ရွှေအကြောင်း ရောင်းပြီးမှသိ..

ေမာင္ရိုးSeptember 22, 20111min25511

ဟို တ နေ ့ ကပဲ ရွှေဈေးတက်တယ် ကြားပြီး အိမ်ကမဟေသီ ရွှေရောင်းချင် တယ် ဆိုလို ့သူ စုထား တဲ့ အတို အစ လေး သွားရောင်း ပေး ခဲ ့ ရ တယ် ။။ ဝယ် စဉ် တုံး က ခြောက် သောင်း ဈေး ။ အခု ၇၀၀၀၀ဝ ကျော် ဆို တော့ ့နည်း နည်းမြတ် မယ် အထင် နဲ ့ပေါ ့၊ ဒီလို နဲ့ ဆာမိ တို ့နှစ် ယောက် တရုတ် တန်း က ဆိုင် ခွဲ (၃ ) ခုလောက် ရှိ တဲ့ ရွှေဆိုင် ကြီး ကိုရောက် ခဲ့ ပါတယ် — ရွှေဆိုင် ကြီးက ခန်းခန်း နားနား နဲ ့ မီး တွေ ထိန် လို ့ –အရောင်း စာရေး မလေး တွေကလဲ ပြုံးလို ့ — ဒီလိုနဲ ့ အထဲ ဝင် ပြီး ရွှေ ပြန် ရောင်း မယ်လဲ ဆို ရော စောစော ကပြုံး နေ တဲ ့မျက် နှာလေး တွေ နည်း နည်း ရှုံ ့ သွား သလို ပဲ—ဆာ မိ လဲ ဘောက် ချာ နဲ ့ လက်စွပ် လေး ကို တင် ပေး လိုက် တယ် ၊ခဏ နော် –ဆို ပြီး ဆိုင် တာဝန် ခံ ကို တ တွတ် တွတ် ပြော နေ တယ် –ဆာမိ တို ့ လဲ ဟို ငေး ဒီငေး ပေါ ့–တခါတလေ အထဲ ရောက် တုန်း ငေး ရ တာ လေ — အန် ကယ် ရပြီ လို ့ စာရေး မ လေး ကခေါ် တော ့ မဟေသီ ကို လက် တို ့ ပြီး ကောင် တာကို သွား လိုက် တယ် –လက် စွပ် က ဝတ် လို ့ လျော့တယ်ဆို ပြီး calculator ကို တ ချောက် ချောက် နှိတ် ပြီး တွက် လိုက် တာ —–၁၅၀၀၀ဝ ဝန်း ကျင် ပဲ ရ မယ် တဲ ့—ဆာမိ တို ့ ဝယ် ထား တာ ၂၁၀၀၀ဝ ကျော် ပါ —ပြန် ရောင် း ရင် အလျော ့တွက် ၊ လက် ခ ၊ ကျောက် ဖို း ၊ရှုံး မယ် ဆို တာ သိ ထား ပါ တယ် — ဒါပေ မဲ ့ ရွှေ ပေါက် ဈေး ၁၀၀၀၀ဝ ကျော် တက် သွား တာ တောင် ၆၀၀၀ဝ ကျော် လေက် ရှုံး နေ သေး တယ် –ဆာမိ ကတော ့ မရောင်း ချင် ဘူး –မဟေသီ ကပြန် ထွက် ရ မှာအား နာ လို ့ လား မ သိ — ရောင်း ခဲ ့လေ ရဲ ့ —-
ဆာမိ လည်း အိမ် ပြန် ရောက် တော ့ လမ်း ထိတ် က သူ ငယ် ချင်း ပန်းတိမ် ဆရာဆီ သွား ပြီး ပွား လိုက် မိ တယ် –ဒီတော ့ မှ ဆာမိ တို့ အား လုံး ၊ ဝယ် သူ အား လုံး မသိ ကြ တဲ ့ ရွှေဆိုင် ၊ပန်း တိမ် တို ့ရဲ ့ အတွင်း ရေး တွေ ကို သိ လိုက် ရတယ် ဗျို ့—-
