ကြုံရဆုံရ ၊ ဘဏ် တဲ့ဗျ

မောင် ပေSeptember 20, 20111min22018

ဒီစာကို မရေးခင်

ကိုကြောင်ကြီး ကို လန် ့တယ် ဗျ ။

ကျွန်တော့် စာကို ဖတ်ပြီးရင်

“ လွှတ်တော် ကို သွားတိုင် ” လို ့ပြောမှာ သိနေလို ့ပါ

ဟဲဟဲ…..

လွှတ်တော် ကို ဘယ်လို တိုင်ရမလဲ မသိဘူး ။

ကျုပ်ရေးမယ့် ကိစ္စ က လွှတ်တော် တိုင်ရလောက် တဲ့ အထိ လဲ မဟုတ်ဘူး ဗျ ။

ဘဏ်တွေမှာ ချစ်စရာကောင်းအောင် အလုပ်လုပ်ကြပုံလေး တွေ ၊ လေးစားစရာ အပြုအမူ လေး တွေ ၊

ထပ်သွားပြီးရင်း သွားချင်လောက်အောင် ကို ဝန်ဆောင်မှု ကောင်းပုံလေး တွေ ကို ရေးပြချင်တာပါ ။

ဘဏ်ဥက္ကဌ လို လူကြီးပိုင်း ကို အကြံပြုစာ ပေးပို ့ရမယ့် အဖြစ်မျိုးပါ ။

နို …့လိပ်စာ မှ မသိတော့ ၊ ဂေဇက် မှာပဲ ပြန်ဖောက်သည် ချ လိုက်ပါတယ် ဗျာ ။

ရွာထဲ မှာ ဘဏ်အရာရှိ များရှိခဲ့ရင် ၊ စာဖတ်သူ ထဲ မှာ ဘဏ်အရာရှိများ ပါခဲ့ရင် ရေးရကျိုးနပ်ပါတယ် ။

ဒီလို ဗျ..

ဖြစ်ပုံလေးက…

ဆွာ မြို  ့မှာ ၊ ပုဂ္ဂလိက ဘဏ် ၊ အစိုးရဘဏ် မရှိဘူး မှတ်တယ် ။

ဘာလို ့လဲ ဆိုရင် ၊ ဆွာမြို  ့က နေ ပိုက်ဆံ လွှဲချင်တဲ့ သူတွေ ဟာ တောင်ငူ ကို သွားလွှဲရတာမို ့ပါ ။

တစ်ရက် က ဆွာမြို  ့က စီးပွားရေးသမား တစ်ယောက် ဟာ မန်းတလေး မြို  ့ကို ငွေလွှဲဖို ့အတွက် ၊ တောင်ငူ မြို  ့ကို လာခဲ့ပါတယ် ။

တောင်ငူ ကို ရောက်တော့ ၊ ခါတိုင်းလို ၊ သူ ငွေလွှဲနေကြ ၊ မြန်မာအရှေ  ့တိုင်းဘဏ် ၊ MOB လို ့ခေါ်တာပဲ ။

အဲဒီ ဘဏ်ထဲ ကို ဝင်ပြီး မန်းတလေး မြို  ့ကို ငွေလွှဲဖို ့ စီစဉ်ပါတယ် ။

ဘဏ်က ဝန်ထမ်းကောင်မလေး တွေ ခဗျာလည်း တော်တော့်ကို အလုပ်များ ၊ ဦးစား ( အုန်းစား ) နေတယ် ထင်ပါရဲ  ့။

ဘယ်လို ဖြစ်သလဲ ဆိုရင်…

ဆွာသမား က လူ ၆ ဦး အတွက် ၊ မတူညီတဲ့ ငွေပမာဏ တွေ ကို လွှဲဖို ့ပြောပါတယ် ။

ဥပမာ မောင်နီ  ့ကို ၁ဝ သိန်း ၊ မောင်ဖြူ  ့ကို ၅ သိန်း .. စသည်ဖြင့်ပေါ့လေ ။

ဖြစ်ချင်တော့…သူ ငွေလွှဲတဲ့ ၆ ဦးထဲ မှာ ၊ ကံထူးသွားသူ က မောင်ပေ ရယ်ပါလေ ။

မောင်ပေ့ ကို ၄ သိန်း ကျော် လွှဲဖို ့သူ စာရင်းနဲ ့ပိုက်ဆံ နဲ ့အတိအကျ ၊ ဘဏ်စာရေးမ ကို အပ်ပါသတဲ့ ။

သို ့သော်လည်းပေါ့လေ….ဘဏ်စာရေးမ ခဗျာလည်း ၊ အလုပ်ကများလွန်းတော့ စိတ်ရှုပ်စွာနဲ ့ပေါ့ ၊ဖြစ်သလို  စာရင်းသွင်းကာ ၊ ငွေတွေ ပိုနေတယ် ဆိုပြီး ၊ ခပ်တည်တည် နဲ ့ ၊

ဆွာသမား ကို ပြန်အပ်သတဲ့ ဗျာ ။

လူ ၆ ယောက် ကို ငွေလွှဲတဲ့ ကိစ္စ မှာ ၊ မောင်ပေ တစ်ယောက် ပဲ ထူးထူးခြားခြား ကံစမ်းမဲ ထပေါက်ခြင်းပါ ။

