အကူအညီလို​သူတွေအများ​ကြီးပါ ( သူတို့အဖွဲ့ဖြစ်ပေါ်လာပုံ )(2)

ကိုယ်တိုင်ရေး ရာဇဝင်

by ဆရာလေး ကိုကြည်နိုင် on Thursday, September 22, 2011 at 5:50am

( ဒီစာကို   အမ မစု က တောင်းဆိုလို ့ရေးသားလိုက်တာပါ….အမ က မန္တလေး ဂေဇက် မှာ  ကျွန်တော်တို ့ လုပ်နေတဲ ့ ကုသိုလ်ဖြစ်  ဆေးခန်းလေး အကြောင်း ရေးသားရာမှ စိတ်ဝင်စားကြတဲ ့သူတွေ ရှိလာတယ်…သူတို ့က အဖွဲ ့လေးအကြောင်း မေးနေကြတယ် ..ရေးပေးပါဦး လို ့ ဆိုလာတော့  ကျွန်တော်ကပဲ အဖွဲ ့သမိုင်းကို တင်ပြပေးဖို ့ တာဝန်ယူလိုက်ပါတယ်…)

 

 

ပထမဆုံး အဖွဲ ့လေး စတင်ဖြစ်ပေါ်လာပုံက စပြောပါ့မယ်..၂၀၁ဝ ခုနှစ်ရ ဲ့ နှစ်ဆန်းပိုင်း ညလေး တစ်ညမှာပေါ့…ဆရာဝန် ပေါက်စလေး  ၃ယောက်(သူကြီး ဘစီ ၊ဆရာလေး ကိုကြည်နိုင် ၊ဆရာ တွတ်ပီ ) အမှတ်မထင် ဆုံစည်းမိရာက  မိသားစု ဆန်ဆန် ရိုးသားတဲ ့ ချစ်ခင်နှစ်လိုဖွယ်ကောင်းတဲ ့ တောသူတောင်သားများရဲ ့ စရိုက်လက္ခဏာလေးများနဲ ့ မွှေးပျံ ့နေတဲ ့ ရွာလေး တစ်ရွာကို အွန်လိုင်းပေါ်မှာ တည်ဆောက်ကြဖို ့ သဘောတူပြီး အဲဒီညမှာပဲ ရွာကို အုတ်မြစ်ချ တည်ဆောက်လိုက်ကြတယ်…Ning.com  ပေါ်မှာ တည်ဆောက်တဲ ့ ရွာလေးကို အမည်ပေးဖို ့ စဉ်းစားတော့ ကျွန်တော်တို ့  ၃ ယောက်လုံး ပြေးမြင်လိုက်တာက မြိုင်ရာဇာ တွတ်ပီ ဇာတ်လမ်းလေးပေါ့..ဒါနဲ ့ အထူးတလယ် တိုင်ပင်နေစရာမလိုပဲ  ကြုံတိုင်းရွာ ရယ်လို ့သတ်မှတ်လိုက်ကြတယ်..အမည်နာမတွေကိုလဲ တွတ်ပီ ဇာတ်လမ်းလေးထဲက  အတိုင်းပဲ ယူလိုက်ကြတယ်..အဲဒီကစပြီး ကျွန်တော်လည်း  မြိုင်သာယာ ကနေ အသဲကွဲပြီး ရောက်လာတဲ ့ ကျောင်းဆရာလေး  ကိုကြည်နိုင် ဖြစ်လာပါရောလေ..(နမိတ်ကိုက မကောင်းပါလားနော်)…ဒီလိုနဲ ့ တဖြည်းဖြည်း ရွာထဲမှာ ဗိုက်ကလေး ၊လူပျိုကြီး စောတင်မောင် ၊ပုဆွဲမိ ၊မသေးမျှင် ၊ဆေးဆရာကြီး ဦးဧရာချမ်း ၊အတီး ၊သာဂိ ၊ အာနိုးလှမိုး စတဲ ့စတဲ ့ ဆရာဆွေမင်း (ဓနုဖြူ ) ရဲ ့ ဇာတ်ကောင်တွေရဲ  ့ အမည်သညာ ယူလိုက်ကြပြီး တကယ့်ကို ပျော်ရွှင်စရာကောင်းတဲ ့ အသိုက်အဝန်းလေး တစ်ခု ကျွန်တော်တို ့ ရရှိခဲ ့ပါတယ်..ဒါကတော့ ကျွန်တော်တို ့ စတင် သန္ဒေတည်ခဲ ့ပုံလေးပါ….

