ပလက်ဖောင်းအတွေး

kyeyounglinSeptember 22, 20111min580

နီယွန်မီးရောင်အောက်

တစ်ယောက်ထဲလမ်းလျှောက်ရင်း

တွေးမိတဲ ့အတွေးတစ်ချို ့

-
-

ကဗျာတစ်ပုဒ်ဖြစ်ခဲ ့ပြန်ပေါ့…

စိတ်ကူးနဲ ့ရူးပြီး

ပန်းနှရောင်အချစ်ရက်တွေရောက်လာဖို ့

တမ်းတမ်းတတ

မှန်းမှန်းဆဆနဲ ့

မပါတဲ ့မင်းလက်ကလေးကိုတွဲ

လေဟုန်စီးပြီးပျံဝဲချင်လိုက်တာ…

အခုတော ့

ငါတစ်ယောက်ထဲ

နီယွန်မီးတွေဖြာကျနေတဲ ့

လမ်းဘေးပလက်ဖောင်း

ညောင်းလိုက်တာကွာ…

ငါ့ရင်ထဲကအလွမ်းတွေ

မင်းမှသိပါလေစ….

ငါ့ရင်ထဲကအချစ်တွေ

မင်းမှမြင်ပါလေစ…

မင်းသိသိမသိသိ

အားလုံးသိအောင်ရေးချလိုက်ပြီ

ကဗျာလို ့ခေါင်းစဉ်ပေးပြီးလေ…

6း10 PM

1.9.2011(thu)
ကြယ်ရောင်လင်း