နံနက်ခင်း အလင်းရိပ်အောက်မှာ…………..

နံနက်ခင်းလေးတွေဟာ လှပတာများပါတယ်။
အထူးသဖြင့် မိုးရာသီနံနက်ခင်းများ ကပိုလှတတ်ပါတယ်။
မိုးတိမ်တွေရဲ့မာယာနဲ့ အရုဏ်အလင်းစက် ပညာခြင်းပြိုင်ချိန်မှာ အလှတစ်ခုဖြစ်ပေါ်လာတတ်လို့ပါဘဲ။
အဲလိုအချိန်မျိုးမှာ ကန်ရေပြင်ပေါ်မှာအလင်းစက်တွေကဆင်းသက် တိမ်တွေက ရောင်စုံတွေဖြာ ကြည့်ရတာရင်အေးလှပါတယ်။

ပြာလွင်မိုးတိမ် ရောင်နီပန်းဆီသွေး ကန်ရေပြင်လေအေးအေး

ဒီတက်သိမ်းအင်းအနောက်ဘက်ကန်ရေပြင်မှာ ကျောင်းဆောင်လေးတစ်ခုရှိပါတယ်။
ရေတက်ရင်တော့သူလဲရေထဲမှာစံပယ်ပေါ့။
အလင်းရင့်တော့ အမြင်လဲပြောင်းလေပြေအေးကြောင့်လှိုင်းကြက်ခွပ်လေးတွေထ

နေရာတစ်ခုတည်ပေမယ့် ဒီလို အရုဏ်တက်ကလေးတွေက အချိန်ပြောင်းလေ မြင်ကွင်းကလဲပြောင်းသွားလေပါဘဲ။
လှိုင်းကြက်ခွပ်ကလေးတွေပေါ်မှာ ပန်းရောင်အလင်းစက်က ခိုစီးလို့ နေပါတယ်။

ဒါကတော့ ကျယ်ပြန့်ပြီး ရှမ်းရိုးမနောက်က တဖြည်းဖြည်းထွက်လာတဲ့နေမင်းရဲ့အရောင်ပါ.
တက်သိမ်းအင်း နေမင်းရဲ့အလင်းစက် လှိုင်းကြက်ခွပ် နဲ့အဝေးက တိမ်ရိပ်

တက်သိမ်းအင်း ကန်ရေပြင်ပေါ်ကျနေတဲ့ အလင်းစက် နဲ့ မူံရီနေတဲ့ရှမ်းရိုးမ
ကောင်းကင်ကို တိမ်ညိုကိုလူဆိုးက အပိုင်စီးထားပါတယ်

တိမ်ညိုတွေ မငိုဘဲ ဖြူဖွေးလို့လာပါပြီ/
အလင်းဖျော့စ အင်းရေပြင်

အင်းရေပြင်မှာသေချာကြည့်ပါ လှေငယ်လေးတစ်စင်းရှိတယ်။

နေ့မြင့်လာသလိုလိုအချိန်မှာ တိမ်မဲညိုတစ်အုပ်က ပြန်လွှမ်းလို့လာပြန်ပါတယ်။

သေချာကြည့်လေလှလေပါဘဲ။အင်းရေပြင်မှာ ရောင်နီအလင်းတန်းက ဖြာကျနေတာလှပပါတယ်။
အင်းရေမှာဗေဒါပင်တွေကစိမ်းစိမ်း
ထွက်ပြူစအလင်း အင်းရေပြင် ညိုမိူင်းနဲ့ ဗေဒါအုပ်ကစိမ်းစိမ်း

ဗေဒါပင်ရဲ့အလယ်က ရေစက်ဝိုင်း
အင်းရေပြင်မှာ ဗေဒါပင်တွေက စက်ဝိုင်းလိုဖြစ်နေပါတယ်။.

