ကမ်းလင့်လာမယ့် လက်တစ်စုံ

manawphyulaySeptember 21, 20111min1276


မျှော်လင့်ချက်တိုင်းမှာ
အနာဂတ်တွေ တောက်ပချင်ပါတယ်ဆိုတဲ့ ငါ
နူးညံ့တဲ့ လေပြည်လေးတွေလာရောက်
တိုးဝှေ့တိုက်ခတ်တိုင်း
ငါ့အတွက် နောက်ထပ်
အိပ်မက် ရောင်ခြည်တိုင်းဟာ
နေ့သစ်အတွက် လှပလို့ နေမိတယ်…
ငါ့ရဲ့ ပုံသေနည်းကားချပ်ထဲမှာ
ကမ်းလင့်နေမယ့် လက်တစ်စုံ
ဘယ်ဆီဘယ်ဝယ် ရောက်နေသည်မသိ
ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်နေတဲ့
ရယ်မောသံတွေကြားထဲ
အပြုံးမပျက်ပဲ
ရဲရဲဝင့်ဝင့် ရပ်တည်နေတာကတော့
တစ်ချိန်မှာ ဆုံလာမယ့်
လိုချင်တဲ့ အကြောင်းအရာတွေဟာ
အပေါ်ယံ အပြုံးတွေမဟုတ်
မှော်ဆန်တဲ့ ညှို့ယူဖမ်းစားမှုတွေမပါ
ငွေကြေးဆန်တဲ့ သာယာမှုမျိုးလည်းမလို
ပကတိ ရိုးသားဖြူစင်တဲ့ အပြုံးတွေ
နူးညံ့သိမ်မွေ့ပြီး ချစ်တတ် ကြင်နာတတ်တဲ့
နှလုံးသားပိုင်ရှင်….
အရာရာကို သည်းခံခွင့်လွှတ် နားလည်မှုပေါင်းများစွာနဲ့အတူ
ရင်ခွင်တစ်စုံက ဆန့်ထုတ်လိုက်တဲ့
မြတ်နိုးကြင်နာခြင်း အပြည့်နဲ့ လက်တစ်စုံကိုပဲ
ငါလေ မက်မောမျှော်လင့်လို့ နေမိတယ်……

မနောဖြူလေး ခံစားရေးဖွဲ့ သီကုံးသည်။

6 comments

  • chitsu

    September 21, 2011 at 9:04 pm

    လိုချင်တဲ့ဆုနဲ့ပြည့်ပါစေ
    (လိုချင်တဲ့ အကြောင်းအရာတွေဟာ
    အပေါ်ယံ အပြုံးတွေမဟုတ်
    မှော်ဆန်တဲ့ ညှို့ယူဖမ်းစားမှုတွေမပါ
    ငွေကြေးဆန်တဲ့ သာယာမှုမျိုးလည်းမလို
    ပကတိ ရိုးသားဖြူစင်တဲ့ အပြုံးတွေ
    နူးညံ့သိမ်မွေ့ပြီး ချစ်တတ် ကြင်နာတတ်တဲ့
    နှလုံးသားပိုင်ရှင်….
    အရာရာကို သည်းခံခွင့်လွှတ် နားလည်မှုပေါင်းများစွာနဲ့အတူ
    ရင်ခွင်တစ်စုံက ဆန့်ထုတ်လိုက်တဲ့
    မြတ်နိုးကြင်နာခြင်း အပြည့်နဲ့ လက်တစ်စုံကိုပဲ
    ငါလေ မက်မောမျှော်လင့်လို့ နေမိတယ်……)
    အဲ့လိုမျိုးလေးလိုပြည့်စုံတဲ့လူကိုလိုချင်တယ်

    • manawphyulay

      September 23, 2011 at 11:00 am

      လိုချင်ရင် ရရမှာပေါ့။ စိတ်ဆန္ဒရှိထားဖို့သာ လိုပါတယ်……..

  • snow white

    May 9, 2012 at 6:36 pm

    ကြိုလင့်နေပါ့မယ် ကိုယ့်ချစ်သူကို မျှော်လင့်နေယုံကလွဲလို့ တို့နှစ်ဦးလည်းဘယ်တော့များမှနီးစပ်မလဲ ချစ်သူရယ် ။

  • ရွာစားကျော်

    May 9, 2012 at 9:42 pm

    ရွာအလှူမှာ
    စုံတွဲခုတ်မိတာ
    မနောဖြူလေးကို
    ဝေဒနာတွေ
    မီးဆွပေးမိသလို
    ဖြစ်သွားဘီထင်၏
    အာဟိ
    ဒက်ဂလောက်…ဒက်ဂလောက်

    • manawphyulay

      May 10, 2012 at 10:40 am

      အင်းပေါ့ ရွာစားကျော်ရဲ့ သားသားလေးကလည်း ကပြဖြေဖျော်ပြသေးတယ်။ ကျွမ်းထိုးပြတာ လန့်တောင်သွားတယ်။

  • kotun winlatt

    May 9, 2012 at 11:36 pm

    လက်တစ်စုံပဲလားးးမျှော်လင့်ချင်တာကလေ…
    ပြည့်စုံပါစေ…ကြောင်းးးးး
    ဆုမွန်တောင်းးးလိုက်ရပါ၏….။

Leave a Reply