သုံးတစ်

goldenhawkSeptember 21, 20111min1236

ရှေးခေတ်ကပညာရှိတွေအကြောင်းကိုစာစောင်တခုမှာဖတ်မိတာကိုပြန်တင်ပြချင်ပါတယ်၊တစ်ခါက

ကျေးရွာတစ်ရွာရှိဘုန်းကြီးကျောင်းတစ်ကျောင်းတွင်သိတင်းသုံးနေထိုင်သောကိုရင်လေးများသည်

ကျောင်းတွင်ထင်းလုပ်ရန်အတွက်ခုတ်ဖြတ်ထားသောသစ်တုံးများပေါ်တွင်ထိုင်နေကြရာမှတစ်ပါးသော

ကိုရင်ကသစ်တုံးတစ်တုံးပေါ်တွင်သုံးတစ်ဟုရေးထားသည်ကိုဘာအဓိပါယ်လည်းဟုကျန်ကိုယ်ရင်

များကိုမေးရာ၊တချို့ကဆရာတော်ကသစ်တုံးအမှတ်ပြုထားကြောင်းတချို့ကလည်းနိဗာန်သုံးပုတစ်

ပုံရှိသည့်အကြာင်းအမျိုးမျိုးအဖြေပေးကြသည်၊သို့သော်၎င်းကိုယ်ရင်ကသင်တို့အားလုံးမှားတယ်

အမှန်တော့(၃/၁)ဆိုတာ…သစ်တုံးကိုပြောတာ..ဆိုပြီး..ကျန်ကိုယ်ရင်တွေလည်းငြိမ်သွားကြရတယ်

ပေါ့…နောင်တွင်၎င်းကိုယ်ရင်လေးသည်နံမည်ကျော်ကြားသောဆရာတော်တစ်ပါးဖြစ်လာသည်ဟု

ဆိုပါသည်…

 

 

 

6 comments

  • ဆူး

    September 21, 2011 at 7:38 pm

    ှုငယ်ငယ်က ဖတ်တဲ့ အ သုံးလုံး စာတတ်မြောက်ရေးထဲက ပုံပြင်လေး တခုပဲ။

    သုံးတစ် = သုံးဆယ် တစ်ဘုံ ကို ဖော်ညွန်းပြနေတယ်လို့ ငြင်းခုန်နေကြသလို… တချို့က လူ့ပြည် ဆိုတာ လူနတ်ဗြဟ္မ ဆိုတဲ့ သုံးဘုံ ထဲက ၁ ခု ကို ရည်ညွန်းတာ ဖြစ်တယ်လို့ စာပေဆန်ဆန် တွေးတော ငြင်းခုန်နေရင်းနဲ့ တယောက်တစ်ခွန်းနဲ့ ပညာပြိုင်ပြီး ဒီထက် နက်နဲတဲ့ အကြောင်းအရာတွေနဲ့ ရေးထားတာများလား ဆိုပြီး ဝိုင်းစဉ်းစားနေကြတဲ့ အချိန်မှာ သစ်တုံးမှာ စာရေးထားတဲ့ လူလည်း ရောက်လာတော့ မေးကြတဲ့ အခါ သုံး တစ် ဆိုတာ တခြား ဘာမှ မဟုတ်ဘူး သစ်တုံး ဖြစ်ကြောင်း ရှင်းပြလိုက်တဲ့ အခါ.. အားလုံး ဟာ ကနဲဖြစ်သွားပြီး အံဩပြီး ပါးစပ် အဟောင်းသား ဖြစ်သွားကြလေသတည်းပေါ့။

  • windtalker

    September 21, 2011 at 8:37 pm

    goldenhawk ရဲ ့
    ပို ့စ်လေး ကို ဖတ်မိပြီး
    ဓါတ်ဆီဆိုင်ထဲ က ဝန်ထမ်းတွေ အကြောင်းကို
    သွားသတိရမိတယ်
    ပေပါပုံးမှာ “၆ မ ၁ ရ ” လို ့ရေးထားတာကို
    မြင်ကြရတော့
    တစ်ယောက်တစ်မျိုးနဲ ့ဘာများလဲပေါ့..
    အဖြေမျိုးစုံ ထွက်လာကြတာပေါ့..
    နောက်ဆုံးမှ ဆိုင်မန်နေဂျာ နဲ ့တွေ ့မှ
    “ ခြစ်မသောက်ရ ” ဆိုတာ ဖြစ်နေတာကလား ။

  • naywoonni

    September 21, 2011 at 8:38 pm

    အပိုတွေ မပြောနဲ့ သုံးတစ်(31) ကငါ့မွေးဂဏန်း ကွ…။

    • etone

      September 30, 2011 at 4:33 pm

      အဘနီ … ဆက်.. ပတ်ထားနော် … မွေးဂဏန်းဆိုတာ … ကိုယ်လည်း မထိုးရော .. နောက်တပတ်ထွက်ရောပဲ 😛 😛 😛

    • swam

      September 30, 2011 at 4:43 pm

      အဘနီ ကျွန်တော်တို့မြို့မှာတော့ အလုံးမှန်သမျှပျောက်သွားပါပြီ အစ်ဘတို့ဆီမှာကျ ရှိနေတုန်းပဲ အလုံး အလုံးဘယ်အလုံးမှမကောင်းဘူး ။ခြွင်းချက် မန်ထိုပေါက်စီ အလုံးတော့ အသေကြိုက်။

  • goldenhawk

    September 30, 2011 at 11:08 am

    ဆူးရေးနောက်တစ်ခုရှိသေးတယ်ဖတ်ဖူးရင်လည်းတင်ပေးပါလာခင်ဗျား(လက်မြောင်)ပုံပြင်ဆိုတာ၊ကျေးဇူအ
    ထူးတင်ပါတယ်..နောက်တစ်ခုက(အမိုက်တကာ့အမိုက်ဆုံးဟာဘယ်အမှောင်ဟာအမိုက်ဆုံးလဲ)ဆိုတာ…

Leave a Reply