ဖော်ဖော်ရွေရွေ မြန်မာတွေ

tunkhannSeptember 22, 20111min1221

မိမိအိမ်သို့ဧည့်သည်လာလျှင် ပြာယာခတ်တတ်ကြသော ကျနော်တို့မြန်မာလူမျိုးတို့သည် တစ်ခါတစ်ရံ သူစိမ်းဆန်တတ်သည်။တစ်ခါတစ်ရံ ဧည့်သည်က သူစိမ်းဆန်တတ်သည်။ဘာပဲပြောပြောပေါ့လေ စကားလေးတစ်ခွန်းနှစ်ခွန်းလောက်တော့ ပြန်ပြောကြရတာပဲ။ဒါမှလည်း လူမှုရေးနားလည်သူအဖြစ် အများက လက်ခံကြမှာပေါ့။ကျနော်လည်း ဧည့်သည်အဖြစ်သွားဖူးပါတယ်။ကျနော့်ဆီလည်းလာဖူးကြပါတယ်။ဒါပေမယ့်လေ ကျနော်က အားနာတတ်တယ်ဗျ။လူမြင်ရင်ကို ကြောက်သလို ရွံ့သလိုနဲ့။ဒါကလည်း အဆိုးကြီးလို့ မပြောသာပါဘူး။ဒီထက်ဆိုးတာတွေလည်းရှိနေဦးမှာပဲလေ။ကျနော့်အမအိမ်အလည်သွားတဲ့ရက်ကပေါ့ ကားကိစ္စလေးနဲ့ အရောင်းဝယ်စာချုပ် ချုပ်ဖို့အတွက် ပြင်ဆင်ထားတာ။ဒါကိုထုတ်လုပ်သူက သူ့ကိုအကွက်ဆင်ပါတယ်ဆိုပြီး လစ်ပြေးလေရဲ့။

ကျနော်တို့ကလည်းကျနော်တို့ပဲလေ အေးအေဆေးဆေးစကားပြောမယ်ဆိုပြီး အေးအေးဆေးဆေးနေနေတာ သူကဖုန်းပြောသလိုနဲ့ အပြင်ထွက်သွားတာ။ပြန်ပေါ်မလာတော့ဘူး။အမှန်က ဒေါ်လာ(13000)မပေးဆောင်နိုင်လို့ ဆိုပါတော့။သူ့ကိုပဲဆောင်ခိုင်းမယ်ထင်နေတာလေ။သူနဲ့ပါလာတဲ့သူကလည်း ကြံရာပါပဲထင်ပါရဲ့။ဟုတ်ကဲ့ပါအမကြီးရယ် ဟုတ်ကဲ့ပါအကိုရယ်နဲ့ ဈေးညှိ့စေချင်တာ ဘယ်လက်ခံမလည်း လူပေါ်လူညွှန့်ခူးတာတော့။အရောင်းဝယ်စာချုပ်တော့ လက်မှတ်ထိုးပေးပါလို့ ပြောလိုက်တယ်။ဒါလည်းပေါ်မလာဘူး။သွားတော့လည်း လုံးဝထိုးမပေးနိုင်ပါဘူးတဲ့။ကျနော်တို့ကထုတ်လုပ်သူတွေမဟုတ်ဘူး အဲလိုပဲပြောတယ်။ကြည့်ပါဦး ကျနော်တို့က အရူးဖြစ်သွားတာပေါ့။သူတို့က ပါမစ်တွေနဲ့တင်သွင်းပြီး ရောင်းတာလေ။company ကနေတိုက်ရိုက်ဝယ်ထားတာလေ ကျနော်လည်းပြောလိုက်ပါတယ်။တုံးသွားထုတုန်းက {K.M.K.S.H(မုံရွာ)} နာမည်နဲ့သွားတာ မဟုတ်လားအကိုလို့။အကိုကလည်း ဟုတ်တယ်လေ ဒါဆိုလာမှမဖြစ်ပါဘူး ကဲပြန်ကြစို့ ဆိုပြီးပြန်လာခဲ့လိုက်တယ်။မိုက်ရိုင်းထွားကြိုင်းလိုက်ကြတာ။လူစိတ်မရှိကြဘူး။စိတ်ကို တော်တော်ထိန်းထားရတယ်။ဘာမှတော့မဖြစ်ပါဘူး နည်းနည်းစိတ်ဆင်းရဲရတာပေါ့။နောက်ရက်တွေကြတော့ ဖုန်းဆက်ပါရဲ့ ခင်ဗျားကားတစ်စီးပဲကျန်တော့တာ မနက်ဖြန် နေပြည်တော်ကို သွားတော့မှာမို့ ခင်ဗျားက 5000(ဒေါ်လာ)စိုက်လိုက်ပေါ့ သူတို့ကို 8000(ဒေါ်လာ)စိုက်ခိုင်းလိုက်ပေါ့ မဟုတ်ရင် ခင်ဗျားကား without ဖြစ်သွားလိမ့်မယ် နှမြောစရာတဲ့။အလိုလေးဘုရားဘုရား အဲလောက်တောင်လား။ဘာလို့များ စေတနာတွေထားနေရတာပါလိမ့်။စိတ်မကောင်းလိုက်တာ ပြန်ပြောလိုက်တာက နေပါစေကွယ် ဖြစ်ပါစေ တစ်ခြားအကြောင်းနဲ့များ ဖုန်းဆက်တာလားလို့ မောင်လေးကိုအားတောင်နာပါရဲ့ ဆိုပြီး ခွပ်ကနည်းချပစ်လိုက်ပြီး လင်မယားနှစ်ယောက် လက်ဝါးချင်းတောင် ရိုက်လိုက်သေးတယ်။ဒီလို အထာတွေလောက်နဲ့တော့ မောင်လေးရယ် နာရေးကိုလှူဖို့ ဆုံးဖြတ်ထားတာ မသိသေးဘူးနဲ့တူပါရဲ့။တို့ကုန်ရင် 30700000 ပဲကုန်မှာ မောင်လေးတို့ကုန်ရင် ပါဝါလေး အဆစ်ပါဦးမှာ သနားလိုက်တာ။

One comment

  • ကြောင်ကြီး

    September 23, 2011 at 10:08 am

    တဝက်စီဆောင်လိုက်ပါဗျာ၊ သဂျီးက ကားထုတ်လုပ်သူ ယောက္ခမကြီး အကုန်အကျ သက်သာဖို့ TunKhann ပွိုင့်ဖိုး တသိန်းတိတိ ကြိုတင်ထုတ်ပေးထားမယ်တဲ့ဗျား…။။

Leave a Reply