ဘုရားနဲ့ အမျိုးတော်မတော်တော့ မသိဘူး….Devine Ancestry

ဘိုးဘေးဘီဘင်

ဗုဒ္ဓဘုရား မြန်မာလူမျိုးဟုတ်မဟုတ်နဲ့ ပတ်သက်လို့ ကျနော်လည်း ပြောချင်တယ်ဗျို့။ အမှန်တော့ ကမာ္ဘဦးအစ ဖိုမဒွိစုံကနေ အားလုံးပေါက်ဖွားလလို့ ဆွေမျိုးစပ်နီးစပ်တယ်ပြောတာ လက်မခံနိုင်စရာ မရှိပါဘူး။ ဗုဒ္ဓဘာသာအယူမှာ ကမာ္ဘဦးအစ ဗြဟ္မာကြီးလေးဦးက ဆင်းသက်တယ် ဆိုထားတော့ မတူတဲ့ မိဘတွေကနေ ပေါက်ဖွားတယ်လို့ ယူဆနိုင်ပြန်လို့ အားလုံးဆွေမျိုးတော်တယ် တထစ်ချယုံကြည်နိုင်ရန်လည်း ခက်ပါတယ်။ စေ့စေ့စပ်စပ် စဉ်းစားရင် မူလအစ တစုံတွဲပဲရှိရှိ၊ နှစ်စုံတွဲပဲရှိရှိ ဘယ်လိုစဖြစ်လာခဲ့သလဲ အဖြေမရှိ သေးပါဘူး။ ကနဦး ဖို၊မ နှစ်ယောက်ပဲရှိတယ်ဆိုရင် ဖိုမ နှစ်ယောက်စီရော အစကထဲက ဘာပြုလို့ မရှိနိုင်ရမှာလဲ။ ဒီတော့ နှစ်မျိုးစလုံး ဖြစ်နိုင်တယ်လို့ ယူဆပါရစေ။

ပြောလေ့ရှိတဲ့ သာကီမျိုးဟေ့ ဒို့မြန်မာ ဆောင်ပုဒ်အရဆိုရင် ကျနော်တို့သည် ဂေါတမဘုရားနဲ့ ဆွေတော်မျိုးတော်စပ်လို့ ဂုဏ်ယူချင် ဂုဏ်ယူနိုင်ပါတယ်။ အနောက်တိုင်းအယူမှာလည်း ယေရှုသခင်သည် အစ္စရေးလူမျိုးဖြစ်လို့ ဘုရားသခင်က ဂျူးတွေကမာ္ဘမှာ မော်ကြွားနိုင်တာအောင် စောင့်ရှောက်ထားတယ်လို့ ဂမီ္ဘရဆန်ဆန် တွေးကြည့်သူ များစွာရှိတယ်။ ဒီနေရာမှာ ဆွေစဉ်မျိုးဆက် ခုနှစ်ဆက်ဆိုတဲ့ ရှေးစကားကိုလည်း သတိပြုမိပါတယ်။ မျိုးဆက်ခုနှစ်ခု ကျော်လွန်သွားရင် သွေးသားတော်စပ်မှု ကုန်ဆုံးသွားသလား၊ ဆွေမျိုးခုနှစ် ဝမ်းကွဲထက်ပိုပြီး အမျိုးတော်ခွင့်မရှိ ဆိုလိုသလား တခုခုပါပဲ။ နို့မို့ရင် တစိမ်းတရံ မရှိနိုင်တော့လို့ လောက စည်းကမ်းရှိထားခဲ့ပုံ ရပါတယ်။ ဒါဆိုရင်တော့ သာကီဝင်မျိုး ဟုတ်မဟုတ် ဘုရားနဲ့ဆွေမျိုးတော်မတော်ကိစ္စ ရှင်းသွားပါပြီ။ မဟုတ်ပါဘူး၊ မတော်ပါဘူး။

ဒါပေမဲ့ဗျာ ကိုယ့်ထက် တော်၊သိ၊တတ်နေသူများကတောင် လက်သီးလက်ရုံးတန်းပြီး သာကီဝင်မျိုး လုပ်နေကြမှတော့ ကျုပ်လိုပမွှားကောင်လည်း လိုက်ယောင်ကြည့်ချင်ပါတယ်။ ရိုးရိုးနဲ့မတူ တမျိုးတဘာသာ တွေးကြည့်ရရင် ဒေဝဒတ်နဲ့ အမျိုးစပ်မစပ်ဆိုတာပါ။ ဒေဝဒတ်သည် ဘုရားရဲ့ ညီဝမ်းကွဲဖြစ်လို့ သူလည်း သာကီဝင်မျိုးပါပဲ။ ဒီတော့ မိမိနဲ့ တန်ရာတန်ရာ ဆွေမျိုးနီးစပ်နိုင်တာကိုပဲ စဉ်းစားပါမယ်။ (စကားစပ်လို့ပြော ရရင် ဒေဝတ်ဆိုလို့ အထင်မသေးလိုက်ကြပါနဲ့၊ အယူမှားပြီး အဝီစိငရဲကျသွားပေမဲ့ ကျုပ်တို့ခင်များတို့ထက် အဆပေါင်းသိန်းသန်းမက ပါရမီဖြည့်ထားသူပါ။ ငရဲကလွတ်ရင် ဘုရားငယ်တဆူတောင် ဖြစ်မယ်လို့ ဗျာဒိတ်ရှိ ထားပါတယ်။ မာရ်နတ်လည်း ဒီလိုပဲ၊ ပုထုဇဉ်ဖြစ်လို့ မိုက်မိတာပါ။ ဘုရားအလောင်းတော်နဲ့ မဆုံတွေ့တဲ့ ရောက်လေရာဘုံ ဘဝတွေမှာ သူတို့လည်းပဲ စွမ်းစွမ်းတမံ လောကကောင်းကျိုး သယ်ပိုးရွက်ဆောင်ခဲ့ပါတယ်။ ဘုရားအလောင်းနဲ့တွေ့တဲ့ ဘဝအနည်းငယ်မှာသာ မနာလိုစိတ်နဲ့ ပြစ်မှားမိရင်း အထုံပါသွားခဲ့ကြတာပါ။)