ဆွာသမား က လည်း အူကြောင်ကြောင် နဲ ့၊ သူ  ့တာဝန် ပြီးပြီပေါ့လေ ၊ လွှဲစရာ ရှိတဲ့ ငွေလွှဲပြီး ပြီပဲ ၊ ခရီးကလည်း ဝေးတာကလား ။

ပိုငွေ များ ကို ယူပြီးသကာလ ၊ ဆွာမြို  ့ကို ပြန်ပါလေရော ။

မန်းတလေး ရှိ ၊ မောင်ပေ့ ဘောစိ ကတော့ ၊ ငွေလွှဲဝင်တယ် ဖုန်းလာတော့ ၊ မောင်ပေ့ကို ၄ သိန်းကျော် သွားထုတ်ဖို ့အမိန် ့ ရှိလာသပ ။

သူ  ့ဆန်စားရဲမှ ဆိုသလို ၊ နေပူကြီးထဲ မောင်ပေ့ ခဗျာ ၊ အပြေးလေး လှုပ်ရှားရတာ ပေါ့ ။

ဘဏ်ရောက် ၊ စာရွက် မှာ ဖြည့်စရာ ရှိတာ ဖြည့်ပေးပြီး ၊ ပိုက်ဆံ လည်း ထုတ်ရော ၊ ငွေက ၄ သောင်းပဲ ရလို ့၊ ပြန် အတွန် ့တက်တော့ ၊

၄ သောင်းကျော် ပဲ လွှဲလိုက်တာမို ့၄ သောင်းကျော်ပဲ ထုတ်လို ့ရမည့် အကြောင်း ၊ ရှင်းပြလာပါတယ် ။

ဒါနဲ ့ဘောစိ ဆီ ကို အကျိုးအကြောင်း ၊ ဖုန်းပြန်ဆက်တော့ ….

ဘောစိ က “ ရစရာ ရှိတာက ၄ သိန်းကျော်ကွ ”  တဲ့ ၊

ဒါနဲ ့ဘဏ်စာရေးမလေး ကို သေချာအောင် ပြန်မေးတော့ ၊ ဆရာမ စိတ်ကို သွားဆွမိပြီပေါ့ ၊

သူ ့ဘဝမှာ တစ်ခါမှ မမြင်ဖူးတဲ့ ဂြိုဟ်သား တစ်ကောင် ကို တွေ ့လိုက်ရသလို ၊ ပြူးတူး ပြဲတဲ လုပ်ပြပြီး ၊ ငွေလွှဲ စာရွက်ကလေး ကို ဖတ်ခိုင်းပါတယ် ။

ဒါနဲ ့…ဖတ်ကြည့်လိုက်တော့ ၊ ဟုတ်ပါတယ် ၊ လွှဲလိုက်တာ ၄ သောင်းကျော် ပါပဲ ။

ဒါနဲ ့…မောင်ကြီး လက်လျှော ့ပြန်ခဲ့ရတာပေါ့ ။

ဘောစိ ဆီ ရောက်တော့မှ ၊ ဘောစိ က ၊ “ ဟုတ်တယ်ကွ..၊ တောင်ငူ က ဘဏ်စာရေးမ က မှား မှတ်လို ့ ၊ ဒီလို ဖြစ်သွားတာပါတဲ့ ”

“ ဪ… ” လို ့ပဲ တိတ်တခိုးလေး သက်ပြင်းလေး ချ ပြီး ၊ ဘယ်သူ ့ကို သွားအပြစ်တင်ရမှန်းကို မသိလိုက်ရအောင်ကိုပါ ။ ဟက်ထိသွားတာ ။

နောက်တစ်ဘဏ် က တော့ အင်းဝ  ဘဏ်ပါနဲ  ့မြဝတီ ဘဏ် ပါ ။

စစ်တပ် က ရှယ်ယာ ပါတယ် ဆိုလား ပဲ ။ ထား…

အင်းဝ ဘဏ် တို ့မြဝတီ ဘဏ် တို ့မှာ ငွေလွှဲထုတ်ရတော့မယ် ဆိုရင် ။

မောင်ပေ့ အလုပ်က တော်တော်လေး ရှင်းမှ ၊ အလုပ် အားမှ ၊ သွားထုတ်ပါတယ် ။

သွားမယ် ဆိုရင်လည်း တင်ကြို ပြင်ဆင်မှုတွေ လုပ်သွားပါတယ် ။

အဲဒီဘဏ်တွေ ကို သွားမယ် ဆိုရင် လည်း ယပ်တောင် တစ်ချောင်းတော့ ခါးကြားထိုးသွားပါတယ် ။ ဖတ်စရာ ဂျာနယ် ၊ မဂ္ဂဇင်း တစ်ခုခု ယူသွားပါတယ် ။

အင်းဝ ဘဏ် က အဲကွန်း မရှိပါဘူး ။ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းရေး ကို အထူးအလေးထား ဂရုစိုက်ပုံ ပါပဲ ။

မြဝတီ ဘဏ် ကြ အဲကွန်း က မအေးပါဘူး ။ တပ်ထားတဲ့ အဲကွန်းတွေ က ရောင်းဖို ့ရှိုးပြထားသလား အောက်မေ့ရပါတယ် ။

ထား…

အင်းဝ ဘဏ်နဲ ့မြဝတီ ဘဏ် ကို ပြန်ယှဉ်မယ် ဆိုရင် ၊

မြဝတီ ဘဏ် က နဲနဲပိုသာ ပါတယ် ။ ဘာယှဉ်တာလဲ ဆိုရင်…ဝန်ထမ်းတွေ အလုပ် လုပ် ဖို ့အချိန် ယူတာကိုပါ ။

