ကဲ ………..လေ

thit minSeptember 21, 20111min1035

ကဲ ………..လေ

တခါကအိမ်တအိမ်မှာထမင်းလာစားဖို့ဧည့်သည်၃ ယောက်ဖိတ်ထားတယ်တဲ့။
တကယ်တမ်းမှာတော့ဧည့်သည် ၁ ယောက်ကလုံးဝမလာပဲ၊ ၂ ယောက်ပဲလာပါတယ်တဲ့၊
အိမ်ရှင်ကအဲဒီမှာ “ဟင်း လာသင့်တဲ့လူကမလာဘူး” လို့ပြောလိုက်တယ်တဲ့။
အဲဒီလိုပြောလိုက်လို့ ဧည့်သည် ၂ ယောက်အနက်တယောက်က “ဪ ငါကမလာသင့်တဲ့
လူပေါ့” လို့တွေးမိလို့စိတ်ဆိုးပြီးချက်ချင်းပဲထပြန်သွားတယ်တဲ့။ဧည့်သည် ၁ ယောက်ပဲကျန်တော့တာပေါ့။
အဲဒီမှာအိမ်ရှင်က “ဟာ မပြန်သင့်တဲ့သူကပြန်သွားပြီ” လို့ပြောလိုက်ပြန်ပါသတဲ့။
အဲဒီအခါ ကျန်နေတဲ့တယောက်ကလဲ “ဪ ငါကို ပြန်သင့်တဲ့လူလို့ပြောတာကိုး”
လို့စဉ်းစားပြီး၊စိတ်ဆိုးပြီးပြန်သွားပါလေရောတဲ့။

စားမယ်

တခါကလူတယောက်ကအိမ်တအိမ်ကိုအိမ်ရှင်တွေထမင်းစားချိန်မှာရောက်သွားတယ်တဲ့၊
ထုံးစံအတိုင်းထမင်းစားနေတဲ့အိမ်ရှင်ကထမင်းစားခေါ်ပါသတဲ့
အဲဒီလူကဗိုက်တော်တော်ဆာနေပေမဲ့အားနာလို့နေပါစေ၊မဆာလို့ပါဆိုပြီးငြင်းသတဲ့။
အိမ်ရှင်ကနောက်တခါထပ်ခေါ်တယ်။ အဲဒီလူကလဲနောက်တချိန်ထပ်ငြင်းပြန်တယ်။
ငြင်းသာငြင်းလိုက်ရတာဗိုက်ကတော်တော်ကိုဆာနေပြီလေ။
ဒါနဲ့ နောက်တခါခေါ်ရင်တော့မငြင်းတော့ဘူး၊ဝင်စားလိုက်မယ်လို့စိတ်ထဲမှာတွေးနေသတဲ့၊
ဖြစ်ချင်တော့အိမ်ရှင်ကလဲ ၂ ခါ ခေါ်ပြီးသွားပြီး၊နောက်ထပ်မခေါ်တော့ဘူးတဲ့။
ဟိုလူကလဲအိမ်ရှင်ခေါ်တာနဲ့စားမယ်လို့ပြောဖို့စိတ်ကူးနေတဲ့အချိန်မှာဗြုံးဆို
မျက်နှာကြက်ပေါ်ကအိမ်မြှောင်တကောင်ကဧည့်သည်အဲဒီလူရဲ့ပုခုံးပေါ်ပြုတ်အကျ၊
အိမ်ရှင်ခေါ်မှာကိုအာရုံပြုနေတဲ့အဲဒီလူကလန့်သွားပြီးအော်လိုက်တာကတော့
“စားမယ်”  ……………………………………….ပါတဲ့ဗျား

ရပါတယ်

အဆိုသင်တန်းတွင် သင်တန်းသူတစ်ဦးက နည်းပြအားမေးသည်။

“ဆရာ။ ကျွန်မကို ရှင်းရှင်းပဲ ပြောပါဆရာ။ ကျွန်မအသံက ဘယ်နေရာမှာမှ
သုံးစားလို့ မရတော့ဘူးလား”

“ဟာ…ဒီလိုလဲ မဟုတ်ပါဘူး။ ဥပမာ – မီးလောင်တာတို့၊ ရေနစ်တာတို့၊
ဓပြတိုက်ခံရတာတို့ဆိုရင် ခင်ဗျားအသံဟာ အစားထိုးလို့ကို မရဘူး။
တကယ်ပြောတာ”