 

 

အဲဒီ အွန်လိုင်းရွာလေးနဲ ့ မရှေးမနှောင်းမှာပဲ  ကျွန်တော်တို ့ အခုလို   Village KD Donation  Group  ရယ်လို ့ ဖြစ်လာစေမယ့် နောက်ခြေလှမ်းတစ်ခုကို ဆက်လှမ်းခဲ ့ကြတယ်..ဒါကတော့  ရွှေပြည်သာ  အစွန်က  မြိုင် သီလရှင် ကျောင်း မှာ  ယနေ ့ အောင်မြင်နေတဲ ့ ဆေးခန်းလေးကို စတင်အခြေတည်မိတာပါပဲ…ဆရာဝန်ဖြစ်သော်လည်း  အလုပ်အကိုင် မရှိတဲ ့ ကျွန်တော်တို ့ ညီအကို တတွေ  ရွှေပြည်သာမှာ  ကုသိုလ်ဖြစ်ဆေးခန်းလေးလုပ်ဖို ့ လိုက်ရှာရင်း  မြိုင် ဆိုတဲ ့ သီလရှင် စာသင်တိုက်လေးဆီ ရောက်လာခဲ ့ကြတယ်…ကျောင်းထိုင်ဆရာကြီး က ဒေါ်သုနန္ဒာ…အဲဒီ အချိန်က  မြိုင်ကျောင်းဟာ  ယခုလို  ခမ်းခမ်းနားနား မဟုတ်သေးပါဘူး…တမံတလင်းပေါ်မှာ နေဖြစ်အောင် ဝါးတွေ ထရံတွေကို ပြုပြင်ပြီး နေခဲ ့ကြရတာပါ…ဆရာကြီး ဒေါ်သုနန္ဒာ ဟာ ကျောင်းမှာ မိဘမဲ ့ကလေးငယ်များကိုလည်း  မွေးစားထားပါတယ်..ကျွန်တော် မှတ်မိသလောက် ကျွန်တော်တို ့စရောက်တော့ မိ်ဘမဲ ့ကလေး ၂ဝ ကျော် ရှိပါတယ်..နောက် ကျောင်းမှာ အဲဒီအချိန်က အင်မတန် ရှားပါးတဲ ့ အခမဲ ့ မူလတန်း ပညာရေး ကိုလဲ ဖွင့်လှစ်ထားပါသေးတယ်…ရွှေပြည်သာနယ်တဝိုက်က  နွမ်းပါးတဲ ့ ပြည်သူတွေအတွက် ဆရာကြီး ဒေါ်သုနန္ဒာက ပညာလည်းပေး လိုအပ်တဲ ့ ခဲတံ ၊ စာအုပ်တွေရော ပေးပြီး ပညာသင်ပေးနေခဲ ့ပါတယ်..အဲဒီလို  မနိုင်ဝန်တွေ ထမ်းနေရရှာတဲ ့ ကြားကပဲ  ဆရာကြီး ဒေါ်သုနန္ဒာဟာ ကျောင်းမှာ ကုသိုလ်ဖြစ်ဆေးခန်း  အောင်မြင်အောင် လုပ်ချင်တယ်လို ့ ပြောလာပါတယ်…ကျွန်တော်တို ့ညီအကို တတွေဟာလည်း ဆရာကြီး ကို ပါရမီဖြည့်တဲ ့ သဘောနဲ ့ ဖြစ်အောင် လုပ်ပေးဖို ့ သဘောတူလိုက်ပါတယ်..စနေနေ ့တိုင်း ဆေးခန်းလေး ဖွင့်ခဲ ့ပါတယ်…ကျောင်းပိုင်မြေဧရိယာ ကလည်း ကျဉ်း ၊စာသင်ခန်းနေရာတွေလဲ ရှိတော့ ကျွန်တော်တို ့ဆေးခန်းအတွက် နေရာ သတ်သတ်မှတ်မှတ်ရယ် မပေးနိုူင်ခဲ ့ဘူး…လွှတ်တဲ ့နေရာ ကုတင်ချပြီး ဆေးကုခဲ ့ရတယ်…ကလေးတွေ စာသင်တဲ့ စားပွဲလေးတွေကို ဆက်ပြီး ကုတင်လုပ်ခဲ ့ကြရတယ်…ဆေးဖိုးကိုတော့ ဆရာကြီးက အဓိက ထောက်ပံ ့ပေးပါတယ်..ကျွန်တော်တို ့ကလည်း တတ်နိုင်သလောက်လေးတွေ ဝယ်သင့်တာ ဝယ်ပေါ့ဗျာ..အဲလိုနဲ ့ ဆေးခန်းလေး  ရုပ်လုံးပေါ်လာခဲ့ပါတယ်..ဒါပေမယ့် ဆေးခန်းနေရာကတော့ တစ်နှစ်ခွဲလောက် ရှိလာတဲ ့ အထိ တိတိကျကျရယ် ဖြစ်မလာခဲ ့သေးဘူး..အရင်လိုပဲ   လွှတ်တဲ ့နေရာဟာ ဆေးခန်း ဖြစ်နေတုန်းပဲ..အခုတော့ ဆေးခန်းနေရာ ရနေပါပြီ…ဒါကတော့ ကျွန်တော်တို ့ Village KD Clinic လေး  အခြေတည်ခဲ ့ပုံလေးပါ…