ဘယ်လို လုပ်ကြတာလဲ ဆိုရင်…ငွေလွှဲထုတ် ဖို ့လာပြီဆိုရင် ၊ ထိုင်ဖို ့နေရာပေးပါတယ် ။ ( တော်သေးပါရဲ  ့၊ ထိုင်စရာ နေရာလေးတော့ ပေးလို ့)

ပြီးရင်…သက်ဆိုင်ရာ ဖိုင်တွဲ တွေ ကို တစ်ရွက်ချင်းစီ ၊ သေချာ လှန်ပါတယ် (စာရွက်) ။

နာမည် ၊ မှတ်ပုံတင် တူနေတာကို တွေ  ့ပြီ ဆိုရင်တောင် ၊ မှတ်ပုံတင် ထဲ က ပုံ နဲ ့အပြင်မျက်နှာ နဲ ့ကို သေချာစွာ တစ်ချက် ကြည့်ပါတယ် ။

( မှတ်ချက် ။ ။ မောင်ပေ့ ကို ဆိုလျှင် ပြုံးတုံ ့တုံ  ့ဖြင့် ကြည့်လေ့ ရှိပါသည်  🙂 )

ပြီးရင် နာမည် ၊ မှတ်ပုံတင် အမှတ် ၊ နေရပ် ဖြည့်ပေးရပါတယ် ။ ဖြည့်ပြီးရင် ငွေထုတ်ကောင်တာ နားမှာ သွားထိုင်ဖို ့ပြောပါတယ် ။

ဒါဆိုရင် သေချာပါပြီ ၊ ပါလာတဲ့ ဂျာနယ်၊မဂ္ဂဇင်း ကို စိတ်အေးလက်အေးသာ ထိုင်ဖတ်ပေတော့ လို ့မပြောရုံ တစ်မယ်ပါပဲ ။

ဂျာနယ် တို ့မဂ္ဂဇင်း တို ့မပါလာရင်တော့ ၊ ထိုင်ငိုက်ချင် ငိုက် ၊ တောင်တွေး မြောက်တွေး တွေးချင် တွေးပါ ။ မိနစ် ၃ဝ ခန် ့အချိန်ကောင်းကောင်းကြီး ရပါတယ် ။

အင်းဝ ဘဏ်ဆိုရင် ၊ သေချာပေါက် နာရီဝက်  ကျော်ပါတယ် ။

ရံဖန်ရံခါ ၊ ဝန်ထမ်းလေး တွေ ဝန်ထမ်းကြီးတွေ အချင်းချင်း ၊ အလာပ သလာပ (အတင်းတုတ်) ပြောချိန် နဲ ့တိုးရင်…တစ်ရေးအိပ်လောက်စရာ ရပါတယ် ။

ကဲ..ဒီလောက်ဆို ၊ အဲဒီဘဏ်တွေ ကို သွားဖို ့ကြုံ လာခဲ့ရင် ၊ ဘယ်လို သွားသင့်သလဲ ဆိုတာ စာဖတ်သူများ သိကြပါပြီနော် ။

အဲ..တစ်ခု ကျန်သေးတယ်ဗျ ။

မောင်ပေ က ဝန်ထမ်းဆိုတော့ က ၊ ဘောစိက ခိုင်းလို ့ ၊ ငွေလွှဲ ဖို ့ကိစ္စရှိလို ့ဘဏ်ကို သွားပြီ ဆိုရင် ၊ ရောက်တဲ့ ဘဏ်တိုင်းက ပိုက်ဆံရေမယ့် ကိုကို ၊ မမ များကို အထူး တောင်းပန်ရပါတယ် ။

မတော်မတဲ့ ၊ ချော်ချဲ  ့လို ့ ၊ လွှဲဖို ့အပ်လိုက်တဲ့ ပိုက်ဆံ ထဲ မှာ ၊ အတုများ ပါလာခဲ့ရင် ၊ စိတ်မြန်လက်မြန် ဆွဲ မဖြဲလိုက်ဖို ့၊ အနူးအညွတ်တောင်းပန်ရပါတယ် ။

“ အမ တို ့ အကိုတို ့ရယ် ၊ အတုရယ်လို ့များ တွေ  ့လို ရှိရင်…ကျေးဇူးအထူးပြု ပြီး မစုတ်ဖြဲလိုက်ပါနဲ ့နော် ၊ ကျွန်တော် က ဝန်ထမ်းဆိုတော့..၊ အတု မို ့ဖြဲလိုက်ကြောင်း ပြန်ပြောရင် မယုံမှာ စိုးလို ့ပါ ၊ ကျွန်တော့် လခထဲ က အဖြတ်ခံ ရမှာ မို ့ပါ ဗျာ ၊ ကျေးဇူးပြုပြီး ၊ အတု များ တွေ ့ခဲ့ရင်..ကျွန်တော့် ကို ပဲ ပြန်ပေး..ပေးပါ နော် ၊ ကျွန်တော် တစ်ရွက် လဲပေးပါ့မယ် ”