လှပသောပုံများကို မျှဝေခံစားပေးလိုက်ပါတယ်.။

10 comments

  • pooch

    September 22, 2011 at 6:34 pm

    ရှုခင်းတွေက အရမ်းလှလာတယ်။ တနေ့ တခြား မရိုးရဘူး။ လေးပေါက် အိပ်ရေးရောဝအောင်အိပ်ရဲ့လား။ မနက် မနက် ဆို အစောကြီး ထနိုင်တယ်နော် ။ ။ နှေးလှတဲ့ ကော်နက်ရှင်လည်း လေးပေါက်ရဲ့ စိတ်ကို မတားနိုင်ဘူး။ တကယ်အားကျစရာကောင်းတယ် ဇွဲက။

  • ဒီပုံလေးတွေက နံက် 5း15နာရီနဲ့ 5း30ကြားမှာရိုက်ထားတဲ့ပုံလေးတွေပါ။
    တစ်ရက်ကို ပုံမှန်ငါးနာရီကျော်ကျော်လောက်အိပ်ရင်ကျနော်အိပ်ရေးဝပါတယ်.
    ပုံမှန်ည 12နာရီလောက်အိပ်ပြီး ပုံမှန်မနက်5း15မှာအိပ်ယာထပါတတယ်။

  • zaymdy

    September 22, 2011 at 7:54 pm

    oh! တစ်ကိုယ်ကို လေးစားပါတယ် ကိုယ်ကိုတောင် ရှက်မိတယ်… မနက်၈ နာရီတောင် မထချင်တည်းကျွန်တော်လေ … 😛

  • thit min

    September 22, 2011 at 8:47 pm

    ကျနော်တော့အားကိုးရပြီဗျို့။
    တယောက်ယောက်ကရန်စတာမျိုးနဲ့ကြုံရင်မန်းလေးကကိုပေါက်ကိုငှါးပြီးရိုက်ခိုင်းလိုက်ရမလားလို့
    ခပ်တည်တည်နဲ့ပြောမယ်ဗျာ။
    ရိုက်သလားမမေးနဲ့၊မိုးလင်းကနေမိုးချုပ်ပဲလို့။
    ခင်မင်စွာဖြင့်
    TM

  • ဆူး

    September 22, 2011 at 8:57 pm

    လှပမှုတွေ ပေါင်းစုဖွဲ့စည်းကာ.. မနက် မနက် လင်းချိန်မှာ..
    ဓါတ်ပုံထဲက အချိန်ကတော့ အိပ်မက် ကမာ္ဘထဲမှာ ထွက်ပေါက် ပျောက်နေတဲ့ အချိန် ဖြစ်နေပါတယ်။

  • windtalker

    September 22, 2011 at 9:03 pm

    အနော်တို ့လို
    အိပ်ယာထ နောက်ကျတဲ့ သူတွေ အဖို ့တော့
    သာယာကြည်နူးစရာ
    လှပတဲ့ မြင်ကွင်းတွေ ကို
    လက်လွှတ်ရသပ

  • TTNU

    September 22, 2011 at 11:02 pm

    ကန်တော်ကြီးနားကို မနက်စောစော မရောက်လာနိုင်တဲ့ ( မန ္တလေးမှာ နေပါရက်နဲ့)
    ကျမတို့ အတွက် တကယ်ကြီး အဖိုးတန်တဲ့ ပုံတွေပါ။ ရေကြီးတုန်းက ပုံတွေလဲ ဦးပေါက်တင်ထားလို့
    သာ ကြည့်လိုက်ရတာ။ ကျမလဲ ဓါတ်ပုံဝါသနာပါတယ်၊ ရိုက်တတ်တဲ့ ပညာသာ မရှိတာ။ ဦးပေါက်လိုပဲ
    နံနက်စောစော ဘုရားစင်ပေါ် ပန်းလှလှ သစ်သီးလှလှ ကပ်ထားရင် ဖုန်းနဲ့ ရိုက်ရိုက်ထားတယ်။FB မှာ ကလေးတွေ ပုံတင်ထားတယ်။

  • Captain

    September 26, 2011 at 12:19 pm

    ကောင်းလိုက်တဲ့ရှုခင်းလေးဗျာ ဒါမျိူးတွေစိတ်ဝင်စားတယ်ဗျ ကျေးဇူးဘဲ

  • mandalarthu

    September 27, 2011 at 9:31 pm

    ကျေးဇူး ပါ ဦးပေါက်။
    မျှော်နော်ပါ ့မယ်။

Leave a Reply