မှားပါစေ မှားဖို့မမှားပါစေနဲ့

tunkhannSeptember 20, 20111min1012

တစ်ခါတစ်လေ လူမှားဖူးတာများ ကိုယ်တိုင်ကြုံဖူးလားမသိဘူး နောက်မှ နှုတ်ဆက်မယ်ကြံတော့ မှားလို့မှားလို့ ဆိုပြီး နောက်လှည့်ပြန်ခဲ့ရတာမျိုးလေးပေါ့

ပြန်တွေးကြည့်တိုင် ပြန်တွေးမိတိုင်း ရှက်သွေးလေးတွေ လေနုအေးလေးနဲ့ ဖြတ်သွားရတာချည်းပဲ အော်ဒုက္ခ ဒုက္ခ မှားတတ်လိုက်တာ တစ်ဖက်လူကို အားတောင်နာမိပါရဲ့ စိတ်များဆိုးသွားလေမလားလို့ တွေးပူလိုက်ရပြန်သေးတယ် မှားခြင်းကြီးစွား မှားတတ်တာမျိုးတော့ မဖြစ်သင့်ပေ။အကျယ်အကျယ်နဲ့ မငြင်းဖွယ်တွေဖြစ်လာတတ်ပါတယ်။

ခုလည်းကြည့်လေ Super Custom ကားလေးနဲ့ မြို့ထဲဈေးဝယ်ထွက်ခဲ့ပါတယ်။လက်ဖက်ရည်လေးသောက်၊မုန့်လေးစားရင်ပေါ့။
ဒီလိုနဲ့ မောင်းလာလိုက်တာ ကြည့်စမ်း ရှေ့က မရယာယီလိုင်စင်နဲ့မဟုတ်လား။
ကိုယ်လို ကားအမျိုးစားလေးတွေ့တော့ ကိုယ်လိုပဲသူ့တို့ ပြဿနာတွေ တွေ့နေမယ်ထင်ပါရဲ့ မေးကြည့်ရအောင်ဆိုပြီး အမီလိုက် လိုက်မိတယ်
။ကြည့်ပါဦး ငယ်ကြသေးတယ်။ဇနီးမောင်နှံ နှစ်ယောက် မေးကြည့်ဦးမှဆိုပြီး ညီမခဏလောက် စကားပြောချင်လို့ ကားရပ်ပေးလို့ဖြစ်နိုင်မလား။စကားတွေတစ်လှေကြီး ပြောဖြစ်ပါတယ်။
အန်တီကလေ ဝန်ကြီးကိုတိုင်မှာ သမီးတို့ကသာ နောက်ကနေလိုက် အန်တီက အဖော်လိုက်စုနေတာ။
ဟယ်…အန်တီနော် သမီးတို့ နေပြည်တော်ထိ လိုက်ပြီးပြီး မဆောင်လို့မရဘူးတဲ့ တစ်ဝက်ပေးတာကိုပဲကျေးဇူးတင်ရဦးမယ်။
မဟုတ်ဘူးသမီးရဲ့ ဒါထုတ်လုပ်သူတွေဆောင်ရမှာ အန်တီတို့ သမီးတို့ ဆောင်စရာမလိုဘူး။
အန်တီ ကားကwithout ဖြစ်သွားမှာပေါ့ မဆောင်ရင်။
သမီးဒါတွေမသိသေးဘူးလား အန်တီတို့မဆောင်ရင် ကားမပြနိုင်ရင် သူတို့ပဲနစ်နာမှာ အကုန်ဆောင်ပေးမှ လက်ခံရမှာသမီးရဲ့။

ကားပေါ်က သူ့အမျိုးသားကဆင်းလာတယ်။
ဘာဖြစ်လို့လည်းအန်တီ ဆိုပြီးဆင်းလာတော့ သူ့အမျိုးသမီးက မသိမသာ လှမ်းပြီး ပေါင်ဆိတ်လိုက်တယ်
ဘယ်သဘောပေါက်မှာလည်း ဒီကရိုးရိုးသားသားလေ။
ကျနော်တို့ထုတ်တဲ့ကားတွေကတော့ တစ်ဝက် သိန်းငါးဆယ်စီဆောင်ရတာပဲလေ လို့ပြောရင် သူ့ခင်မျာ စကားရပ်သွားလေရဲ့။

ကိုယ်လည်း အော်အော်ဆိုပြီး ပြန်တော့မယ်လို့ နှုတ်ဆက်ပြန်ခဲ့လိုက်တယ်။ကားပေါ်ရောက်မှ လင်မယားနှစ်ယောက် ရယ်မိတော့တယ်။
လူမှားတာက မဆိုးဘူး။မှားစရာလူကိုက မှားသွားတာ တစ်ခြားလူဆိုရင်တော်သေးတယ်။
ခုတော့ သူတို့ကထုတ်လုပ်သူတွေဖြစ်နေလေရဲ့။
ကိုယ်ကတော့စေတနာနဲ့ သွားပြောတာပါ။ဘာရည်ရွယ်ချက်မှ မရှိပါဘူး။

2 comments

  • ကြောင်ကြီး

    September 21, 2011 at 10:37 am

    နောက်ဆက်တွဲ သတင်လေးတွေ သိရရင် ရေးပါအုံး။ သဂျီးယောက္ခမကြီးက မြန်မာပြည်မှာ ကားထုတ်လုပ်သူဆိုလားပဲ။ သူနဲ့တွေ့လို့ အဲဒီအကြောင်းပြောမိရင် မျက်နှာမဲ့ရွဲပြီး ခြေဟန်လက်ဟန်နဲ့ ပြောတော့တာပဲ။ ဂေဇက်မှာ လွှတ်တော်ကောင်းကြောင်း တခွန်းပြောရင် စူပါကပ်စတန်တစီး သွင်းရသတဲ့လေ။ အခုတော့ စားပိုးနင့်နေပြီပေါ့။

    • tunkhann

      September 22, 2011 at 9:57 pm

      အကိုရေ အဲဒါ မုံရွာက ဒီဇိုင်နာ ဘုတ်ဘုတ်ပါပဲဗျာ သူ့ခမျာ စေတနားထားတာ နည်းနည်းလွန်သွားတယ်ထင်ပါ့

Leave a Reply