သိကြားမင်းလူ့ပြည်ကိုတကယ်ဆင်းသလား?

ကြောင်လေးSeptember 23, 20111min16714

ညကအိပ်မပျော်ခင် ဟုတွေးဒီတွေးလျှောက်တွေးနေမိတယ်။

အတွေးနဲ့ပတ်သက်ပြီးဘာရေးစရာတွေရှိသလဲလို့ပေါ့

အဲဒီလိုတွေးရင်းမိတ်ဆွေတစ်ယောက်ရဲ့အတွေးကိုသတိယမိလို့ရေးလိုက်ဦးမယ်။

မြန်မာနှစ်သစ်ကူး လတန်ခူးရောက်တော့မယ်ဆိုရင် လမ်းတွေ၊ဈေးတွေ၊ကားဂိတ်နဲ့လူစည်ကားရာနေရာတွေမှာ

ဒီလိုကြော်ညာပြီးရောင်းနေတဲ့အသံတွေကြားမိကြမှာပေါ့။

သိကြားမင်းကအနက်ရောင်ဝတ်စုံဝတ်ပြီး ကျွဲကိုစီး  ဆင်းတယ်

လက်တစ်ဖက်ကအိုးမဲပေပြီးလက်တစ်ဖက်က ကတ်တရာပုံးကိုကုိုင်ထားတယ်၊

ခေါင်းမှာလည်းဒန်အိုးကိုမှောက်ပြီးစောင်းထားတယ်။

လူ့ပြည်မှာ ဘက်ထရီအိုးရောင်းဝယ် ပြုပြင်ခြင်းလုပ်ငန်းတွေကောင်းမယ်။

ဖရောင်းတိုင်လှောင်တဲ့လုပ်ငန်းတွေကောင်းမယ်

ပုဂလိကမီးပေးလုပ်ငန်းတွေထွန်းကားလာမယ်

(ဟိုတုန်းကပါ၊အခုတော့အဲဒီလိုမဟုတ်တော့ပါဘူး၊မိုးနှောင်းကာလရန်ကုန်မြို့မှာ  တနေ့ ၂ နာရီလောက်ပဲမီးပျက်နိုင်တော့မယ်တဲ့၊

(နယ်တွေမှာတော့တနေ့နှစ်နာရီလောက်ပဲမီးလာမယ်ထင်တယ်) မြန်မာတစ်နိုင်ငံလုံးသုံးတာ ၁၅၀ဝ မက်ဂါဝပ်တောင်မကုန်ဘူးဆိုပဲ)

ထားလိုက်ပါတော့……………

ကျွန်တော်ပြောချင်တာအဲ့ဒီအကြောင်းမဟုတ်ပါဘူး

ဦးမာဃလို့ခေါ်တဲ့ ဘိုတော်သိကြားမင်းအကြောင်းပါ၊

ဦးမာဃကြီးက နောက်ပါဝိသုကြုံနတ်သားကိုခေါ် …

ရွေပုရပိုဒ်နဲ့ ခွေးသားရေပုရပိုဒ်တွေယူလာ…..

လူ့ပြည်ကိုတစ်နှစ်တစ်ခေါက်ဆင်းပြီးကောင်းတဲ့သူနဲ့မကောင်းတဲ့သူတွေကိုခွဲခြားမှတ်တမ်းတင်တယ်ဆိုပါတယ်။

လာရင်လဲ ဂဠုန်စီးလိုက် ၊ကျွဲစီးလိုက်နွားစီးလိုက်ပေါ့။။

သူ့မှာစီးစရာယာဉ်ရှားလို့ထင်ပါတယ်။

ဒီတစ်နှစ်လာပြီးရင်တော့   နတ်ပြည်က နှစ်လေးရာကျော်  ရထားပျံတွေကို နတ်   က ည န  မှာအပ်၊

