အချစ်ဧ။်စေညွှန်ရာ……………..

kyeyounglinSeptember 22, 20111min600

♥ ချစ်သူ…
အိပ်မက်တွေပဲတဲ ့လား ???
ဟင့်အင်း…
ငါတကယ်ချစ်ခဲ ့တာပါ…
ဒါဆိုရင်
ဘာကအိမ်မက်လဲ???
♥ အိပ်မက်တွေအဆိပ်သင့်တဲ ့
ညကတည်းက
အိပ်စက်ဖို ့ကြောက်နေခဲ ့တာ…
♥ နိုးထလာတဲ ့နံနက်ခင်းတိုင်း
မင်းအနားမရှိတော ့တဲ ့အသိ
ခံနိုင်ရည်မဲ ့လို ့သွေးပျက်ခဲ ့
ငါသိပ်ကြောက်မိတယ်…
♥ သောက်နေကျကော်ဖီခါးခါး
မင်းဖျော်ပေးတဲ ့ချိုစိမ် ့လေးကို
သောက်ခွင့်ရချင်သေးတယ်…
♥ မိုက်မဲခဲ ့တာမဟုတ်ရပါဘူး
အချစ်ကိုကိုးကွယ်ရင်း
ရူးသွပ်မိခဲ ့တာပါ…
♥ နှလုံးသားမှာရစ်ပတ်နေတဲ ့
ဆူးခက်နွယ်…
ရုန်းမရတဲ ့ကြားက
အေးစက်စက်စကားတစ်ခွန်းနဲ ့
ငါ့နှလုံးသားနုနုကိုမှ
မင်းထိုးရက်ခဲ ့တယ်နော်…
♥ သိပ်ချစ်မိခဲ ့တာမှားလား???
အချစ်ကဘယ်တော ့မှမမှားပါဘူး
အံမဝင်တဲ ့ဘဝနှစ်ခုကို
ညီမျှခြင်းချဖို ့ကြိုးစားမိတဲ ့
ငါကိုယ်ကမှားခဲ ့တာပါ…
♥ အချိန်နဲ ့အမျှ
ဒဏ်ရာနက်ခဲ ့တဲ ့ငါ့မှာ
မင်းမဟုတ်တဲ ့ဖြေဆေး
ငါ့အတွက်အဆိပ်တွေကြီးပဲ…
♥ ထားရာနေစေရာသွား
မင်းပြေသမျှခေါင်းညှိမ် ့တက်အောင်
ဘယ်သူသင်ပေးခဲ ့ပါလိမ် ့…
♥ မင်းအတွက် အရုပ်တစ်ရုပ်
ဖြစ်မှန်းမသိဖြစ်ခဲ ့တဲ ့ငါ
အရာရာပြိုလဲ-
အခန်းကျဉ်းထဲငိုကြွေးရင်း
ငါ့ကိုယ်ငါတောင်ရှာမတွေ ့တော ့ဘူး…
♥ မင်းကျေနပ်တယ်မဟုတ်လား???
အရှုံးပေးပြီးသားပါကွာ
လွတ်လပ်စွာပျော်နေလိုက်ပါတော ့…
တကယ်တော ့
မျှော်လင့်နေမိသေးတယ်…
♥ မလိုအပ်တော့လို ့
လွှတ်ပစ်ခဲ ့တဲ ့အမှိုက်တစ်စကို
ဘယ်သူကပြန်ကောက်ဖူးလို ့လဲ…
♥ မင်းပေခဲ ့တဲ ့အလွမ်းဒဏ်ရာ
ရေစုန်မှာမမျှောချင်ပါဘူး…
ရေဆန်ကိုကျော်ဖြတ်
ထာဝရဖတ်တွယ်ထားမယ်…
♥ ရည်မှန်းချက်မဲ ့
ပန်းတိုင်လဲပျောက်ဆုံး
ငါ့အတွက်တောင်းတစရာ
တစ်ခုပဲရှိတော ့တယ်…
♥ ပျော်ရွှင်နေတဲ ့မင်းရဲ ့အပြုံး
ဝေးဝေးကငေးကြည့်ဖို ့ပေါ့…။ ။

ကြယ်ရောင်လင်း
4:10 Pm
23.8.10