တကယ် တော ့ သူတို ့ ရဲ ့ ကျောက် ထည် ကို ၁၅ ပဲ ရည် မ လုပ် ကြ ဘူး ၊ ၁၃ ပဲ ၁၄ ပဲ ရည် နဲ့ ပဲ လုပ် တာ ၊ သူ တို ့ ရောင်း တော ့ ၁၅ ပဲ ရည် လို ့ ပဲ ပြော ရောင်းပါ တယ် — ဒီခေတ် ဈေး နဲ ့ဆို ၁ ကျပ် သား မှာ ရွှေ (၁) ရည် လျော ့ ရင် ၄ သောင်း ကျော် လောက် ကွာ ပါ တယ် –ပြန် ဝယ် ရင် ဆိုင် တော် တော် များ များ က ၁၃ ပဲ ၁၄ပဲ ဈေး နဲ့ ပဲ ဝယ် ကြ ပါ တယ် —ပို ဆိုး တာ က စိန်ထည် ကို ၁၁ ပဲ ၂ ရွေး ရည် နဲ ့ လုပ် တာ ပါ အ ကောင်း ဆုံး လုပ် တဲ့ ဆိုင် က ၁၂ ပဲ ရည် နဲ ့ လုပ် တာ — ဒါ ပေ မဲ ့ ဆိုင် ၁၀ဝ မှာ ၉ဝ က ၁၅ပဲ ရည် လို ့ ပဲ ပြော ရောင်း တယ် —ဒီ ကြား ထဲ ရောင်း တော့ ့ ဒစ် ဂျစ် တယ် ချိန် ခွင် ဝယ် တော ့ ဗမာ ချိန် ခွင် ၊ အခန် ့ မ သင် ့ ရင် အလေး ချိန် က ကွာ ရော ။။ ဆာ မိ တို ့ ကဘယ် တွက် တတ် မ လဲ —ဝယ် ချင် ရင် လက် ညှိုး ထိုး ပြီး ကျသင် ့ ငွေ ကို ပေး ခဲ ့ ရ တာ –ဘာ မှ လဲ မ မေး ရဲ ဘူးရှင်း ပြ လဲ နား မလည် ဘူး –ဒီတော ့ ဝယ် သူ ရဲ ့ အား နဲ ချက် အပေါ် အ ခွင် ့ ရေး ယူကြတာ ပေါ ့ ဘယ် ဆိုင် ကများ မှတ် နဲ ့တိုက် ပြ လို ့ လဲ ၊ ပြန် ဝယ် တော ့ မှ မီး ဖုတ် တာတို ့ငရဲ မီး နဲ ့ စား ကြည် ့ တာတို ့ လုပ် တာ –ဝယ် သူ ကတော ့ ဝယ် ချင် ရင် ခံ ပေါ ့။။။ ဒီ အ ကြောင်း တွေ ကို ရှင်း ပြ ပြီး သူငယ် ချင်း အ ကြ ံ ပေး တဲ ့ အ တိုင်း အခေါက် ချွတ် ဖို ့ ပြော ပြ တယ် –မဟေသီဆီ မှာ ရှိ တဲ့ အတိုအစ အပိန်အလိမ် လေး တွေ ကို စု လိုက် တော ့ ၁ ကျပ် သား လောက် ပေါ ့ ။ နောက် နေ ့ မှာ ပဲ ပန်း တိမ် ဆရာဆီ မှာ ရွှေ ချွတ် ကြတယ် ။ ခဏ နေ တော ့ ရွှေ တုံး လေး ရ လာ တယ် ။ချိန် ကြည် ့ တော ့ ၁၁ ပဲ သာ သာ ၅ ပဲ ကျော် လောက် ဘယ် ပျောက် သွား မှန်း မ သိ —-သူ ငယ် ချင်း က ပြော ပါ တယ် –ရွှေ ညံ့ လို ့ တဲ ့ –ဟုတ် ပါ တယ် ဂ ဟေ တွေ များ ၊ ရွှေ ညံ့ အောင် စပ် ထား ရင် ချွတ် လိုက် လို ့ ကတော ့ သွား ပြီ ပေါ ့ ——
နောက် ဆုံး မှာ တော ့ ဆာမိ လည်း မဟေသီကို အာမ ခံ ထား တာ ရှင်း ရ ခက် ချေပြီ ။ ၁၅ ပဲ လောက် ကျန် မယ် ပြော ထား တာ —-ကဲ –ဒီတော ့ ဆာမိ လည်း မဟေသီမသိ အောင် ဖွက် ထားတဲ ့မြန်မာ ဘတ် ငွေ ထဲ က ၁၇၀၀၀ဝ ကျော် ကို နား ငြီ းသက် သာ စေ ရေး စိုက်ပေး လိုက် ရပါ တယ် —- ညနေ ဘက် အိမ် ရောက် တော ့ ဆာမိကို ထမင်း ဝိုင်း နဲ ့ ကြို နေ လေ ရဲ ့–ရွှေရောင်း ပြီး အမြတ် ရ သွား တဲ ့ မဟေသီ က ကြက် ကင် တစ် ကောင် ဝယ် ကြွေး တယ် ဆို ပဲ –အိမ် က လေးနှစ် ယောက် ကတော ့ စားမန်ခုတ်လို ့ ဆာမိ ကတော ့လည်ချောင်းရိုးတချောင်းကို မကုန်အောင်စုပ်ရင်း နေ ့လည်က စိုက်ပေး လိုက်ရ တဲ ့ မြန် မာဘတ် ငွေ လေးတွေအတွက် နှ မျောတသ ၊သတိယလျက်———–!