ဆိုပြီး…မနည်း တင်ကြို တောင်းပန်ထားရပါတယ် ။

တစ်ခါကြုံဖူးလို ့ပါ ။ ငါးရာကျပ်တန် စည်း ငါးသိန်း ကို ပိုက်ဆံ ရေဖို ့ပေးလိုက်တာ ၊ ဆရာ..ဆရာမ များ က အတုပါတယ် ဆိုပြီး ၊ ကိုယ့်ရှေ  ့မှာတင် ၊ လေးရွက်လောက် စုတ်ဖြဲ ပစ်လိုက်တာ ကို မျက်မြင် ကြုံ ရဖူးလို ့ပါ ။

အခု နောက်ပိုင်း ကြတော့ တစ်ထောင်တန် ၊ ငါးထောင် တန် ကြ ပိုတောင်းပန် ရတာပေါ့ ။

သေချာလေး တင်ကြို တောင်းပန်ထားရင် ၊သူတို ့ခဗျာ လည်း နားလည်မှု ရှိရှာပါတယ် ။

ဟုတ်ကဲ့…..အဲဒီလိုလေးတွေ ကြုံခဲ့ဖူးရကြောင်း ၊ မောင်ပေ့ အဖြစ်အပျက် များ ကို ပြန်ဖောက်သည် ချ လိုက်ပါတယ်နော် ။

တစ်ကယ်လို ့..ကျွန်တော့်ပို ့စ် က စာဖတ်သူ အတွက် ဘာမှ မရ ၊ ဘာမှ အသုံးမတည့် ဘဲ ပျင်းစရာသပ်သပ် ဖြစ်စေခဲ့ရင် ၊ ဆောရီးပါ ဗျာ  ။

—————————— အားလုံးကို ကျေးဇူးတင်ပါသည် ——————————

 

18 comments

  • winer

    September 20, 2011 at 9:49 pm

    ဘဏ်ကိစ္စ ဆိုလို့ သတိရသေးပါတယ်
    သံတွဲမြို့ မွေးမြေူရေးနဲ့ရေလုပ်ငန်းဘဏ် က စာရေးမတစ်ယောက်လုပ်ချလိုက်ပုံကတော့
    ရန်ကုန်ကလွှဲလိုက် တာက ၂ သိန်း
    ငွေလွှဲလာယူ တဲ့ သူကို ထုတ်ပေးလိုက်တာက သိန်း၂ဝ တဲ့
    လာထုတ်တဲ့သူတွေကလဲ ခပ်တည်တည်နဲ့ ယူသွားပါလေရောတဲ့ဗျာ
    ဘဏ်ထဲမှာလဲ ပွက်ပွက်ညံသွားတယ် တော့ကြားမိပါတယ်
    စရင်းမှားလွှဲငွေပို ကို သွားတောင်းကြတယ်လို့တော့ကြားမိပါတယ်
    ဘယ်လို ဆက်ဖြစ်တယ် ဆိုတာတော့ မစုံစမ်းကြည့်ဖြစ်သေးလို့ မသိရသေးပါ……….။

  • koyinmaung

    September 20, 2011 at 9:54 pm

    ကျေးဇူးတင်ပါတယ်မောင်ပေရယ်
    ဘတို့လဲ ဆောင်ရန်ရှောင်ရန်လေးတွေသိရတာပေါ့….

  • unclegyi1974

    September 20, 2011 at 11:09 pm

    သေချာအောင်နေကြာစိုက်တာနေမှာပါမောင်ရယ်
    မှားသွားရင်၂ဦး၂ဖက်မကောင်းဖူးလေ
    အထူသဖြင့်ဖောက်သည်ကိုကောင်းစေချင်လို့ပါကွယ်
    နားလည်ပေးနော်

  • kai

    September 21, 2011 at 6:26 am

    မြန်မာဘဏ်တွေ..ငွေစာရင်း..အလွှဲအသွင်းကို.. လယ်ဂျာစာအုပ်..တယ်လီဖုန်းနဲ့..လုပ်တာလား.. ကိုယ်ပိုင်အင်ထရာနက်..နက်ဝပ်ကွန်ပျူတာနဲ့ လုပ်တာလား..သိချင်သား..

  • forever

    September 21, 2011 at 8:59 am

    ဘဏ်နဲ.တော.ဘာမှမပတ်သက်ပါဘူး
    ဒါပေမယ်.သူတို.ဘက်ကရှေ.နေလိုက်ပေးလိုက်အုံးမယ်
    ဘဏ်တွေငွေလွဲပို.ရင် fax ခပါထည်.ယူတယ်
    fax နဲ.ပို.တာဆိုတော. မှားစရာတော.မရှိဘူး
    ငွေလက်ခံတဲ.ဝန်ထမ်းကမှားရေးအုံးတော.
    ကွန်ပြူတာနဲ.ပရင်.ထွက်လာတဲ.ငွေပို.လွာကို
    ပို.တဲ.လူကိုပြန်စစ်ခိုင်းတာပါ..
    တခုခုလွဲနေပါပြီ…..

