အသွင်တမျိုးနဲ ့ချစ်ခဲ့မိခြင်း

taungpawtharSeptember 21, 20111min1274

ိ်ိ

ကျွှန်တော်လား တောင်ပေါ်မြို ့လေးတမြို ့ကတောင်ပေါ်သားလေးတယောက်ပေါ့ဗျာ ရန်ကုန်မြို ့ကြီးမှာ ကျောင်းတက်တုန်းက ခံစားခဲ့ရဖူးတဲ့ ဇာတ်လမ်းလေးတပုဒ်ပါ သူကရန်ကုန်သူပေါ့ အသားအရည် လေးကဝင်းပနေပြီး ချစ်စရာ တော်တော်ကောင်းပါတယ် ဆယ်တန်းမအောင်မချင်း ရည်းစားမထားရဘူးဆိုတဲ့
ဆရာမ စကားကို နားထောင်ပြီး တကယ်လဲမထားခဲ့ပါဘူး။ တက္ကသိုလ် ရောက်တော့ ထားတော့မယ်လို ့စိတ်ကူးမိတယ် တကယ်တော့ ချစ်တဲ့သူတွေ ့မှလည်းထားလို ့ရမှာပေါ့နော် မတွေ ့ရင်တော့လည်း အလုပ်ခွင်ထဲရောက်တာတောင် တွေ ့ချင်မှတွေ ့မှာ ပေါ့ သူ ့ကိုတော့မြင်မြင်ချင်းကိုချစ်မိခဲ့တာပါ စာသင်နားတဲ့အချိန်လေးတွေမှာ သူ ့မျက်နှာလေးကို ခိုးကြည့်ရတာလဲ အရသာ တခုပါပဲ သူက စာလဲတော်ပါတယ် ထက်လဲထက်တယ် စကားပြောရင်လဲ ပွင့်ပွင့်လင်းလင်းပါ သူ ့ကိုလိုက်နေတဲ့သူတွေကလည်းအများကြီးပဲ ကျောင်းထဲကရော် အပြင်ကရော သူတို ့က နည်းအမျိုးနဲ ့ချစ်ရေးဆိုကြပေမယ့် ကျွှန်တော် ကတော့ သာမန်စကား လေးပြောရမှာတောင် ရင်တွေခုန်ပြီးပြောမထွက်ခဲ့တာ အကြိမ်ကြိမ်ပါ ရင်ထဲကအချစ်က တဖြည်းဖြည်း တိုးပွားလာပေမယ့် ကျောင်းသာ တနှစ်ပြီးတနှစ်ပြီးသွားတယ် ချစ်ရေးမဆိုခဲ့မိပါဘူး သူအပါအဝင် နှစ်ဖက်သူငယ်ချင်းတွေကတော့ ရိပ်မိနေပြီဆိုတာတော့ သေချာပါတယ် ကျွှန်တော့်မျက်လုံးကလည်း သူ ့ဆီပဲ ခဏခဏရောက်နေတော့ အသိသာကြီးဖြစ်နေတော့တာကိုး ဒီလိုနဲ ့အချိန်တွေကြာလာလေသူ ့အပေါ်ချစ်တဲ့အချစ်တွေ ကခိုင်မြဲလာလေ ပေါ့ဗျာ  ဒါပေမယ့်    တဖက်ကလည်း သူ ့အကြောင်းတွေ ပို ပို သိ လာပြီး ဆက်မချစ်ရဲ တော့တဲ့စိတ်တွေဖြစ်လာ ပါတယ် ။

