ိိ

ကျွှန်တော်လား တောင်ပေါ်မြို့ လေးတမြို့ ကတောင်ပေါ်သားလေးတယောက်ပေါ့ဗျာ ရန်ကုန်မြို့ ကြီးမှာ ကျောင်းတက်တုန်းက ခံစားခဲ့ရဖူးတဲ့ ဇာတ်လမ်းလေးတပုဒ်ပါ သူကရန်ကုန်သူပေါ့ အသားအရည် လေးက၀င်းပနေပြီး ချစ်စရာ တော်တော်ကောင်းပါတယ် ဆယ်တန်းမအောင်မချင်း ရည်းစားမထားရဘူးဆိုတဲ့
ဆရာမ စကားကို နားထောင်ပြီး တကယ်လဲမထားခဲ့ပါဘူး။ တက္ကသိုလ် ရောက်တော့ ထားတော့မယ်လို့ စိတ်ကူးမိတယ် တကယ်တော့ ချစ်တဲ့သူတွေ့ မှလည်းထားလို့ ရမှာပေါ့နော် မတွေ့ ရင်တော့လည်း အလုပ်ခွင်ထဲရောက်တာတောင် တွေ့ ချင်မှတွေ့ မှာ ပေါ့ သူ့ ကိုတော့မြင်မြင်ချင်းကိုချစ်မိခဲ့တာပါ စာသင်နားတဲ့အချိန်လေးတွေမှာ သူ့ မျက်နှာလေးကို ခိုးကြည့်ရတာလဲ အရသာ တခုပါပဲ သူက စာလဲတော်ပါတယ် ထက်လဲထက်တယ် စကားပြောရင်လဲ ပွင့်ပွင့်လင်းလင်းပါ သူ့ ကိုလိုက်နေတဲ့သူတွေကလည်းအများကြီးပဲ ကျောင်းထဲကရော် အပြင်ကရော သူတို့ က နည်းအမျိုးနဲ့ ချစ်ရေးဆိုကြပေမယ့် ကျွှန်တော် ကတော့ သာမန်စကား လေးပြောရမှာတောင် ရင်တွေခုန်ပြီးပြောမထွက်ခဲ့တာ အကြိမ်ကြိမ်ပါ ရင်ထဲကအချစ်က တဖြည်းဖြည်း တိုးပွားလာပေမယ့် ကျောင်းသာ တနှစ်ပြီးတနှစ်ပြီးသွားတယ် ချစ်ရေးမဆိုခဲ့မိပါဘူး သူအပါအ၀င် နှစ်ဖက်သူငယ်ချင်းတွေကတော့ ရိပ်မိနေပြီဆိုတာတော့ သေချာပါတယ် ကျွှန်တော့်မျက်လုံးကလည်း သူ့ ဆီပဲ ခဏခဏရောက်နေတော့ အသိသာကြီးဖြစ်နေတော့တာကိုး ဒီလိုနဲ့ အချိန်တွေကြာလာလေသူ့ အပေါ်ချစ်တဲ့အချစ်တွေ ကခိုင်မြဲလာလေ ပေါ့ဗျာ  ဒါပေမယ့်    တဖက်ကလည်း သူ့ အကြောင်းတွေ ပို ပို သိ လာပြီး ဆက်မချစ်ရဲ တော့တဲ့စိတ်တွေဖြစ်လာ ပါတယ် ။