 

အောက်ပါ ပုံများမှာ  ယခင်  ဆေးခန်းလေး အစပိုင်း မှ ပုံများ ဖြစ်ပါတယ်

 

ဆေးခန်းလေးရှိရာ မြိုင် သီလရှင် ကျောင်း

 

ဆေးကုသနေစဉ်

 

ဆေးပေးတဲ ့ အဖွဲ ့

 

အမှတ်တရ

 

လူနာများ

 

 

 

ကျွန်တော်တို ့ အဖွဲ ့လေးကို စိတ်ကူးသစ်တွေ မွေးဖွားပေးခဲ ့တာကတော့  မြိုင်မှာ လုပ်တဲ ့ သီလရှင် အပါး (၄၀ဝ ) ဝတ်ပွဲပါပဲ…အဲဒီပွဲမှာ  ကျွန်တော်တို ့ ကြုံတိုင်းရွာကလည်း  ဆွမ်းတစ်နေ ့စာ တာဝန်ယူချင်တယ် ဆိုပြီး  ရွာထဲမှာ တိုင်ပင်လိုက်တော့  အားလုံးက စိတ်ပါဝင်စားရှိတာနဲ ့  ဆရာကြီး ဒေါ်သုနန္ဒာ ဆီမှာ ဆွမ်းတစ်နေ ့စာ လှူဒါန်းဖို ့  စာရင်းပေးလိုက်ပါတယ်…Village KD Donation Group ရဲ ့ ပထမဆုံး အလှူ လို ့ ပြောရမှာပဲ ဖြစ်ပါတယ်..အဲဒီအလှူမှာ  အမှတ်တရတွေကတော့ အများသားဗျာ..ဆွမ်းဟင်းချက်တာက ကြက်သားနဲ ့ အာလုူး ပြီးတော့ ပါလချောင်ကြော်တယ်..အဲဒီအလှူတုန်းက ကူညီပေးခဲ ့တဲ ့  MACF  အဖွဲ ့က အကိုများကိုလည်း အမှတ်ရ ကျေးဇူးတင်ရပါတယ်…ဆွမ်းဟင်းချက်တဲ ့ ဓမ္မာရုံထဲမှာ ညီအကိုတစ်တွေ ပုဆိုးလေးတွေခြုံပြီး ကွေးခဲ ့ရတာ  မှတ်မိတယ်…ခြင်ကလည်း ကိုက်လိုက်တဲ ့ ဖြစ်ခြင်း..အဲဒီနေ ့က ချက်စားဖို ့ သူ  ့ကိုယ်လုံးလောက်ရှိတဲ ့ ဘူုးသီးကြီး သယ်လာတဲ ့ ကျောင်ဝင်းဌေး ကိုလည်း ဘူးသီး ရယ်လို ့ နာမည်ပြောင်းပေးလိုက်ကြတယ်…အလှူနေ ့မှာ  ကားစီးလုံးငှားပြီး မြိုင်ကို သွားကြတော့ ဗိုက်ကလေး ကို မေ့ပြီး ကျန်ထားခဲ ့မိလို ့ သူ ့ခမျာ နောက်မှ လိုင်းကားစီး လိုက်ခဲ ့ရတာကလည်း  အမှတ်တရပါ…သူက အလှူမှာ ရိုက်ကူးရေး တာဝန်ယူထားတဲ ့သူပါ..အလှူမှာ ဆရာလေးတွေကို ဆွမ်းကပ်တာအပြင် ကျန်းမာရေး ပညာပေး ဟောပြောတာ ၊လက်သဲညှပ်ပေးတာ စတဲ ့ ဝေယျာဝစ္စ တွေကိုလည်း လုပ်ပေးခဲ ့ကြပါတယ်…ဒါကတော့ ကျွန်တော်တို ့ရဲ ့ပထမ အလှူ အကျဉ်းချုုပ်ပါ..

