နီယွန်မီးရောင်အောက်

တစ်ယောက်ထဲလမ်းလျှောက်ရင်း

တွေးမိတဲ့ အတွေးတစ်ချို့ 

-

-

ကဗျာတစ်ပုဒ်ဖြစ်ခဲ့ ပြန်ပေါ့…

စိတ်ကူးနဲ့ ရူးပြီး

ပန်းနှရောင်အချစ်ရက်တွေရောက်လာဖို့ 

တမ်းတမ်းတတ

မှန်းမှန်းဆဆနဲ့ 

မပါတဲ့ မင်းလက်ကလေးကိုတွဲ

လေဟုန်စီးပြီးပျံဝဲချင်လိုက်တာ…

အခုတော့ 

ငါတစ်ယောက်ထဲ

နီယွန်မီးတွေဖြာကျနေတဲ့ 

လမ်းဘေးပလက်ဖောင်း

ညောင်းလိုက်တာကွာ…

ငါ့ရင်ထဲကအလွမ်းတွေ

မင်းမှသိပါလေစ….

ငါ့ရင်ထဲကအချစ်တွေ

မင်းမှမြင်ပါလေစ…

မင်းသိသိမသိသိ

အားလုံးသိအောင်ရေးချလိုက်ပြီ

ကဗျာလို့ ခေါင်းစဉ်ပေးပြီးလေ…

6း10 PM

1.9.2011(thu)
ကြယ်ရောင်လင်း

About kyeyounglin

has written 18 post in this Website..