အမျိုးစပ်တယ်ထားအုံး ဟိုဖက်ဒီဖက် ရှိနိုင်လို့ သာကီဝင်ဆိုတိုင်း အထင်ကြီးစရာ မရှိပါဘူး။ အခုလို နက်နဲလှတဲ့ ကိစ္စမျိုးဆိုတာ သွေးသားထဲက ပွင့်အန်ထွက်လာတဲ့ အတွေးများ ဖြစ်မှာပါ။ ရွာသားအချို့လည်း  ဆွေးနွေးရင်း ဗုဒ္ဓဘုရားသာနာ မကွဲကွဲအောင် ဦးတည်သလို ဖြစ်နေတာမို့ ရှင်ဒေဝဒတ် အဆက်အနွယ်များ ဖြစ်လေမလားလို့ တွေးမိတယ်။ သူတို့က သက်သတ်လွတ်မစား၊ တောမှာမနေ၊ ဈာန်အဘိညဉ်တန်ခိုးလည်း မယုံဆိုတော့ ယတိပြတ် ပြောဖို့ရန်ခက်ပါတယ်။ ဒီနေရာမှာတော့ ဗုဒ္ဓဘုရား အမျိုးဆိုသူများနဲ့ မထူးပါဘူး။ အများစုက ဘုရားခေတ်ကလို ဝိနည်းမစောင့်၊ သီလမစင်ကြယ်၊ သမာဓိမတည်၊ ပညာမရှိကြတော့ဘူးလေ။ J L

သာကီဝင်ကြောင်ကြီး 😎

18 comments

  • Oakar Bo

    September 21, 2011 at 9:26 am

    ရွာသားအချို့လည်း ဆွေးနွေးရင်း ဗုဒ္ဓဘုရားသာနာ မကွဲကွဲအောင် ဦးတည်သလို ဖြစ်နေတာမို့ ရှင်ဒေဝဒတ် အဆက်အနွယ်များ ဖြစ်လေမလားလို့ တွေးမိတယ်။ သူတို့က သက်သတ်လွတ်မစား၊ တောမှာမနေ၊ ဈာန်အဘိညဉ်တန်ခိုးလည်း မယုံဆိုတော့ ယတိပြတ် ပြောဖို့ရန်ခက်ပါတယ်။ ဒီနေရာမှာတော့ ဗုဒ္ဓဘုရား အမျိုးဆိုသူများနဲ့ မထူးပါဘူး။ အများစုက ဘုရားခေတ်ကလို ဝိနည်းမစောင့်၊ သီလမစင်ကြယ်၊ သမာဓိမတည်၊ ပညာမရှိကြတော့ဘူးလေ။ J L

    ွှအရမ်းလေးစားသွားပြီ MR.BIG CAT- ဒီအပိုဒ်ကို အကြိုက်ဆုံးပဲ။

  • Shwe Ei

    September 21, 2011 at 10:23 am

    အောင်ကြူးက ရှင်ဒေဝဒတ်နဲ့ ဘယ်နှဝမ်းကွဲတော်စပ်ပီး သာကီဝင်ဖြစ်သွားတာပါလိမ့်။ စဉ်းစားစရာဘဲ။

  • weiwei

    September 21, 2011 at 10:45 am

    ငြင်းခုန်ခြင်း အနုပညာပေါ့လေ ….
    ငြင်းရတာ ဝါသနာပါလို့ အတိုက်အခံလုပ်ကြရင်းနဲ့ ဦးတည်ချက်တွေ ပျောက်ကုန်ရော …

    ကိုယ့်ဟာကိုယ်တောင်မှ ဘိုးဘေးဘီဘင်အထိ လိုက်လိုက်တာ နိုင်ငံခြားတွေရောက်ကုန်လို့ အခုတော့ ရပ်ထားလိုက်ပြီး မြန်မာပြည်မှာမွေးလို့ မြန်မာလို့ပဲ သတ်မှတ်လိုက်တော့တယ် …. 🙂

    • akswe

      September 21, 2011 at 11:19 am

      ဝေကုလျံ… ..သေချာပြီလားမြန်မာလို့မှတ်တာ နောက်မှဘွာတေးဆိုပြီး ပြန်မပြေးရဘူးနော်..
      မြကန်သာ ကိုလည်း တရုပ်ဗား ရှင်းဆိုထားသေးတယ်ဆို… မယုံသေးဘူးဗျာ….
      ပရိတ်ကြီးဆယ့်တစ်သုတ်နဲ့ ပဌာန်းကို ( မြန်မာလိုရမယ်ဆိုတာတော့လုံးဝသိတယ်) တရုပ်ဗားရှင်းနဲ့ ပိုစ့်တင်မှ ယုံမယ်..လိုအပ်ရင် ဓမ္မစင်္ကြာ ပါ တရုပ်လို ရွတ်ရမယ်…..
      စတာနော်မဝေ ..