သူ ့အကြောင်းလား   ထပ်ပြောရရင်တော့ဗျာ သူကလှတယ် ထက်တယ် ပညာတတ်တယ်  ပိုက်ဆံတော့အသင့်အတင့်ပဲ   ပြီးတော့ရည်မှန်းချက် ကြီးတယ်  မကောင်းတာကတော့ မာနကြီးတယ်  သိပ်စိတ်မရှည်တတ်ဘူး တော်ရုံလူကိုလည်းအထင်မကြီးဘူး သူ ့ဆဒ္ဒကို့ပဲ လိုက်လျှောမှကြိုက်တယ် သူ ့ကိုလိုက်နေတဲ့သူတွေထဲက ငွေမရှိတဲ့သူတွေကိုတော့ စောစောစီးစီး ငြင်းထားပြီး ချမ်းသာတဲ့သူတွေကိုတော့  အဖြေမပေးသေးပဲ အချိန်ဆွဲ ပြီး excellent choice  လုပ်နေတယ်  ကျွှန်တော့ ကိုတော့ တခါတလေ နင်ငါ့ကိုချစ်နေတာ သိတယ် ဆိုတဲ့ အဓိပါယ် သက်ရောက်တဲ့အကြည့်တွေနဲ ့ကြည့်သလိုတော့ခံစားမိပါတယ်  သူစဉ်းစားတဲ့စာရင်းထဲတော့ ထည့်ပုံမရပါဘူး အဲဒီတော့ဗျာ ကျွှန်တော်သူ ့ကို ဆက်ချစ်ရမှာ( ရင်ထဲကတဖက်သက်)ကြောက်လာတယ် သူ ့ဆီလာတဲ့သူတွေ ကိုနေ ့စဉ်လိုလို တွေ ့နေရတာကလည်း ဒုက္ခ တမျိုးပါပဲ    ကျွှန်တော် ပြန်စဉ်းစားရပြီပေါ့ဗျာ ကျွှန်တော့်လို ကိုယ့်ဒူးကိုချွန်ပြီး တိုးတက်ဖို ့အချိန်တွေအများကြီးယူရဦးမယ့်သူကို လက်မခံဖို ့ကလည်း သေချာသလောက်  တကယ်လို ့သူ ့ကို ဖွင့်ပြောလိုက်လို ့သူ ့အချစ်ကို ရခဲ့ရင်တောင် စရိုက်ချင်း ခံယူချက်ခြင်းက လုံးဝမတူပါဘူး  ပြီးတော့ သိသိသာသာကြီးအရွေးချယ်ခံပြီးမှ ရမယ် ဆိုရင်လည်း ကျွန်တော် ပျော်နိုင်ပါ့မလားမသေချာတော့ဘူး   မချစ်ပဲလည်းမနေနိုင်  ဒီတော့ဗျာ အချစ်ဆိုတာ ဘာလဲဆိုတာကစပြီး ပြန်စဉ်းစားမိတယ်  သူ ့ဆဒ္ဒလေးတွေကို ဖြည့်ဆည်းပေးချင်တာ သူ ့ကောင်းကျိုးလေးတွေ ဆောင် ရွက်ပေးချင်တဲ့ စိတ် ကလေးကိုပဲ အချစ်လို ့ နားလည်မိပါတယ် တကယ်တော့သူ ့ကို ပိုင်ဆိုင်ချင်တဲ့အတွေးတွေကြောင့်သာ ပူလောင်နေရတာပါ မပိုင်ဆိုင်ရပဲနဲ့လဲ သူ ့ကို ချစ်နေနိုင်တာပဲလေ  သူ ့ကို ရခဲ့ရင် သူမျက်နှာများခဲ့တာ ငွေမက်တာ  အိမ်ထောင်ထိန်းသိမ်းဖို ့စိတ်မဝင်စားတာ ဒေါ သကြီးတတ်တာ

ကျွန်တော့် အမျိုးတွေကို စိတ်မဝင်စား နိုင်တာ စသဖြင့် အပြစ်တင် စရာတွေအများကြီးပါ  မပိုင်ဆိုင်ရတော့ လင်ယောကျာင်္း တစ်ယောက်စဉ်စားရမဲ့အချက်တွေလျော့ သွားတာပေါ့ ဗျာ အတူနေဖြစ်ခဲ့ရင်တော့ အဲဒီပြသာနာတွေနဲ ့နပန်းလုံးရင်းနဲ ့ အချစ်တွေပျောက်သွားမှာသေချာ ပါတယ်  အဲဒီလို စဉ်းစားပြီး စိတ်ကိုပြင်လိုက်တဲ့နေ ့ကစပြီး ကျွန်တော့စိတ်တွေလည်း ပြန်ပြီး ကြည်လင်လာပါတယ်               ခုလား   သူက စကာင်္ပူမှာပါ သူလိုချင်တဲ့လူမျိုးနဲ ့ရပြီး အဆင်ပြေနေတယ်ထင်ပါတယ်   ဟိုတခါ ဂျီတော့ မှာတွေ ့တုန်းကတော့  ငွေကတော့ အဆင်ပြေပါတယ်တဲ့ ကျန်တာတွေတော့ ဆုံးရှုံးသလို ခံစားရပါတယ် တဲ့ မြန်မာပြည်ကိုလည်းပြန်လာချင်လိုက်တာတဲ့   ထင်ပါတယ် သူလိုချင်တဲ့ အောင်မြင်တိုးတက်မှုတော့ ရသွားခဲ့မှာပါ  သူ ့နှလုံးသားကတော့ အသုံးမပြုရသေး ပဲ အလတ်ကြီးပဲ ရှိနေဦးမှာ သေချာပါတယ်  သူကဦးနှောက်သမားလေ    ကျွန်တော့် အချစ်ကတော့ အခုထိ