    • နွယ်ပင်

      September 21, 2011 at 11:37 am

      ဟုတ်တယ် မေပေါင်ရေ forever ပြောတာမှန်ပါတယ်
      တောင်ငူ က ဘဏ်စာရေးမ က မှား ပြီး ရေးတယ်ထားဦး
      ဆွာက ငွေလွှဲတဲ့သူက ကွန်ပြူတာနဲ.ပရင်.ထွက်လာတဲ.ငွေပို.လွာကို
      ပြန်စစ်ဆေးရင် မှားကြောင်းတန်းသိမှာပါ . ဒါကတော့ ဆွာက ငွေပို့တဲ့သူ
      ဘက်က နည်းနည်းလို အပ်သွားတယ်ထင်တယ် ……

      • windtalker

        September 21, 2011 at 12:30 pm

        ဒီလိုရှိတယ် ဗျ
        ဆွာသား က
        မန်းတလေး က လူ၆ ဦးကို ငွေလွှဲဖို ့အတွက်
        စာရင်းစာရွက် + ပိုက်ဆံ (သို ့) ငွေ နဲ ့လာတယ်
        ဘဏ်ကို ရောက်တော့
        ငွေလွှဲချင်တယ် လို ့ပြောတယ်
        ဘဏ်က စာရေးမ က ကောင်းပြီ လို ့ပြောပြီး
        ဆွာသား ဆီကနေ စာရင်းစာရွက် ကို ယူပြီး
        ငွေလွှဲဖို ့စာရွက်စာတမ်း ဖြည့်တယ်
        ဥပမာ ဆိုရရင်
        “ ဆွာသမား ရဲ ့စာရွက်မှာပါတဲ့ စာရင်း က
        မောင်မှေး + မှတ်ပုံတင်အမှတ် + နေရပ်လိပ်စာ +ဖုန်း + လွှဲမယ့် ငွေပမာဏ
        မောင်အေး+ မှတ်ပုံတင်အမှတ် + နေရပ်လိပ်စာ +ဖုန်း + လွှဲမယ့် ငွေပမာဏ
        မောင်သေး+ မှတ်ပုံတင်အမှတ် + နေရပ်လိပ်စာ +ဖုန်း + လွှဲမယ့် ငွေပမာဏ
        မောင်ဆေး+ မှတ်ပုံတင်အမှတ် + နေရပ်လိပ်စာ +ဖုန်း + လွှဲမယ့် ငွေပမာဏ
        မောင်လေး+ မှတ်ပုံတင်အမှတ် + နေရပ်လိပ်စာ +ဖုန်း + လွှဲမယ့် ငွေပမာဏ
        မောင်ဝေး+ မှတ်ပုံတင်အမှတ် + နေရပ်လိပ်စာ +ဖုန်း + လွှဲမယ့် ငွေပမာဏ
        ငွေလွှဲမယ့်သူ ရဲ ့နာမည် ၊ နေရပ် ၊ ဖုန်းနံပါတ် ” ….
        လို ့ဆိုပြီး…စာရင်း ပါတာဗျ ။
        ဘဏ်စာရေးမ ရဲ ့တာဝန်က သေချာ ကူးရေးရမှာလေ ။
        သူ အလကား လုပ်ပေးရတာ မဟုတ်ဘူးလေ ( မသိလို ့နော၊ အလကားလုပ်ပေးရတာမို ့များလားလို ့ )
        သူ ရထားတဲ့ ၊ ယူနေတဲ့ လခ က ၊ ဘာလုပ်ဖို ့လဲ လို ့….
        ဘဏ်စာရေးမ ကူးရေးပြီးလို ့ရှိရင် ၊ ငွေလွှဲစာရွက် ၆ စောင်ထွက်လာပြီလေ ။
        ငွေလွှဲချင်တဲ့သူ ရဲ ့ပေးတဲ့ အစီအစဉ်တိုင်း လုပ်ပေးရမှာ က ဘယ်သူ ့တာဝန်များပါလိမ့်… ( မသိလို ့ပါ )
        ဆွာကနေ တောင်ငူ ကို လာပြီး ငွေလွှဲခ ပေး ၊ ငွေလာလွှဲ တဲ့ သူ ရဲ ့အပြစ်တဲ့လား ဗျာ
        လုပ်ကြပါဦး..

        • thit min

          September 21, 2011 at 3:43 pm

          ၁။စ လာကတည်းကတဦးချင်းစီရဲ့လိပ်စာ၊လူအမည်၊လွှဲရမဲ့ငွေသား(စာနဲ့ရောဂဏန်းနဲ့ပါ)
          ရေးထားတဲ့စာရွက်လေးတရွက်စီ ကိုသရေကွင်းနဲ့ပတ်တာမျိုးဒါမှမဟုတ်အိတ်
          ငယ်လေးတခုစီနဲ့ခွဲထားတာမျိုးလုပ်လာရပါမယ်။
          ငွေလွှဲရမဲ့လူများအားလုံးရဲ့စုပေါင်းစာရင်းတရွက်လဲလုပ်လာရမှာပေါ့နော်(အဲဒါကတော့ပါမှာပါ)

          ၂။ငွေစ ပြီးလွှဲရင် Cash ကောင်တာမှာအဲဒီခုနကပတ်ထားတဲ့စာရင်းနဲ့ငွေကိုအဲဒီအတိုင်း
          တထုပ်ချင်းစီတင်ပေးလိုက်ပါ။ကက်ရှာ(Casher)ကတထုပ်ချင်းစစ်ပြီးငွေရေပါလိမ့်မယ်။
          ရှင်းရှင်းလေးပါ။

          နောက်ပိုင်း
          ၃။ငွေလွှဲပြေစာမှာလေးသောင်းပဲရေးထားတာလား
          လေးသိန်းရေးထားတာလားစစ်ရန်လိုပါတယ်၊