      • weiwei

        September 21, 2011 at 1:07 pm

        တရုတ်ပြည်က စာသွားသင်ရုံသက်သက်ပါ အဘဆွေ … အမျိုးမတော်ပါဘူး …. တော်လဲ မတော်ချင်ပါဘူး … မြန်မာဖြစ်ရတာ ဂုဏ်ယူစရာပါဆိုပြီးတော့တောင် ပို့စ်တင်ဖူးသေးတယ်လေ ….
        ဓမ္မစကြာကို တရုတ်ဗားရှင်းနဲ့ လိုချင်ရင်တော့ ရမယ် … မိတ်ဆွေတစ်ယောက် တရုတ်ပြည်မှာ ဓမ္မစကြာကို တရုတ်လို သီးစစ်လုပ်နေတယ် … တောင်းပေးမယ်လေ …

        နိုင်ငံခြားအထိလို့ပြောတာက အမျိုး ခုနှစ်ဝမ်းကွဲလောက်ကိုပြောတာပါ … 😛

  • koyinmaung

    September 21, 2011 at 11:18 am

    ( မျိုးဆက်ခုနှစ်ခု ကျော်လွန်သွားရင် သွေးသားတော်စပ်မှု ကုန်ဆုံးသွားသလား၊ ဆွေမျိုးခုနှစ် ဝမ်းကွဲထက်ပိုပြီး အမျိုးတော်ခွင့်မရှိ ဆိုလိုသလား တခုခုပါပဲ။ နို့မို့ရင် တစိမ်းတရံ မရှိနိုင်တော့လို့ လောက စည်းကမ်းရှိထားခဲ့ပုံ ရပါတယ်။ ဒါဆိုရင်တော့ သာကီဝင်မျိုး ဟုတ်မဟုတ် ဘုရားနဲ့ဆွေမျိုးတော်မတော်ကိစ္စ ရှင်းသွားပါပြီ။ မဟုတ်ပါဘူး၊ မတော်ပါဘူး။)
    ကိုကြောင်ကြီးရေ ခုမှဘဲရှင်းတော့တယ် ဆွေစဉ်ခုနှစ်ဆက်ဆိုတဲ့စကားကြားဘူးနေတာကြာပါပြီ ဆွေမျိုးခုနှစ် ဝမ်းကွဲထက်ပိုပြီး အမျိုးတော်ခွင့်မရှိ ဆိုတဲ့စကားကိုခုမှကြားဘူးတယ်…..
    ကျေးဇူးဘဲ….ဗဟုသုတရတာပေါ့…စဉ်းစားစရာပါဘဲ…..

  • eyes

    September 21, 2011 at 11:38 am

    ဘာသာရေးအကြောင်းတွေက ရှုပ်လဲရှုပ် ကျယ်လဲကျယ်ပြန့်တယ်ဆိုတော့ မတွေးတာ မမေးတာဘဲကောင်းပါတယ် ၊ ဘယ်ဘာသာဘဲဖြစ်ဖြစ် ဘယ်လူမျိုးဘဲဖြစ်ဖြစ် လူဟာလူဘဲဆိုတော့
    ဘယ်ဘာသာဝင်မဆို ကိုယ်ကျင့်တရားကောင်းမှ မြင့်မြတ်မှာပါဘဲ

  • poeaung6

    September 21, 2011 at 1:23 pm

    ဘာမှကိုမသိတာပါ ဒါပေမယ့် ကျွှန်တော်နားလည်တာက သာဂီဝင်မျိုးဆိုတာ ဘုရင်သွေး(ဘုရင်အမျိုး)ကိုပြောတာပါ ဂေါတမ ဘုရားရှင်၏ ဆွေမျိုးမဟုတ်ပါ တနည်း ဘုရားသားတော် သမီးတော်မဟုတ် ဆွေးမျိုးခုနှစ်ဆက်ဆိုတာ ရှေးမြန်မာတွေရဲ့ အယူအဆပါ မရောထွေးဘူးလို့ထင်ပါတယ် မိဘမျိုးရိုးတော်ဆက်သလို တော်လိုမရပါ

  • windtalker

    September 21, 2011 at 1:47 pm

    အင်း…
    တော်တော် မတော်တော် ဗျာ
    ကိုယ့်စီးပွားကိုယ် ကောင်းကောင်းလေး လုပ်ပြီး
    ဘုရားတရားသံဃာမိဘဆရာ များကို ကိုးကွယ်
    ကြည်ညိုသဒ္ဒါစိတ်ပေါက်တဲ့အခါကြ
    ကိုယ့်ဝင်ငွေလေးနဲ ့အလှူလုပ် ၊
    ဂေဇက်မှာ တက်တက်ငန် ၊ ပျော်ပါးနေတဲ့
    ဗုဒ္ဓဘာသာဝင် မောင်ပေ ရယ်ပါ..