( ၇၃၀၀၀ဝ ဈေး ခန် ့တွင်ရောင်း ခဲ ့ခြင်း ဖြစ်သည် )

11 comments

  • etone

    September 22, 2011 at 11:58 am

    ဟုတ်ပါတယ် .. ရွှေဈေးတွေ ခေါင်ခိုက်အောင် တက်သွားတယ် … မနေ့က အခေါက်သား မီးလင်းရွှေတောင် ခုနှစ်သိန်းခြောက်သောင်း ငါးထောင်ကျော်နေပြီ … မလိုအပ်လျှင် မထုခွဲတာ အကောင်းဆုံးပါ … စီးပွားရေးလုပ်တာနဲ့ ဈေးရောင်းတဲ့ နေရာမှာ အားနာနေလျှင် အလုပ်မဖြစ်ပါဘူး … ။
    အကောင်းဆုံးက ရွှေလုပ်မယ်ဆိုလျှင် အခေါက်ဝယ်တာကောင်းပါတယ် …. ပုံဆန်းဆန်းလုပ်မရတာပဲ ရှိမယ် ..ပြန်ရောင်းလည်း သိပ်မကွာဘူးလေ … တချို့ စိန်တွေကို 13ပဲရည်နဲ့ လုပ်တယ် ကြားတယ် … ဘာလို့လဲဆိုတော့ .. စိန်ရဲတန်ဖိုးကကြီးတော ့စွန်ကုတ်ပြုတ်သွားမှာ စိုးလို့ … သတ္တုများများ ရောရတယ်တဲ့ ..အခုပြောတာ 11ပဲဆိုတော့ ..ဟင့် 🙁

  • နွယ်ပင်

    September 22, 2011 at 12:05 pm

    ဟုတ်ပ အခုတစ်လော ရွှေဈေးတွေက တက်လိုက်ကျလိုက် ရောင်းလိုက်ရင်တော့
    ဘယ်တော့ ရောင်းရောင်း အရှုံးပဲ
    ဒါပေမယ့် အရင် ရွှေဈေး (25000) လောက်တုန်းက လုပ်ထားတာကတော့ မြတ်တယ်ဆိုပဲ 😛

  • nature

    September 22, 2011 at 6:27 pm

    အလျှော့တွက်လက်ခ သက်သာချင်ရင်တော့ လက်ဝတ်ရတနာမလုပ်ပဲ ရွှေအခေါက်ဝယ်ပေါ့။

  • ဆူး

    September 22, 2011 at 8:33 pm

    ရွာထဲက သဂျီးအိမ်တိုင်အောက်မှာ မြုပ်ထားတဲ့ ဂျာပန့် ခတ်က ဒင်္ဂါးပြားတွေ အထုတ်လိုက်ရှိတယ်။
    ဆာမိပြောတဲ့ ဆိုင်မှာ သွားရောင်းမယ် လုံးဝ မရှုံးလောက်ဘူးဆိုတာ သိတယ်။
    ရှယ်ယာ လိုချင်တဲ့ ရွာသားတွေ သဂျီး အိမ်တိုင်တွေ အောက်ကိုသာ အကုန်တူးပြီးသာ ရသလောက် တူးယူကြပါ။