မော်ဒယ်မြင့်ရထားပျံအသစ်တွေတင်သွင်းဖို့  idea   ကိုလူ့ပြည်ကရသွားမှာပါ။။

ဒါကလည်းတွေးစရာမဟုတ်ပါဘူး

ကျွန်တော့မိတ်ဆွေပြောတဲ့အကြောင်းကလူ့ပြည်ကိုတစ်နှစ်တစ်ခေါက်ဆင်းတဲ့အကြောင်းပါ။

နတ်ပြည်တစ်ရက်   လူ့သက်တစ်ရာ ဆိုလားပြောတာကြားဖူးတယ်

နတ်ပြည်ရဲ့တစ်ရက်က  လူ့အသက်အနှစ်တစ်ရာ   တဲ့။။။။။။

နောက်ပြီးနတ်ပြည်ရဲ့တစ်ရက်ကကောဘယ်နှစ်နာရီသတ်မှတ်ထားသလဲ။လူ့ည်ပလိုပဲ   ၂၄   နာရီလားမသိ။

ကဲ  ၂၄  နာရီလို့ပဲ ထားလိုက်ပါတော့။။။

လူ့ပြည်ကိုတစ်နှစ်တစ်ခေါက်ဆင်းတယ်ဆိုတော့ ……………

သူ့အသက်နဲ့ တစ်ရက်ကို  လူ့ပြည်အခေါက်တစ်ရာဆင်းရတာပေါ့၊

၁၄ မိနစ်တစ်ခေါက်လောက်ဆင်းရမှာပေါ့……

အဲဒါဆို  သူ့ရဲ့   မဟေသီ ဒေဝီကြီးတွေ  ဖြစ်တဲ့သုနန်ဒါတို့။သုစိတ်တာတို့သုမာလာတို့  (နောက်တသုကဘာလဲမသိတော့ဘူး)တို့ကဘယ်လိုထင်မလဲ

ကိုမာဃ ကြီးက သုတွေ တော်တော်ကြိုက်တာ ….လူ့ပြည် ခဏခဏသွားပြီး   သုပါတဲ့ မော်ဒယ်မလေး ချစ်သုဝေနဲ့သွားသွားပြီးပျော်ပါးနေသလားလို့

တွေးကြပေမပေါ့ဗျာ။            ။

 

 

 

 

 

 

14 comments

  • ကြောင်ကြီး

    September 23, 2011 at 10:02 am

    ကွန်ပြူတာပေါ်စ ခေတ်ဦးမှာ ရှေးလူကြီးတွေက အမေရိကန်တနိုင်ငံလုံးက ကိန်းဂဏန်းအချက်အလက်တွေကို စာရင်းပြုစုထိန်းသိမ်းဖို့ သိုလှောင်စွမ်းအား ဝမ်းဂစ်တောင်မပြည့်တဲ့ (အဲဒီထက်တောင် နဲအုံးမယ်၊ အတိအကျ မမှတ်မိလို့) ကွန်ပြူတာ တလုံးရှိရင် လုံလောက်ပြီ မှတ်ထင်ကြသတဲ့။ သင်ခန်းစာက လက်လှမ်းမမှီတာကို ကိုယ့်အခြေအနေနဲ့ မကိုက်ညီတိုင်း စွတ်မတွေးရဘူး။ ဒီတော့ မောင်ရင်လည်း အိပ်မပျော်ရင် ချောင်းဆိုးပျောက်ဆေးရည်လည်း မှီဝဲပြီး ရီဝေဝေနဲ့ ဖက်လုံးကို ချစ်သုဝေအမှတ်နဲ့ ခွအိပ်လိုက်။ ပေါက်သွားရင်တော့ တာဝန်မယူ (ဆေးအသောက်လွန်ပြီး ဂေါက်ကြောင်သွားတာကိုပြောသည်)