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 21, 2011 at 3:14 pm

    သို့
    အစ်ကိုကြီး ကိုကြောင်ကြီးခင်ဗျား
    ကျွန်တော် မိုက်ကယ်ဂျော်နီအောင်ပု လေလှိုင်းထည်းမှ ရိုသေစွာ စာရေးလိုက်ပါသည်ခင်ဗျား
    အစ်ကိုကြီး ကိုကြောင်ကြီး၏
    http://myanmargazette.net/68954/society-lifestyle/ethnicity-gender-lifestyles-subcultures-morals-values-norms-society-lifestyle တွင်ပါရှိသော
    ဘုရားနဲ့ အမျိုးတော်မတော်တော့ မသိဘူး….Devine Ancestry ပို့စ်မှ
    ( ဗုဒ္ဓဘာသာအယူမှာ ကမာ္ဘဦးအစ ဗြဟ္မာကြီးလေးဦးက ဆင်းသက်တယ် ဆိုထားတော့ )
    ဟူသော အကြောင်းအရာအား အောက်ပါ ကျမ်းဂန်ကို သက်သေထား၍ ကန့်ကွက်ပါသည်ခင်ဗျား။
    …………………………………………………….
    …………………………………………………….
    ဒီဃနိကယ် ပါထိကဝဂ် ပါဠိတော် မြန်မာပြန် – ၁ – ပါထိကသုတ်
    အစဟု သိအပ်သော တရားကို ပညတ်ခြင်း
    ၃၆။ ငါသည် လောက၏အစဟု သိအပ်သော အဂ္ဂညတရားကိုလည်း သိ၏၊
    ထို (အဂ္ဂညတရား) ကိုလည်း သိ၏၊ ထို့ထက် လွန်မြတ်သော တရားကိုလည်း သိ၏၊
    ထိုသို့ သိသော်လည်း မှားသောအားဖြင့် မသုံးသပ်၊
    မှားသောအားဖြင့် မသုံးသပ်သောကြောင့် ငါသည် မိမိ၌ ကိလေသာငြိမ်းခြင်းကို ကိုယ်တိုင် သာလျှင် သိ၏၊
    ယင်းသို့ သိသော ဘုရားသည် ဆင်းရဲခြင်းသို့ မရောက်။
    ……………………………………………………………
    ၃၇။ အစိုးရသူဖန်ဆင်းခြင်းဟူသော ဗြဟ္မာဖန်ဆင်းခြင်းဟူသော ဆရာ့ဝါဒဖြစ်သော
    လောက ၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောကုန်သော သမဏဗြာဟ္မဏတို့သည် ရှိကုန်၏။
    ငါသည် ထိုသူတို့ ထံသို့ ချဉ်းကပ်၍
    ငါ့သျှင်တို့ သင်တို့သည် အစိုးရသူဖန်ဆင်းခြင်းဟူသော ဗြဟ္မာဖန်ဆင်းခြင်း ဟူသော ဆရာ့ဝါဒဖြစ်သော
    လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို ဟောကုန်၏ ဟူသည် မှန်သလော ဟု မေး၏။
    ငါသည် ဤသို့ မေးသော် ထိုသူတို့သည်လည်း မှန်ပါသည် ဟု ဝန်ခံကုန်၏။
    ငါ့သျှင်တို့
    အစိုးရသူဖန်ဆင်းခြင်းဟူသော ဗြဟ္မာဖန်ဆင်းခြင်းဟူသော ဆရာ့ဝါဒ ဖြစ်သော
    လောက၏ အစဟု သိအပ်သော အဂ္ဂညတရားကို အဘယ်အစီအရင်ဖြင့် သင်တို့ ဟောကုန် သနည်း ဟု
    ထိုသူတို့ကို ငါမေး၏။
    ထိုသူတို့သည် ဤသို့ ငါမေးသော် မဖြေနိုင်ကြကုန်၊ မဖြေနိုင် ကုန်၍ ငါ့ကိုသာ ပြန်၍ မေးကြ ကုန်၏၊
    ငါသည် မေးလတ်သော် ထိုသူတို့အား ဤသို့ ဖြေကြား၏ –
    ၃၈။ ရှည်သော ကာလလွန်သော် တစ်ရံတစ်ခါ၌ ဤလောကသည် ပျက်၏၊
    ထိုအခါသည် ရှိသည် သာတည်း၊ လောကပျက်လတ်သော် သတ္တဝါတို့သည် များသောအားဖြင့်
    အာဘဿရဘုံ ၌ ဖြစ်ကုန်၏၊
    ထိုသူတို့သည် ထိုဘုံ၌ ဈာန်စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သိမ့်ခြင်း ပီတိ လျှင် အစာရှိကုန်၏၊
    မိမိတို့ ကိုယ်ရောင်ဖြင့် လင်းလျက် ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊
    တင့်တယ်သောနေရာ ရှိကုန်၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။
    ရှည်သော ကာလလွန်သော် တစ်ခါတစ်ရံ၌ ဤလောကသည် ဖြစ်၏၊ ထိုအခါသည် ရှိသည်သာတည်း၊
    လောကဖြစ်လတ်သော် (သတ္တဝါမှ) ဆိတ်သော ဗြဟ္မာ့ဗိမာန်သည် ထင်ရှား ဖြစ်ပေါ် ၏၊
    ထိုအခါ တစ်ဦးတစ်ယောက်သော သတ္တဝါသည် အသက်ကုန်သောကြောင့်ဖြစ်စေ
    ကောင်းမှုကံ ကုန်သော ကြောင့်ဖြစ်စေ အာဘဿရဘုံမှ သေခဲ့၍ (သတ္တဝါမှ) ဆိတ်သော ဗြဟ္မာ့ဗိမာန်၌ ဖြစ်ပေါ်၏၊