          ၄။ငွေပိုနေလိုပါလို့ပြန်ပြောတဲ့အခါမှာ ဘာ
          ကြောင့်ပိုရလဲလို့စစ်ရန်လိုပါတယ်၊

          အားမနာတန်းပြောရရင်ငွေလေးသိန်းနဲ့လေးသောင်းဟာအ
          ပုံကြီးကွာပါတယ်။ရိုးရိုးသားသားဆိုရင်ပြန်ကိုစစ်မိမှာပါ။

          အရပ်ငွေလွှဲ(ဟွန်ဒီ)မှာတောင်မှားခဲလှပါတယ်။

          ဂဏန်းနဲ့ရေးထားတဲ့ ၄၀၀,၀၀ဝ ကို စာရေးမက ၄၀,၀၀ဝ ဆိုပြီးစာရင်းသွင်းပါတယ်။
          ပိုငွေကိုပြန်ပေးပါတယ်။

          အဲဒီမှာ “ဘာလို့ပိုရမှာလဲ”ဆိုပြီး မစစ်တာ ဘာကြောင့်ပါလဲ။

          စာရင်းတခုခုများလွဲနေပါသလား၊ပြန်ကြည့်ပေးပါလို့ဘာလို့မပြောခဲ့တာလဲ…….
          (…………လိုနေတယ်လိုပြောရင် သူစစ်မှာနော်……. အိုကေ?)
          ဘာဘဲဖြစ်ဖြစ်အဲဒီငွေလွှဲတဲ့ .. လူဟာ……………ဒါဆိုရင်

  • ကြောင်ကြီး

    September 21, 2011 at 10:19 am

    လွှတ်တော် မတက်ခိုင်းတော့ပါဘူးကွယ်။ ပြောလည်း လုပ်ပေးရဲမယ်မထင်ဘူး။ သူတို့ရနေတဲ့ လခလေး ဘဏ်စာရေးမက ညစ်ပြီး ထုတ်မပေးရင် ဘယ်နှယ်လုပ်မလဲ။ ေဩာ် ဒုက္ခ ဒုက္ခ ရပ်ကွက်ရုံးစာရေးလောက်တောင် အာဏာမရှိတဲ့ဘဝ (အတိုက်အခံ အမတ်ဆိုသူများကိုပြောပါတယ်)။ ဒီတခါတိုင်ရမှာ အိုင်အမ်အက်ဖ် ကမာ္ဘ့ငွေကြေးရံပုံငွေအဖွဲ့ကြီးကို။ သူတို့က မြန်မာပြည်လာပြီး ဘဏ်စနစ် ပြောင်းဖို့လုပ်ရင် ဂလိုဂလို ဖြစ်နေပါတယ်လို့ အထောက်အထားနဲ့တိုင်ဗျာ…။

  • Foreign Resident

    September 21, 2011 at 11:16 am

    Dear မောင်ပေ
    ( မောင်ပေ့ ကို ဆိုလျှင် ပြုံးတုံ ့တုံ ့ဖြင့် ကြည့်လေ့ ရှိပါသည် )
    I don’t know why, Please explain more. 😛

    • ပေါက်ဖော်

      September 21, 2011 at 4:20 pm

      သဂျီးက ထိပ်ပြောင်တယ်..
      မောင်ပေက နောက်ပြောင်တယ်..
      ဒါကြောင့် တွေ ့တဲ့ ကောင်မလေးတွေက ပြုံးစိစိ ဖြစ်တာ.နေမယ်.
      😀

  • Shwe Ei

    September 21, 2011 at 11:49 am

    MFTB မှာတော့ Donor လွှဲလိုက်တဲ့ ပိုက်ဆံလေး ၁ဝသိန်းကျော် သွားထုတ်တာကို ဘဏ်စာရေးမက မုန့်ဖိုး ၃၀၀ဝလောက်လာတောင်းနေလို့ ၂၀၀ဝနဲ့ဈေးတည့်အောင်မနည်းဆစ်ရတယ်။ တခါဆိုတခါမှတ်သွားရော။

