♥ ချစ်သူ…
အိပ်မက်တွေပဲတဲ့ လား ???
ဟင့်အင်း…
ငါတကယ်ချစ်ခဲ့ တာပါ…
ဒါဆိုရင်
ဘာကအိမ်မက်လဲ???
♥ အိပ်မက်တွေအဆိပ်သင့်တဲ့ 
ညကတည်းက
အိပ်စက်ဖို့ ကြောက်နေခဲ့ တာ…
♥ နိုးထလာတဲ့ နံနက်ခင်းတိုင်း
မင်းအနားမရှိတော့ တဲ့ အသိ
ခံနိုင်ရည်မဲ့ လို့ သွေးပျက်ခဲ့ 
ငါသိပ်ကြောက်မိတယ်…
♥ သောက်နေကျကော်ဖီခါးခါး
မင်းဖျော်ပေးတဲ့ ချိုစိမ့် လေးကို
သောက်ခွင့်ရချင်သေးတယ်…
♥ မိုက်မဲခဲ့ တာမဟုတ်ရပါဘူး
အချစ်ကိုကိုးကွယ်ရင်း
ရူးသွပ်မိခဲ့ တာပါ…
♥ နှလုံးသားမှာရစ်ပတ်နေတဲ့ 
ဆူးခက်နွယ်…
ရုန်းမရတဲ့ ကြားက
အေးစက်စက်စကားတစ်ခွန်းနဲ့ 
ငါ့နှလုံးသားနုနုကိုမှ
မင်းထိုးရက်ခဲ့ တယ်နော်…
♥ သိပ်ချစ်မိခဲ့ တာမှားလား???
အချစ်ကဘယ်တော့ မှမမှားပါဘူး
အံမ၀င်တဲ့ ဘ၀နှစ်ခုကို
ညီမျှခြင်းချဖို့ ကြိုးစားမိတဲ့ 
ငါကိုယ်ကမှားခဲ့ တာပါ…
♥ အချိန်နဲ့ အမျှ
ဒဏ်ရာနက်ခဲ့ တဲ့ ငါ့မှာ
မင်းမဟုတ်တဲ့ ဖြေဆေး
ငါ့အတွက်အဆိပ်တွေကြီးပဲ…
♥ ထားရာနေစေရာသွား
မင်းပြေသမျှခေါင်းညှိမ့် တက်အောင်
ဘယ်သူသင်ပေးခဲ့ ပါလိမ့် …
♥ မင်းအတွက် အရုပ်တစ်ရုပ်
ဖြစ်မှန်းမသိဖြစ်ခဲ့ တဲ့ ငါ
အရာရာပြိုလဲ-
အခန်းကျဉ်းထဲငိုကြွေးရင်း
ငါ့ကိုယ်ငါတောင်ရှာမတွေ့ တော့ ဘူး…
♥ မင်းကျေနပ်တယ်မဟုတ်လား???
အရှုံးပေးပြီးသားပါကွာ
လွတ်လပ်စွာပျော်နေလိုက်ပါတော့ …
တကယ်တော့ 
မျှော်လင့်နေမိသေးတယ်…
♥ မလိုအပ်တော့လို့ 
လွှတ်ပစ်ခဲ့ တဲ့ အမှိုက်တစ်စကို
ဘယ်သူကပြန်ကောက်ဖူးလို့ လဲ…
♥ မင်းပေခဲ့ တဲ့ အလွမ်းဒဏ်ရာ
ရေစုန်မှာမမျှောချင်ပါဘူး…
ရေဆန်ကိုကျော်ဖြတ်
ထာဝရဖတ်တွယ်ထားမယ်…
♥ ရည်မှန်းချက်မဲ့ 
ပန်းတိုင်လဲပျောက်ဆုံး
ငါ့အတွက်တောင်းတစရာ
တစ်ခုပဲရှိတော့ တယ်…
♥ ပျော်ရွှင်နေတဲ့ မင်းရဲ့ အပြုံး
ဝေးဝေးကငေးကြည့်ဖို့ ပေါ့…။ ။

ကြယ်ရောင်လင်း
4:10 Pm
23.8.10

About kyeyounglin

has written 18 post in this Website..