    ထိုသူသည် ထိုဘုံ၌ ဈာန်စိတ်ကြောင့်ဖြစ်၏၊ နှစ်သိမ့်ခြင်း ပီတိ လျှင် အစာရှိ၏၊
    မိမိကိုယ် ရောင်ဖြင့် လင်းလျက် ရှိ၏၊ ကောင်းကင်၌ ကျက်စား၏၊ တင့်တယ်သောနေရာရှိ၏၊
    ကြာရှည်စွာသော ကာလပတ်လုံး တည်၏။
    ထိုဘုံ၌ ထိုသူသည် တစ်ယောက်ထီးတည်း ကာလရှည်စွာ နေရသောကြောင့် မမွေ့လျော်သည် ဖြစ်၍
    တစ်ပါးသော သတ္တဝါတို့လည်း ဤဘုံသို့ ရောက်လာဘိမူ ကောင်းလေစွ ဟု တောင့်တ၏။
    ထိုအခါ တစ်ပါးသော သတ္တဝါတို့လည်း အသက်ကုန်သောကြောင့်ဖြစ်စေ ကောင်းမှုကံကုန်သောကြောင့် ဖြစ်စေ
    အာဘဿရဘုံမှ သေခဲ့ကုန်၍ ထိုသတ္တဝါ၏ အပေါင်းအဖော်အဖြစ်ဖြင့် ဗြဟ္မာ့ဘုံ၌ ဖြစ်ပေါ် ကုန်၏၊
    ထိုသူတို့သည်လည်း ထိုဘုံ၌ ဈာန် စိတ်ကြောင့် ဖြစ်ကုန်၏၊ နှစ်သိမ့်ခြင်း ပီတိ လျှင် အစာ ရှိကုန်၏၊
    မိမိ တို့ကိုယ်ရောင်ဖြင့် လင်းလျက် ရှိကုန်၏၊ ကောင်းကင်၌ ကျက်စားကုန်၏၊
    တင့်တယ်သော နေရာ ရှိကုန်၏၊ ကြာရှည်စွာသော ကာလပတ်လုံး တည်ကုန်၏။
    ၃၉။ ငါ့သျှင်တို့ ထိုသတ္တဝါတို့တွင် ရှေးဦးဖြစ်ပေါ်နှင့်သော သတ္တဝါအား ဤသို့သော အကြံသည် ဖြစ်၏-
    ငါသည် ဗြဟ္မာ ဖြစ်၏၊ မဟာဗြဟ္မာ ဖြစ်၏၊ လွှမ်းမိုးနိုင်သူ ဖြစ်၏၊ မည်သူကမျှ မလွှမ်း မိုးနိုင်သူ ဖြစ်၏၊
    စင်စစ် (အလုံးစုံကို) မြင်သူ ဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူ ဖြစ်၏၊ အစိုးရ သူ ဖြစ်၏၊ ပြုသူ ဖြစ်၏၊
    ဖန်ဆင်းသူ ဖြစ်၏၊ အမြတ်ဆုံး ဖြစ်၏၊ စီမံသူ ဖြစ်၏၊ (ဈာန်၌) လေ့လာပြီးသူ ဖြစ်၏၊
    ဖြစ်ပြီး ဖြစ်ဆဲသော သတ္တဝါတို့၏ အဖ ဖြစ်၏၊ ဤသတ္တဝါတို့ကို ငါ ဖန်ဆင်းထား၏၊
    အဘယ်ကြောင့်ဆိုသော် တစ်ပါးသော သတ္တဝါတို့သည်လည်း ဤဘုံသို့ ရောက် လာဘိမူ ကောင်းလေစွ ဟု
    ငါ့အား ရှေး၌ အကြံ ဖြစ်ခဲ့၏၊ ဤသို့ ငါ့အားလည်း တောင့်တခြင်း သည် ဖြစ်၏၊
    ဤသတ္တဝါတို့သည်လည်း ဤဗြဟ္မာဘုံသို့ ရောက်လာ ကုန်၏ ဟု (အကြံ ဖြစ်၏)။
    နောက်မှ ဖြစ်ပေါ်လာသော ထိုသတ္တဝါတို့အားလည်း ဤသို့သော အကြံသည် ဖြစ်၏
    ဤအသျှင်သည် ဗြဟ္မာ ဖြစ်၏၊ မဟာဗြဟ္မာ ဖြစ်၏၊ လွှမ်းမိုးနိုင်သူ ဖြစ်၏၊ မည်သူကမျှ မလွှမ်းမိုး နိုင်သူ ဖြစ်၏၊
    စင်စစ် (အလုံးစုံကို) မြင်သူ ဖြစ်၏၊ အလိုအတိုင်း ဖြစ်စေနိုင်သူ ဖြစ်၏၊ အစိုးရသူ ဖြစ်၏၊
    ပြုသူ ဖြစ်၏၊ ဖန်ဆင်းသူ ဖြစ်၏၊ အမြတ်ဆုံး ဖြစ်၏၊ စီမံသူ ဖြစ်၏၊ (ဈာန်၌) လေ့လာပြီးသူ ဖြစ်၏၊
    ဖြစ်ပြီး ဖြစ်ဆဲသော သတ္တဝါတို့၏ အဖ ဖြစ်၏၊ ငါတို့ကို ဤအသျှင်ဗြဟ္မာ ဖန်ဆင်းထား၏၊
    အဘယ် ကြောင့်ဆိုသော် ဤဘုံ၌ ဤဗြဟ္မာကြီး ရှေးဦးစွာ ဖြစ်ပေါ် နေနှင့်သည်ကို ငါတို့ မြင်ရကုန်၏၊
    ငါတို့ သည်ကား နောက်မှ ဖြစ်ပေါ်လာကုန်၏ ဟု (အကြံ ဖြစ်၏)။
    ……………………………………………………………………….
    ၄၀။ ငါ့သျှင်တို့ ထိုသတ္တဝါတို့တွင် ရှေးဦးစွာ ဖြစ်ပေါ်နှင့်သော ထိုသတ္တဝါသည် အသက်လည်း သာလွန်၍ ရှည်၏၊
    အဆင်းလည်း သာလွန်၍ လှ၏၊ တန်ခိုးလည်း သာလွန်၍ ကြီး၏၊
    နောက်မှ ဖြစ် ပေါ် လာကုန်သော သတ္တဝါတို့ကား (ရှေးဦးစွာ ဖြစ်ပေါ်နှင့်သော သတ္တဝါနှင့် နှိုင်းစာလျှင်)
    အသက် လည်း တိုကုန်၏၊ အဆင်းလည်း မလှကုန်၊ တန်ခိုးလည်း နည်းကုန်၏။
    ငါ့သျှင်တို့ ဤသို့သော အကြောင်းသည် ရှိသေး၏၊ တစ်ဦးတစ်ယောက်သော သတ္တဝါသည်
    ထို (ဗြဟ္မာ)ဘုံမှ စုတေခဲ့၍ ဤ (လူ့) ဘုံသို့ ရောက်လာသော် လူ့ဘောင်မှ ရသေ့ရဟန်းဘောင်သို့ ဝင်ပြီးလျှင်
