Secure Your Data

we R oneSeptember 22, 20111min1154

အခု ကျွန်တော် ပြောပြမဲ့ ပရိုဂရမ်လေးက Toucan လို့ ခေါ်ပါတယ်။ မိတ်ဆွေတို့ရဲ့ ဖိုင်တွေကို ဝှက်စာ အဖြစ် ပြောင်းပေးနိုင်တဲ့ အသုံးဝင် ပရိုဂရမ်တခုပါ။ မိတ်ဆွေတို့ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှာ ဒီပရိုဂရမ်လေးကို ထည့်ထား လို့ရပြီးဘယ် အင်တာနက်ကဖေးမှာ ဖြစ်ဖြစ် သုံးလို့ရပါတယ်။

ကိုယ့်ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှာကိုယ်ရေးကိုယ်တာ ကိစ္စ၊တခြားလူ အသိမခံနိုင်တဲ့ ဘာမဆို သိမ်းထားချင်တယ်ဆိုရင် ဒီပရိုဂရမ်လေးကို သုံးစွဲခြင်းဖြင့် လုံခြုံစိတ်ချစွာ လျှို့ဝှက်ထားနိုင်တဲ့ စွမ်းရည်ရှိပါတယ်။

 

  • ဒီပရိုဂရမ်လေးကို သုံးဖို့ အခု ဒီမှာ Download ဆွဲလိုက်ပါ..။
  • download လုပ်ပြီးရင် သင့်ရဲ့ USB drive, Memory stick, Thumb drive, MP3/MP4 player ထဲမှာ install လုပ်ရပါမယ်။
  • install လုပ်ပြီးရင် ဘယ်ကွန်ပျူတာမှာမဆို တပ်ပြီးသုံးလို့ ရပါပြီ။
  • USB drive, Memory stick, Thumb drive, MP3/MP4 player ကို My Computer နေ ဖွင့်ပါ။
  • Toucan ပရိုဂရမ်ကို ရှာပြီး ဖွင့်ပါ။
  • ပြီးရင် အပေါ်က Tools Bar မှာ ၃ ခုမြောက် Scure ကိုရွေးပါ..။
  • ဘယ်ဘက် ဘောက်စ်ထဲမှာ အခုကွန်ပျူတာ မှာရှိတဲ့ disk drive တွေကိုပြ နေပါလိမ့်မယ်။
  • ကိုယ်လိုချင်တဲ့ ဖိုင်ရှိရာကို ရောက်တဲ့အထိ double click ပြီးဖွင့်ပါ။
  • တွေ့ပြီဆိုရင် ဘောက်စ် နှစ်ခုကြားမှာရှိတဲ့ + သင်္ကေတကို နှိပ်လိုက်တာနဲ့ အဲဒီဖိုင်ဟာ ညာဘက်မှာရှိတဲ့ ဘောက်စ်ထဲကိုရောက်သွားမှာပါ။
  • တဖိုင်ချင်းသာမက ဖိုဒါတခုလုံးကိုပါ ဝှက်စာ လုပ်လို့ရပါတယ်၊ဝှက်စာကနေ ပြန်ဖော်လို့ရပါတယ်။
  •  ဖိုင်တွေကိုရွေးပြီးရင်  function ဆိုတဲ့ဘောက်စ်ထဲမှာ ဝှက်စာ အဖြစ်ပြောင်းမယ်ဆို Encrypt ရွေးပြီး ဝှက်စာ ကနေပြန်ဖော်မယ်ဆို Decrypt ကိုရွေးပါ။
  • ပြီးရင် အိုကေ ကိုနှိပ်လိုက်ရင် Please enter your password ဆိုပြီး ဘောက်စ်တခုပေါ်လာပါလိမ့်မယ်။ password ကို ရှည်နိုင်သမျှရှည်ရှည် ပေးတာပိုကောင်းပါတယ်။ ကိုယ့် password ကိုလည်း ကိုယ်ပြန်မှတ်မိပါစေ။
  • ပြီးတာနဲ့ အိုကေ ကို နှိပ်လိုက်ရင် မူရင်းဖိုင်ပျောက်သွားပြီး ဝှက်စာ ဖြစ်သွားတဲ့ ဖိုင်ကိုရပါလိမ့်မယ် (ပြောင်းပြန် အနေနဲ့ ဆိုရင် ဝှက်စာဖိုင် ပျောက်သွားပြီး မူရင်းဖိုင် ပြန်ရမှာပါ)။

ဝှက်စာဖိုင်ဖြစ်သွားပြီးနောက် ဘယ်အင်တာနက် ကဖေးမဆို USB drive, Memory stick, Thumb drive, MP3/MP4 player ကို သယ်သွားလို့ရပါပြီ။ တဖက်သူဆီကို ပို့ရင်လဲ စိတ်ချလက်ချ ပို့လို့ရပါပြီ။  ကိုယ့်ရဲ့ဝှက်စာ လုပ်တဲ့ password ကိုလက်ခံရရှိသူကသိရင်ပြီးတာပါပဲ။

 

http://blog.myanmars.net/20112008?utm_source=feedburner&utm_medium=email&utm_campaign=Feed%3A+MyanmarsnetNewsletter+%28Myanmar%27s.NET+Newsletter%29

4 comments

  • etone

    September 22, 2011 at 11:31 am

    အဆန်းလေးပဲ ဗျို့ .. လုပ်ကြည့့်ပါဦးမှ … ။ နည်းကောင်းလေး လက်တို့တာ ကျေးဇူးတင်ပါရဲ့ … ။

  • နွယ်ပင်

    September 22, 2011 at 11:41 am

    အခုလိုဖော်ပြပေးတာ ကျေးဇူးတင်ပါတယ် လုပ်ကြည့်လိုက်ပါဦးမယ်

  • windtalker

    October 17, 2011 at 8:33 pm

    အခု မှ ၊ ဒီပို ့စ်ကို ဖတ်ဖြစ်တယ် ဗျာ ၊
    ဆရာလေး ကျေးဇူးနဲ ့လျှို ့ဝှက်စရာ နည်းလမ်းကောင်း ကို သိရှိသွားရပါပြီ ။
    သာဓုသာဓုသာဓု

    • we R one

      October 18, 2011 at 9:03 am

      ဟဟဟ windtalker က ဘာဖိုင်တွေ ဝှက်မလို့ လဲ ဧကဏ္ဍတော့ ဧကဏ္ဍတော့ ပဲ… 😀

Leave a Reply