ဒွါရာဝတီ သံတွဲမြို့ အကြောင်း

ကျွန်တော်တို့သံတွဲမြို့အကြောင်းလေး နည်းနည်းပြောပြချင်ပါတယ် ။ သဂျီးနဲ့တကွ သံတွဲကိုမရောက်ဖူးသေးတဲ့ရွာသူရွာသားတွေ သိရအောင်ပါ ။ သံတွဲမြို့ဆိုတာ တစ်ချိန်တုန်းက ရခိုင်ရာဇဝင်မှာပါရှိတဲ့ ။ “အာကာတိမ်ယံမိုးသို့ပျံ ၊ သံနှင့်ချိတ်ကာတွဲ´´လို့အအဆိုရှိတဲ့ ဒါွရာဝတီမြို့ပါပဲ ။ ဝါသုဒေဝ ၊ ဗလဒေဝ ညီနောင်တစ်ကျိပ်ကစလို့ အဓွန့်ရှည်တည်တံ့ခဲ့တဲ့မြို့ ။ သာသနာတော်မှာ သံဃာတော်ကို ရွှေကျောင်းကြီးဆောင်လုပ်ပြီးလှူဓါန်းခဲ့တဲ့မြို့ ။ အရိမေတ္တယျ မြတ်စွာဘုရားကိုရည်မှန်းပြီး ရွှေစင်ရွှေသား ရုပ်ပွါးတော်ကြီး တည်ထားခဲ့ဖူးတဲ့မြို့ ။ အသျှင်ကဝိသာရထွက်ပေါ်ခဲ့တဲ့မြို့ ။ ပါမောက္ခဦးကျော်ရင်ထွက်ပေါ်ခဲ့တဲ့မြို့ ။ မောင်ဘဦးကိုမွေးဖွါးပေးခဲ့တဲ့မြို့ ။ ရှင်အာဒိစ္စရံသီ (ဆန်းလွှင်) ထွက်ပေါ်ခဲ့တဲ့မြို့ ။ ငပလီကမ်းခြေအလှနဲ့ ကမ္ဘာမှာကျော်ကြားခဲ့တဲ့မြို့ ။ ပညာရေးထွန်းကားတဲ့မြို့ ။အားကစားထူးချွန်တဲ့မြို့ ။ ဒီလိုဝိသေသတွေနဲ့ထင်ရှားတဲ့မြို့ကလေးပါ ။ကျွန်တော်တို့သံတွဲမြို့လေးက နယ်မြေဧရိယာကျဉ်းပါတယ် ။ အရေးကိစ္စတစ်ခုပေါ်တာနဲ့ တစ်မြို့လုံးချက်ချင်းသိကြရပါတယ် ။ မြို့သူ / မြို့သားတွေကလဲ တစ်ဦးနဲ့တစ်ဦးညီရင်းအစ်ကို ၊ မောင်ရင်းနှမလို နေကြတာပါ ။ တစ်ဦးရဲ့သာရေးနာရေးဆိုရင်လဲ တစ်မြို့လုံးက ဝိုင်းဝန်းကူညီကြတဲ့ အလွန်ချစ်စရာအလေ့အထလေးတွေရှိတဲ့မြို့ကလေးပါ ။ ရခိုင်းလူမျိုးတွေဖြစ်ပေမယ့် ရန်ကုန်တိုင်း ၊ ဧရာဝတီတိုင်းတို့နဲ့ ပိုနီးစပ်ပြီး မပြတ်ဆက်သွယ်နေတဲ့မြို့လေးပါ ။ သံတွဲမြို့မှာရှိတဲ့ တန်ခိုးကြီးဘုရားသုံးဆူ ၊ တန့်တော်မူ မြတ်ဌာနေ ၊ ကမ္ဘာကျော်ငပလီကမ်းခြေ တို့ကို ဂုဏ်ယူစွာ ချစ်မြတ်နိုးကြတဲ့ သူတွေပါ ။ ဘာသာအသားအရောင်ခွဲခြားမှု မရှိတဲ့မြို့ကလေးပါ ။ တစ်ဦးနဲ့တစ်ဦးရန်လိုမုန်းထားမှုတွေမရှိသလောက် ကင်းစင်တဲ့မြို့ကလေးပါ ။ ခုတော့သံတွဲမြို့ကလေးကို နာမည်ပျက်စရာတွေပေါ်လာခဲ့ပါပြီ ။ ကိုသန်းထွဋ်ဦးဖြစ်ရတဲ့ကိစ္စမှာ ကျွန်တော်အရမ်းဝမ်းနည်းမိပါတယ် ။ ဘာလို့များ သံတွဲသားအချင်းချင်း မနာလိုမုန်းထားပြုပြီး မမီးမီးသော်ကို စော်ကားခဲ့ရတာလဲ ။ မန်းဂေဇက်မှာ ရွာသားတွေအားလုံး နာမည်ပြောင်တွေနဲ့ပဲသုံးကြတာပါ ။ နာမည်ပြောင်သုံးတယ်ဆိုကတည်းက ကိုယ့်နာမည်ရင်းကိုမသိစေချင်လို့သုံးတာပဲလေ ။ အဲဒီကိစ္စကြီးကို ဘယ်နာမည်ကတော့ ဘယ်သူပါ ၊ ဘယ်ဝါပါလို့စွပ်စွဲတာကတော့ သူတစ်ပါးရဲ့ကိုယ်ရေးကိုယ်တာကို ဝင်ရောက်စွပ်ဖက်တာပါပဲ ။ ချစ်စရာကောင်းတဲ့မြို့ကလေးက ယဉ်ကျေးတဲ့လူ့အသိုင်းအဝိုင်းမှာပေါက်ဖွားလာတဲ့သူတွေက ဘာလို့များ လူယုတ်မာတွေရဲ့အလုပ်ကိုလုပ်ရတာလဲ ။ စဉ်းစားရင်းရှက်မိပါတယ် ။ သဂျီးအနေနဲ့လဲ နာမည်တွေကိုစွပ်စွဲပြီး ယုတ်မာစွာပြောဆိုနေတာမျိုးလေးတွေကို ကျွန်တော်ပဲဖြစ်ဖြစ် ၊ တခြားဘယ်သူတွေပဲဖြစ်ဖြစ် အဲဒီလိုပြောမိရင် အရေးယူပေးပါလို့ ကျွန်တော်တောင်းဆိုချင်ပါတယ် ။ “ သင်သေသွားသော် ၊ သင်ဖွားသောမြေ ၊ သင်တို့မြေသည် ၊ အခြေတိုးမြင့် ၊ ကျန်ကောင်းသင့်၏ ´´ တဲ့ ။ သံတွဲမြို့လေးအတွက်သံတွဲသူ/သံတွဲသားတွေ တစ်ယောက်နဲ့တစ်ယောက်မလိုမုန်းထားမရှိပဲ မြို့ကလေးကို ဖျက်ဆီးနေသူတွေပပျောက်အောင် လက်တွဲဆောင်ရွက် သွားသင့်တယ်လို့ထင်ပါတယ် ။ သံတွဲမြို့လေး တိုးတက် ၊ စည်ပင် ၊ ခိုင်မြဲပါစေ ….. ။