    ပြင်းစွာ အားထုတ်ခြင်းကို စွဲ၍ မြဲမြံစွာ အားထုတ်ခြင်းကို စွဲ၍ အဖန်ဖန် အားထုတ်ခြင်းကို စွဲ၍
    မမေ့ မလျော့ခြင်းကို စွဲ၍ ကောင်းစွာ နှလုံးသွင်းခြင်းကိုု စွဲ၍
    ထိုသို့သော သဘောရှိသော စိတ်တည်ကြည်ခြင်း ကို ရ၏၊
    ယင်းသို့ စိတ်တည်ကြည်လတ်သော် ရှေး၌နေဖူးသော ထို (ဗြဟ္မာ) ဘဝကို အောက်မေ့နိုင်၏၊
    ထို့ထက်လွန်၍ မအောက်မေ့နိုင်။ ထိုသူသည် ဤသို့ ဆို၏ -အကြင် အသျှင်သည် ဗြဟ္မာ ဖြစ်၏၊
    မဟာ ဗြဟ္မာ ဖြစ်၏၊ လွှမ်းမိုးနိုင်သူ ဖြစ်၏၊ မည်သူ ကမျှ မလွှမ်းမိုးနိုင်သူ ဖြစ်၏၊ စင်စစ် (အလုံးစုံကို) မြင်သူ ဖြစ်၏၊
    အလိုအတိုင်း ဖြစ်စေနိုင်သူ ဖြစ်၏၊ အစိုးရသူ ဖြစ်၏၊ ပြုသူ ဖြစ်၏၊ ဖန်ဆင်းသူ ဖြစ်၏၊ အမြတ်ဆုံးဖြစ်၏၊ စီမံသူဖြစ်၏၊
    (ဈာန်၌) လေ့လာ ပြီးသူ ဖြစ်၏၊ ဖြစ်ပြီး ဖြစ်ဆဲသော သတ္တဝါတို့၏ အဖ ဖြစ်၏၊
    ငါတို့ကို ယင်း အသျှင်ဗြဟ္မာသည် ဖန်ဆင်း ထား၏၊ ထိုဗြဟ္မာသည် (ဖြစ်ပေါ်ခြင်း မရှိမူ၍) မြဲ၏၊
    (သေခြင်း မရှိမူ ၍) ခိုင်မြဲ၏၊ (ထာဝစဉ်ရှိနေ၍) တည်မြဲ၏၊ ဖောက်ပြန်ခြင်းသဘောမရှိ၊
    ထို့ကြောင့် မြဲသောအရာ တို့နှင့်တူစွာ တည်မြဲတိုင်းပင် တည် လတ္တံ့၊
    ထိုအသျှင်ဗြဟ္မာ ဖန်ဆင်းထားသော ငါတို့သည်ကား (ဖြစ်ပေါ်ခြင်းရှိ၍) မမြဲကုန်၊
    (သေခြင်းရှိ၍) မခိုင်ကုန်၊ (ထာဝစဉ်မရှိ၍) မတည်မြဲကုန်၊ အသက် တိ ုကုန်၏၊ သေခြင်း သဘော ရှိကုန်၏၊
    ထို့ကြောင့် ဤလူ့ဘုံသို့ ရောက်လာ ကုန်၏ ဟု (ဆို၏)။
    …………………………………………………………….
    …………………………………………………………….
    မိန်းမ ယောကျာ်း လိင်ထင်ရှားဖြစ်ခြင်း
    ၁၂၆။ အကြင် အကြင်အခြင်းအရာအားဖြင့် ထိုသတ္တဝါတို့သည်
    ထင်းဖြင့် မချက်ရသော သလေးဆန်ကို စားကုန်လျက်
    ထိုသလေးဆန်လျှင် အစာရှိကုန်လျက်
    ထိုသလေးဆန်လျှင် အာဟာရ ရှိကုန် လျက် ရှည်စွာသော ကာလပတ်လုံး တည်ကုန်၏၊
    ထိုထို အခြင်းအရာအားဖြင့် ရှေးကထက် ပိုမို၍ ထိုသတ္တဝါတို့၏ ကိုယ်၌
    ကြမ်းတမ်းသည်၏ အဖြစ်သည်လည်း ကျရောက်၏၊
    အဆင်းဖောက်ပြန်ခြင်း သည်လည်း ထင်ရှား၏၊
    မိန်းမအားလည်း မိန်းမလိင်သည် ထင်ရှားဖြစ်၏၊
    ယောကျာ်းအားလည်း ယောကျာ်း လိင်သည် ထင်ရှားဖြစ်၏၊
    မိန်းမသည်လည်း ယောကျာ်းကို တစိန်းစိန်း ကြည့်၏၊
    ယောကျာ်း သည်လည်း မိန်းမကို တစိန်းစိန်း ကြည့်၏၊
    အချင်းချင်း တစိန်းစိန်း ကြည့်ကုန်သော ထိုမိန်းမ ယောကျာ်း တို့အား
    ပြင်းစွာ တပ်မက်ခြင်း ရာဂ သည် ထင်ရှားဖြစ်လေ၏၊
    ရာဂကြောင့်ဖြစ်သော ပူပန်ခြင်းသည် ကိုယ်၌ ကျရောက်၏၊
    ထို (မိန်းမ ယောကျာ်း) တို့သည် ရာဂကြောင့် ဖြစ်သော ပူပန်ခြင်းကြောင့် မေထုန်အကျင့် ကို မှီဝဲကုန်၏။
    မေထုန်အကျင့်
    ၁၂၇။ ထို (ကမ္ဘာတည်စ) အခါ၌ ထို (အိမ်ထောင်မှု) ကို အဓမ္မဟူ၍ သမုတ်အပ်၏၊
    ယခုအခါ ထို (အိမ်ထောင်မှု) ကို ဓမ္မဟူ၍ သမုတ်အပ်၏။
    ထို (ကမ္ဘာတည်စ) အခါ၌ အကြင် သတ္တဝါတို့သည် မေထုန်အကျင့်ကို မှီဝဲကုန်၏၊
    ထိုသတ္တဝါတို့သည် တစ်လလုံးလုံးလည်းကောင်း၊ နှစ်လ လုံးလုံး လည်းကောင်း ရွာနိဂုံးသို့ ဝင်ခွင် ့မရကြကုန်။
    အကြင် (ကမ္ဘာတည်စ) အခါ၌ ထိုသတ္တဝါတို့သည် ထို မေထုန်အကျင့်၌ အပိုင်းအခြားမရှိ မှီဝဲခြင်းသို့ ရောက်ကုန်၏၊ ထိုအခါ ထိုမေထုန် အကျင့်ကို ဖုံးကွယ်ရန် အလို့ငှါ အိမ်ဆောက်ရန် အားထုတ်ကြကုန်၏၊

