အပြောမတတ်တော့ ဆဲသလို

kolulaySeptember 21, 20111min16410

လူလေးကို လူလေးဆရာပြောပြတဲ့ အကြောင်းလေးပါ။

တစ်နေ့မှာ ခရီးသွားတစ်ယောက်ဟာ ဝေးလံခေါင်သီတဲ့ အရပ်ဒေသတစ်ခုကို မျက်စိလယ် လမ်းမှားပြီးရောက်သွားတယ်ဗျ။ အသိကမရှိ အချိန်က မိုးချုပ်နေတော့ တည်းခိုဖို့ အိမ်တစ်အိမ်မှာ ခွင့်တောင်မယ်ဆိုပြီး အိမ်တံခါးသွားခေါက်တယ်။

 “ဒေါက် ဒေါက် ဒေါက် “

 အိမ်ရှင် –       ”      ဘယ်သူလဲကွ  “

ခရီးသွား –      ”     ကျွန်တော် ခရီးသွားပါခင်ဗျာ။ ကျွန်တော် မျက်စိလည် ပြီးရောက်လာလို့ တစ်ညလောက်တည်းခိုချင်လို့ပါ ခင်ဗျာ။  “

လို့ပြောလို်က်တယ်။ အိမ်ရှင်က သူ့အိမ်မှာက သမီး မိန်းကလေးတွေ ရှိလို့ဆိုပြီး ငြင်းလွှတ်လိုက်ပါတယ်။

ဒါနဲ့ပဲ နောက်တစ်အိမ်ရောက်သွားတယ်။ နောက်တစ်အိမ် အိမ်မှာလည်း

”  ဒေါက် ဒေါက် ဒေါက် “

အိမ်ရှင် –        ”     ဘယ်သူလဲကွ  “

ခရီးသွား –      ”     ကျွန်တော် ခရီးသွားပါခင်ဗျာ။ ကျွန်တော် မျက်စိလည် ပြီးရောက်လာလို့ တစ်ညလောက်တည်းခိုချင်လို့ပါ ခင်ဗျာ။ “

လို့ပြောလို်က်တယ်။ အိမ်ရှင်ကလည်း သူ့အိမ်မှာက သမီး မိန်းကလေးတွေ ရှိလို့ဆိုပြီးပဲ ငြင်းလွှတ်လိုက်ပါတယ်။

ခရီးသွားကလည်း အားမလျော့ပဲ နောက်တစ်အိမ်ကို ထပ်မံသွားပြီးခေါက်တယ်။

“ဒေါက် ဒေါက် ဒေါက်”

ဒီတစ်ခါတော့ စကားအရှည်ကြီးမပြောချင်တော့လို့နဲ့တူပါတယ် ။ အိမ်ရှင်က တံခါးဖွင့်ဖွင့်ချင်းပဲ

ခရီးသွား –       ”      ဦးခင်ဗျာ ဦးရဲ့ အိမ်မှာ သမီး မိန်းကလေးများရှိပါသလားခင်ဗျာ။   “

 အိမ်ရှင် –        ”      ဟေ မောင်ရင်က ဘာလုပ်ဖို့တုန်း   “

ခရီးသွား –       ”    ကျွန်တော် တစ်ညလောက်အိပ်ချင်လို့ပါ ခင်ဗျာ။    ”  တဲ့။

ဒါလေးက ရယ်စရာလည်း ရယ်စရာပါ။ တွေးကြည့်တော့လည်း …………………………..

10 comments

  • windtalker

    September 21, 2011 at 6:45 pm

    စကားမစပ်
    ကိုလူလေး တို ့အိမ်ကော
    သမီးမိန်းကလေး တွေ ရှိလားဟင်..
    🙂
    မတည်းခိုပါဘူးနော် ၊ မေးရုံသပ်သပ်ပါ
    🙂

  • cobra

    September 21, 2011 at 7:20 pm

    ဟားဟားဟား
    ဘယ်လိုကြီးလဲဗျာ……..
    မေးပုံကလဲ
    အိပ်ချင်လို့တဲ့

  • mgmglusoe

    September 21, 2011 at 11:17 pm

    မေးမှ မေးတတ်ပလေတယ်
    အရိုက်မခံရတာ ကံကောင်းတယ်
    ရိုးသားတိုင်းလဲ ခရီးမရောက်နိုင်တဲ့ အနေအထားပါ ။

  • japoe

    September 22, 2011 at 2:38 pm

    ကိုလူလေးးးးးးးးးးတဲ.
    သူမှာ ညီမလေးတစ်ယောက်တော.ရှိတယ်
    ဟုတ်လား းးး ကိုလူလေးးးး
    ကျွန်တော်ကတော. မျက်စိလည်ပြီး မရောက်လောက်ပါဖူးးးးးးးးးး

  • manawphyulay

    September 22, 2011 at 2:55 pm

    အင်း မေးပုံကလည်း
    အိမ်ရှင်က တစ်ခါထဲ သတ်ချင်စိတ်ပေါက်အောင် မေးတဲ့မေးခွန်းပါပဲလား…
    ဆဲတာထက် ပိုဆိုးတဲ့ စကားပဲ…

  • swezin99

    September 22, 2011 at 3:03 pm

    ရိုးသားတိုင်းလည်းမကောင်းပါလား..သူငယ်ချင်းတို့လည်းအဲလိုသွားမမေးနဲ့နော်

  • MOEPWINTPHYU

    September 22, 2011 at 3:14 pm

    စကားကိုအမျိုး2ပြောလိုရတယ်လို့ပြောတာနော်
    ကောင်းတယ် မိုးပွင်က စကားပြောရင်မာတယ် ဒီအတိုင်းပြောနေတာကိုကအဲလိုလေသံတွက်နေတာ
    နောင်ဆင်ချင်သင်တာပေါနော်….

  • နွယ်ပင်

    September 22, 2011 at 3:19 pm

    ကြာတော့လဲ မေးရတဲ့ အိမ်ကများလာတော့ သူလဲ စကားပြောလောသွားတယ်ထင်တယ် ..
    အဟား ပြောပုံကတော့ တကယ့်ရိုက်ပေါက်ပဲ

  • antimoe

    September 23, 2011 at 3:24 pm

    ကောင်းလိုက်တဲ့စာလေး။
    အန်တီမိုးတို့အောက်ထပ်က
    တိုက်ခန်းရဲ့ ခေါင်မိုးပေါ်တင်ထားတဲ့ ရေတိုင်ကီပေါက်နေလို့….
    မသိဘူးထင်လို့ သွားသတိပေးတာ….
    ဖာပြီးသွားပြီတဲ့။
    ဟယ်…နင်…ဖာလိုက်တာ….ငါတောင်..မသိလိုက်ဘူး..လို့ ပြောမိပြီး..
    ရီကြရသေးတယ်။

  • AKKO

    September 23, 2011 at 4:02 pm

    ရယ်တယ်ဗျို့ ။ မြန်မာစကားက တစ်ခါတစ်လေ အဖြတ်တောက် မမှန်လျှင်ဖြစ်ဖြစ် ၊ တဆက်တည်းပြောလျှင်ဖြစ်ဖြစ် အတော် ရယ်ရတယ် ။
    အဓိပါ္ပယ် နှစ်ခွဖြစ်စေတဲ့စာတွေလည်း အများကြီးပဲ ။ ဒါကြောင့် မြန်မာစကား ကြွယ်ဝတယ်လို့ ပြောခဲ့ကြတာဖြစ်မယ် ။

Leave a Reply