သူ့ အကြောင်းလား   ထပ်ပြောရရင်တော့ဗျာ သူကလှတယ် ထက်တယ် ပညာတတ်တယ်  ပိုက်ဆံတော့အသင့်အတင့်ပဲ   ပြီးတော့ရည်မှန်းချက် ကြီးတယ်  မကောင်းတာကတော့ မာနကြီးတယ်  သိပ်စိတ်မရှည်တတ်ဘူး တော်ရုံလူကိုလည်းအထင်မကြီးဘူး သူ့ ဆဒ္ဒကို့ပဲ လိုက်လျှောမှကြိုက်တယ် သူ့ ကိုလိုက်နေတဲ့သူတွေထဲက ငွေမရှိတဲ့သူတွေကိုတော့ စောစောစီးစီး ငြင်းထားပြီး ချမ်းသာတဲ့သူတွေကိုတော့  အဖြေမပေးသေးပဲ အချိန်ဆွဲ ပြီး excellent choice  လုပ်နေတယ်  ကျွှန်တော့ ကိုတော့ တခါတလေ နင်ငါ့ကိုချစ်နေတာ သိတယ် ဆိုတဲ့ အဓိပါယ် သက်ရောက်တဲ့အကြည့်တွေနဲ့ ကြည့်သလိုတော့ခံစားမိပါတယ်  သူစဉ်းစားတဲ့စာရင်းထဲတော့ ထည့်ပုံမရပါဘူး အဲဒီတော့ဗျာ ကျွှန်တော်သူ့ ကို ဆက်ချစ်ရမှာ( ရင်ထဲကတဖက်သက်)ကြောက်လာတယ် သူ့ ဆီလာတဲ့သူတွေ ကိုနေ့ စဉ်လိုလို တွေ့ နေရတာကလည်း ဒုက္ခ တမျိုးပါပဲ    ကျွှန်တော် ပြန်စဉ်းစားရပြီပေါ့ဗျာ ကျွှန်တော့်လို ကိုယ့်ဒူးကိုချွန်ပြီး တိုးတက်ဖို့ အချိန်တွေအများကြီးယူရဦးမယ့်သူကို လက်မခံဖို့ ကလည်း သေချာသလောက်  တကယ်လို့ သူ့ ကို ဖွင့်ပြောလိုက်လို့ သူ့ အချစ်ကို ရခဲ့ရင်တောင် စရိုက်ချင်း ခံယူချက်ခြင်းက လုံးဝမတူပါဘူး  ပြီးတော့ သိသိသာသာကြီးအရွေးချယ်ခံပြီးမှ ရမယ် ဆိုရင်လည်း ကျွန်တော် ပျော်နိုင်ပါ့မလားမသေချာတော့ဘူး   မချစ်ပဲလည်းမနေနိုင်  ဒီတော့ဗျာ အချစ်ဆိုတာ ဘာလဲဆိုတာကစပြီး ပြန်စဉ်းစားမိတယ်  သူ့ ဆဒ္ဒလေးတွေကို ဖြည့်ဆည်းပေးချင်တာ သူ့ ကောင်းကျိုးလေးတွေ ဆောင် ရွက်ပေးချင်တဲ့ စိတ် ကလေးကိုပဲ အချစ်လို့  နားလည်မိပါတယ် တကယ်တော့သူ့ ကို ပိုင်ဆိုင်ချင်တဲ့အတွေးတွေကြောင့်သာ ပူလောင်နေရတာပါ မပိုင်ဆိုင်ရပဲနဲ့လဲ သူ့ ကို ချစ်နေနိုင်တာပဲလေ  သူ့ ကို ရခဲ့ရင် သူမျက်နှာများခဲ့တာ ငွေမက်တာ  အိမ်ထောင်ထိန်းသိမ်းဖို့ စိတ်မ၀င်စားတာ ဒေါ သကြီးတတ်တာ

ကျွန်တော့် အမျိုးတွေကို စိတ်မ၀င်စား နိုင်တာ စသဖြင့် အပြစ်တင် စရာတွေအများကြီးပါ  မပိုင်ဆိုင်ရတော့ လင်ယောကျာင်္း တစ်ယောက်စဉ်စားရမဲ့အချက်တွေလျော့ သွားတာပေါ့ ဗျာ အတူနေဖြစ်ခဲ့ရင်တော့ အဲဒီပြသာနာတွေနဲ့ နပန်းလုံးရင်းနဲ့  အချစ်တွေပျောက်သွားမှာသေချာ ပါတယ်  အဲဒီလို စဉ်းစားပြီး စိတ်ကိုပြင်လိုက်တဲ့နေ့ ကစပြီး ကျွန်တော့စိတ်တွေလည်း ပြန်ပြီး ကြည်လင်လာပါတယ်               ခုလား   သူက စကာင်္ပူမှာပါ သူလိုချင်တဲ့လူမျိုးနဲ့ ရပြီး အဆင်ပြေနေတယ်ထင်ပါတယ်   ဟိုတခါ ဂျီတော့ မှာတွေ့ တုန်းကတော့  ငွေကတော့ အဆင်ပြေပါတယ်တဲ့ ကျန်တာတွေတော့ ဆုံးရှုံးသလို ခံစားရပါတယ် တဲ့ မြန်မာပြည်ကိုလည်းပြန်လာချင်လိုက်တာတဲ့   ထင်ပါတယ် သူလိုချင်တဲ့ အောင်မြင်တိုးတက်မှုတော့ ရသွားခဲ့မှာပါ  သူ့ နှလုံးသားကတော့ အသုံးမပြုရသေး ပဲ အလတ်ကြီးပဲ ရှိနေဦးမှာ သေချာပါတယ်  သူကဦးနှောက်သမားလေ    ကျွန်တော့် အချစ်ကတော့ အခုထိ

အသွင်တမျိုး နဲ့ သူ့ ကို ချစ်နေဆဲ ပါ  အမြဲတမ်းလဲ   ချစ်နေနိုင်မယ်

လို့ ယုံကြည်ပါတယ်  အဲဒီအသွင်တမျိုးဆိုတာက တော့

သူ့ ကို ရင်ထဲမှာပဲ တဖက်သက် ထာဝစဉ်တည်မဲ့အချစ်မျိုးနဲ့ 

ချစ်နေမိတဲ့   ပိုင်ဆိုင် လိုမှု တွေ မရှိ ပူလောင်မှုတွေကင်းတဲ့

ချစ်ခြင်းမေတ္တာ မျိုးပါ

About taungpawthar

has written 2 post in this Website..