  • kai

    September 21, 2011 at 4:13 pm

    အိုးဘားမားသမ္မတအရွေးခံဖို့.. ပြိုင်တော့.. သူကပေါ်လစီမကောင်းကြောင်းဖိဆော်တဲ့.. အရင်သမ္မတ.ဘုရှ်နဲ့ဒုသမ္မတ.. ဒစ်ချင်နီ..
    အဲဒီထဲက.. အဖြူစစ်စစ်ကြီးဖြစ်တဲ့.. ဒစ်ချင်နီနဲ့.အိုဘားမားနဲ့…. အမျိုးပြန်လိုက်ရင်… ၈ခုမြောက်ဝမ်းကွဲ… အမျိုးတော်နေတယ်..လို့.. မီဒီယာတွေ… ဆွေမျိုးဇယားဆွဲပြကြတာသတိရမိတယ်..။

    ဆွေ ရ ဆက်၊ မျိုး ရ ဆက်။
    ‘ဆွေစုမျိုးစစ်၊ ခုနစ်ဝင်ထ၊ ကိုယ့်ထက်မှလျှင်၊ အဘ အဘိုး၊ ခေါ်ရိုးစဉ်ရှေး၊ အဘေး အဘဲး၊ တစ်ကွဲ အဘွေး၊ တရေး အဘော်၊ အောက်သော် တခြား၊ သားနှင့် မြေး, မြစ်၊ တစ်ဆစ် တီ, မြှော့၊ မှတ်လော့ ကျွတ်, ဆက်၊ ကျမ်းဂန်ထွက်၏။’

