နာတယ်ကွာ

ကြောင်လေးSeptember 22, 20111min12010

ရွှေအကြောင်းဖတ်လိုက်ရတော့ ငယ်ငယ်တုန်းက  ဖေဖေပြောဖူးတဲ့ ပုံပြင်လေးတစ်ခုသတိရတယ်။

ကြားဖူးကြပြီးသားဖြစ်မယ်ထင်တယ်။

ရွှေကပြောတယ်

ငါ့ကို ငရဲမီးထဲတည့်လဲငါမမှုဘူး…ငါ့ကိုယ်ပေါ်က  ချေးညှော်တွေတောင်ကင်းသွားသေးတယ်….

လုံ ထဲမှာထည့်ပြီး  ရဲရဲနီနေတဲ့မီးနဲ့ ဖုတ်လည်းငါမမှုဘူး ….လုံးလုံးလေး ကျုံ့ပြီးနေလိုက်ရုံပဲ…

ပေတုံးပေါ်တင်ပြီး တူနဲ့ထုလည်းငါမမှုသေးပါဘူး…ြ့ပားပြားလေး ပုံစံပြောင်းပြီးနေလိုက်မှာပေါ့….

သံလုံး ရိုလာနှစ်ခုကြားငါ့ကိုထည့်ညှပ်ပြီး ဆွဲလိုက်ပါဦး…ငါကရှည်မျောမျောလေးနေလိုက်မယ်လေ…..

ပန်းတိမ်ဆရာက  ငါ့ကို ငရဲမီးထဲထည့် ၊မီးနဲ့ဖုတ်၊တူနဲ့ထု၊နန်းဆွဲ အမျိုးမျိုး  ပညာပြပြီးပုံစဲမျိုးစုံလုပ်ဦးမှာလား…

ငါက ဆံထိုးဖြစ်ရင် ကောင်မလေးရဲ့ဦးခေါင်းပေါ်မှာ  ငါ နေရတယ်….

ငါက နားဆွဲဖြစ်ရင်  ကောင်မလေးရဲ့နားရွက်လေးမှာ  ရီးလေးခိုနေမှာပေါ့…

ငါဆွဲကြိုးဖြစ်ရင် ကောင်မလေးရဲ့ လယ်တိုင်ကြော့ကြာ့လေးမှာခိုပြီး ရင်နှစ်မွှာကြားမှာအခန့်သားလေးပေါ့..

လက်စွပ်ဖြစ်ရင်လဲ  ကောင်မလေးရဲ့ ဖော့ဖယောင်းလို ပျော့ပြောင်းတဲ့  သူကြွယ်ဆိုတဲ့လက်ချောင်းလေးပေါ်နေရာယူလိုက်မယ်…..

နောက်ဆုံး ခြေကျင်း  ဖြစ်ခဲ့ရင်တောင် ကောင်မလေးရဲ့   သလုံးသားဖွေးဖွေးလေးအောက်က ခြေကျင်းဝတ်မှာတော့နေလို့ရသေးတယ်လေ…

ဒါပေမဲ့ …ငါတစ်ခုတော့   တော်တော် ခံစားရတယ်….

ဘာမဟုတ်တဲ့ရွေးစေ့နဲ့  ငါ့ကိုထည့်ပြီးချိန်တာကိုတော့  ငါတော်တော် နာတယ်ကွာ……….တဲ့

(ပို့ စ်   တို နေမှာစိုးလို့   ပန်းတိမ်ဆရာကစပြီး  အထွန့်ရှည်ထားတာပါ။မူရင်းကတော့  ၄   ချက်ထဲပါ။)

 

 

10 comments

  • ကြောင်ကြီး

    September 22, 2011 at 8:40 am

    မလုပ်ပါနဲ့ ကြောင်လေးရယ်၊ ရွေးစေ့နဲ့ချိန်တာတောင် သိန်းကျော်တန်နေရင် ပိဿလေးနဲ့ဆို 🙄

    • manawphyulay

      September 22, 2011 at 11:17 am

      ကြောင်လေးက ဦးကြောင်ကြီးနဲ့ ဘာတော်လဲ ပြောပြပါဗျို့…
      ရွှေမလုပ်နိုင်တာ ကြာပြီးသကာလ ဒါတွေလည်း သိပ်နားမလည်တော့ပါဘူး ကြောင်လေးရယ်…