လွဲ ချက်ကနာ

တောစပ်တစ်နေရာတွင် ကိုဖြူ၊ ကို ကြူ နှင့် ကိုအူ တို့သုံးဦးအား
ရာဇဝတ်မှုဖြင့် သေဒဏ်ပေးရန် ပြင်ဆင်နေသည်။ အစောင့်ဖြစ်သူက ကိုဖြူအား
အချုပ်ကားတွင်းမှ ပထမဆုံး ခေါ်ထုတ်လာသည်။ ထို့ နောက် အရာရှိဖြစ်သူက
သေနတ်သမားအား ပစ်မိန့်ပေးသည်။(အင်္ဂလိပ်လို အမိန့်ပေး)

အရာရှိ- “Ready”,’Aim”.

ကိုဖြူ-(အရာရှိ ဧ။် စကားမဆုံးခင် ရုတ်တရတ်ထအော်သည်) ,’ Earthquake!’

လူအများ အလန့်တကြား နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားချိန်တွင် ကိုဖြူထွက်ပြေး
လွတ်မြောက်သွားသည်။

နောက် ကိုကြူအလှည့်

အရာရှိ– ‘Ready’, ‘Aim’

ကိုကြူ–(အရာရှိ ဧ။် စကားမဆုံးခင်) ‘Tornado!’

ရုတ်တရတ် လူများ အထိတ်တလန့် ဖြစ်သွားပြန်သည်၊ ကိုကြူလည်း ထွက်ပြေး
လွတ်မြောက်သွားပြန်သည်။

နောက်ဆုံး ကိုအူ့အလှည့်

အရာရှိ-‘ Ready’, ‘Aim’

ကိုအူလည်း ကျန်လူများကို အတုယူ၍(အရာရှိ ဧ။် စကားမဆုံးခင် ) အော်လိုက် ပုံ က “Fire!”

သေနတ်သံများနဲ့အတူ..ကိုအူသေပါလေရော..

(မှတ်ချက်။ ။ သိတော်မူကြတဲ့အတိုင်းပါပဲ …Fire ဆိုတာ ပစ်လို့ အမိန့်ပေးတာပါ၊ စကားလုံးတွေကို
သူ့နေရာနှင့် သူသုံးနိုင်ကြပါစေ)

 ဈေးကြီးလိုက်တဲ့ ကြက်တူရွေး…………….

အိမ်မွေးတိရစာ္ဆန်များရောင်းသော ဆုင်တစ်ဆိုင်အတွင်း ဝယ်သူတစ်ဦး ရောက်ရှိလာလေသည်။
ဝယ်သူ။ ။ ကြက်တူးရွေးတစ်ကောင်လောက် လိုချင်တယ်။
ဆိုင်ရှင်။ ။ ရပါတယ်။ ဒီကြက်တူရွေးက ဒေါ်လာ ၅၀၀၊ ကွန်ပျူတာ
ကောင်းကောင်းအသုံးပြုတတ်တယ်။
ဝယ်သူ။ ။ တယ်ဟုတ်ပါလား။
ဆိုင်ရှင်။ ။ ဒီကြက်တူရွေးက ရုပ်မြင်သံကြား ဖွင့်တတ်၊ ပိတ်တတ်ပြီး
သီချင်းလည်းဆိုနိုင်ပါတယ်။ ဒေါ်လာ ၁၀၀၀။
ဝယ်သူ။ ။ မဆိုးပါဘူး
ဆိုင်ရှင်။ ။ ဒီကြက်တူရွေးကတော့ ဒေါ်လာ ၃၀၀ဝ ပါ။
ဝယ်သူ။ ။ ဈေးကြီးလိုက်တာ …။ သူကကောဘာတတ်ပါသလဲ…..။
ဝယ်သူ။ ။ ဘာမှတော့မတတ်ပါဘူး။
ဆိုင်ရှင်။ ။ ဟင်ဘာဖြစ်လို့ ဈေးကြီးတာလဲ။
ဆိုင်ရှင်။ ။ မနက်တိုင်း ဟိုကြက်တူရွေးနှစ်ကောင်က သူ့ကို ဆရာကြီးလို့ခေါ်နေလို့ပါ။