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 23, 2011 at 10:14 am

    ဟိုက်!!!!!!!!!
    ကြောင်အကောင်ကြီးကြီးနဲ့
    ကြောင်အကောင်သားသားလေး ပဏာရပုံမပေါ်ပါလား
    လစ်မှ

  • Moe Z

    September 23, 2011 at 11:04 am

    သိကြားမင်းက လူ့ပြည်ဆင်းတာတောင် မြန်မာတစ်နိုင်ငံတည်းပဲကွက်ဆင်းတာ…
    ဘယ်တိုင်းပြည်မှမသွားဘူး စရိတ်စကသက်သာလို့တဲ့ 😛

  • koyinmaung

    September 23, 2011 at 11:23 am

    သကြာမင်းကဘယ်အလွတ်ပေးမှာတုန်း
    လူ့ပြည်ကိုဆင်းတာကိုယ်ခွဲဆင်းတာလေ
    နတ်ပြည်မှာလဲတဖက်၅၀ဝနဲ့
    လူ့ပြည်မှာလဲချစ်သုဝေလေးနဲ့
    အို.. ကိုကြောင်ကြီးအားကျလောက်တယ်နော့
    ငှဲငှဲငှဲ………………………….

  • kai

    September 23, 2011 at 4:01 pm

    သိကြားလိမ် (ဘုရားကိုနှစ်ရစ်လိမ်)

    နန်းမေရုပြာသာဒ်၊‎
    လမ်းဖြတ်တဲ့ ဣန္ဒာ၊‎
    ကမ်းသတ်လို့ နှိမ်ရှာတယ်၊‎
    အလိမ္မာလွန်သား၊‎
    ထောက်လှမ်းချက် သုဓမ္မာဝယ်၊‎
    ခုအခါ လစ်ကြသလား။‎

    ဘုရားက သိကြားကို မှာတယ်၊‎
    ဌကထာ ရှိသား၊‎
    သာသနာ ငါထားငဲ့၊‎
    မမှားအောင် စေ့ဆော်၊‎
    မကောင်းသူ့ ကောင်းသူတို့ကို၊‎
    ကြောင်းယူလို့ ဆန်းစစ်ကာမျှော်။‎

    ‎ဝိမလနန်းသစ်ပေါ်မှာ၊‎
    သန်းရှစ်ဖော် ရွေများနှင့်၊‎
    ဘုရားကို နှစ်ရစ်လိမ်၊‎
    ညစ်တဲ့မာဃိန်၊‎
    ပစ်ရှာမယ့် ဝရဇိန်ငယ်၊‎
    ပန်းထိမ်မှာ ပြင်တုန်းထင့်လေး။‎

    စလေဦးပုည
    ‎(သိကြားလိမ်ဖွဲ့ – သာမညတေးထပ်)‎

    • မှော်ဆရာ

      September 24, 2011 at 12:46 am

      စလေဦးပုည ရေးတဲ့တေးထပ်ကို တဝက်လောက်ပဲရလို့ လိုက်ရှာနေတာဗျ…..
      အခု ကူးသွားပြီ….

  • lulaymg

    September 23, 2011 at 5:37 pm

    သိကြားမင်းဆင်းတယ် မဆင်းဘူးတော့ မသိဘူးခင်ည
    mandalaygazette ကိုတော့ admin ko kai ဆင်းသဗျ ။