 

ပထမအကြိမ် အမှတ်တရ

 

ဆွမ်းဟင်းချက်နေကြစဉ်

 

ဆရာလေးများ

 

အမှတ်တရ

 

လက်သဲညှပ်ပေးနေစဉ်

 

 

 

ဒုတိယ အလှူ ကိုတော့  ဒဂုံအရှေ ့ပိုင်းက  သုခရိပ်မြုံ  ဆိုတဲ ့ HIV ပိုး ကူးစက်ခြင်းခံနေရတဲ ့ မိဘမဲ ့ကလေးငယ်များ ဂေဟာမှာ ပြုလုပ်ခဲ့ပါတယ်…ဒီအလှူမှာ ကလေးငယ်များနဲ ့ အတူ ကစားနည်းများ ဆော့ကစားခြင်း ၊ကဗျာရွတ်ခြင်း ၊သီချင်းလေးများနဲ ့ ကပြခြင်း ၊သီချင်းများ သီဆိုပြခြင်း စတဲ ့ ကလေးငယ်များအား ပျော်ရွှင်စေမယ့် အစီအစဉ်များ ပါဝင်ခဲ ့ပါတယ်..ကလေးငယ်များအတွက် လိ်ုအပ်တဲ ့ အသုံးအဆောင်များနဲ ့ အလှူငွေများ ပေးအပ်လှူဒါန်းခဲ ့ကြပါတယ်…အရွယ်နဲ ့ မမျှအောင် ရောဂါ ခံစားနေရရှာတဲ ့ ကလေးငယ်များအတွက် တစ်နေ ့တာပျော်ရွှင်မှုလေးတွေကို ဖန်တီးခဲ့ကြပါတယ်…ဒီအလှူမှာ  အမှတ်ရစရာကတော့  အလှူလာကြတဲ ့ မောင်နှမတွေကို ကံစမ်းမဲ ဖောက်ပေးတဲ ့ အစီအစဉ်လေးပါ.မောင်နှမတွေအတွက် ပျော်ရွှင်စရာ ပွဲလေး ဖြစ်ခဲ ့ပါတယ်..ပစ္စည်းတွေကတော့ ကြက်ဥ ၊မြဟသာင်္ ၊ငှက်ပျောသီး စတဲ ့စတဲ ့ ပစ္စည်းများကို ကံစမ်းမဲ ဖောက်ပေးခဲ ့ကြလို ့ ဂွတီး ဂွကျ နဲ ့ အင်မတန် ပျော်ရွှင်ခဲ ့ရပါတယ်…(ကျွန်တော်ကတော့ ကြက်ဥ  မဲပေါက်ပါတယ် ..:P )

6 comments

  • nozomi

    September 22, 2011 at 4:14 pm

    အကူအညီလိုသူတွေ အများကြီးပါ -၁ နဲ့ ၂ ကို ဖတ်ကြည့်တော့ တစ်ကယ်က တစ်ပုဒ်ထဲ ၊ ၁ က စာစုံတယ် ၊ ၂ က စာတချို့နဲ့ ဓါတ်ပုံတွေ ပါလာတယ်၊ ၁ က ဝင်မန်းလို့ မရဘူး၊ နှစ်ခုပေါင်းပြီး တစ်ပုဒ်လုပ်ရမှာ မိုးပွင့်ဖြူကတော့ ပြန်ပြင်လို့ ရမယ်မထင်ဘူး MG က သူကြီးက ကြုံတိုင်းက သူကြီးနဲ့ အဖွဲ့ ကို ဝင်ကူညီမှ ဖြစ်မှာ..

    ကျွန်တော်လဲ အလုပ်ထဲ ရောက်တဲ့အထိ တွတ်ပီပရိသတ်ဆိုတော့ ဒီအဖွဲ့နဲ့က မမြင်ဘူးပေမဲ့ အချင်းချင်းတွေလို့ ပြောလို့ရတယ်နော..