  • Shwe Ei

    September 21, 2011 at 4:19 pm

    ဆရာပုပြောသလိုဆို ဗြဟ္မာ တွေတောင့်တလိုက်ရာကနေ လူတွေဖြစ်လာတာပေါ့နော်။ အမျိုးအနွယ်ခွဲတာကတော့ ကိုယ့်သဘောနဲ့ကို ဖြစ်လာကြတာပေါ့ ဟုတ်လား။

  • ုhtoosan

    September 21, 2011 at 6:07 pm

    ဒီရွာက အမြန်ပြန်ပြေး မှ ဖြစ်တော့မယ်။ ဆံပင်တွေပိုဖြူလာတော့မယ်။
    ဗြဟ္မာ တွေ ကော ဆွေရဆက်တွေကော အိုးဘားမားကော အိမ်ဆောက်ရတဲ့အကြောင်းတွေကော ……

  • small cat

    September 22, 2011 at 10:06 am

    အကြင် (ကမ္ဘာတည်စ) အခါ၌ ထိုသတ္တဝါတို့သည် ထို မေထုန်အကျင့်၌ အပိုင်းအခြားမရှိ မှီဝဲခြင်းသို့ ရောက်ကုန်၏၊ ထိုအခါ ထိုမေထုန် အကျင့်ကို ဖုံးကွယ်ရန် အလို့ငှါ အိမ်ဆောက်ရန် အားထုတ်ကြကုန်၏၊

    အိမ်ဆောက်ပြီး နေကြတာကိုတောင်မှ ပတ်ဝန်းကျင်က လက်မခံဘဲ တုတ်၊ကျောက်ခဲတို့ဖြင့် ဝိုင်းဝန်း
    ပစ်ပေါက်ကြသည်ဆို၏။ ယခုအခါကာလ မင်္ဂလာဆောင်အိမ်တို့တွင် ခဲဖိုး(ဂဲဖိုး)တောင်းကြခြင်းသည်
    ထိုအကြောင်းအရာမှဆင်းသက်လာခြင်းဖြစ်ကြောင်းလေးကိုဒီရွာထဲမှာပင်ဖတ်ခဲ့ဖူးလေသလားမသိ…

  • naywoon ni

    April 17, 2014 at 3:51 am

    ကို​ကြောင်​ကြီး​ရေ တစ်​မျိုး​တော့မထင်​နဲ့ဗျာ ကျုပ်​လဲ အဲ့ကိစ္စနဲ့ လူမုန်​းများလှဘီ ခင်​ဗျား​ပြောတဲ့ ြ​ဗဟ္မာကြီး​လေးဦး ကိစ္စက ဗုဒ္ဓ က​ဟောခဲ့တဲ့ထဲပါဘူးဗျ ။ ဗြဟ္မဏ ဘာသာ ကျမ်​းထွက်​ ။ ဗုဒ္ဓက ကမ႓္ဘာ တည်​ရာကိုမပြ ပျက်​ရာကိုလည်​းမ​ပြော အကျိုးမဲ့ အချည်​းနှီး တရားလို့ ​ပြောခဲ့​ကြောင်​းပါ။ အဲ့​တော့ ကျုပ်​တို့ ဗုဒ္ဓဘာသာဝင်​ ဗမာလူမျိုးဆိုတဲ့ အ​တွေးအ​ခေါ် အယူအဆ လူ​နေမှုစရိုက်​ကို အဲ့ ဗြဟ္မာ​တွေ​မြေသင်​းစားလို့ ဘာဘာညာညာ ဖြစ်​ဆိုတဲ့​နေရာက​နေ စပြီး ပြင်​ရလိမ်​့မယ်​ဗျ ​ဆွေမျိုး​တော်​မ​တော်​ဆိုတာက​တော့ ဘယ်​သူဘယ်​ဝါပဲဖြစ်​ဖြစ်​ ဘဝတစ်​ခုမှာ ​ဆွေမျိုး​တော်​စပ်​ဖူးသူ​တွေချည်​့ ဆိုတဲ့စကားကိုယူမယ်​ဆိုရင်​ အားလုံး ​ဆွေမျိုးချည်​့ပဲ​ပေါ့ဗျာ မဟုတ်​ဘူးလား

  • padonmar

    April 17, 2014 at 7:34 am

    ဘုရားအဆုံးအမလိုက်နာမှ ဘုရားနဲ့ ဆွေမျိုးတော်မှာပေါ့။
    ကောသလမင်းကြီးလို သာကီဝင်ထဲပါချင်လို့ သာကီဝင်မင်းသမီးယူပေမယ့် ဘုရားရဲ့ တရားကို လိုက်နာကျင့်ကြံနိုင်တဲ့ ဉာဏ်မရှိလို့ ဘုရားသာဝက ဘုရားဆွေမျိုးမဖြစ်ခဲ့ပါ။
    မြတ်စွာဘုရားက ဉာတိဆိုတဲ့ သွေးသားတော်စပ်တာထက် ကုလ ဆိုတဲ့ အဆုံးအမလိုက်နာသူအနွယ်ကို အမျိုးလို့ယူပါတယ်။

  • aye.kk

    April 17, 2014 at 11:10 am

    မြတ်စွာဘုရား၏အဆုံးအမ လိုက်နာသူအားလုံး
    မြတ်စွာဘုရား၏ချစ်သားချစ်သ္မီးတွေပါ။

Leave a Reply