  • မိုက်ကယ်ဂျော်နီအောင်ပု

    September 23, 2011 at 6:38 pm

    သူ့ဖာသာ ဆင်းခြင်ဆင်းမယ် မဆင်းခြင်မဆင်းဘူး
    ဘာမှ မပြောလိုဘူး
    ပြောလိုတာက အဲ့သည် သဂျားမင်းဆိုတဲ့ သဂျားမင်းကို
    ဆင်းလာတယ် ဘာစီးလာတယ် ညာစီးလာတယ် လားစီးလာတယ် ဆိုပြီး
    ရေးနေ ဟောနေကြတဲ့ သဂျန်စာရေးတဲ့ ဘာတွေလို့ခေါ်သတုံး
    အဲ့သည်ပုဂ္ဂိုလ်တွေကိုတော့ ကျုပ် မေးကြည့်ခြင်စမ်းတယ်
    ကဲဗျာ သူတို့ကကျုပ်သိသလောက်တော့ သူလိုကိုယ်လို လူပါဘဲ
    ဆိုတော့ကာ
    သဂျားမင်းဆိုတာ ဘယ်လိုပုံစံလည်း မဲမဲကြီးလားပြဲပြဲကြီးလား အချွန်တွေအတက်တွေနဲ့လား
    သူမြင်ဘူးလို့လား ဘာ့ကြောင့် သူပြောနိုင်တာလဲ
    ဥပမာဗျာ
    သဂျားမင်းက နွားစီးလာတာတို့ လက်မှာဘာကိုင်လာတာတို့ သူဘယ်လိုမြင်ရလဲ
    သဂျားမင်းက ဘာစီးလာပြီး ဘာကိုင်လာတယ်တောင်ပြောနိုင်တဲ့သူက
    ဘာ့ကြောင့်ပေါ်တာဖမ်းရင်ထွက်ပြေးတာလည်း
    သူ့အိမ်ကို ဘာ့ကြောင့် သော့ခတ်ထားရသလဲ
    ( တစ်ခါကြုံဘူးတယ် တော်တော်နာမည်ကြီးတဲ့ဘိုးတော်စီးတယ်ဆိုတဲ့လူရဲ့အိမ်ကို
    ကျုပ်ကိုယ်တိုင် သွားဘူးတယ် သူ့အိမ်ရှေ့မှာလည်း ကားတွေဆိုင်ကယ်တွေရပ်ထားကြတာ
    လာတဲ့လူတွေပေါ့ ကျုပ်ကလည်း လေ့လာတဲ့သဘောနဲ့ အိမ်ရှေ့ကနေချက်နေတာ
    မကြာဘူး လူနှစ်ယောက်စာအုပ်တစ်အုပ်နဲ့ရောက်လာတယ်
    ပြီးတော့ ပါးစပ်ကနေအိမ်ပေါ်ကိုအော်ပြောတယ်
    ဒီလတွက် ပေါ်တာခနဲ့ ကင်းခ လာကောက်ပါတယ် လည်းဆိုရော
    အိမ်ပေါ်ကတစ်ယောက်က ကင်းခ ပေါ်တာခ လာဆင်းပေးရတယ် ကဲကြည့်
    သူ့ဖာသာ ဘိုးတော်ဆို ဘယ့်နှယ့်ကြောင့် ကင်းခ ပေါ်တာခ ပေးရတာလည်း( စကားချပ် ) )
    အထူးဆိုလိုတာက အဲ့သည် သင်္ကြန်စာရေးတဲ့ ပုဂ္ဂိုလ်တွေက သင်္ကြန်စာ ဆိုတာကိုရေးတာ
    ငွေရရှိဘို့ သို့မဟုတ် သူရဲ့ ဗေဒင် ကိန်းဂဏန်းတွက်ခြင်းကို ကြော်ငြာဘို့
    သို့မဟုတ် နှစ်မျိုးလုံးတွက် လို့ပြောရမှာဘဲ ဒီတော့ သေခြာတာက
    ငွေရဘို့ဘဲ
    ယနေ့လောကကြီးမှာ သဂျားမင်းဆိုဒါ လူတွေဒီလောက်စိတ်ဝင်စားနေကြတဲ့ဥစ္စာ
    သဂျီးဇဂါးနဲ့ငှားပြီးပြောရရင်
    သက်သေတစ်ခုခုပြလိုက်
    ထရီလျှံနာကြီးဖြစ်သွားမယ်
    ဒဂယ် တော်တော် သောက်ညင်ကပ်ဒယ်

