ဟို တ နေ့  ကပဲ ရွှေဈေးတက်တယ် ကြားပြီး အိမ်ကမဟေသီ ရွှေရောင်းချင် တယ် ဆိုလို့ သူ စုထား တဲ့ အတို အစ လေး သွားရောင်း ပေး ခဲ့  ရ တယ် ။။ ဝယ် စဉ် တုံး က ခြောက် သောင်း ဈေး ။ အခု ၇၀၀၀၀၀ ကျော် ဆို တော့နည်း နည်းမြတ် မယ် အထင် နဲ့ ပေါ့ ၊ ဒီလို နဲ့ ဆာမိ တို့ နှစ် ယောက် တရုတ် တန်း က ဆိုင် ခွဲ (၃ ) ခုလောက် ရှိ တဲ့ ရွှေဆိုင် ကြီး ကိုရောက် ခဲ့ ပါတယ် — ရွှေဆိုင် ကြီးက ခန်းခန်း နားနား နဲ့  မီး တွေ ထိန် လို့  –အရောင်း စာရေး မလေး တွေကလဲ ပြုံးလို့  — ဒီလိုနဲ့  အထဲ ဝင် ပြီး ရွှေ ပြန် ရောင်း မယ်လဲ ဆို ရော စောစော ကပြုံး နေ တဲ့ မျက် နှာလေး တွေ နည်း နည်း ရှုံ့  သွား သလို ပဲ—ဆာ မိ လဲ ဘောက် ချာ နဲ့  လက်စွပ် လေး ကို တင် ပေး လိုက် တယ် ၊ခဏ နော် –ဆို ပြီး ဆိုင် တာဝန် ခံ ကို တ တွတ် တွတ် ပြော နေ တယ် –ဆာမိ တို့  လဲ ဟို ငေး ဒီငေး ပေါ့ –တခါတလေ အထဲ ရောက် တုန်း ငေး ရ တာ လေ — အန် ကယ် ရပြီ လို့  စာရေး မ လေး ကခေါ် တော့  မဟေသီ ကို လက် တို့  ပြီး ကောင် တာကို သွား လိုက် တယ် –လက် စွပ် က ဝတ် လို့  လျော့တယ်ဆို ပြီး calculator ကို တ ချောက် ချောက် နှိတ် ပြီး တွက် လိုက် တာ —–၁၅၀၀၀၀ ဝန်း ကျင် ပဲ ရ မယ် တဲ့ —ဆာမိ တို့  ဝယ် ထား တာ ၂၁၀၀၀၀ ကျော် ပါ —ပြန် ရောင်း ရင် အလျော့ တွက် ၊ လက် ခ ၊ ကျောက် ဖိုး ၊ရှုံး မယ် ဆို တာ သိ ထား ပါ တယ် — ဒါပေ မဲ့  ရွှေ ပေါက် ဈေး ၁၀၀၀၀၀ ကျော် တက် သွား တာ တောင် ၆၀၀၀၀ ကျော် လေက် ရှုံး နေ သေး တယ် –ဆာမိ ကတော့  မရောင်း ချင် ဘူး –မဟေသီ ကပြန် ထွက် ရ မှာအား နာ လို့  လား မ သိ — ရောင်း ခဲ့ လေ ရဲ့  —-
ဆာမိ လည်း အိမ် ပြန် ရောက် တော့  လမ်း ထိတ် က သူ ငယ် ချင်း ပန်းတိမ် ဆရာဆီ သွား ပြီး ပွား လိုက် မိ တယ် –ဒီတော့  မှ ဆာမိ တို့ အား လုံး ၊ ဝယ် သူ အား လုံး မသိ ကြ တဲ့  ရွှေဆိုင် ၊ပန်း တိမ် တို့ ရဲ့  အတွင်း ရေး တွေ ကို သိ လိုက် ရတယ် ဗျို့ —-
တကယ် တော့  သူတို့  ရဲ့  ကျောက် ထည် ကို ၁၅ ပဲ ရည် မ လုပ် ကြ ဘူး ၊ ၁၃ ပဲ ၁၄ ပဲ ရည် နဲ့ ပဲ လုပ် တာ ၊ သူ တို့  ရောင်း တော့  ၁၅ ပဲ ရည် လို့  ပဲ ပြော ရောင်းပါ တယ် — ဒီခေတ် ဈေး နဲ့ ဆို ၁ ကျပ် သား မှာ ရွှေ (၁) ရည် လျော့  ရင် ၄ သောင်း ကျော် လောက် ကွာ ပါ တယ် –ပြန် ဝယ် ရင် ဆိုင် တော် တော် များ များ က ၁၃ ပဲ ၁၄ပဲ ဈေး နဲ့ ပဲ ဝယ် ကြ ပါ တယ် —ပို ဆိုး