အမြန်ဆုံး သတင်းပို့ပါ။ ဥပဒေကြောင်းအရ အခမဲ့ အကူအညီ ပေးပါသည်

Good IdeaSeptember 21, 20111min1567

Legal Aid Project  ဆိုသည်မှာ မြန်မာနိုင်ငံအတွင်း အသက်(၁၈)နှစ်ေအောက်ရှိ ပြစ်မှုကျူးလွန်စော်ကားခံရသော ကလေးသူငယ်များ၊ လူငယ်များနှင့် သက်သေများ၊ ပြစ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသော ကလေးသူငယ်များနှင့် လူငယ်များ၊
အသက်(၁၈)နှစ်ကျော်သော်လည်း အမျိုးသမီး ဖြစ်သည့် အတွက် ပြစ်မှုကျူးလွန်စော်ကားခံရသော () အမျိုးသမီးများအတွက်
အမှုလိုက်ပါဆောင်ရွက်ခ (ရှေ့နေခ) တစ်စုံတစ်ရာ မယူဘဲ ဥပဒေအကြောင်းအရ အခမဲ့ ကူညီပေးသည့် စီမံချက် ဖြစ်ပါသည်။

ရည်ရွယ်ချက်

မသိနားမလည်၍ သော်လည်းကောင်း၊ တရားရုံးစရိတ် မတတ်နိုင်၍သော်လည်းကောင်း၊ ရှေ့နေငှားရမ်းခ မတတ်နိုင်၍သော်လည်းကောင်း၊
မိမိနစ်နာသောအမှုကို တိုင်းတန်းရန် (သို့) စွပ်စွဲခံရသောအမှုကို ရင်ဆိုင်ဖြေရှင်းရန် အခက်အခဲ ရှိသူများအတွက် …
ဥပဒေအကြောင်းအရ အခမဲ့ လိုက်ပါဆောင်ရွက်ပေးရန်
ပြစ်မှုကျူးလွန်စော်ကားခံရသူ (နစ်နာသူ) အသက် (၁၈)နှစ်အောက် ကလေးသူငယ်၊
အသက် (၁၈)နှစ် အောက် ကလေးသူငယ်၊ လူငယ်များအား ကျောင်းစရိတ်အခက်အခဲရှိပါက ကျောင်းစရိတ် ထောက်ပံ့ကူညီရန်

ပြစ်မှုကျူးလွန် စော်ကားခံရသူ (နစ်နာသူ) များအား ဆေးကုသစရိတ်နှင့် တရားရုံးသို့ သွားလာစရိတ်နှင့်
တရားရုံးသို့ သွားလာစရိတ် အခက်အခဲရှိပါက လူမှုရေးစရိတ် ထောက်ပံ့ကူညီရန်

ပြစ်မှုကျူးလွန် စော်ကားခံရသူ (နစ်နာသူ) အား အသက်မွေးဝမ်းကျောင်းနိုင်ရန်အတွက် အခက်အခဲရှိပါက …
အသက်မွေးဝမ်းကျောင်း သင်တန်းတစ်ခုခုတက်ရောက်နိုင်ရေးအတွက် ထောက်ပံ့ကူညီရန်

Legal Aid Project အောက်တွင် အမှုလိုက်ပါဆောင်ရွက်သော ရှေ့နေများအား…
ရှေ့နေခ ၊ ခရီးစရိတ်၊ စားစရိတ်၊ စာရွက်စာတမ်းခများကို အမှုသည်များက လုံးဝ မပေးရပါ။
ရှေ့နေများမှ ငွေကြေးတစ်စုံတစ်ရာ တောင်းခံလာပါက စီမံကိန်းမန်နေဂျာထံတွင် တိုင်တန်းနိုင်ပါသည်။

အသက်(၁၈)နှစ်အောက် ကလေးများ၊ လူငယ်များ ပြစ်မှုကျူးလွန်စော်ကားခံရလျှင်


အသက် (၁၈)နှစ်အောက် ကလေးများ၊ လူငယ်များ ပြစ်မှုကျူးလွန်ကြောင်း စွပ်စွဲခံရ၍ တရားရုံးတွင် အမှုရင်ဆိုင်ရလျှင်…
အသက်(၁၈)နှစ်ကျော်သော်လည်း အမျိုးသမီးဖြစ်သည့်အတွက် ပြစ်မှုကျူးလွန်စော်ကားခံရလျှင်…
အမြန်ဆုံး သတင်းပို့ပါ ဥပဒေကြောင်းအရ အခမဲ့ အကူအညီပေးပါသည်။