    ဓါတ်ပုံထဲက ပုံတွေအရတော့ ကြုံတိုင်း ရွာသူ ရွာသားတွေက ကျွန်တော့်ထက် ငယ်ကြပါတယ်၊ ဒါပေမဲ့ ကျွန်တော် မလုပ်နိုင်သေးတဲ့ လုပ်ချင်တဲ့ အလုပ်မျိုးကို စေတနာအပြည့်နဲ့ လုပ်နိုင်တဲ့အတွက် ချီးလဲ ချီးကျူး လေးစားစိတ်လဲ ဖြစ်မိပါတယ်

    ၁ မှာ ဦးပါလေရာ မန်းထားသလို တတ်နိုင်သလောက် လှူလို့ရမယ် ဆိုရင်တော့ လှူချင်ပါတယ် ၊ ကောင်းတာက ဆက်သွယ်လှူဒါန်းလို့ရမဲ့ အမည် နဲ့ ဖုံးနံပတ်လေး ဖော်ပြပေးရင်ကောင်းမယ် ၊ လိုက်ကောက်မဲ့သူ ရှိတယ်ဆိုတော့ အဲဒါကတော့ လှူတဲ့သူတွေအတွက် ပိုအဆင်ပြေမယ်

    ဒီရွာထဲမှာလဲ ဒေါ်ပဒုမ္မာက ၂၀၀ဝ အဖွဲ့လေး အကြောင်း ဖော်ပြတယ် ၊ ကြုံတိုင်းရွာသားတွေကလဲ လှုပ်ရှားမှုလေးတွေ လိုအပ်နေတာတွေ ရှိရင် ဒီရွာထဲမှာ ပို့စ်လေး တင်ရင် အလှူရှင်တွေ ပေါ်လာမှာပါ.

    စေတနာမှန်ကြတဲ့အတွက် အောင်မြင်မှုတွေ ရကြမှာပါ….

  • MOEPWINTPHYU

    September 22, 2011 at 4:23 pm

    ဟုတ်ကဲပါ အရင်ကစာတွေပဲပါသွားလို ပုံတွေနဲဆိုပိုကောင်းလိုပြန်တင်လိုက်တယ်
    ကျန်နေတဲပုံတွေနောက်နေ့မှာဆက်တင်တောမယ်…
    နောက်နေ့မှာသူတိုနဲဆက်သွယ်လိုရမဲဖုန်နံပါတ်တွေ နဲသေချာ2ပို့တစ်ခုတပ်ရေးပါအုံးမယ်
    စေတနာမှန်ကြတဲ့အတွက် အောင်မြင်မှုတွေ ရကြမှာပါ….’
    ဒီစကားကအားဖြစ်စေပါတယ်ကျေးဇူးတင်ပါတယ်….

  • good

    September 22, 2011 at 5:07 pm

    စေတနာ အကျိုးပေး မြန်ပါစေ လို့ ဆု တောင်း ပေးပါတယ်။

    ပရဟိတ လုပ်ငန်း ဝါသနာ ဆို တာ ထင် သလောက် မလွယ်ပါဘူး။
    စီး ပွားတခု အခိုင်အမာ မရှိ သေးခင် ငယ်ရွယ် စဉ် ဘဝ ထဲ က စ လုပ် ရ မှာ ဆို ပို ပြီးတော့ ခက် မှာ ပါ။
    ဒါပေမဲ့ လူငယ်တွေ ရဲ့ ပရဟိတ လုပ်ငန်းမှာ လူငယ်တွေ ရဲ့ active ရှိရှိ ဝန်ဆောင်မှု ကလည်း အကူညီ
    လို အပ် သူတွေ အတွက် ပို ထိရောက် တယ်။
    လူငယ်တွေ ဦးဆောင်မှု နဲ့ လူငယ်တွေ ကို တိုင်ပါဝင်လှုပ်ရှားကြ တဲ့ အတွက် ပို မို လေးစား သာဓုပါ လို့။

  • Shwe Ei

    September 22, 2011 at 5:19 pm

    ကိုယ်တိုင်ဝင်ကူဖို့အဆင်ပြေချင်မှ ပြေမှာမို့လို့ အလှူငွေ ထည့်ပါရစေ။ အလှူငွေမဟုတ်တဲ့ တခြားအသုံးဆောင်တွေ လှူလို့ရရင်လဲ သိချင်ပါတယ်။

  • MOEPWINTPHYU

    September 22, 2011 at 5:24 pm

    ရပါတယ်ရွှေအိရေ
    လှူလိုရတဲနေရာတွေနောက်ပြောပြပေးပါမယ်
    အားပေးကြကူညီကြလိုကျေးဇူတင်ပါတယ်….

  • htoosan

    September 22, 2011 at 9:31 pm

    အဲ့ဒီဆေးခန်း့နေရာ မှာဘဲ သွားလူှကြတာ ကောင်းမယ်ထင်ပါတယ်။ အတုအယောင်တွေကြားမဝင်အောင်ပါ.။

Leave a Reply