  • aungnng87

    September 21, 2011 at 1:18 pm

    ဘဏ်အကြောင်းကတော့မပြောချင်ဘူး။ အစိုးရဌာနတွေထဲမှာအမုန်းဆုံးကတော့ ဘဏ်ဘဲ။ ကိုယ်ဟာဘယ်ဌာနကိုမှလာဘ်မပေးခဲ့ဘူးဘူး။ ပတ်(စ)ပို့ဌာနတောင်သူတို့သတ်မှတ်ထားတဲ့ငွေဘဲပေးခဲ့ဘူးတယ်။ ကိုယ်လုပ်နိုင်တာမှန်သမျှ ကိုယ့်ဖာသာကိုယ်လိုက်လုပ်ခဲ့တာမို့ ငွေပေးစရာမလိုခဲ့ဘူး။ ဒီဘဏ်ဆိုတဲ့ဌာနကျမှ ကိုယ့်မှာငွေသွင်းလဲပေးရတယ်။ ငွေထုတ်လည်းပေးရတယ်။ သူတို့ဝန်ထမ်းတွေကလည်း ပေးချင်စရာကောင်းလောက်အောင်ဝန်ဆောင်မှုတွေပေးနေကြတာလေ။ အမှန်ကဘဏ်ဆိုတာ ကိုယ်ကခဏ
    ခဏသွားနေကြမို့ လုပ်ထုံးလုပ်နည်းတွေလည်းသိနေပြီ။ သူတို့မကူညီလည်းရနေတာဘဲ။ မသိခင်တုန်းကသူတို့ကူညီတာကျေးဇူးတင်ပါတယ်။ ကိုယ်ကလည်းကျေးဇူးသိတတ်ရတာပေါ့။ ကျေးဇူးကမသိတတ်လို့ကလည်းမရဘူး။ ကိုယ့်အမျိုးကိုက အဲဒီဘဏ်မှာလုပ်နေတာကိုး။သူကအတင်းကျေးဇူးသိတတ်ခိုင်းနေတာဆိုတော့သိတတ်ရတာပေါ့။ ကိုယ်ဟာကိုယ်ဆိုရင်ဒါ သူတို့တာဝန်ဘဲ။ အစိုးရကလခပေးထားတာဘဲဆိုပြီးမသိချင်ယောင်ဆောင်နေလို့ရတယ်။ အခုတော့ကိုယ်ကကျေးဇူးသိတတ်ထားတာဆိုတော့ သူတို့က ကိုယ်ဒီဘဏ်ကိုရောက်လာပြီဆိုတာနဲ့ပြုံး ပြုံး၊ပြုံးပြုံးနဲ့ ကိုယ်နားကပ်လာပြီး အကုန်ကူညီတော့တာဘဲ။ ငွေသွင်းငွေထုတ်အရမ်းတော့မကြာတော့ဘူးပေါ့။ဒါပေမဲ့ကိုယ်လိုချင်တာဒါမှမဟုတ်တာ။ သူတို့ကူညီတော့
    ကိုယ်ကအားနာပြီး ပိုက်ဆံပေးရတော့တာပေါ့။ ရတယ်မကူညီနဲ့လို့လည်းမပြောချင်ဘူးလေ။ အသွင်းလဲပေး၊အထုတ်လည်းပေးနဲ့ စိတ်တော်တော်ပျက်တယ်။ ကိုယ့်ရဲ့ရာဇဝင်ရိုင်းတယ်လို့လဲထင်တယ်။သူတို့ကြောင့်လေ။

  • ဆူး

    September 21, 2011 at 2:40 pm

    MOB ကတော့ တော်တော်နှေးတဲ့ ဘဏ်..
    ချက်ကလေး တရွက်ရလို့ သွားထုတ်ပါတယ်။
    ဒီဘဏ်က ချက်မဟုတ်လို့ တခြားဘဏ်က ချက်ဖြစ်နေလို့ပါတဲ့.. (ဘဏ်နာမည်ချင်းတူပြီး နေရာချင်းကွဲနေတာ) အကြာကြီးမှ အကြီးကြာ စောင့်ရတာ.. အနောက်က ၄ယောက်လောက်က ထုတ်သွားတာပြီးသွားပြီ.. ဘဏ်မှာ ၁နာရီ ခွဲလောက် အသာလေး စောင့်ရတယ်။ စောင့်နေတဲ့ အချိန်အတွင်းမှာလည်း နောက်ထပ် လူမလာဘူး။ အဲဒီ ဘဏ်ရဲ့ စနစ်ကိုက မှားနေတာ ပြင်သင့်နေပြီ။ ဘဏ်မှာ ငွေပေး ငွေယူ လုပ်တဲ့ လူသိပ်မရှိလှဘူး။ ရှိတဲ့လူကိုလည်း အကြာကြီး ထိုင်စောင့်ခိုင်းပြီး လုပ်နေကြတာ.. နောက်ပြီး ဘဏ်ထဲမှာ ဝန်ထမ်း ဦးရေ အယောက် ၂ဝလောက် ရှိတာ တကယ်လုပ်နေတာ ၅ယောက်လောက်ပဲ ရှိတယ် ကျန်တဲ့ လူတွေက လူလာရင် စာရွက်ထုတ်ပြီး နာမည်နဲ့ စာရင်းရေးထားတဲ့ စာရွက်ကို မန်နေဂျာ စားပွဲကို တင်ပေးပြီးရင် ခေါင်းချ အိပ်နေအောက်အောင်ကို အားနေကြတာ.. တော်တော် ကို စနစ်မှားနေတာ.. ပြုပြင် တည်းဖြတ်ပြီး မလိုအပ်တဲ့ ဝန်ထမ်းတွေ ဖြုတ်ပြီး အလုပ်လုပ်တဲ့ ဝန်ထမ်းတွေကို လက်တွဲခေါ်.. ကွန်ပြူတာနဲ့ လုပ်တဲ့ စနစ်ကို တည်ထောင်.. ဒါမှ တိုးတက်မှာ.. လူတွေ ကို ကြည့်လိုက်ရင် ပျင်းရိပျင်းတွဲတွေ ဖြစ်နေကြပြီ။ တော်တော် ကို နောက်ကျကျန်နေတဲ့ ဘဏ်ဖြစ်နေပြီ။ အဲဒီ ဘဏ်က လူတွေ တခြားဘဏ်မှာသာ သွားလုပ်ကြရင်တော့ မချောင်လောက်ဘူး။ ကမော္ဘဇ ဆိုရင် မနက် ၉နာရီ ဖွင့်ပေမဲ့ ၉နာရီ မတိုင်ခင် လူရောက်နေရင်လည်း လုပ်ငန်းမစသေးပေမဲ့ လူပေးဝင်ထိုင်စောင့်ခိုင်းတယ်။ အဲဒီဘဏ်ကတော့ ၉နာရီ ဖွင့်တယ် ဆိုပြီး ၅မိနစ် ၁ဝမိနစ်လောက် နောက်ကျမှ တံခါးဖွင့်တယ်။ ၁၅မိနစ်လောက်နေမှ စာအုပ်တွေ ဘာတွေ နေရာချပြီး လုပ်ငန်းစဖို့ ကြိုးစားတယ်။ ချက်ဆိုရင်တော့ သွားပြီ အိပ်ပြီးသာ စောင့်ပေတော့…