ခက်အောင် မလုပ်ပါနဲ့

စိတ်ရောဂါ အထူးကုဆရာဝန်၏ ဆေးခန်းရှေ့တွင် ချိတ်ထားသော စာတန်း

ဆရာဝန်နှင့် တွေ့ရန် စောင့်စားနေကြသော လူနာများခင်ဗျား။ မိမိတို့
ခံစားနေရသော ရောဂါလက္ခဏာများကို အချင်းချင်း မဖလှယ်ကြပါနှင့်။
ရောဂါဇစ်မြစ်ကို ဖော်ထုတ်ရာတွင် အခက်အခဲ ဖြစ်စေနိုင်ပါသည်။

ပျော်ရွှင်ရယ်မောနိုင်ကြပါစေ…………

5 comments

  • windtalker

    September 21, 2011 at 9:59 pm

    ကဲလေ…
    ဖတ်ပြီးသကာလ
    ရယ်ရတာမောလွန်းလို ့
    ဘီယာသွားသောက်တော့မယ်
    ဟွန် ့

  • TTNU

    September 21, 2011 at 10:48 pm

    ဆရာသစ်ရေ
    Ready, Aim, Fire ကို ကြိုက်တယ်။
    Reader’s Digest ထဲက ဟာသလေးတစ်ခု ပြန် share မယ်နော်။
    တစ်ခါက ဇနီးမောင်နှံ နှစ်ယောက် Art Gallery တစ်ခု ကို လာကြည့်ကြတာ၊ ပန်းချီ ကားတစ်ချပ်က မိန်းမပျို
    လေး တစ်ဦး သင့်တင့် ရုံသာ သစ်ရွက်ကလေး တွေ လိုအပ်သလို ကာကွယ်ထားတဲ့ ပုံဖြစ်တယ်။ အမျိုးသားက
    နေရာမရွေ ့ ငေးမောနေလေတော့ ဇနီးသည်က စိတ်တိုတို နဲ့ ” Are you waiting for the autumn?” လို့
    မေးလိုက်သတဲ့။
    မှတ်ချက်။ ။ ဆောင်းဦးမှာမှ သစ်ရွက်ကြွေတာလေ။
    ရယ်မောပျော်ရွှင်နိုင်ကြပါစေ။

  • chartatelay

    September 22, 2011 at 12:05 pm

    ဖတ်ရတာပျော်စရာကောင်းပါတယ်

  • နွယ်ပင်

    September 22, 2011 at 12:53 pm

    ဟာသလေးတွေ ဖတ်ပြီး စိတ်အပန်းဖြေသွားပါတယ် ………..

  • photwenty

    September 22, 2011 at 4:16 pm

    တကယ်ကိုု ဟာသမြောက်ပါတယ်
    ကိုယ်တိုင်ကြုံခဲ.ရတဲ. ဖြစ်ရပ်လေးတစ်ခုပြောပြအုံးမယ်ဗျ
    ကျနော်တို. ကျောင်းတုန်းက သူငယ်ချင်းရွာကို အလည်သွားကြတာ အညာဘက်လေ
    အဲ.ဒီမှာဗျာ ဟိုအိမ်ကထမင်းခေါ်ကျွေး ဒီအိမ်ကထမင်းခေါ်ကျွေးပေါ.ဗျ
    တစ်ရက် အိမ်တစ်အိမ်ထမင်းလိုက်စားတာဗျို. ဟင်းကလဲဘာကောင်းသလဲမမေးနဲ. ရွာဆိုတဲ.အတိုင်း ဝက်သားတုုံးကြီးတွေက လက်သီးဆုပ်လောက်ရှိတာကိုး ကျနော်တို.လဲ လွေးတာဗျို. အိမ်ရှင်ကလဲ ဘာသဘောကောင်းသလဲမမေးနဲ. သားတို.ရေတဲ. စားစား အားရှိပါးရှိသာစား ဆိုပဲ ဒီကောင်တွေကလဲ ဘယ်ရမလဲ ကြိတ်တာဗျို. မြို.မှာတုန်းက ရေထိုးသားပဲစားနေရတဲ.ဒီဝက်သားကိုအဲ.ဒီမှာလွေးမယ်ပေါ. စားနေတာတစ်တုန်းကုန်လို. နောက်ထပ် ထပ်ထည်.မယ်အလုပ်မှာ အိမ်ရှင် အဒေါ်ကြီးက ပြောတယ်ဗျ သားတို.ရေတဲ. စားနော်တဲ. အားမနာနဲ.သိလားတဲ. အရင်လူတွေဆိုတစ်တုုံးထဲနဲ.ဝတယ်ဆိုပဲဗျာ……………….

Leave a Reply