ရန်ကုန်မြို ့အပူချိန် ၁၂ဝ ဒီဂရီ ဖာရင် ဟိုက် သို ့ရောက်ရှိ ၊ကျောက်ဆည် မြို ့နယ် တွင် လေဆင်နှာမောင်းတိုက်ခတ်မှု ကြောင့် အိမ်ခြေတစ်ရာကျော်ပျက်စီး

introMay 15, 20101min1215

မြန်မာ နိုင်ငံ တွင် သစ်တော များပြုန်းတီး ပြီး သဘာဝ တရား ၏ ဖောက်ပြန်မှု များကြောင့် ဧပြီလ ၁၈
ရက်နေ ့နောက် ပိုင်းမှာ စ၍ အပူချိန် လွန်ကဲလာရာ နိုင်ငံတဝှမ်း လုံး တွင် နေ ့စဉ် သေဆုံးသူ များ
တစ်ရက် လျှင် ခြောက် ဆယ် ထက်မနည်း ရှိသည် ဟု Freedom News Group မှ စုံစမ်းသိရှိရသည်။

ယနေ ့နေ ့လည် ၁၂ နာရီ ရွှေပြည်သာ တွင် တိုင်းထွာချက် အရ ရန်ကုန် မြို ့၏ အပူချိန်မှာ ၁၂ဝ ဒီဂရီ
ဖာရင် ဟိုက် ထိရောက်ရှိသွားပြီ ဖြစ်သည်။

ဧပြီလ ၂ဝ ရက်နေ ့မှ မေလ ၁ဝ ရက်နေ ့အထိ တစ်လ အတွင်  သေဆုံးသူ ဦးရေ သည် ၄၀ဝ ကျော်ရှိ
သွားပြီ ဖြစ်သည်။

အပူချိန် လွန်ကဲ မှု ကြောင့် ဒလ နှင့် ဆိပ်ကြီး၊ခနောင်တို နှင့် တွံတေး မြို ့များ တွင် ဆိုးဆိုးရွားရွား သောက်
သုံးရေ ပြတ်လပ် မှု များ ကြုံနေရသည်။

ယမန်နေ ့ညနေ က ကျောက်ဆည် မြို ့တွင် လေဆင်နှာမောင်း တိုက်ခတ် မှု ကြောင့် အိမ်ခြေ တစ်ရာ ကျော်
ခန် ့ပျက်စီးသွားသည် ဟု သတင်းရရှိသည်။

freedomnews မှကူးယူဖော်ပြပါသည်။

5 comments

  • susunosuki

    May 16, 2010 at 4:20 am

    ရေပြတ်တာတော့မှန်ပါတယ်
    လူသေတာက တစ်ယောက်စ နှစ်ယောက်စပါ
    ဒီလောက်များများမသေပါဘူး
    ဆိုက်ကားဆရာ နှစ်ယောက်ရယ်
    သက်ကြီး ပိုင်းတစ်ချို့ရယ်ပါ

  • thantzinhtut

    May 16, 2010 at 11:51 am

    အပူလွန်ရင် အဲယားကွန်းဖွင့်မယ်။ မီးမီးလေးပဲ မှန်အောင်လာပေး။ လေမထွားနဲ့ တိုးတက်ခေတ်မီသော နိုင်ငံတော်သစ်ဆီသို့ ဆိုပြီး။ ဒီမိုကဒေစီ မလိုဘူး။ ဒေါ်စု မလိုဘူး။ အလုပ်တွေ လက်တွေ့ တစ်ထပ်တည်းဖြစ်အောင်ပြော။ ဖြစ်တဲ့အချိန် ကျွန်တော်လည်း သေပြီ ထင်သပ။ 😛

  • Shwemannmay

    May 17, 2010 at 3:00 am

    မန္တလေးမှာတော့ သက်ကြီးရွယ်အိုတွေ ကလေးတွေ တော်တော်ကို သေနေကြတာ။ နာရေးကူညီမှုအသင်းတွေလည်းမနားရဘူး ။ အသုဘတစ်ခုရက်မလည်ရသေးခင် နောက်ထပ်တစ်ခုပြီးတစ်ခု ထပ်တိုးလာနေတာပဲ။ မနေ ့ကမိုးလေးရွာလိုက်လို ့အပူတော့လျော့သွားတယ်။ သုသန်တွေလည်းမနိုင်တော့ဘူးတဲ ့။ မပြီးနိုင်သေးဘူးလား အယ်နီညိုရယ် 🙁

  • banban

    May 17, 2010 at 5:08 am

    မန်းလေးသုဿန်တွေမနိုင်ချက်ကတော့… ပြီးအောင်တောင် မီးမသဂြိုလ်နိုင်ဘူး … ကင်ရုံလောက်ပဲတတ်နို်င်တော့တယ်… ရှေ့နာရေးကားနဲ့နောက်နာရေးကားက ထပ်နေတယ်။ နာရေး လိုက်ပို့တဲ့သူတွေလည်း ကိုယ့်ကားကိုယ်မပျောက်အောင် မနည်းကြည့်နေရတယ်။

  • thihayarzar

    September 5, 2010 at 9:44 am

    ကျောက်ဆည်မှာလေဆင်နှာမောင်း မတိုက်ပါဘူး အိမ်တစ်လုံးမှပျက်စီးသွားတယ်လို့လည်း မကြားရပါဘူးဗျာ … ဘယ်ကျောက်ဆည်ကိုပြောတာလည်းတော့မသိဘူး ….

Leave a Reply