  • search123

    September 21, 2011 at 3:05 pm

    ဒါကြောင့်ဖြစ်မယ်။ရိုးမဘဏ်မှာ ငွေလွှဲမယ်ဆို လက်ခံမဲ့သူရဲ့ information ကို form တစ်ခုနဲ့ရေးပေးရတယ်။ ရေးပေးတဲ့ form ထဲကအတိုင်း computer မှာစာရင်းသွင်းပြီး၊print ထုတ်ပေးတယ်။မှန်၊မမှန်စစ်ပြီး၊သေချာမှ လက်မှတ်ထိုးပြီး ငွေသွင်းရတယ်။

  • forever

    September 21, 2011 at 4:28 pm

    ကျွန်တော်ကဘဏ်တွေနဲ.ဆက်ဆံရတာတော်တော်များပါတယ်
    ဘဏ်တွေအကြောင်းသူများထက်နဲနဲပိုသိလို.ဆွေးနွေးချင်ပါတယ်
    ကိုပေ ပြောတဲ.အကြောင်းထဲမှာပါတဲ.ငွေလွဲတဲ.သူက ငွေလွဲလွာမှာနောက်ဆုံးသူလက်မှတ်
    ၂ချက်ထိုးပြီးမှ ကောင်တာမှာငွေအပ်ရတာပါသူ.မှာတာဝန်အရှိဆုံးပါသေချာစစ်ရပါမယ်
    ဘာလို.လဲဆိုတော.နောင်တချိန် တစုံတခုမှားရင် ငွေလွဲလွာမှာ ရေးထားတာက
    အတည်ဖြစ်လို.ပါ
    ညီမလေးဆူးပြောတဲ.ချက်ကိစ္စကတော. ဘဏ်ချင်းတူပြီး ဘဏ်ခွဲမတူတဲ.ချက်တွေက
    ဒီလိုဘဲစောင်.ရပါတယ် ဥပမာ MOB ရုံးချုပ် မှာဖွင်.ထားတဲ.ချက် ကိုရုံးချုပ်မှာထုတ်ရင်
    ချက်ချင်းရပါတယ် လသာဘဏ်ခွဲမှာသွားထုတ်ရင် အနဲဆုံး နာရီဝက်စောင်.ရပါတယ်
    လသာဘဏ်ခွဲကနေရုံးချုုပ် ကိုပြန် မေးရပါတယ်ဒီချက်မှာ ပိုက်ဆံရှိမရှိထုတ်ပေးလို.ရမရ
    ဟိုဘက်ကအကြောင်းပြန်လာမှ ဒီဘက်ဘဏ်ခွဲကထုတ်ပေးလို.ရတာပါ..
    ရုံးချုပ်က ချက်မဟုတ်ဘဲ လသာဘဏ်ခွဲကချက်ကို လမ်းမတော်ဘဏ်ခွဲမှာ သွားထုတ်ရင်
    နာရီဝက်မကဘူး တနာရီလောက်စောင်.ရပါတယ်

  • etone

    September 21, 2011 at 4:33 pm

    အဲ့ဒီပိုက်ဆံဖြဲတဲ့ ကိစ္စနဲ့ ပတ်သတ်လို့ ..နည်းနည်းတွေးထားတာရှိတယ် … မိမိပို်က်ဆံ အဖြဲ ခံရလျှင်လည်း ပြန်တောင်းယူခဲ့ဖို့ မမေ့ပါနဲ့ … ဘဏ်တွေမှာ ထက်ပိုင်းပြတ်နေတဲ့ ပိုက်ဆံတောင် နှစ်ခြမ်းစလုံးရှိမယ် … ဂဏန်းအစုံပါမယ် .. ကြိုးပါမယ်ဆိုလျှင် … အသစ်နဲ့ ပြန်လဲပေးနေလို့ပါ .. ။ ဘဏ်က မိန်းမတွေ ဖြဲပစ်ပြီး သူတို ့ အသစ်နဲ ပြန်လဲလျှင် သူတို့ အတွက် အောက်ဆိုက် ခိုင်တာကြောင့်ပါ 😛

  • moonpoem

    September 21, 2011 at 4:34 pm

    ဘဏ်၂နဲ ့ဘဏ်၃ကတော့ ဒီနှစ်ဖေဖော်ဝါရီ အထိကျွန်မ သွားတဲ့အခါတိုင်း ငွေစုတဲ့သူတွေလာရင်လယ်ဂျာစာအုပ်ကြီးတွေ လှန်လိုက်နှုတ်လိုက်ဖြည့်လိုက်ပါပဲ။ ကြွက်ကိုက်ပြီး စာအုပ်ပြဲရင်တော့ တာ့တာပဲထင်တယ်နော်ကြောက်စရာပါ။

Leave a Reply