျာတွေမွေး

အဝေးအနီး အသေးအကြီးနဲ့ပြ

ပန်းချီကားတချပ်လို

ဆေးစိုစိုနဲ့စိတ်ကချယ်

နမိတ်ပြသွယ်ထား

နယ်ထားတဲ့စကားလုံးများနဲ့ဘောင်ခပ်

အတောင်တပ်ပြီးပျံတော့မတတ်

တဖျပ်ဖျပ်လန်းနေတဲ့ကဗျာလေး

မဟာသွေးကင်းကင်း

ဘယာဘေးရှင်းရှင်း

အပြစ်ကင်းစွာ ချစ်ခြင်းဖြာတဲ့

အို…. ဗျ ကျနော်သစ်မင်းရဲ့ကဗျာ…………..က

 

(ကဗျာအဆုံး)

မသွားလဲရောက်..သွားလဲရောက်

ဘဝခရီးတွေပေါက်ခဲ့ပြီ

မတွေးလဲဆွေး..တွေးလဲဆွေး

ငိုကြွေးခြင်းတွေစုံခဲ့ပြီ

လိုလဲမရ..မလိုလဲရ

ဒုက္ခတွေလဲကြုံ ခဲ့ပြီ

မမှားလဲခံမှားလဲခံ

“ဝဋ်ကြွေးပြန်”လဲဆပ်ခဲ့ပြီ…….မို့

လေညှင်းဆော့သွေး

ငှက်ကတေးဆို

ပင်ညောင်ညိုအောက်

ရေချမ်းသောက်ပြီး

ဒီခရီးဆုံး

အမုန်းဇာတ်သိမ်း

ငြိမ်းချမ်းရေးလေး

ပေးပါနော်။။။။။။။

(TM)

12 comments

  • pooch

    September 20, 2011 at 9:43 pm

    မလွမ်းလည်းငို… လွမ်းလည်းငို…
    တားလည်းမရ …. မတားလည်း မရ….
    စီးမရ တားမရ ဒီမျက်ရည်တွေ…..
    ဒီဘဝလည်း ငို….. ဟိုဘဝလည်းငို….
    ဒီဟာလည်းမရ …..ဟိုဟာလည်း မရ….
    ဖြည့်လို့ မပြည့်တဲ့ လိုအင်တွေ….
    သံသရာ အဆက်ဆက်လေ….

  • weRone

    September 21, 2011 at 10:03 am

    လန်ထွက်နေတာပဲ.. ဘာရေးလို့ ရေရမှန်း မသိလို့ ဘာမှ မရေးတော့ဘူး.. 😀

  • thit min

    September 21, 2011 at 11:06 am

    လန်ထွက်လို့
    အကြံခက်ရင်
    (ရှိခဲ့တဲ့)
    ဒဏ်ချက်ကို
    ဟန်ချက်နဲ့ထိ
    ငြှိသွားတဲ့အတွေး
    ကဗျာရေးပေါ့၊
    မဒီကညာအလန်း
    ဝီ အာ ဝမ်း ရဲ့။

  • Shwe Ei

    September 21, 2011 at 11:41 am

    ဘယ်နဲ့ ငြိမ်းချမ်းရေး ဒီမှာလာတောင်းနေရတာတုန်း။ မှားနေဘီထင်ဒယ်။ ;))

    • thit min

      September 21, 2011 at 11:48 am

      မှားနေတာနေရာမဟုတ်ပါဘူး။ ရှူ့ထောင့်မတူတဲ့သဘောပါခင်ဗျ။
      ကို/မ ရွှေအိကြည့်တဲ့အန်ဂယ်ပါခင်ဗျ။
      ဘဝဇာတ်ဆရာနဲ့စကားပြောတဲ့ကဗျာသာလျှင်ဖြစ်ပါကြောင်း။

  • windtalker

    September 21, 2011 at 1:31 pm


    လယ်
    ဆုံး
    အဘ ဘယ်တုန်း
    ညမယ်ပြုံး
    ……

    • thit min

      September 21, 2011 at 2:13 pm

      အမှူမှန်ကဒီမှာပေါ်ပြီဗျို့အိုင်ပီရေ…..
      လေးသိန်းလွှဲပေမဲ့
      လေးသောင်းပဲရတယ်ဆိုတဲ့
      ငွေပျောက်မှုကြီးကို
      တရားခံကဒီမှာလာပြီးဖြောင့်ချက်ပေးနေပြီဗျို့…..
      …………..”ညမယ်ပြုံး” ကိုရှေ့ဆက်ရင်…….
      ………….”သုံးသိန်းခြောက်သောင်း သုံး” နဲ့
      ကိုက်နေလေတော့ တရားခံဘယ်သူဆိုတာ
      လယ်ပြင်မှာ… ကျားသွားသလို ….ကားယားကြီးပေါ့နော်။
      ဟဲဟဲဟဲ…..
      (အချစ်ကိုဘယ်လိုပြောရမယ်၊……..အချစ်ကိုဘယ်လိုပြော… ဟော…ဟော… ရမယ်)
      မှတ်ချက်။ ။အချစ်=ကိုဝင်းတော်လခါ၏အိမ်သူသက်ထား)
      ကိုးကားရည်ညွှန်း။ ။”windtalker says:
      အချစ်ဆိုတာ မောင်ပေ က သူ ့မိန်းမ ကို ခေါ်တဲ့ နာမည်ပေါ့
      မောင်ပေ က သူ ့ကို သိပ်ချစ်တော့ အချစ်လို ့ခေါ်တာပေါ့နော်…

