အားလုံးကိုပျော်စေချင်သူ….

nga payMay 15, 20101min682

forward..mail… ကရထားတာလေးပါ … အားလုံးပျော်နိုင်ကြပါစေ..

တစ်ခါက နိုင်ငံတော် အကြီးအကဲ ခေါင်းဆောင်သုံးဦးဟာ ရဟတ်ယာဉ်စီးပြီး
နိုင်ငံအခြေအနေကို လှည့်လည်ခဲ့တယ်။
ပထမ အကြီးအကဲ ” တကယ်လို့ အခုချိန်မှာ ငါသာ ငွေတစ်ထောင်တန်တစ်ရွက်
ပစ်ချလိုက်ရင် ကောက်ရတဲ့လူက အရမ်းပျော်မှာပဲ”
ဒုတိယ အကြီးအကဲ ” တကယ်လို့ ငါသာ ၅၀ဝတန်နှစ်ရွက် ပစ်ချလိုက်ရင်
လူနှစ်ယောက်ပျော်ရမယ်”
တတိယ အကြီးအကဲ “တကယ်လို့ ငါသာ ၁ဝတန်ဆယ်ရွက် ပစ်ချလိုက်ရင် လူဆယ်ယောက် ပျော်ရမယ်”
သူတို့အချင်းချင်း ပြောနေတဲ့ စကားကိုကြားတော့ လေယာဉ်မှုးက အခုလို ပြောလိုက်သတဲ့…
“အကြီးအကဲတို့ သုံးဦးလုံးသာ ခုန်ချလိုက်ရင် နိုင်ငံမှာရှိတဲ့
လူတွေအားလုံး ပျော်ကြမှာပဲ” ဟူတည်း။

2 comments

  • susunosuki

    May 16, 2010 at 4:24 am

    တော်တော်နောက်တာပဲ
    ကျွန်တော်က အကောင်းရေးတယ်မှတ်တာ
    ရယ်ရပါတယ်

  • intro

    May 16, 2010 at 6:04 am

    ဘယ်နိုင်ငံလဲ ဟင်… အဟိ

Leave a Reply