၆။ သဘောထား

susunosukiMay 15, 20101min510

အရူးတွေဟာ သူတော်ကောင်းတရားကို အထင်သေးတယ်။
သူတို့ဟာ အလွန်အမင်း မကောင်းမြင်ဝါဒီများ
ဖြစ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ
ရသမျှပစ္စည်းတွေကို အဆိုးဆုံးအနေနဲ့ လက်ခံထားကြတယ်။
တစ်သက်မှာတစ်ခါ အခွင့်ကောင်းများရလာတဲ့အခါ
ဒါတွေကိုသူတို့ မရလိုက်ကြဘူး။

လူတော်တွေကတော့ အမှန်တရားကို ကိုးကွယ်တယ်။
မှန်ကန်စွာနေထိုင်တယ်။
သူတို့ဟာ ဘာမဆိုအကောင်းဖက်ကိုသာမြင်ကြတယ်။
ဒီတော့သူတို့ဟာ အကောင်းဆုံးပစ္စည်းတွေကိုရရှိကြတယ်။
သို့သော် သူတို့ဘဝမှာ ကံဆိုးမိုးမှောင် ကျတဲ့အခါမှာ
သူတို့ အနေနဲ့မထိန်း နိုင်တော့ဘူး။
ပြိုကွဲပျက်စီးကာ ဝမ်းနည်းကြေကွဲမှုတွေနဲ့နေသွား
ကြရတယ်။

ပညာရှိတွေကတော့ အဆိုးအရွားတွေကို
မထင်မှတ်ပဲဖယ်ရှား နိုင်ကြတယ်။ဘာကြောင့်လဲဆိုတော့
သူတို့ရဲ့သဘာဝ ကိုက ဘာလုပ်လုပ်ကောင်းနေလို့ပါပဲ။
သူတို့ဟာ အကောင်းတွေကို အမှတ်ထင်ထင်ဖယ်ရှားပြီး
အမှန်ကိုရှာတယ်။ ဒီအခါအရာတိုင်းမှာ အကောင်း၊
အဆိုး နဲ့ ကြားနေ (အကောင်းမဆိုး) ဆိုတာရှိကြောင်း
အမှန်ကိုမြင်လာကြတယ်။ ဒါကို သူတို့လက်ခံကြတယ်။
Xxxxx
ဒီစာအုပ်ကို ဖတ်လိုက်ရတဲ့အချိန်မှာ ကျွန်တော့်ပတ်ဝန်းကျင်ကလူတွေ ၊ သူငယ်ချင်းတွေနဲ့ လုပ်ဖော်ကိုင်ဘက်တွေ ကိုလည်း ဖတ်စေချင်တဲ့ ဆန္ဒ ဖြစ်လာမိတယ်။ လူဆိုတာအမှားမကင်းဘူး လို့ ဆိုးရိုးစကားရှိပေမယ့် အမှားကိုသိသိရက်နဲ့မပြင်နိုင်တာ အမှားကြောင့်ပေါ်ပေါက်လာတဲ့ ဒုက္ခ နွံထဲက ရုန်းမထွက်နိုင်တာ ကတော့ မိုက်မဲလွန်းရာကျပါတယ်။
ကျွန်တော်က ရလာတဲ့ဘဝ တိုတိုလေးမှာ အများကြီး မဆုံးရှုံးချင်ဘူး။ ဒါကြောင့်ကိုယ့်ကိုယ် ကိုကောင်းအောင်ပြုပြင်ဖို့ အမြဲကြိုးစားတယ်။ ဒီလိုကြိုးစားချိန်မှာ ကျွန်တော့်ကို အတော်လေး အထောက်အကူပေးတဲ့ဒီစာအုပ် ကိုအားလုံးဖတ် စေချင်တယ်။
စာအုပ်နာမည်က The foolish, the clever and the wise ဖြစ်ပါတယ်။မူရင်းရေးသားသူက စာရေးဆရာ Charles Akara ရေးသားတာဖြစ်ပြီး မြန်မာပြန်သူကတော့ ဒေါက်တာ ခင်မောက်ညို(ဘောဂဗေဒ) ဖြစ်ပါတယ်။
လူတစ်ဦးခြင်းစီရဲ့ တန်ဖိုးထားမှု ၊ ကိုယ်ရည်ကိုယ်သွေး နဲ့ အပြုအမှု တွေကို မြင်သာထင်သာရှိအောင် ပြသထားတာ ဖြစ်ပါတယ်။ အချက်ပေါင်း အားလုံး ၉ရ ချက်ပါရှိပါတယ်။
ပထမတုန်းကတော့ ကျွန်တော့်ထင်မြင်ယူဆချက်နဲ့ပေါင်းပြီး စကားပြေပုံစံမျိုး ရေးမလို့ပါ။ နောက်တော့မှ မြန်မာပြန်သူ ရဲ့ အာဘော်နဲ့ မြန်မာပြန်အရသာပျက်သွားမှာ စိုးလို့ မူရင်းအတိုင်းပဲ ရေးတင်ပေးလိုက်ပါတယ်။
အကောင်းဆုံးတွေကို အရယူပြီး အောင်မြင်တဲ့ ဘဝလမ်းကို လျှောက်လှမ်းနိုင်ပါစေ လို့ဆန္ဒပြုလိုက်ပါတယ်။
(၁……..ကနေ ၉၇………အထိ အစဉ်တိုင်းဖြစ်ဖြစ် ကြိုက်တဲ့နေရာကဖေါက်ဖတ်တာပဲဖြစ်ဖြစ် အသုံးဝင်တဲ့ အတွေးလေးတွေကို ရရှိစေမှာပါ။)
Sususnosuki ရေးတဲ့စာ…..