  • windtalker

    September 22, 2011 at 9:53 pm

    ဦးဆာမိ ခဗျာလည်း
    ကလေး နှစ်ယောက် ရတဲ့ အထိတိုင်
    မြန်မာ့ ဘတ်ငွေ တွေ လက်ကိုင်ထားနေရဆဲ ပါကလားနော်
    စကားမစပ်..
    ဘာလုပ်ဖို ့..
    ဘတ်ငွေ ဆောင်ထားရတာလဲဟင်
    အင်တာဗျူးကြည့်တာ ပေါ့နော်
    🙂

  • surmi

    September 22, 2011 at 11:57 pm

    မိန်း မ ဆီ ဝင် သွား ရင် ပြန် မထွက် တာမို ့( ပိုက် ဆံ နော် )
    ဘော် ဒါများ နဲ့ သွား စရာပေါ် လျှင် ( လူ မှု ရေး ) သုံးရ စေကြောင်း —–။
    ဒါ နဲ ့ အထက် ကဆွေး နွေး ပေး သွား သလို အခေါက် ဝယ် ထား ခြင်း ကို ထောက် ခံ ပါတယ် ။
    ဒီ နေ့ တွေ ့ ရှိ ချက် ကတော ့ဆိုင် တွေ ကရောင်း တဲ ့အခေါက် ဆို တာ ကလည်း စက် နဲ ့ စစ် ကြည့် တဲ့
    အခါ တော် တော် များ များ ရွှေ ရည် မပြည့် ပါ ။ ကျွန် တော် တို့ ခေတ် စကား နဲ ့ပြော ရင် ကျွန် တော် IC
    ကြွ နေ ပါ တယ် ။ ဒါကြောင့် အသေး စိတ် လေ့ လာ ပြီး ရေးပါ ဦး မယ် ၊စီး ပွား ရှာ သူခြင်း ကိုယ် ချင်း မစာတာမဟုတ် ပါ ။ ဝယ် သူ များ ကို ကိုယ် ချင်း မ စာ သောကြောင့် ဖြစ် ပါ သည် ။ ကီ လိုရွှေ ရဲ ့ သိပ် သည်း ဆက ( ၁၆ ့ ၃၂) အကယ် ဒမီ ရဲ ့သိပ်သည်း ဆ က ( ၁၆ ့၂၄) ခန် ့ ကျွန် တော် တို ့ ဝယ် ကြရတဲ့
    ရွှေ အခေါက် က ( ၁၆ ့ဝ၅) မှ (၁၆ ့၁၂) ခန် ့ ။ ဝယ် ရင် ပေါက် ဈေး ၊ ရောင်းရင် သိပ် သည်း ဆ ရဲ ့ဈေး။
    ရွှေဆို တာ မရှိဝမ်း စာ ၊ရှိ တန် ဆာ ——–။ ကောက် ညှင်း ပေါင်း လည်း မဟုတ် ပါ ၊နေ ့ တိုင်း လည်း မဝယ် နိုင်ပါ ။ ။။။။။။။။။

    • etone

      September 23, 2011 at 11:22 am

      သဘောကျလို့ နောက်တခါ ပြန်ဖတ်ရင်း rate ပေးခဲ့တယ်နော်…။
      အခုလို ရွှေဈေး တတ်နေတဲ့ အချိန် ရွှေဝယ်နိုင်ဖို့ဝေးသွားပြီနော် … ။ ဘာရယ်ညာရယ်မဟုတ် ပိစိညှောင့်တောက်ဉာဏ်လေးနဲ့ စဉ်းစားကြည့်တာ … ရွှေဈေးက အခု ခုနှစ်သိန်းခြောက်သောင်းငါးထောင်ဆိုတော့ ခုနှစ်သိန်းခွဲပဲ ထားပါတော့ … တစ်လကို ငါးသောင်းလောက်ပဲ ဝင်ငွေရှိတဲ့ လူဆို ဘာမှ မစားသောက်ပဲ ခြစ်ကုတ်စုတာတောင်မှ … ရွှေတစ်ကျပ်သား ဝတ်နို်င်ဖို့ … (15လ)ကြာမယ် …. တစ်လကို တစ်သိန်းဝင်ငွေရှိတဲ့လူဆို … ခုနှစ်လခွဲ ကြာမယ် .. တစ်လကို တစ်သိန်းခွဲလောက်ရမယ့်လူဆိုလျှင်တော့ … 5လနီးပါးကြားမယ် ..
      ဒါတောင် ဘာမှ မစားသောက်ပဲ အသားတင်စုရမှာနော် … ။ ဖုန်းဘေလ်တတ်တာတို့ … အိမ်သုံးစရိတ်တို့ မပါသေးဘူး .. အဲ့ဒါတွေ နှုတ်လိုက်လျှင်တောင် .. ရွှေတစ်ကျပ်သားဝယ်ဖို ့မလွယ်တော့ပါဘူး …. ။ ရွှေဈေးကလည်း လိုက်ရင်း တက်ရင်းမို့ … ။
      ကိုရီးယားကားတွေထဲကလို .. သတို့သမီးတောင် လည်ပင်းပြောင်နဲ့ ဆိုရင် .. ရွှေဆိုင်တွေ ထိုင်ငိုကုန်တော့မယ် 😛 😛

