အဆိုတော်အနဂ္ဂ နဲ ့သံသာဝင်းတို ့ရဲ ့ မွန်မြတ်သောဒါန

Good IdeaSeptember 21, 20112min1755

သူငယ်ချင်းများအားလုံး မင်္ဂလာပါ….

ဒီကနေ ့(19th Sept ) မှာကျရောက်တဲ့ အဆိုတော် သံသာဝင်း နဲ ့ အနဂ္ဂရဲ ့
တူလေး အခရာ တို ့ရဲ ့ မွေးနေ ့ မှာကုသိုလ်ကောင်းမူ ပြုတဲ့အနေဖြင့်
အမေ့အိမ်ပညာဒါနကျောင်း( လှိုင်သာယာ) မှ ကလေးငယ်များ အားလုံး ကို
ဗလာစာအုပ် နှင့် စာရေးကရိယာများ၊ အဟာရမုန် ့နှင့် အအေးတို ့ကို
ကလေးတဦးချင်းစီအား ကိုယ်တိုင်ကိုယ်ကျ ကြင်နာစွာ လာရောက်
ကျွေးမွေးလှူဒါန်းခဲ့ကြပါတယ်။ အမေ့အိမ်ပညာဒါန ကျောင်း ရံပုံငွေအဖြစ်
အလှူငွေကျပ်( ၁၀၀,၀၀ဝ ) တစ်သိန်းကိုလည်းပေးအပ် လှူဒါန်းခဲ့ကြပါတယ်။

နိုင်ငံကျော်အနုပညာရှင်နှစ်ဦး

တို ့ရဲ ့ဖြူစင်တဲ့စေတနာနဲ ့ ကျွေးမွေးလှူဒါန်းမူဟာ ကလေးငယ်များအတွက် ခန္ဒာကိုယ်အဟာရသာမက
စိတ်ဓါတ်အင်အားတွေကိုပါ မြှင့်တင်ပေးရာရောက်စေတာမို ့အမေ့အိမ်ပညာရေး
ကော်မတီမှ ဝမ်းမြောက်ဝမ်းသာ သာဓုခေါ်ပါသည်။

ပကာဿန မပါ ဖြူစင်မွန်မြတ်သောဒါနမို ့အားလုံးသာဓုခေါ်နိုင်ရန် မျှဝေလိုက်ပါတယ်။

လေးစားစွာဖြင့်
ကိုငယ်( ဝ၉ ၅၁၆ ၂၀၆ဝ )
အမေ့အိမ် ပညာရေးကော်မတီ

5 comments

  • chartatelay

    September 22, 2011 at 12:29 pm

    ဝမ်းသာစရာပေါ့

  • thihayarzar

    September 22, 2011 at 8:35 pm

    သာဓုခေါ်ပါတယ်ဗျာ .. ဓာက်ပုံနှင့်တကွတင်ပေးတော့ ပိုပြီးကြည်နူးဖို့ကောင်းတယ် .. ကလေးတွေလည်း ပျော် .. လူကြီးတွေလည်းပျော်တာပေါ့ … နောက်လည်း လှူနိုင်ပါစေဗျာ …….

  • windtalker

    September 22, 2011 at 11:56 pm

    ကောင်းသော အလုပ် ကို လုပ်သူသည်
    ကောင်းမှု အကျိုးကျေးဇူးကို
    မလွဲမသေ ခံစားရမည် မှာ
    အမှန်ပေတည်း
    ကောင်းလေစွ..ကောင်းလေစွ…ကောင်းလေစွ

  • True Answer

    September 23, 2011 at 8:55 am

    ၃ကြိမ် သာဓုခေါ်ပါတယ်။ နောက်လည်း ဒီထက်မက လှူနိုင်ပါစေဗျာ …….

Leave a Reply