      ဪ….မောင်ရင်ငပေမိုက်ကန်းသည်(ကျော်ဟိန်းကား)

      ခင်မင်စွာဖြင့်
      TM

      • windtalker

        October 22, 2011 at 9:28 pm

        အရေးထဲ
        ဦးလန်ဘား ကို
        ဦးထိပ်ပြောင် က ပြန်ပြီး “ချရာ” လုပ်နေပါတယ်ဗျို ့
        ဦးလန်ဘား နှင့် ဦးထိပ်ပြောင် ဆိုသည် မှာလည်း
        ဦးစံရှား နှင့် ဦးသိန်းမောင် ကဲ့သို ့ရွာသာယာ အတွက် ရွပ်ရွပ်ချွံချွံ
        အထူးစုံထောက်များ ဖြစ်ကြလေတော့သတည်း။

  • thit min

    October 23, 2011 at 9:30 am

    သဘောပေါက်ပါပြီဗျာ။
    နောက်မပြောတော့ပါဘူးနော။
    အမှုကိုပိတ်သိမ်းလိုက်ပါသည်ပေါ့ဗျာ။(^^)

    • windtalker

      October 23, 2011 at 1:18 pm

      မဟုတ်သေးပါဘူး အကစ်သို ရယ်
      စတာပဲ ဥစ္စာ
      နောက်လာမယ့် ပို ့စ်တွေမှာ
      ဦးလန်ဘား ပါတနာ ဦးထိပ်ပြောင် အဖြစ်
      အကစ်သို ကို အဖော်ခေါ်ပြီဗျို ့

      • thit min

        October 23, 2011 at 1:58 pm

        ဟားဟား လွဲပြန်ပြီ။
        အမှုသစ်တွေဖော်ထုတ်ဖို့ကပူးပေါင်းကြတာပေါ့။
        သုံးသိန်းခြောက်သောင်း ကေတီဗီညောင်းတဲ့ အမှုရှိခဲ့ရင် နားလည်မှုနဲ့ မျိုးချစ်တရားခံတယောက်ကိုလွှတ်ပေးပါမယ်၊
        အမှုကိုလည်းပိတ်သိမ်းမယ်လို့ပြောတာလေဝေ့။ဟဲဟဲ(^^)

  • (စ)
    ဘဝဆိုတဲ့ဟာကြီးထဲကို
    ကိုယ်ဆန္ဒမပါ
    ကိုယ်နဲ့မသိတဲ့
    လူသားနှစ်ဦးက
    လက်တွဲညီညီ ခေါ်ဆွဲ
    အူဝဲ ဆိုတဲ့သီချင်းနဲ့ဝင်မ်ိခဲ့ပေါ့။

    (လယ်)
    သံသရာဆိုတဲ့ဟာကြီးထဲ
    ဘာမှရေရေရာရာ မသိဘဲလည်
    အတွေးတွေလည်
    လူတွေလည်
    ရုပ်လည်းလည်
    နာမ်လည်းလည်
    ကမ္ဘာကြီးကလည်း ဝင်လို့လည်
    ရှိသမျှအကုန်လည်
    လည်ပြီးရင်းလည်လို့ဝခါမှ

    (ဆုံး)
    ဗြုန်းကနဲ့စက်ရပ်
    အကြာကြိးလည်ပြီးမှရပ်ချင်ရပ်
    ခဏလေးလည်ပြီးရပ်ချင်ရင်
    သူရပ်ချင်သလိုရပ်
    အကန့်အသတ်ဆိုတာသူ့မှာမရှိ
    သူ သူ ကိုယ်ကိုယ် ဘယ်သူမဆို
    နောက်ဆုံးစက်ရပ်ချိန်မှာတော့
    ရပ်သူက မငို်
    ဘဝဝဲဩဃထဲ တဝဲဝဲလှည့်ဘို့
    ကျန်နေသူတွေကငို
    ငို ငို ငို ငို ……………………….
    ဒိလိုနဲ့
    စ လယ် ဆုံး သုံးပါးညီပြီဆိုရင်
    နောက်တစ်ခါ အသစ်တခုစ
    ဒါနဲ့ဘဲဘယ်တော့ မှ မပြတ်တဲ့သံသရာကြီးထဲမှာ
    …………………………..

Leave a Reply