  • Shwe Ei

    September 23, 2011 at 11:12 am

    မှန်ပ ဦးဆာမိရေ။ ရွှေဝယ်ရင် အလျော့တွက်ကိုသေချာတွက်ခိုင်းကြည့်ပီးမှဝယ်တာအကောင်းဆုံးဘဲ။ အဲဒါပီးရင် ဝယ်သူဘက်ကအရှုံးနဲ့ဝယ်ပီး အရှုံးနဲ့ပြန်ရောင်းရတဲ့ ဒီရွှေကို ကြာကြာအုထားနိုင်အောင်ကြိုးစားရတော့မှာပေါ့။ အရေးပေါ်လိုအပ်ရင် အပေါင်ဆိုင်သွားလိုက်တာကမှ တန်ရာတန်ကြေးရသေးတာ။ (ဒါမျိုးကလုပ်နေကျဆိုတော့လေ) 😛

    • etone

      September 23, 2011 at 11:25 am

      အပေါင်ဆိုင်ဆိုလို့ .. ကျောင်းတတ်တုန်းက ရောက်ဖူးတယ် … ဟီးဟီး ..
      ကွန်ပျူတာ တက္ကသိုလ်ကြီး ရန်ကုန်မှာ ဆောက်တုန်း .. လူမဆံ့လို့ လူပေါင်း သုံးရာ မအူပင်မှာ 3လသွားတက်ခဲ့ရတယ် .. ဘာကုန်သလဲ မမေးနဲ့ ..ပိုက်ဆံများ တွင်းထဲကထွက်သလားမှတ်တယ် .. အဆောင်စရိတ် စားစရိတ် ၊ အပတ်စဉ်ပြန်စရိတ် စာအုပ်ဖိုး ကျူရှင်ဖိုးနဲ့ .. အိမ်က ထည့်ပေးသမျှ မလောက်ဘူး … ပိုက်ဆံပို့ပါဆိုတော့လည်း .. အသုံးလျှော့ချည်းပြောနေတာ … ပါလာတဲ့ နားကပ်ချွတ်ပြီး အပေါင်ဆိုင်ပို့လိုက်ပြီဆိုတော့ .. နောက်နေ့ ချက်ချင်း လိုက်လာပြီး ပြန်ရွှေးပေးသွားတယ် .. အဲ့ဒီလို 🙄 ဓါတ်ကြမ်းတိုက်ရတယ် ဟဲဟဲ 😛

  • surmi

    September 23, 2011 at 10:44 pm

    ကျွန် တော် မှားသွား တာလေး ပြင်ချင် လို့ —– ကီလိုရွှေ သိပ် သည်း ဆ ၁၉ ့၃၂ ၊ အကယ် ဒမီ က
    ၁၉ ့၂၄ ခန် ့ ဆိုင် တော် တော် များ များ မှာ ရောင်း တာ က ၁၉ ့ဝ၄ မှ ၁၉ ့၁၂ ခန် ့
    အား လုံ း ဆော ရီး ဗျို ့၊ ကျွန်တော် အိပ် ချင် မူး တူး နဲ ့ မှား သွား တာ ။။။။

  • naywoonni

    September 23, 2011 at 11:04 pm

    ဝယ်ရင်ဈေးတက် ရောင်းရင်ဈေးကျ ဒါဘယ်နေရာဖြစ်ဖြစ် ထုံးစံလိုကိုဖြစ်နေပြီ..။ ဝယ်ပြီးပြန်ရောင်းမယ်ဆိုတာနဲ့ အရှုံးချည့်ပဲ..။

Leave a Reply