ဦးငိုင်ဆာခ့် (စီမံကိန်း မန်နေဂျာ)
၀၉-၈၆၁၈၁၉၆၊ ဝ၁-၃၉၈၃၉၇
၀၉-၅၁၆၀၇၈၄၊ ဝ၁-၃၉၈၂၁၅

ရုံးခန်း
အမှတ်(၃၈၅/၃၈၉)၊ (၆)ထပ်၊ အခန်း(ခ)၊ ဂလိုဘယ်တာဝါ၊ မဟာဗန္ဓုလလမ်းနှင့်
ပန်းဆိုးတန်းလမ်းဒေါင့်၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့။
………………………

အများပြည်သူအတွက် အကျိုးရှိမယ်မျှော်လင့်လို့ ဝေမျှလိုက်ပါတယ်။ မိတ်ဆွေများလည်း ကိုယ့်နီးစပ်ရာမှာ ဝေမျှပြောကြားပြီး ရုံးလိပ်စာနဲ့ ဆက်သွယ်လို့ရမယ့် ဖုန်းနံပါတ်လေးတွေ ဝေမျှပေးစေလိုပါတယ်။ ကိုယ်က မကူညီနိုင်ပေမယ့် ကူညီနိုင်သူကို ဆက်သွယ်ပေးတာကလည်း ကုသိုလ် တမျိုးပေါ့။

လူအချင်းချင်း နှိပ်စက်ခြင်း ကင်းရှင်းကြပါစေ။
လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ။
တို့မေတ္တာစွမ်း ကမ္ဘာလွှမ်း အေးချမ်းကြပါစေ။

အားလုံးကို လေးစားလျှက်…

Good Idea

 

7 comments

  • naywoonni

    September 21, 2011 at 8:40 pm

    အဲဒါကမှ တစ်ကယ့်ကို Good Idea ပါပဲဗျို့ ပြောလိုက်ပါ့မယ် စိတ်ချထား…။

  • ပေါက်ဖော်

    September 21, 2011 at 9:01 pm

    မင်္ဂလာသတင်းပါပဲ..
    ဒါပေမဲ့..
    Forum ထဲမှာလဲ ထိပ်ထားကြီး တင်ပေးဖူးသဗျ

  • nature

    September 21, 2011 at 9:44 pm

    အင်မတန်ကောင်းပါတယ်။ ထိထိရောက်ရောက် လုပ်ပေးဖို့လိုပါလိမ့်မယ်။ လူတိုင်းသိအောင် ကျယ်ကျယ်ပြန့်ပြန့် အသိပေးဖို့လိုပါလိမ့်မယ်။

  • etone

    September 22, 2011 at 8:20 am

    သတင်းကောင်းပဲဗျို့ .. ဒီလို အဖွဲ့တွေ များများပေါ်လာမှ မတရားခံရတဲ့လူတွေ ၊ အသိဉာဏ်မဖွံ ့ဖြိုးသေးတဲ့ လူတွေအတွက် ကာကွယ်ရာ ရောက်တယ် … 🙂

  • pan pan

    September 22, 2011 at 9:06 am

    အင်း…ကောင်းလိုက်တာ
    ဒီလိုအဖွဲ့မျိုးရှိတာ တော်တော်ကောင်းတယ်
    တရားရုံးမှာ လာဘ်စားမှုမရှိအောင်လည်း ကူညီပေးနိုင်ရင် ကောင်းမယ်
    စာကိုကူးသွားပါတယ်
    ပြန်ဖြန့်ရအောင်လို့.. 🙂

  • intro

    September 22, 2011 at 9:36 am

    Good Idea ရေ…. မသိတဲ့သူတွေ သိရအောင်၊ Shared ပေးလိုက်မယ်နော်… ရတယ်မဟုတ်လား?

  • နွယ်ပင်

    September 22, 2011 at 10:48 am

    သတင်းကောင်းလေးပါပဲ
    ကူးယူပြီး ဝေမျှပေးလိုက်ပါတယ် ………..

Leave a Reply