ဒဏ်ရာမဲ့

chitsuSeptember 22, 20112min10512

အချစ်ဟာအပြစ်တဲ့

အဖြစ်မရှိတဲ့ငါ့အချစ်နဲ့

အချစ်မရှိတဲ့ မင်းကို

ချစ်ခဲ့မိတာလည်းစွဲစွဲလန်းလန်း

ရူးလို့ချစ်ခဲ့တဲ့ငါ

အဆိပ်ကိုအချစ်မှတ်ပြီး

ငတ်မွတ်စွာငါသောက်သုးံမိတယ်

မလွမ်းတတ်တဲ့ငါ့နှလုံးသား

နင့်ကြောင့်လည်းလွမ်းတတ်နေတယ်

မငိုတတ်တဲ့ငါ့နှလုံးသား

နင့်ကြောင့်လည်းငိုတတ်သွားတယ်

ကျန်ခဲ့တာငါ……ထွက်သွားတာနင်

နှစ်ယောက်ကြားမှာ ..ဒဏ်ရာတွေနဲ့

ငါ့နှလုံးသား…ကွဲခဲ့ပါတယ်

ဒဏ်ရာမရှိ….ဆေးမသိပဲ

ကွဲခဲ့တဲ့ငါ့နှလုံးသားကို……

စွန့်လွှတ်ပေးဆပ် ……………

နင်ပျော်ဖို့အတွက်ပဲ………

လမ်းခင်းပေးလိုက်တော့မယ်………..

ကြင်နာသူရေ………

12 comments

  • manawphyulay

    September 22, 2011 at 1:39 pm

    လမ်းခင်းတာက အပြည့်ခင်းပေးမှာလား…
    တစ်ဝက်တစ်ပျက်ပဲ ခင်းပေးမှာလား
    အဲဒါကို သေချာပြောဦး….. 😛

    • chitsu

      September 22, 2011 at 2:56 pm

      သူသွားချင်တဲ့သူဆီရောက်တဲ့ထိပေါ့
      တစ်ဝက်ပဲဆိုသူခြေထောက်နာမှာပေါ့

      • manawphyulay

        September 22, 2011 at 3:56 pm

        ဒါဆိုလည်း ချီပြီး လိုက်ပို့လိုက်ပေါ့နော်… ဒါဆို ခြေမနာတော့ဘူး။ 😛

        • chitsu

          September 23, 2011 at 1:08 pm

          အဲ့လောက်တော့မလုပ်ပါရစေနဲ့နော်……

  • နွယ်ပင်

    September 22, 2011 at 1:48 pm

    အချစ်ဆိုတာ တစ်ဆစ်ဆစ်နဲ့ နာကျင်စေတဲ့အရာတဲ့
    အခုတော့ chitsuလဲ တစ်ဆစ်ဆစ်နဲ့ လမ်းခင်းပေးနေရပြီပေါ့ ………..

    • chitsu

      September 22, 2011 at 2:57 pm

      ဟုတ်မယ်ထင်တယ်နော်

  • maung hninkharr

    September 22, 2011 at 2:36 pm

    လမ်းကို က ကွန်ကရစ်လမ်း (တစ်ဝက်)လား ၊ သို့မဟုတ် ကတ္တရာလမ်း ခင်းပေးမှာလား?
    ဖြေကြားပေစေလိုပါသည်။

  • chitsu

    September 22, 2011 at 2:58 pm

    နှလုံးသားနဲ့ခင်းတဲ့လမ်းလေးပါ

  • MOEPWINTPHYU

    September 22, 2011 at 4:59 pm

    လျောက်လိုကောင်းမှာနော်နှလုံးသားနဲခင်တာဆိုတော…

  • small cat

    September 22, 2011 at 10:01 pm

    ရန်ကုန်သားတွေပြောပြောနေတဲ့
    တခြမ်းခင်း အောင်သိန်းလင်း
    တော့မလုပ်နဲ့နော်

    • chitsu

      September 23, 2011 at 1:06 pm

      မဟုတ်ရပါဘူးနော်……….မြို့တော်ဝန်အဟောင်းကသူကတခြမ်းခင်းတယ်လေ
      ချစ်စုကအပြည့်ခင်းတယ်နှလုံးသားလမ်းကို

  • ကြောင်ကြီး

    September 23, 2011 at 8:54 am

    ချစ်သူအတွက်
    နှလုံးသားကို
    လမ်းခင်းပေးမဲ့
    ချစ်စုအတွက်
    ကိုကြောင်ကြီး
    လမ်းအင်ဂျင်နီယာ
    လုပ်ပါရစေ၊
    ခင်းထားတဲ့လမ်းထက်
    ချစ်စုတို့စုံတွဲ
    မိုးမမြင်လေမမြင်
    လျောက်လှမ်းချိန်မှာ
    အဖော်မဲ့ကြောင်ကြီး
    လမ်းဖောက်ပြီးပြီးချင်း ဝယ်ထားတဲ့
    အသစ်စက်စက် မာစီဒီးကားကို
    ဝူးကနဲ မောင်းထွက်သွားပါ့မယ်။ 😎

Leave a Reply