      • etone

        September 22, 2011 at 2:15 pm

        ရွှေအကြောင်းလေး ဖတ်လိုက်ရတာ ဖတ်လို့ကောင်းလိုက်တာ … ရွှေက အဖိုးအတော်တန်တာပဲ နော် …ထုလေမာလေဖြစ်တာတောင် ဘယ်အချိန်ရောင်းရောင်း ဈေးကောင်းရတုန်း 😀

  • pan pan

    September 22, 2011 at 9:01 am

    စာရေးသူက အပေါ်ကဦးကြောင်ကြီးနဲ့ဘာတော်လဲဗျို့
    ရွေးစေ့နဲ့ချိန်တာ မနာအောင်ဖြေတွေးပါလို့
    တန်ဖိုးကြီးတော့ ပေါ့တာသေးတာလေးနဲ့ပဲ ချိန်ရမှာပေ့ါ
    ရွေးစေးကတော့ တန်ဖိုးမရှိပေမယ့် တန်ဖိုးကိုချိန်တာမှမဟုတ်တာ
    အလေးချိန်ကို စံထားချင်လို့ပဲဟာ
    ရွှေတစ်ရွေးသားနဲ့ ရွေးတစ်စေ့ အလေးချိန်တူပေသည့် တန်ဖိုးမတူပါလို့…. 🙂

  • ပေါက်ဖော်

    September 22, 2011 at 11:10 am

    ကြောင်ညီကိုတွေ လာဆုံကြပါ ပကောလား 😀

    • small cat

      September 22, 2011 at 10:15 pm

      တရုပ်သိုင်ကားထဲမှာဆိုရင်တော့ သွေးသောက်အကိုပေါ့…
      ဘားဆိုင်မှာတွေ့ရင်တော့ ရှော်ခီဘိုင်လေ…
      ကေတီဗွီမှာအခန်းစောင့်ရင်း(ကျွန်တော်တို့နယ်မှာအခန်းစောင့်ရတယ်)
      ဆုံရင်တော့ သံပြာအကိုတော်ပါ…
      မန်းဂေဇက်မှာဆုံတော့ကာ ရေးဖော် မန့်ဘက်အကို တော်ပါတယ်။

      အသက်တော့မသိပါ၊ပညာဝါကတော့ကျွန်တော့်ရဲ့အကိုကြီးပေါ့။ ။

  • small cat

    September 22, 2011 at 11:21 am

    ဦးကြောင်ကြီးနဲ့ဘာမှမတော်ပါ။ကြောင်ကြီးဆိုတဲ့နာမည်တွေ့လို့ ကိုယ်ငယ်နာမည်လေးကိုသတိယပြီး
    ရေးလိုက်တာ။ဒီနာမည်အကြောင်းနောက်တော့ပြောပါဦးမယ်။
    ကျွန်တော်ရေးတာပုံပြင်လေး သက်သက်ပါ။စံနှုန်းတွေနဲ့ပတ်သက်ပြီးရေးပါဦးမယ်။
    ဟို ဟို ဒီ ဒီ လျှောက်တွေးတဲ့အတွေးသက်သက် ရေးမှာပါ။

  • cobra

    September 22, 2011 at 2:22 pm

    ရေးချင်တာသာရေးပါ။
    ဖတ်လို့ကောင်းရင်အကုန်ဖတ်ပါတယ်။

  • မှော်ဆရာ

    September 22, 2011 at 3:35 pm

    ရွေးစိနဲ့ မချိန်စေချင်လျှင် ဘာနဲ့ ချိန်စေချင်သလဲ ပြောပါ…

  • windtalker

    September 22, 2011 at 9:01 pm

    မနာပါနဲ ့ကွာ ရွှေလေး ရာ
    မင်းကို ဝယ်မဝတ်နိုင်သေးလို ့
    ရင်နာ အသဲနာ နေတဲ့
    တို ့လူမျိုးတွေ အများကြီးပါ

Leave a Reply