အရင်က မြန်မာပြည်မှာ ကားတွေ ရောက်လာရင် ရောက်ရောက်ခြင်း ကားမှ သာမိုစတက်ကို ဖြုတ်ကြပါတယ်။ သာမိုစတက်ဟာအင်ဂျင်ကိုအေးအောင်လုပ်တဲ့ (Cooling System) ရေလိုင်းကို ပိတ်ထားတာကို တွေ့ရတာကြောင့်ပါ လို့ပြောပါတယ်။ သာမိုစတက် ကို မဖြုတ်ကြဖို့ အကြံပေးချင်ပါတယ်။ ကြိုက်တဲ့သူတွေကတော့ယူကြပါ။ မကြိုက်တဲ့သူတွေကတော့ ကိုယ်ကြိုက်တာ ကိုယ်လုပ်ကြပါ။ ကန့်ကွက်စရာမရှိပါ။

ကားမှသာမိုစတက်ဟာ ရေလိုင်းကို ပိတ်ထားတာကြောင့် အင်ဂျင်စမောင်းမောင်းခြင်းအင်ဂျင် အပူချိန် ကို အလျှင်အမြန်တက်စေပါတယ်။ အင်ဂျင်အပူချိန်တက်လာရင် ရေလိုင်းကို ပိတ်ထားတဲ့ သာမိုစတက်ဟာ ဟ သွားပြီး အင်ဂျင်ရဲ့ အအေးပေးစံနစ်ကို စတင် လည်ပတ်စေပါတယ်။ အအေးပေးစံနစ် ရေရဲ့ လည်ပတ်မှုကို အပူချိန် ၊ သာမိုစတက်နဲ့ ထိမ်းညှိ ပေးထားခြင်းဖြစ်ပါတယ်။ သာမိုစတက်ဟာ အင်ဂျင်ရဲ့အလုပ်လုပ်လို့ကောင်းမဲ့ အပူချိန်ကို အလျှင်အမြန်ရောက်ရှိအောင် အလိုအလျှောက်ထိန်းညှိ ပေးတာဖြစ်ပါတယ်။ သာမိုစတက်ဟာ အင်ဂျင်ရဲ့သက်တမ်းကိုလည်း ရှည်စေပါတယ်။ ကားထဲထည့်မည့်ရေကို ရေသန့်သာ ထည့်သင့်ပါတယ်။ coolant  ကို လည်းထည့်ရပါမယ်။

သာမိုစတက် ရှိတဲ့ကားဟာ စ မောင်းမောင်းခြင်း အပူချိန် တ၀က်နီးနီးကို အလျှင်အမြန်တက်ပြီး တ၀က်ပတ်ဝန်းကျင် ကနေ ဆက်မတက်ပဲ ရပ်နေတတ်ပါတယ်။

တခါတလေ ကားဟောင်းတွေ ကားအင်ဂျင်စစခြင်းနှိုးမရလို့ ပူအောင် မီးရှို့တာတွေကို တွေ့ဘူးမယ်ထင်ပါတယ်။ အင်ဂျင်ဟာ မီးလောင်ပေါက်ကွဲမှုနဲ့ အလုပ်လုပ်တာဖြစ်လို့ အပူချိန်မြင့်ပါတယ်။

ကားရဲ့သက်တမ်းရှည်စေဖို့ကတော် ကီလိုမီတာ ၃၀၀၀ မှ ၅၀၀၀ အတွင်း ၁ကြိမ် အင်ဂျင်ဝိုင်လဲပြီး ဆီစစ် အင်ဂျင်ဝိုင်စစ်တွေလဲပြီး  အမဲဆီထိုး ၊ air cleaner မှဖုန်များ ကို  လေနဲ့မှုတ်ပြီး သန့်ရှင်းရေးလုပ်ပေးရင်ကောင်းပါတယ်။

ဘက်ထရီ အက်ဆစ်လျှော့ရင်လည်း ရေသန့်ကိုသာထည့်ပါ။ ရေသန့်ထည့်တဲ့အခါ High Level  အထိထည့်ပါ။ ထည့်ထားပြီး စက်ခဏနှိုးပြီး charging သွင်းပါ။(အက်ဆစ်ဖြည့်တဲ့ အပေါက် အတွင်း က ကော်ငုတ်ထိရုံဖြည့်ပါ။)

ဘီးလေထိုးရင်လဲ ဘီးမှာပေးထားတဲ့ လေပေါင် စံနှုန်းအတိုင်းထိုးပါ။ ကားဘီး တဘီးနဲ့တဘီး ပေးထားတဲ့ လေပေါင် စံနှုန်း ကွာတတ်ပါတယ်။ ကုန်ကားတွေဆိုရင်တော့ ပေးထားတဲ့လေပေါင်ထက် ပိုထိုး ရပါတယ်။ ကုန်ကားတွေ လေပေါင်လျှော့ ရင် တာယာအသစ်တွေလည်း ပွင့်တတ်ပါတယ်။ စတီးတာယာတွေလည်း လေပေါင် တင်းအောင်ထိုးပါ။ လေပေါင်လျှော့ရင် လမ်းကြမ်းတဲ့ အခါတာယာ ခဏလေးလိမ်သွားတတ်ပါတယ်။ စတီး တာယာသုံးခြင်းဟာ ကားအောက်ပိုင်းတွေကို သက်သာစေပါတယ်။

 

 

 

 

 

 

http://myanmargazette.net/50763/creative-writing/my-thinking-different

——Nature မာတိကာ

 

About nature

has written 52 post in this Website..

THAKHIN CJ #3262011 (5/5/16)