    • ကြောင်ကြီး

      September 24, 2011 at 9:29 am

      ဟိတ်ကောင် အောင်ဘု၊ မင်း ပါးစပ်ကို ပိတ်ထားစမ်း။ ငါကိုယ်တော်မြတ် ကြောင်ကြီးသခင်ကြီး ရှိတယ်။ မယုံရင် အမြင့်ထက်ကနေ ငါ့ကို အောက်ပစ်ချလိုက်၊ လှလှပပလေး ကျပြသွားမယ်။

  • thit min

    September 23, 2011 at 7:56 pm

    ညိုချောရေမငိုနဲ့~~~ ညိုချောရေမငိုပါနဲ့~~~ညိုချောကိ~~ုညိုလို့ ကိုယ်ကချစ်ရတယ်~~~~~~~
    “သိကြားမင်း” ဆင်းကာ~~~ ညိုညိုကို ~~~~ဖြူအောင်ဖန်ဆင်းလိုက်ပါရင်~~~~~~
    ကိုယ်ရဲ့စိတ်တွင်ဘယ်မရွှင်~~အချစ်ရော့မှာပဲထင်~~~

  • windtalker

    September 23, 2011 at 8:27 pm

    သိကြားမင်း လူ ့ပြည် ဆင်းလဲ နှစ်တစ်နှစ် ကူးတာပါပဲ
    မဆင်းလည်း နှစ်တစ်နှစ် ကူးတာပါပဲ ။
    ဗုဒ္ဓဘာသာဝင်တွေ က တော့ ၊ နှစ်ဆန်းတစ်ရက်နေ ့မှာ
    အိုးအသစ်လေး တစ်လုံး နဲ ့သပြေပန်း ဘာညာ ထိုးကြတာလည်း
    ရှေးမှသည် ယနေ ့တိုင်ပါပဲ ။
    ဆိုချင်တာကတော့
    သိကြားမင်း ဆင်းဆင်း ၊ မဆင်းဆင်း
    ဘာစီးစီး ၊ မစီးစီး …
    ကျွန်တော် တို ့အားလုံး ဟာ
    ကိုယ့်ဆိုင်ရာ ဆိုင်ရာ အလုပ်များကို ဆက်လုပ်ကြရတာပါပဲ

  • xman

    September 23, 2011 at 10:46 pm

    ကြားဘူးမှတ်ဘူးတာလေးပြောချင်လို့ပါ…
    (ကျမ်းကိုးကျမ်းကားလဲ မပြနိုင်ပါဘူး၊ ဂရမ်ဒီလဲ မပေးနိုင်ပါဘူး)

    သင်္ကြန် ဆိုတဲ့ နှစ်ကူးတဲ့အယူဟာ ဟိန္ဒူကျမ်းစာများက ဆင်းသက်လာတယ်လို့ ဆိုပါတယ်။
    ဲဗြဟ္မဏ တို့ရဲ့ ဝေဒပညာ /နက္ခတ်ပညာအရတွက်ချက်ပြီး နှစ်ကူးချိန်ကို သတ်မှတ်ပါတယ်။
    တနင်္ဂနွေဂြိုလ်လို့ခေါ်တဲ့ နေ(sun) လမ်းကြောင်း ပြောင်းတဲ့အချိန်မှာ အတူယှဉ်တဲ့ နက္ခတ်(ကြယ်များ၊ဂြိုလ်များ) အပေါ်မူတည်ပြီး – အဲဒါကိုတင်စားပြီး-
    တနင်္ဂနွေဂြိုလ်မင်းဟာ ဒီနှစ်မှာ ဘာကိုစီးပြီး ဘာကိုကိုင်ပြီး ဆင်းတယ် – ဒါကြောင့် ဘယ်လိုဆိုးကျိုးကောင်းကျိုးသက်ရောက်မှု့တွေရှိတယ်လို့ ရေးကြ ဟောကြတာပါ။