တာ က စိန်ထည် ကို ၁၁ ပဲ ၂ ရွေး ရည် နဲ့  လုပ် တာ ပါ အ ကောင်း ဆုံး လုပ် တဲ့ ဆိုင် က ၁၂ ပဲ ရည် နဲ့  လုပ် တာ — ဒါ ပေ မဲ့  ဆိုင် ၁၀၀ မှာ ၉၀ က ၁၅ပဲ ရည် လို့  ပဲ ပြော ရောင်း တယ် —ဒီ ကြား ထဲ ရောင်း တော့  ဒစ် ဂျစ် တယ် ချိန် ခွင် ဝယ် တော့  ဗမာ ချိန် ခွင် ၊ အခန့်  မ သင့်  ရင် အလေး ချိန် က ကွာ ရော ။။ ဆာ မိ တို့  ကဘယ် တွက် တတ် မ လဲ —ဝယ် ချင် ရင် လက် ညှိုး ထိုး ပြီး ကျသင့်  ငွေ ကို ပေး ခဲ့  ရ တာ –ဘာ မှ လဲ မ မေး ရဲ ဘူးရှင်း ပြ လဲ နား မလည် ဘူး –ဒီတော့  ဝယ် သူ ရဲ့  အား နဲ ချက် အပေါ် အ ခွင့်  ရေး ယူကြတာ ပေါ့  ဘယ် ဆိုင် ကများ မှတ် နဲ့ တိုက် ပြ လို့  လဲ ၊ ပြန် ဝယ် တော့  မှ မီး ဖုတ် တာတို့ ငရဲ မီး နဲ့  စား ကြည့်  တာတို့  လုပ် တာ –ဝယ် သူ ကတော့  ဝယ် ချင် ရင် ခံ ပေါ့ ။။။ ဒီ အ ကြောင်း တွေ ကို ရှင်း ပြ ပြီး သူငယ် ချင်း အ ကြံ ပေး တဲ့  အ တိုင်း အခေါက် ချွတ် ဖို့  ပြော ပြ တယ် –မဟေသီဆီ မှာ ရှိ တဲ့ အတိုအစ အပိန်အလိမ် လေး တွေ ကို စု လိုက် တော့  ၁ ကျပ် သား လောက် ပေါ့  ။ နောက် နေ့  မှာ ပဲ ပန်း တိမ် ဆရာဆီ မှာ ရွှေ ချွတ် ကြတယ် ။ ခဏ နေ တော့  ရွှေ တုံး လေး ရ လာ တယ် ။ချိန် ကြည့်  တော့  ၁၁ ပဲ သာ သာ ၅ ပဲ ကျော် လောက် ဘယ် ပျောက် သွား မှန်း မ သိ —-သူ ငယ် ချင်း က ပြော ပါ တယ် –ရွှေ ညံ့ လို့  တဲ့  –ဟုတ် ပါ တယ် ဂ ဟေ တွေ များ ၊ ရွှေ ညံ့ အောင် စပ် ထား ရင် ချွတ် လိုက် လို့  ကတော့  သွား ပြီ ပေါ့  ——
နောက် ဆုံး မှာ တော့  ဆာမိ လည်း မဟေသီကို အာမ ခံ ထား တာ ရှင်း ရ ခက် ချေပြီ ။ ၁၅ ပဲ လောက် ကျန် မယ် ပြော ထား တာ —-ကဲ –ဒီတော့  ဆာမိ လည်း မဟေသီမသိ အောင် ဖွက် ထားတဲ့ မြန်မာ ဘတ် ငွေ ထဲ က ၁၇၀၀၀၀ ကျော် ကို နား ငြီးသက် သာ စေ ရေး စိုက်ပေး လိုက် ရပါ တယ် —- ညနေ ဘက် အိမ် ရောက် တော့  ဆာမိကို ထမင်း ဝိုင်း နဲ့  ကြို နေ လေ ရဲ့ –ရွှေရောင်း ပြီး အမြတ် ရ သွား တဲ့  မဟေသီ က ကြက် ကင် တစ် ကောင် ဝယ် ကြွေး တယ် ဆို ပဲ –အိမ် က လေးနှစ် ယောက် ကတော့  စားမန်ခုတ်လို့  ဆာမိ ကတော့ လည်ချောင်းရိုးတချောင်းကို မကုန်အောင်စုပ်ရင်း နေ့ လည်က စိုက်ပေး လိုက်ရ တဲ့  မြန် မာဘတ် ငွေ လေးတွေအတွက် နှ မျောတသ ၊သတိယလျက်———–!

( ၇၃၀၀၀၀ ဈေး ခန့် တွင်ရောင်း ခဲ့ ခြင်း ဖြစ်သည် )

About မောင်ရိုး

surmi has written 111 post in this Website..