6 comments

  • aungnng87

    September 21, 2011 at 2:11 pm

    နာ ့ကိုခေါင်းစားအောင်လုပ်နေကြတယ်။ ရွာထဲမှာဘာဖြစ်လို့ ဘာတွေဖြစ်နေမှန်းကိုမသိဘူး။ ဟိုတယောက်ကလည်းထွက်တယ်တဲ့။ ထွက်တယ်လို့ပြောရလောက်အောင်ဘာအကြောင်းရှိလဲ။

  • ငရဲသား

    September 21, 2011 at 8:35 pm

    အဖြစ်ကတော့ မနှစ်ကနဲ့ မတူတော့လို့ပါ
    အစွမ်းအစရှိတဲ့ ကြီးမားတဲ့ ဒေဝဒတ်လို လူမျိုးနဲ့ တွေ့ဆုံနေကြရတော့
    အလဲလဲ အပြိုပြိုတွေ ဖြစ်ကြရတဲ့ သဘောပါ
    သူ စိတ်မလိုတဲ့သူကို ဒုုက္ခ ရောက်အောင် အန ္တရာယ် ဖြစ်အောင် စွမ်းဆောင်နိုင်ပါတယ်။
    သူ့ကြောင့် ရဲစခန်းမှာ အချုပ်ခံရတဲ့သူတွေ ဒုနဲ့ဒေး ပါ။
    သူ့ကြောင့် ငွေကုန်ကြေးကျတွေ များပီး ဒုက္ခ ရောက်ရတဲ့သူတစ်ယောက်အကြောင်းကိုလဲ
    သံတွဲမြို့ တစ်မြို့လုံးလိုလို သိကြပါတယ်။ နာမည်တော့ မဖေါ်တော့ပါဘူး။
    ဒီလိုလူမျိုး လောကကြီးမှာရှိနေတာတာ မဆန်းလှပေမဲ့……………… 🙁

  • mgmglusoe

    September 21, 2011 at 11:56 pm

    သူကြီးရေဗျာ…. ခုနောက်ပိုင်းတွေမှာ နာမည်တွေကို မဟားတရား လျှောက်ရမ်းပြောနေတဲ့
    အကောင့်များကို သတိထားပေးစေလိုပါတယ်ခင်ဗျား ၊ ကျနော် အပါအဝင်
    မည်သူ့ကို မဆို လိုအပ်ရင် အကောင့် ပိတ်သိမ်းသည်အထိ အရေးယူစေလိုပါတယ်ဗျာ။
    အားလုံးကိုလဲ သူကြီးအနေနဲ့ သတိပေးထားပီးပီ မဟုတ်ပါလား….။
    ခြေမ မကောင်း ခြေမ ၊ လက်မ မကောင်းလက်မ စံနစ်က ပိုကောင်းမှာပါ ။

  • kyawkyaw11

    September 22, 2011 at 6:26 pm

    သိပ်ကောင်းပါတယ်ဗျာ တကယ်တော့ ဒီလိုဇာတ်ရှုပ်တွေလုပ်တတ်တာဟာသံတွဲဇာတိတွေ
    မဟုတ်ပါဘူး လွင့်လာတဲ့လူတွေပါ ဒီမြို့မှာလာလူတွင်ကျယ်လုပ်နေတာပါ
    ကျွန်တော်တို့မြို့သားတွေက အေးချမ်းပါတယ် ဘာသာပေါင်းစုံ ချစ်ခင်ကြည်ဖြူစွာညီရင်း အစ်ကိုပမါနေထိုင်
    လာခဲ့ကြတာကြာလှပေါ့ ဒီစီးပွားရေး ၊ အာဏာရူးတွေရောက်လာမှ မြို့မှာသတင်းတွေအမျိုးမျိုးဖြစ်နေတာပါ
    လူဆိုတာနှလုံးသားလှဖို့လိုပါတယ်—
    နှလုံးသားလှရင်ဘဝလှပါတယ်–
    ဘဝလှရင်ဘုရားကြိုက်ပါတယ်–
    ဘုရားကြိုက်ရင်နတ်ပြည်မှာနေရပါတယ်—
    တို့မြို့သားတွေအားလုံး တစ်တစ်ယောက်ဖေးမကူညီနိုင်အောင် အိမ်နီးချင်းကောင်းစိတ်ဓါတ်
    နှလုံးသွင်းကြပါလို့—————-
    လူ့ဘဝဟာ တိုတိုလေးပါ
    ဘဝအခက်အခဲတွေကိုကျော်ဖြတ်နိုင်ကြပါစေ————–
    ဂျိတ်တောသားငထွား

  • yel ag lun

    September 22, 2011 at 7:31 pm

    ဟုတ်တာပ ၊ လွင့်မျော လာတဲ့ မြို့သားလဲမဟုတ်တဲ့ အာဏာရူး ပါ။
    မှန်တာကို ဝင်ပြောပေးတဲ့ မိတ်ဆွေ ကို နောက်မှ ကျေးဇူးဆပ်ပါ့မယ်။

  • lulaymg

    September 22, 2011 at 8:48 pm

    အာကာပျံဝဲ မြို့သံတွဲ ဟုတ်ပါတယ်နော်

Leave a Reply