အသွင်တမျိုး နဲ ့သူ ့ကို ချစ်နေဆဲ ပါ  အမြဲတမ်းလဲ   ချစ်နေနိုင်မယ်

လို ့ယုံကြည်ပါတယ်  အဲဒီအသွင်တမျိုးဆိုတာက တော့

သူ ့ကို ရင်ထဲမှာပဲ တဖက်သက် ထာဝစဉ်တည်မဲ့အချစ်မျိုးနဲ ့

ချစ်နေမိတဲ့   ပိုင်ဆိုင် လိုမှု တွေ မရှိ ပူလောင်မှုတွေကင်းတဲ့

ချစ်ခြင်းမေတ္တာ မျိုးပါ

4 comments

  • AKKO

    September 21, 2011 at 4:06 pm

    မျှော်လင့်နေရတာ ပူလောင်ပါတယ် … သူ့ကိုမျှော်လင့်နေတာနဲ့ ဘေးအနားမှာ လက်တွဲဖော်ဖြစ်နိုင်တဲ့ လူတွေကို မမြင်မိတာ မျိုးဖြစ်တတ်တယ် .. ကွာဝေးမယ်မှန်းသိလျှင် မေ့ပစ်လိုက်တာကောင်းပါတယ် …. ကိုယ်က ခံစားနေလည်း သူသိမှာမှ မဟုတ်တာပဲ .. ကိုယ့်ကိုယ်ကို ညင်းမနေပါတော့နဲ့ ။

  • thit min

    September 21, 2011 at 4:27 pm

    ချစ်တာကချစ်ပါ။
    မတားပါဘူး။
    လူ့သဘောကမရလေပိုချစ်လေကိုး။
    ချစ်ပါအချိန်တန်တော့လဲတခုခုအဖြေထွက်မှာပါ။
    တခုပဲပြောပါရစေနော်..
    လင်ရှိမယားတော့စိတ်နဲ့တောင်မပြစ်မှားစေချင်ဘူး။
    ။။။။။။။။။။။။။.”ခုလား သူက စကာင်္ပူမှာပါ သူလိုချင်တဲ့လူမျိုးနဲ ့ရပြီး အဆင်ပြေနေတယ်ထင်ပါတယ် ။။။။။။။။။။။။ဆိုလို့နော်

  • manawphyulay

    September 21, 2011 at 5:34 pm

    အင်း ဒီလိုဆိုလည်း ပြောလိုက်ပေါ့
    ပြန်လာချင် ပြန်လာလို့
    ဒီမှာ အမြဲ စောင့်မျှော်နေလျက်ပါလို့
    ကျောလိုက်ပေါ့ကွယ်…
    ဒါများ ခက်တာမှတ်လို့နော့

  • windtalker

    September 21, 2011 at 6:38 pm

    အင်း
    တောင် ပေါ် သား တစ်ယောက်ရဲ ့
    ခံစားချက်ပြင်းပြင်းလေး တွေ ကို ဖတ်ရှု မိပြန်တော့
    စင်ကာပူရောက်
    ကောင်မလေး ဘယ်လိုများ နေရှာမှာပါလိမ့်လို ့
    အရမ်းသိချင်မိပြန်တယ်..

Leave a Reply