    သိကြားမင်းမဟုတ်ပါ။ လုံးဝ မဟုတ်ပါ။
    ဘာကိုမှလဲ တကယ်ခွစီးတယ်လို့ မဆိုလိုပါ။
    ဘာကိုမှလဲ လက်ထဲမှာ ကိုင်ပြီးဆင်းတယ်လို့မဟုတ်ပါ။

    ဟိန္ဒူဝါဒထဲမှာလဲ သိကြားဆိုတဲ့နတ် ရှိပေမယ့် ဗုဒ္ဓကျမ်းစာထဲက သိကြားမင်းမဟုတ်ပါကြောင်း။

    သိကြားမင်းက မာတလိနတ်သားကိုခေါ်ပြီး လူပြည်ဆင်းပြီး စာရင်းကောက်တယ် ဆိုတာကတော့ ရှေးတုန်းက တယောက်ယောက်က ပေါက်ကရပြောရင်း ဖြစ်လာတာဖြစ်မှာပါ။

    • kai

      September 24, 2011 at 1:48 am

      ဗုဒ္ဓကျမ်းစာ(ဆိုတာ)ထဲမှာ သိကြားမင်းရှိပေမဲ့..
      ဗုဒ္ဓသက်တော်ထင်ရှားရှိစဉ်မှာ.. သာဝတိ ံက.. သိကြားမင်း(မာဃ)ဆိုတာမရှိ.. ရှိရင်လည်း.. သကြား(သကာ)ရောင်းတဲ့ လူကြီးပဲဖြစ်မယ်ထင်ပါကြောင်း…။ 🙂

    • parlayar46

      September 24, 2011 at 9:48 am

      ဗုဒ္ဓကျမ်းစာထဲက သိကြားမင်းဆိုတာလဲ ကျမ်းရင်း (သုတ္တန်)ကိုကြည့်ရင်တော့ သက္က အမည်ရှိတဲ့ နတ်ခေါင်းဆောင်တဦး နတ်မင်းတဦးအဖြစ်ပဲတွေ့ရပါတယ်။

      အခုဟောနေ နာနေ မှတ်သားပြန်ပြောနေကြသလို –
      သိကြားမင်းဆိုတာ တာဝတိ ံတာ နတ်ပြည်တခုလုံးရဲ့ ဘုရင်အဖြစ်လဲ မတွေ့ရပါဘူး။ နတ်ပြည်ခြောက်ထပ်ကို အစိုးရတဲ့ နတ်ဧကရာဇ်ကြီး အဖြစ်လဲမတွေ့ရပါဘူး။ ဦးမာဃ နဲ့ ဆက်စပ်တာလဲ မတွေ့ရပါဘူး။

      သက္ကပဥှသုတ္တန်မှာတော့ ဘုရားကို မေးခွန်းတွေလာမေးတဲ့ ဇတ်လိုက်နတ်မင်းအဖြစ် တွေ့ရပါတယ်။ အဲဒါကိုလဲ အဌကထာငယ်တခုက သက္ကအမည်ရှိ ရိုးရိုးနတ်တပါးအဖြစ် ပြဆိုထားတယ်လို့ မှတ်သားဘူးပါတယ်။

      ဘာပဲဖြစ်ဖြစ် အဲဒါတွေက (နတ်၊သိကြား၊နတ်ပြည်၊ငရဲ ဆိုတာတွေက) ဗုဒ္ဓဘာသာရဲ့ အနှစ်မဟုတ်ပါဘူး။
      အကာတွေပါ။ အနှစ်ဆိုတာကတော့ အကာထဲမှာတည်တဲ့သဘောရှိပါတယ်။

      ဒါကြောင့် အကာကို အကာအတိုင်းထားပြီး အနှစ်ကိုပဲ သုံးဆောင်(ကျင့်ကြံအားထုတ်)ရတာက ပိုနားအေးပါကြောင်း။

Leave a Reply